< Nahuma 3 >

1 Biada miastu krwawemu; wszystko kłamstwa i łupiestwa pełne jest, a ździerstwo z niego nie wychodzi.
တိုက်​ခိုက်​လု​ယူ​ခံ​ရန်​ကြွယ်​ဝ များ​ပြား​နေ​သည့်​မြို့၊ လှည့်​စား​တတ်​သူ​လူ​သတ်​သ​မား​မြို့​သည် အ​မင်္ဂ​လာ​ရှိ​၏။
2 Tam będzie słyszane trzaskanie biczów, i grzmot kół, i tupanie koni, i skakanie wozów.
နှင်​တန်​ရိုက်​သံ၊ရ​ထား​ဘီး​လှိမ့်​သံ၊မြင်း​ခွာ​သံ၊ စစ်​မြင်း​ရ​ထား​ဆောင့်​သံ​ကို​နား​ထောင်​လော့။
3 Jezdny dobędzie błyszczącego miecza swego, i lśniącego oszczepa; tam będzie wiele pobitych i wielkie gromady trupów, tak, że nie będzie liczby trupów, a przez ciała pobitych walić się będą:
မြင်း​စီး​သူ​ရဲ​တို့​သည်​တစ်​ဟုန်​တည်း​တိုက်​ခိုက်​ကြ​ရာ၊ သူ​တို့​၏​ဋ္ဌား​များ​လှံ​များ​သည်​ဝင်း​က​နဲ​လက်​က​နဲ ဖြစ်​၍​နေ​တော့​၏။ မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့် လူ​သေ​အ​လောင်း​တို့​သည်​စု​ပုံ​၍​နေ​၏။ လူ​တို့​သည်​လည်း​ထို​အ​လောင်း​ကောင်​များ​ကို တိုက်​မိ​၍​လဲ​ကြ​၏။
4 Dla wielkości wszeteczeństw nierządnicy rozkosznej, która się bawiła czarami, a zaprzedawała narody wszeteczeństwami swemi, i ludzi gusłami swemi.
နိ​နေ​ဝေ​မြို့​တည်း​ဟူ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ပြစ်​ဒဏ်​ခံ​ရ​လေ​ပြီ။ သူ​သည်​လူ​တို့​၏​စိတ်​ကို​ယို​ဖိတ်​စေ​လောက်​အောင် ချော​မော​လှ​သ​ဖြင့်၊လူ​မျိုး​တ​ကာ​၏​စိတ်​ကို ဆွဲ​ဆောင်​ကာ ဖြား​ယောင်း​သွေး​ဆောင်​ခဲ့​ပေ​သည်။
5 Otom Ja przeciwko tobie, mówi Pan zastępów, i odkryję podołek twój na twarz twoję, a okażę narodom sprosność twoję, a królestwom hańbę twoję:
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က ``အို နိ​နေ​ဝေ​မြို့​ငါ​သည်​သင့်​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စေ​၍၊လူ​မျိုး​တ​ကာ တို့​အား ရှု​ကြည့်​ခွင့်​ပေး​မည်။ သင်​အ​ရှက်​ကွဲ​သည်​ကို​နိုင်​ငံ​များ တွေ့​မြင်​ရ​ကြ​လိမ့်​မည်။
6 I wyrzucę na cię obrzydliwości i zelżę cię, i wystawię cię za dziw,
ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​မှု​နှင့်​သင့်​ကို​ဆက်​ဆံ​၍ အ​ညစ်​အ​ကြေး​များ​ဖြင့်​ဖုံး​အုပ်​မည်။ လူ​တို့​သည်​သင့်​အား​အော့​နှ​လုံး​နာ​လျက် ငေး​၍​ကြည့်​ကြ​လိမ့်​မည်။
7 Tak, że ktokolwiek cię ujrzy, oddali się od ciebie i rzecze: Zburzone jest Niniwe, któżby się go użalił? Gdzieżbym szukał tych, którzyby cię cieszyli?
သင့်​ကို​မြင်​သူ​အ​ပေါင်း​တို့​သည်​နောက်​သို့ တွန့်​ဆုတ်​သွား​လိမ့်​မည်။ သူ​တို့​က``နိ​နေ​ဝေ​မြို့​သည်​ယို​ယွင်း ပျက်​စီး​လျက်​နေ​လေ​ပြီ။ ထို​မြို့​အား​အ​ဘယ်​သူ​က​က​ရု​ဏာ​သက် ပါ​လိမ့်​မည်​နည်း။ အ​ဘယ်​သူ​သည်​နှစ်​သိမ့်​မှု​ကို​ပေး​လို ပါ​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။
8 Izaliś ty lepsza, niż ludne miasto No, które leżało między rzekami, wodami otoczone będąc; którego wałem było morze, i od morza mur jego?
အို နိ​နေ​ဝေ​မြို့၊ သင်​သည်​အီ​ဂျစ်​ပြည်​၏​မြို့ တော်​သီ​ဘီ​မြို့​ထက်​သာ​လွန်​ကောင်း​မွန်​ပါ သ​လော။ ထို​မြို့​တွင်​လည်း​မြို့​ရိုး​သ​ဖွယ်​ကာ ကွယ်​မှု​ကို​ပေး​သည့်​မြစ်​တစ်​ခု​ရှိ​ပေ​သည်။ နိုင်း​မြစ်​ကား​ထို​မြို့​၏​ကွယ်​ကာ​ရာ​ပင်​တည်း။-
9 Murzyńska ziemia i Egipt były siłą jego, i narody niezliczone, Putczycy i Lubimczycy, były mu na pomocy;
သီ​ဘီ​မြို့​သည်​ဆူ​ဒန်​နှင့်​အီ​ဂျစ်​ကို​အုပ်​စိုး​သည်။ တိုင်း​မ​သိ​သော​တန်​ခိုး​အာ​ဏာ​နှင့်​ပြည့်​စုံ​ပေ သည်။ လိ​ဗု​ပြည်​သည်​အီ​ဂျစ်​ပြည်​၏​မ​ဟာ မိတ်​ဖြစ်​သော်​လည်း၊-
10 Wszakże i to w zaprowadzenie i w pojmanie przyszło; maluczkie jego na rogach wszystkich ulic roztrącano a o najsławniejszych jego losy miotano, nawet wszyscy przedniejsi jego okowani są w pęta.
၁၀သီ​ဘီ​မြို့​သူ​မြို့​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့် ကြ​လျက်​သူ​တို့​၏​သား​သ​မီး​များ​သည်​လမ်း ဆုံ​လမ်း​ခွ​တိုင်း​၌​အ​ရိုက်​အ​နှက်​ခံ​ရ​ကြ​၏။ သူ​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ခေါ်​ဆောင်​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။
11 Takżeć i ty opojona będziesz, i skryć się musisz, i ty szukać będziesz pomocy przeciwko nieprzyjacielowi.
၁၁အို နိ​နေ​ဝေ​မြို့၊ သင်​သည်​မူး​ယစ်​ထုံ​ထိုင်း လျက်​ရန်​သူ​များ​၏​လက်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​လိမ့်​မည်။-
12 Wszystkie twierdze twoje są jako figowe drzewo z owocem rannym, którym gdy kto zatrząśnie, zaraz wpadają w usta tego, co je jeść chce.
၁၂သင်​၏​ခံ​တပ်​မှန်​သ​မျှ​သည်​အ​သီး​မှည့်​များ ရှိ​သည့်​သ​ဖန်း​ပင်​များ​နှင့်​တူ​၍ အ​ပင်​ကို လှုပ်​လိုက်​လျှင်​စား​ချင်​သူ​၏​ခံ​တွင်း​သို့ အ​သီး​များ​ကျ​လာ​လိမ့်​မည်။-
13 Oto lud twój są niewiastami w pośród ciebie; nieprzyjaciołom twoim szeroko otworzone będą bramy ziemi twojej, a ogień pożre zawory twoje.
၁၃သင်​၏​စစ်​သည်​တပ်​သား​တို့​သည်​အ​မျိုး​သ​မီး များ​သ​ဖွယ်​ဖြစ်​၍ သင်​၏​ပြည်​ရှိ​တံ​ခါး​များ သည်​လည်း​ရန်​သူ​များ​ရှေ့​တွင်​ခု​ခံ​ကာ​ကွယ် နိုင်​စွမ်း​ကင်း​မဲ့​လျက်​ပွင့်​နေ​၏။ သင်​၏​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည်​မီး​လောင် ကျွမ်း​၍​သွား​လိမ့်​မည်။-
14 Naczerpaj sobie wody do oblężenia, zmacniaj twierdze twoje, wleź w błoto, i depcz glinę, oprawiwszy cegielnicę;
၁၄မြို့​ကို​အ​ဝိုင်း​ခံ​နိုင်​ရန်​ရေ​များ​ကို​ခပ်​ထား​လော့။ ခံ​တပ်​များ​ကို​အား​ဖြည့်​ထား​ကြ​လော့။ အုတ်​ဖုတ် ရန်​ရွှံ့​စေး​ကို​နင်း​နယ်​၍​အုတ်​သွန်း​ပုံ​များ​ကို အ​သင့်​ပြု​လုပ်​လော့။-
15 Tam cię pożre ogień, wytnie cię miecz, pożre cię jako chrząszcze; zgromadź się jako chrząszcze, zbierz się jako szarańcza.
၁၅သင်​သည်​အ​ဘယ်​သို့​ပင်​ပြု​သော်​လည်း​မီး​သင့် လောင်​ပြီး​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​သေ​လိမ့်​မည်။ ကျိုင်း​ကောင်​များ​ကိုက်​ဖျက်​လိုက်​သည့်​အ​သီး အ​နှံ​များ​ကဲ့​သို့​သင်​သည်​အ​စ​တုန်း​၍​သွား လိမ့်​မည်။ သင်​သည်​ကျိုင်း​ကောင်​များ​ကဲ့​သို့​လူ​ဦး​ရေ တိုး​ပွား​စေ​ခဲ့​၏။-
16 Rozmnożyłeś kupców twoich nad gwiazdy niebieskie; ale jako chrząszcze przypadają i odlatują, tak i ci.
၁၆မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​ထက်​ပင်​ပို မို​များ​ပြား​သည့်​ကုန်​သည်​များ​ကို​မွေး​ထုတ် ပေး​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ​တို့​အ​တောင်​ကို​ဖြန့် ၍​ပျံ​သွား​သော​ကျိုင်း​ကောင်​များ​ကဲ့​သို့ ထို သူ​တို့​သည်​ထွက်​သွား​ကြ​လေ​ပြီ။-
17 Panowie twoi są jako szarańcza, a hetmani twoi jako wielcy chrząszcze, którzy się kładą obozami na płotach czasu zimna, jedno słońce weszło, alić odlatują, i nie znać miejsca ich, gdzie byli.
၁၇သင်​၏​အ​စောင့်​များ​နှင့်​မှူး​မတ်​များ​သည်​ချမ်း ဧ​ချိန်​ညဥ့်​အ​ခါ​နံ​ရံ​များ​တွင်​နား​နေ​ပြီး လျှင် နေ​ထွက်​သည်​နှင့်​ပျံ​ထွက်​သွား​သ​ဖြင့် အ​ဘယ်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ​ရ သည့်​ကျိုင်း​ကောင်​အုပ်​နှင့်​တူ​ကြ​၏။
18 Zdrzemią się pasterze twoi, o królu Assyryjski! leżeć będą sławni twoi; obfitość ludu twego będzie po górach, ale nie będzie, ktoby go zgromadził.
၁၈အို အာ​ရှု​ရိ​ဘု​ရင်​သင်​၏​ဘု​ရင်​ခံ​များ​သည် အိပ်​ငိုက်​ကြ​လေ​ပြီ။ သင်​၏​မှူး​မတ်​များ​သည် လည်း​ထာ​ဝ​ရ​အိပ်​ပျော်​လျက်​နေ​ကုန်​၏။ သင် ၏​ပြည်​သူ​တို့​သည်​တောင်​များ​ပေါ်​တွင်​ကွဲ လွင့်​လျက်​ရှိ​ရာ​သူ​တို့​အား​မိ​မိ​တို့​ပြည် သို့​တစ်​ဖန်​ပြန်​လည်​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။-
19 Niemasz lekarstwa na ranę twoję, nieuleczona jest plaga twoja; wszyscy, którzy powieść o tobie usłyszą, klaskać będą rękoma nad tobą; bo na kogoż ustawicznie nie przychodziło okrucieństwo twoje?
၁၉သင်​၏​အ​နာ​များ​အ​တွက်​ဆေး​မ​ရှိ။ သင် ၏​ဒဏ်​ရာ​များ​ကို​လည်း​ပျောက်​ကင်း​အောင် ကု​သ​၍​မ​ရ​နိုင်။ သင်​ဆုံး​ပါး​ပျက်​စီး သည့်​သ​တင်း​ကို​ကြား​သိ​ကြ​သူ​အ​ပေါင်း တို့​သည်​ဝမ်း​မြောက်​ဝမ်း​သာ​လက်​ခုပ်​တီး ကြ​၏။ အ​ဘယ်​သူ​မျှ​သင်​၏​အ​တိုင်း​မ​သိ ရက်​စက်​ကြမ်း​ကြုတ်​မှု​နှင့်​ကင်း​လွတ်​ခဲ့​သည် ဟူ​၍​မ​ရှိ။ ပ​ရော​ဖက်​နာ​ဟုံ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

< Nahuma 3 >