< Jeremiasza 23 >

1 Biada pasterzom gubiącym i rozpraszającym trzodę pastwiska mego! mówi Pan.
ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ဖျက်​ဆီး​၍​ကွဲ လွင့်​စေ​သည့်​မင်း​စိုး​ရာ​ဇာ​များ​အ​ပေါ်​သို့ ထာ ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​မည့်​တ​ရား​စီ​ရင် ချက်​သည်​အ​ဘယ်​မျှ​ကြောက်​လန့်​ဖွယ်​ကောင်း လိမ့်​မည်​နည်း။-
2 Przetoż tak mówi Pan, Bóg Izraelski, do pasterzy, którzy pasą lud mój: Wy rozpraszacie owce moje, owszem, rozganiacie je, a nie nawiedzacie ich; oto Ja nawiedzę was dla złości spraw waszych, mówi Pan.
ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ရ​မည့်​မင်း​စိုး​ရာ​ဇာ​တို့​အား ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် အား​မ​ကြည့်​ရှု​ခဲ့၊ ငါ​၏​လူ​မျိုး​တော်​ကို နှင်​ထုတ်​ကွဲ​လွင့်​စေ​ခဲ့​ကြ​၏။ ယင်း​သို့​သင် တို့​ပြု​သည့်​မ​ကောင်း​မှု​များ​အ​တွက်​ငါ သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။''-
3 A ostatek owiec moich Ja zgromadzę ze wszystkich ziem, do którychem je rozegnał, i przywrócę je do obór ich, gdzie się rozpłodzą i rozmnożą.
``ငါ​သည်​ငါ​၏​လူ​မျိုး​တော်​အား​ကွဲ​လွင့်​စေ ခဲ့​သည့်​တိုင်း​ပြည်​များ​မှ​သိမ်း​၍ သူ​တို့​၏ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​သည် သား​သ​မီး​များ​စွာ​ထွန်း​ကား​လျက်​လူ ဦး​ရေ​တိုး​ကြ​လိမ့်​မည်။-
4 Nadto posanowię nad niemi pasterzy, którzyby je paśli, aby się więcej nie lękały, ani strachały, i żeby ich nie ubywało, mówi Pan.
ငါ​သည်​သူ​တို့​အား​စောင့်​ထိန်း​ရန်​အုပ်​ချုပ် သူ​များ​ခန့်​ထား​မည်။ ငါ​၏​လူ​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​ရ​တော့ မည်​မ​ဟုတ်။ ငါ​သည်​နောက်​တစ်​ဖန်​သူ​တို့ အား​ဒဏ်​ခတ်​တော့​မည်​မ​ဟုတ်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
5 Oto idą dni, mówi Pan, których wzbudzę Dawidowi latorośl sprawiedliwą, i będzie królował król, a poszczęści mu się; sąd zaiste i sprawiedliwość będzie czynił na ziemi.
ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​၏​ဖြောင့်​မတ်​သော သား​မြေး​တစ်​ဦး​ကို မင်း​အ​ဖြစ်​ငါ​ရွေး​ချယ် ခန့်​ထား​မည့်​အ​ချိန်​ဧ​ကန်​အ​မှန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​မင်း​သည်​ပ​ညာ​ဉာဏ်​နှင့်​အုပ် စိုး​၍​တိုင်း​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မှန် တ​ရား​အ​တိုင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​လိမ့် မည်။-
6 Za dni jego Juda zbawiony będzie, a Izrael bezpiecznie mieszkać będzie; a toć jest imię jego, którem go zwać będą: Pan sprawiedliwość nasza.
ထို​မင်း​နန်း​စံ​ချိန်​၌​ယု​ဒ​ပြည်​သား​တို့​သည် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လျက်၊ ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထို​မင်း​၏​ဘွဲ့ နာ​မ​ကို``ငါ​တို့​အား​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ လိမ့်​မည်။
7 Przetoż oto przychodzą dni, mówi Pan, których nie rzeką więcej: Jako żyje Pan, który wywiódł synów Izraelskich z ziemi Egipskiej.
ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သည်​ငါ့​အား ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​သည့်​အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည် ကျိန်​ဆို​မှု​မ​ပြု​ကြ​တော့​မည့်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။-
8 Ale: Jako żyje Pan, który wywiódł, i który sprowadził nasienie domu Izraelskiego z ziemi północnej i ze wszystkich ziem, do którychem ich był rozegnał; gdyż będą mieszkać w ziemi swoiej.
သူ​တို့​သည်​ယင်း​သို့​ကျိန်​ဆို​မည့်​အ​စား၊ ငါ့ အား​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​မြောက် ဘက်​ပြည်​မှ​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ကွဲ လွင့်​စေ​ရာ​အ​ခြား​ပြည်​အ​ပေါင်း​မှ​လည်း ကောင်း ပြန်​လည်​ခေါ်​ဆောင်​လာ​သည့်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင် ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
9 Dla proroków skruszyło się serce moje we mnie, poruszyły się wszystkie kości moje, stałem się jako człowiek pijany, a jako mąż, po którym się rozeszło wino, dla Pana i dla słów świętobliwości jego.
ပ​ရော​ဖက်​များ​နှင့်​သက်​ဆိုင်​၍​ဤ​သို့​ဆို​၏။ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ငါ​၏ အ​ရိုး​တို့​သည်​တုန်​လှုပ်​လျက်​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​ကြောင့်​လည်း ကောင်း၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗျာ​ဒိတ်​တော်​များ​ကြောင့်​လည်း​ကောင်း ငါ​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍ ယစ်​မူး​လျက်​နေ​သူ​နှင့်​တူ​တော့​၏။
10 Bo ta ziemia pełna jest cudzołożników, a dla krzywoprzysięstwa płacze ta ziemia, pastwiska na puszczy poschły; zaiste zły jest bieg ich, a moc ich nieprawa.
၁၀ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​အား သစ္စာ​မဲ့​သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​၏။ သူ​တို့​သည်​မ​သ​မာ​သော​အ​မှု​များ​ကို ပြု​ကျင့်​လျက် မိ​မိ​တို့​တန်​ခိုး​အာ​ဏာ​ကို​အ​လွဲ​သုံး​စား ပြု​ကြ​၏။ ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ကျိန်​စာ​သင့်​သ​ဖြင့်​ငို​ကြွေး​မြည်​တမ်း လျက်၊တိရစ္ဆာန် စား​ကျက်​သည်​လည်း​ခြောက်​သွေ့​လျက်​နေ​၏။
11 Bo i prorok i kapłan są obłudnikami, a domu moim znajduje się złość ich, mówi Pan.
၁၁ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​တို့​တွင်​ဘု​ရား​တရား​မ​ရှိ တော့​ပြီ။ ဗိ​မာန်​တော်​ထဲ​၌​ပင်​သူ​တို့​မ​ကောင်း​မှု​ပြု ကျင့် ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။
12 Przetoż im będzie droga ich jako ślizgawica w ciemności, na którą wepchnieni będą i upadną, gdy przywiodę na nich biedę czasu nawiedzenia ich, mówi Pan.
၁၂သူ​တို့​လိုက်​လျှောက်​သည့်​လမ်း​သည်​ချော ကျိ​ကျိ​နှင့် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ ငါ​သည်​လည်း​သူ​တို့​အား​ခြေ​ချော်​၍​လဲ စေ​မည်။ သူ​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုး​ကို သက်​ရောက်​စေ​မည်။ သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ သည် ကျ​ရောက်​လာ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။
13 Także przy prorokach Samaryjskich widziałem głupstwo, prorokowali przez Baale, i zwodzili lud mój Izraelski.
၁၃ရှ​မာ​ရိ​မြို့​မှ​ပ​ရော​ဖက်​များ​၏​ရွံ​ရှာ​ဖွယ် အ​ဖြစ်​ကို ငါ​တွေ့​မြင်​ရ​လေ​ပြီ။ သူ​တို့​သည်​ဗာ​လ​ဘု​ရား​၏​နာ​မ​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကာ​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အား လမ်း​လွဲ​စေ​ကြ​လေ​ပြီ။
14 Ale przy prorokach Jeruzalemskich widzę rzecz brzydką, że cudzołożąc i kłamliwie się obchodząc utwierdzają też ręce złośników, aby się nie nawracali żaden od złości swojej; stali się wszyscy przedemną jako Sodoma, a obywatele jego jako Gomora.
၁၄သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​က​မူ ထို​သူ​တို့​ထက်​ပင်​ပို​၍​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ သည်​ကို တွေ့​မြင်​ရ​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မု​သား​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​က​လူ​တို့​အား​အ​မှား​ကို​ပြု​ကျင့်​ရန် အား​ပေး​ကူ​ညီ​ကြ​သ​ဖြင့် အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သည့်​မ​ကောင်း​မှု​များ ကို မ​ရပ်​စဲ​ကြ​တော့​ပေ။ ထို​သူ​အ​ပေါင်း​တို့​သည်​သော​ဒုံ​မြို့​သား များ​နှင့်​တူ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သူ​မြို့​သား​များ​ကဲ့​သို့​ပင် ဆိုး​ညစ်​ယုတ်​မာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
15 Dlategoż tak mówi Pan zastępów o tych prorokach: Oto Ja nakarmię ich piołunem, a napoję ich wodą gorzką; bo od proroków Jeruzalemskich wyszło splugawienie na tę wszystkę ziemię.
၁၅သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​နှင့် ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``သူ​တို့​အား ဒေါ​န​ပင်​များ​ကို​ငါ​ကျွေး​မည်။ အ​ဆိပ်​ပါ​သော​ရေ​ကို​လည်း​သောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပြည်​တော် တစ်​ဝှမ်း​လုံး​တွင်၊ ဘု​ရား​မဲ့​တ​ရား​မဲ့​သော​အ​မှု​များ​ကို​ပျံ့​နှံ့​စေ ကြ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​ဖြစ်​ပါ​၏။
16 Tak mówi Pan zastępów: Nie słuchajcie słów tych proroków, którzy wam prorokują, i zwodzą was, widzenie serca swego opowiadają, a nie z ust Pańskich;
၁၆အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား``ပ​ရော​ဖက်​များ သည်​သင်​တို့​အား​အ​ချည်း​နှီး​မျှော်​လင့်​လျက် နေ​စေ​ကြ​သည်​ဖြစ်​၍ သူ​တို့​ဟော​ပြော​သည့် စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မိ​မိ​တို့​စိတ်​ထဲ​ထင်​မြင်​သည့်​အ​ရာ​များ​ကို ဟော​ပြော​ကြ​၏။ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။-
17 Ustawicznie mówią tym, którzy mną gardzą: Pan mówił, pokój mieć będziecie; i każdemu chodzącemu według uporu serca swego, mówią: Nie przyjdzie na was nic złego.
၁၇သူ​တို့​သည်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း ဆန်​သူ​တို့​အား`သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် ဆို​သည်' ဟု​အ​ဖန်​တစ်​လဲ​လဲ​ဟော​ပြော​ကြ​၏။ ခေါင်း​မာ​သူ​အ​ပေါင်း​တို့​အား​လည်း`သင်​တို့ အ​ပေါ်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
18 Bo któż stanął w radzie Pańskiej, a widział i słyszał słowo jego? kto pilnował słowa jego, i słuchał go?
၁၈ငါ​က``ဤ​ပ​ရော​ဖက်​များ​အ​နက်​အ​ဘယ်​သူ မျှ ထာ​ဝ​ရ​ဘု​ရား​၏​လျှို့​ဝှက်​သော​အ​ကြံ အ​စည်​တော်​တို့​ကို​သိ​ရှိ​သည်​ဟူ​၍​မ​ရှိ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​ဗျာ​ဒိတ်​တော် ကို​ကြား​သည်၊ နား​လည်​သည်​ဟူ​၍​မ​ရှိ​ကြ။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​နား မ​ထောင်။ ပ​မာ​ဏ​လည်း​မ​ပြု​ကြ။-
19 Oto wicher Pański z zapalczywością wyjdzie, a wicher trwały nad głową niepobożnych zostanie;
၁၉ကိုယ်​တော်​၏​အမျက်​တော်​သည်​လူ​ယုတ်​မာ​တို့ ၏​ဦး​ခေါင်း​ထက်​တွင်​တိုက်​ခတ်​သည့်​လေ​ပြင်း မုန်​တိုင်း​နှင့်​တူ​၏။-
20 Nie odwróci się gniew Pański, aż uczyni i wykona myśli serca swego; w ostateczne dni to doskonale zrozumiecie.
၂၀ထို​အ​မျက်​တော်​သည်​ကိုယ်​တော်​ကြံ​စည်​တော် မူ​သ​မျှ​သော​အ​မှု​များ​မ​ပြီး​မ​ချင်း​ပြေ ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ဤ​အ​ချက်​ကို​ကိုယ် တော်​၏​လူ​မျိုး​တော်​သည် လာ​လတ္တံ့​သော​နေ့ ရက်​များ​၌​သိ​ရှိ​နား​လည်​လာ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
21 Nie posyłałem tych proroków, a wszakże bieżeli; nie mówiłem do nich, a wszakże oni prorokowali,
၂၁ထာ​ဝ​ရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​တို့​သည် ငါ မ​စေ​လွှတ်​သော်​လည်း​ထွက်​သွား​ကြ​၏။ သူ​တို့ အား​အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ​ငါ​မ​ပေး​သော် လည်း သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဟော​ပြော​ကြ​၏။-
22 Bo gdyby byli stali w radzie mojej, tedyby byli ogłaszali słowa moje ludowi memu, a byliby ich odwracali od drogi ich złej, i od złości spraw ich.
၂၂အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တော်​တို့​ကို​သာ​သိ​ရှိ​ကြ မည်​ဆို​ပါ​မူ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ငါ့​လူ မျိုး​တော်​အား​ဟော​ပြော​ကြေ​ညာ​ကာ သူ​တို့ ၏​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​နှင့်​သူ​တို့​ပြု သည့်​ယုတ်​မာ​မှု​များ​ကို​စွန့်​ပစ်​စေ​နိုင်​ကြ လိမ့်​မည်။
23 Izalim Ja tylko Bogiem z bliska? mówi Pan, a nie jestem Bogiem i z daleka?
၂၃``ငါ​သည်​အ​နီး​၌​သာ​ရှိ​သည်​မ​ဟုတ်။ အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​သော​ဘု​ရား​ဖြစ်​ပေ သည်။-''
24 Izali się kto skryje w skrytości, abym go Ja nie widział? mówi Pan. Izali Ja nieba i ziemi nie napełniam? mówi Pan.
၂၄ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''
25 Słyszęć Ja, co mówią prorocy, którzy prorokują, kłamstwo w imieniu mojem, mówiąc: Śniło mi się, śniło mi się!
၂၅`ငါ​အိပ်​မက်​မက်​သည်၊ ငါ​အိပ်​မက်​မက်​သည်' ဟု မိ​မိ​တို့​အိပ်​မက်​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြား​ရ​ပါ​သည်​ဟု ငါ့​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​လိမ်​လည်​ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့​၏ စ​ကား​ကို​ငါ​သိ​၏။-
26 Długoż tego będzie? Izali w sercu tych proroków, którzy prorokują, niemasz kłamstwa? owszem, są prorokami zdrady serca swego;
၂၆ဤ​ပရော​ဖက်​များ​သည်​မိ​မိ​တို့​လုပ်​ကြံ​ပြော ဆို​သည့်​မု​သား​စ​ကား​များ​ဖြင့် ငါ​၏​လူ​မျိုး တော်​အား​အ​ဘယ်​မျှ​ကြာ​ကြာ​ဆက်​လက် လမ်း​လွဲ​စေ​ကြ​မည်​နည်း။-
27 Którzy myślą, jakoby z pamięci wywieść ludowi mojemu imię moje snami swemi, które powiadają każdy bliźniemu swemu, jako zapomnieli ojcowie ich na imię moje dla Baala.
၂၇မိ​မိ​တို့​ဘိုး​ဘေး​များ​သည်​ငါ့​ကို​မေ့​လျော့ ကာ ဗာ​လ​ဘု​ရား​ကို​ဆည်း​ကပ်​ခဲ့​ကြ​သ​ကဲ့ သို့​သူ​တို့​သည် မိ​မိ​တို့​ဟော​ပြော​သည့်​အိပ် မက်​များ​က ငါ​၏​လူ​မျိုး​တော်​အား​ငါ့​ကို မေ့​လျော့​စေ​နိုင်​လိမ့်​မည်​ဟု​သူ​တို့​ထင်​မှတ် ကြ​၏။-
28 Prorok, który ma sen, niech powiada sen: ale który ma słowo moje, niech mówi słowo moje w prawdzie. Cóż plewie do pszenicy? mówi Pan.
၂၈အိပ်​မက်​ကို​မြင်​မက်​သည့်​ပ​ရော​ဖက်​သည် မိ​မိ မြင်​မက်​သည့်​အ​ရာ​မှာ​အိပ်​မက်​မျှ​သာ​ဖြစ် ကြောင်း​ပြော​ကြား​သင့်​၏။ သို့​ရာ​တွင်​ငါ​၏ ဗျာ​ဒိတ်​တော်​ကို​ကြား​သည့်​ပ​ရော​ဖက်​မူ​ကား ထို​ဗျာ​ဒိတ်​တော်​ကို​သစ္စာ​နှင့်​ပြန်​ကြား​ရ​၏။ ဂျုံ ဆန်​နှင့်​နှိုင်း​စာ​သော်​ကောက်​ရိုး​သည်​အ​ဘယ် မျှ​အ​သုံး​ဝင်​သ​နည်း။-
29 Izali słowo moje nie jest jako ogień? mówi Pan, i jako młot kruszący skałę?
၂၉ငါ​၏​ဗျာ​ဒိတ်​တော်​သည်​မီး​နှင့်​တူ​၍​ကျောက် ကို​ထု​ခွဲ​နိုင်​သည့်​တူ​နှင့်​တူ​၏။-
30 Przetoż oto Ja powstaję przeciwko tym prorokom, mówi Pan, którzy kradną słowa moje, każdy przed bliźnim swoim.
၃၀မိ​မိ​တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​သည့်​စ​ကား များ​ကို ငါ​၏​ဗျာ​ဒိတ်​တော်​ကဲ့​သို့​ပြန်​ကြား​ပြော ဆို​သည့်​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင်​ဘက်​ပြု မည်။-
31 Oto Ja powstaję przeciwko tym prorokom, mówi Pan, którzy używają języka swego, aby mówili: Mówi Pan.
၃၁မိ​မိ​တို့​၏​စ​ကား​ကို​ငါ့​စ​ကား​ကဲ့​သို့​ပြော ဆို​သည့် ပ​ရော​ဖက်​တို့​ကို​လည်း​ဆန့်​ကျင်​ဘက် ပြု​မည်။-
32 Oto Ja powstaję, mówi Pan, przeciwko tym, którzy prorokują sny kłamliwe, a opowiadając je zwodzą lud mój kłamstwami swemi i plotkami swemi, chociażem Ja ich nie posłał, anim im rozkazał; skąd zgoła nic nie pomagają ludowi twemu, mówi Pan.
၃၂ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
33 Przetoż gdyby się ciebie pytał lud ten, albo prorok, albo kapłan, mówiąc: Cóż jest za brzemię Pańskie? Tedy rzeczesz do nich które brzemię. To: Opuszczę was, mówi Pan.
၃၃ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ ငါ ၏​လူ​မျိုး​တော်​အ​နက်​မှ​တစ်​စုံ​တစ်​ယောက် သော​သူ​က​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​သို့ မ​ဟုတ် ယဇ်​ပု​ရော​ဟိတ်​က​သော်​လည်း​ကောင်း သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား အ​ဘယ်​နည်း' ဟု​မေး​သော​အ​ခါ`ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​သင့်​ကို​ဖယ်​ရှား​တော် မူ​လိမ့်​မည်' ဟု​ဖြေ​ကြား​လော့။-
34 Bo proroka i kapłana tego, i lud ten, któryby rzekł: Toć jest brzemię Pańskie, pewnie nawiedzę męża tego i dom jego.
၃၄အ​ကယ်​၍​ပ​ရော​ဖက်​သို့​မ​ဟုတ် ယဇ်​ပု​ရော​ဟိတ် တစ်​စုံ​တစ်​ယောက်​က​သော်​လည်း​ကောင်း၊ လူ​တစ်​ဦး တစ်​ယောက်​က​သော်​လည်း​ကောင်း`ထာ​ဝ​ရ​ဘု​ရား ၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို​သုံး​နှုန်း ပါ​မူ ငါ​သည်​ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-
35 Ale tak mówcie każdy do bliźniego swego, i każdy do brata swego: Cóż odpowiedział Pan? albo: Cóż mówił Pan?
၃၅သူ​သည်​ထို​သို့​ပြော​ဆို​မည့်​အ​စား မိ​မိ​၏ အ​သိ​မိတ်​ဆွေ​များ​နှင့်​ဆွေ​မျိုး​ညာ​တိ​တို့ အား`ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ဖြေ​ကြား တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော်​အ​ဘယ်​သို့ မိန့်​တော်​မူ​ပါ​သနည်း' ဟူ​၍​မေး​မြန်း​ရာ​၏။-
36 A brzmienia Pańskiego nie wspominajcie więcej; bo brzmieniem będzie każdemu słowo jego, gdyżeście wy wywrócili słowa Boga żywego, Pana zastępów, Boga naszego.
၃၆သို့​ဖြစ်​၍`ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို နောက်​တစ်​ဖန်​ထို​သူ​တို့ မ​ပြော​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​တစ် စုံ​တစ်​ယောက်​သော​သူ​သည်​ဤ​သို့​ပြော​ဆို ပါ​က၊ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ယင်း​သို့​ပြော ဆို​သူ​အ​တွက်​အ​ကယ်​ပင်​ဝန်​ထုပ်​ဝန်​ပိုး ဖြစ်​စေ​မည်။ လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်၊ အ​သက်​ရှင်​တော်​မူ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား တော်​ကို အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ် စေ​ကြ​လေ​ပြီ။-
37 Tak tedy rzeczesz do proroka: Cóż ci odpowiedział Pan? albo: Co mówił Pan?
၃၇``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​ဘယ် သို့​ဖြေ​ကြား​တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော် အ​ဘယ်​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​ပါ​သ​နည်း' ဟု​ပ​ရော​ဖက်​တို့​အား​မေး​မြန်း​ရန်​ထာ​ဝ​ရ ဘု​ရား​က​ယေ​ရ​မိ​အား​မိန့်​တော်​မူ​၏။-
38 Ale ponieważ mówicie: Brzemię Pańskie, tedy tak mówi Pan: Ponieważ mówicie to słowo: Brzemię Pańskie, chociażem do was posyłał, mówiąc: Nie mówcie: Brzemię Pańskie;
၃၈အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ``ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန် ပိုး'' ဟူ​သော​စ​ကား​ကို​သုံး​သော​သူ​တို့ အား​ဤ​သို့​ပြော​ကြား​လော့။-
39 Przetoż oto i Ja was zapomnę do końca, i odrzucę was i to miasto, którem wam dał i ojcom waszym, od oblicza mego;
၃၉ငါ​သည်​သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​ဘိုး​ဘေး များ​အား ပေး​အပ်​ခဲ့​သည့်​မြို့​ကို​ကောက်​ယူ​၍ အ​ဝေး​သို့​ပစ်​ထုတ်​မည်။-
40 I podam was na urąganie wieczne, i na hańbę wieczną, która nigdy nie przyjdzie w zapamiętanie.
၄၀သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​ပျောက်​၍ မ​ရ​နိုင်​သော ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​အ​ရှက် ကွဲ​မှု​ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Jeremiasza 23 >