< Izajasza 59 >

1 Oto nie jest ukrócona ręka Pańska, aby zbawić nie mogła; a nie jest obciążone ucho jego, aby wysłuchać nie mogło.
ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မ​ကယ်​နိုင် လောက်​အောင်​အား​အင်​ချည့်​နဲ့​တော်​မူ​သည် မ​ဟုတ်။ ကူ​မ​တော်​မူ​ပါ​ဟု​သင်​တို့​ဟစ်​အော် တောင်း​လျှောက်​သံ​ကို​မ​ကြား​နိုင်​လောက်​အောင် နား​မ​လေး။-
2 Ale nieprawości wasze roździał uczyniły między wami i między Bogiem waszym, a grzechy wasze sprawiły, że ukrył twarz przed wami, aby nie słyszał.
ကိုယ်​တော်​ကြား​တော်​မ​မူ​ခြင်း​မှာ​သင်​တို့ အ​ပြစ်​များ​ကြောင့်​ဖြစ်​သည်။ သင်​တို့​အား ကိုယ်​တော်​နှင့်​ကင်း​ကွာ​စေ​သည့်​အ​ရာ​မှာ လည်း​သင်​တို့​အ​ပြစ်​များ​ပင်​ဖြစ်​၏။-
3 Bo ręce wasze krwią są zmazane, a palce wasze nieprawością; wargi wasze mówią kłamstwo, a język wasz nieprawość świegoce.
သင်​တို့​သည်​လိမ်​လည်​ကောက်​ကျစ်​စွာ​ပြော ဆို​မှု၊ သင်​တို့​၏​လက်​များ​နှင့်​လက်​ချောင်း များ​သည် သွေး​များ​ပေ​ကျံ​မှု၊ လူ​သတ်​မှု တို့​အ​တွက်​အ​ပြစ်​ရှိ​ကြ​၏။
4 Niemasz ktoby się zastawiał o sprawiedliwość, ani jest ktoby się zasadzał o prawdę. Ufają w próżności, a mówią kłamstwo; poczynają ucisk, a rodzą nieprawość.
သင်​တို့​သည်​တ​ရား​ရုံး​တော်​သို့​သွား​သော် လည်း တ​ရား​မျှ​တ​မှု​မ​ရှိ၊ တ​ရား​သည့် ဘက်​၌​မ​နေ​ကြ။ မိ​မိ​တို့​အ​မှု​နိုင်​ရန် အ​တွက်​မု​သား​စ​ကား​ပြော​ဆို​လျက် အ​ကြောင်း​မဲ့​ငြင်း​ခုံ​တတ်​ကြ​၏။
5 Jaja bazyliszkowe wylęgli, a płótna pajęczego natkali. Ktoby jadł jaja ich, umrze, a jeźli je stłucze, wynijdzie jaszczórka.
သင်​တို့​၏​ဆိုး​ရွား​သော​အ​ကြံ​စည်​များ​သည် မြွေ​ဆိုး​ဥ​များ​ကဲ့​သို့​ပေါက်​ပွား​စေ​၏။ တစ် ခု​ကို​ဖျက်​ဆီး​လိုက်​လျှင် မြွေ​ဆိုး​တစ်​ကောင် ပေါက်​လာ​တတ်​ပါ​သည်​တ​ကား။ သင်​တို့​၏ အ​ကြံ​အ​စည်​များ​သည်​သင်​တို့​ကို​အ​ကျိုး ပေး​လိမ့်​မည်​မ​ဟုတ်။-
6 Płótna ich nie godzą się na szatę, ani się przyodzieją robotami swemi. Uczynki ich są uczynki nieprawości, a sprawa łupiestwa jest w rękach ich.
ယင်း​တို့​သည်​ပင့်​ကူ​မြှေး​ဖြင့်​ယက်​လုပ်​သော အ​ထည်​ကဲ့​သို့ အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​ကြ ၏။ မိ​မိ​တို့​ယက်​လုပ်​သော​အ​ရာ​သည် လုံ​ခြုံ မှု​ကို​မ​ပေး​နိုင်၊ ဆိုး​ညစ်​၍​အ​ကြမ်း​ဖက် သော​အ​မှု​တို့​ပြု​လုပ်​ကြ​၏။-
7 Nogi ich bieżą do złego, i kwapią się na wylanie krwi niewinnej. Myśli ich są myśli nieprawości; spustoszenie i starcie jest na drogach ich.
သင်​တို့​သည်​မ​ကောင်း​မှု​တစ်​ခု​ခု​ကို​ထာ​ဝ စဉ်​ကြံ​စည်​လျက် အ​ပြစ်​ကို​မ​ဆိုင်း​မ​တွ ပြု​ကျင့်​တတ်​ကြ​၏။ အ​ပြစ်​မ​ရှိ​သော​သူ ကို​သတ်​ရန်​ပင်​လျှင်​လက်​မ​နှေး​ကြ။ သင် တို့​ရောက်​လေ​ရာ​အ​ရပ်​တိုင်း​၌​ဆုံး​ပါး ပျက်​စီး​မှု​သာ​လျှင်​ကျန်​ရှိ​ခဲ့​တတ်​၏။-
8 Drogi pokoju nieznają, i niemasz sprawiedliwości w drogach ich; ścieszki swe sami pokrzywili u siebie; każdy, kto po nich chodzi, nie zna pokoju.
သင်​တို့​ရောက်​ရှိ​နေ​ချိန်​၌​လည်း​အ​ဘယ်​သူ မျှ​အ​သက်​စည်း​စိမ်​လုံ​ခြုံ​မှု​မ​ရှိ။ သင်​တို့ ပြု​သော​အ​မှု​မှန်​သ​မျှ​သည်​မ​တ​ရား သော​အ​မှု​များ​ဖြစ်​၏။ သင်​တို့​သည်​လမ်း ကောက်​ကို​လိုက်​တတ်​ကြ​၏။ ထို​လမ်း​ကို လိုက်​သော​သူ​တိုင်း​အ​ဘယ်​အ​ခါ​၌​မျှ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​မ​ဟုတ်။
9 Dlatego oddalił się sąd od nas, a nie dochodzi nas sprawiedliwość; czekamy na światłość, a oto ciemność; na jasność, ale w ćmie chodzimy.
လူ​တို့​က``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မ​တ​ရား​ပြု​သူ​တို့​လက်​မှ​အ​ဘယ်​ကြောင့် ကယ်​တော်​မ​မူ​ကြောင်း​ကို​လည်း​ငါ​တို့​သိ ရ​ပြီ။ ငါ​တို့​သည်​မိ​မိ​လျှောက်​သွား​ရန်​လမ်း ခ​ရီး​အ​တွက် အ​လင်း​ရောင်​ကို​မျှော်​လင့်​တောင့် တ​ကြ​သော်​လည်း​မှောင်​မိုက်​အ​ရိပ်​ကို​သာ လျှင်​ရ​ရှိ​ကြ​၏။-
10 Macamy ściany jako ślepi, a macamy, jakobyśmy oczów nie mieli. Potykamy się w południe jako w zmierzk; w wielkich dostatkach podobniśmy umarłym.
၁၀ငါ​တို့​သည်​မျက်​မ​မြင်​များ​ကဲ့​သို့​လက်​နှင့် စမ်း​၍​သွား​လာ​ရ​ကြ​၏။ မွန်း​တည့်​ချိန်​၌​ပင် ငါ​တို့​သည်​ညဥ့်​အ​ခါ​မှာ​ကဲ့​သို့ သန်​စွမ်း​သူ တို့​၏​အ​လယ်​၌ မှောင်​မိုက်​ရာ​မ​ရ​ဏာ​နိုင်​ငံ သို့​ရောက်​ရှိ​နေ​ဘိ​သ​ကဲ့​သို့​ခြေ​ချော်​၍ လဲ​ကျ​ကြ​၏။-
11 Mruczymy wszyscy jako niedźwiedź, jako gołębica ustawicznie stękamy; oczekujemy na sąd, ale go niemasz; na wybawienie, ale dalekie jest od nas.
၁၁ငါ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​စိတ် သော​က​ရောက်​ရ​ကြ​၏။ မိ​မိ​တို့​ကို​မ​တ​ရား ပြု​သူ​များ​လက်​မှ​ကယ်​တော်​မူ​ရန် ဘု​ရား​သ​ခင်​အား​တမ်း​တ​ကြ​ပါ​သော်​လည်း အ​လွန် ဝေး​ကွာ​နေ​လျက်​အ​ချည်း​နှီး​ပင်​ဖြစ်​ပါ​၏။
12 Bo się rozmnożyły przestępstwa nasze przed tobą, a grzechy nasze świadczą przeciwko nam, ponieważ nieprawości nasze są przy nas, i złości nasze uznajemy;
၁၂``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန် တော်​မျိုး​တို့​ပြစ်​မှား​သည့်​အ​ပြစ်​များ​သည် များ​လှ​ပါ​၏။ ထို​အ​ပြစ်​များ​က​ကျွန်​တော် မျိုး​တို့​အား​စွဲ​ချက်​တင်​သည်​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ကောင်း စွာ​သိ​ရကြ​ပါ​၏။-
13 Żeśmy wystąpili, i kłamali przeciw Panu, i odwróciliśmy się, abyśmy nie szli za Bogiem naszym; żeśmy mówili o potwarzy i o odstąpieniu, żeśmy zmyślali i wywierali z serca swego słowa kłamliwe.
၁၃ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို​ပုန်​ကန် ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ပစ်​ပယ်​ကာ​နောက် တော်​သို့​လိုက်​ရန်​ငြင်း​ဆန်​ခဲ့​ကြ​ပါ​၏။ ကျွန် တော်​မျိုး​တို့​သည်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှင်း​ဆဲ​၍​ကိုယ်​တော်​ရှင်​ကို​လည်း​ပုန်​ကန်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​အ​ကြံ​အ​စည် များ​သည်​မူ​မ​မှန်​ပါ။ ကျွန်​တော်​မျိုး​တို့​၏ စ​ကား​များ​သည်​လည်း​မု​သား​ဖြစ်​ပါ​၏။-
14 Tak, że się sąd opak obrócił, a sprawiedliwość z daleka stoi; bo na ulicy prawda szwankowała, a prawość przejścia nie ma.
၁၄တ​ရား​မျှ​တ​မှု​သည်​အ​ဝေး​သို့​အ​နှင်​ခံ​ရ လျက် အ​မှန်​တ​ရား​သည်​လည်း​အ​နီး​သို့​မ​ချဉ်း ကပ်​နိုင်​ပါ။ တ​ရား​စီ​ရင်​ရာ​ဌာ​န​များ​၌​အ​မှန် တ​ရား​မ​ရှိ၊ သစ္စာ​တ​ရား​သည်​ရပ်​တည်​၍​မ နေ​နိုင်။-
15 Owszem, prawda zginęła, a ten, co odstępuje od złego, na łup podany bywa. To widzi Pan, i nie podoba się to w oczach jego, że niemasz sądu.
၁၅ထို​အ​ရပ်​တွင်​ရိုး​သား​ဖြောင့်​မှန်​သူ​နည်း​ပါး လှ​သည်​ဖြစ်​၍ မ​ကောင်း​မှု​ကို​ရှောင်​ကြဉ်​သူ သည်​သူ​ရူး​ဟု​ပင်​အ​ထင်​ခံ​ရ​တတ်​ပါ​၏။'' ဤ​အ​ဖြစ်​သ​နစ်​ကို​မြင်​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ​ခြင်း ကင်း​မဲ့​မှု​ကို​နှစ်​သက်​တော်​မ​မူ။-
16 Gdy tedy widział, że niemasz żadnego męża, aż się zdumiał, że niemasz żadnego, coby się zastawił, a przetoż wybawienie sprawiło mu ramię jego, a sprawiedliwość jego sama go podparła.
၁၆အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​အား​ကယ်​မ​မည့်​သူ မ​ရှိ​သည်​ကို​လည်း​မြင်​တော်​မူ​၍​အံ့​သြ​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​လက် တော်​ဖြင့်​ကယ်​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ဖြောင့် မတ်​တော်​မူ​ခြင်း​အား​ဖြင့်​အောင်​ပွဲ​ခံ​တော်​မူ လိမ့်​မည်။-
17 Bo się przyoblókł w sprawiedliwość jako w pancerz, a hełm zbawienia na głowie jego; oblókł się w odzienie pomsty jako w szatę, a odział się zapalczywością jako płaszczem;
၁၇ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​တည်း​ဟူ​သော သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​လျက် ကယ်​တင်​တော်​မူ ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​လုံး​ကို​ဆောင်း တော်​မူ​လိမ့်​မည်။ ပြင်း​ပြ​သော​မေတ္တာ​တော်​တည်း ဟူ​သော​ဝတ်​လုံ​ကို​လည်း​ကောင်း လူ​တို့​ခံ​ကြ သည့်​မ​တ​ရား​မှု​များ​အ​တွက်​လက်​စား​ချေ တော်​မူ​ခြင်း​တည်း​ဟူ​သော​အ​ဝတ်​ကို​လည်း ကောင်း ဝတ်​ဆင်​တော်​မူ​လိမ့်​မည်။-
18 Aby według uczynków, aby według nich odpłacił popędliwością przeciwnikom swoim, aby nagrodę nieprzyjaciołom swoim, a wyspom zapłatę oddał.
၁၈မိ​မိ​တို့​အ​ပြစ်​အ​လျောက်​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​ရန်​သူ​များ​သည် အ​မျက်​တော်​ကို​ခံ​ရ​၍ အ​ကျိုး​အ​ပြစ်​ကို ပေး​ဆပ်​ရ​မည်။ ရပ်​ဝေး​တွင်​နေ​ထိုင်​လျက်​ရှိ ကြ​သူ​များ​ပင်​လျှင် ထို​အ​ပြစ်​ဒဏ်​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်။-
19 I będą się bali, którzy są na zachód, imienia Pańskiego, i którzy na wschód słońca, sławy jego. Gdy przypadnie nieprzyjaciel jako rzeka, tedy go duch Pański precz zapędzi.
၁၉အ​ရှေ့​မျက်​နှာ​မှ​သည်​အ​နောက်​မျက်​နှာ​သို့ တိုင်​အောင် လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ နာ​မ​တော်​နှင့်​ဘုန်း​တန်​ခိုး​တော်​တို့​ကို​ကြောက် ရွံ့​လေး​စား​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​အ​ရှိန် ပြင်း​သည့်​ချောင်း​ရေ​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ကြီး​သည့်​လေ​ကဲ့​သို့​လည်း​ကောင်း​ကြွ​လာ တော်​မူ​လိမ့်​မည်။
20 Bo przyjdzie do Syonu odkupiciel, i do tych, którzy się odwracają od występków w Jakóbie, mówi Pan.
၂၀ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​အ​ပြစ်​များ​မှ​နောင်​တ​ရ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဇိ​အုန်​မြို့​သို့​ကြွ​လာ​တော်​မူ မည်။-
21 A toć będzie przymierze moje z nimi, mówi Pan: Duch mój, który jest w tobie, i słowa moje, którem włożył w usta twoje, nie odstąpią od ust twoich, ani od ust nasienia twego, ani od ust potomków nasienia twego, mówi Pan, odtąd aż na wieki.
၂၁သင်​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​မည်။ ငါ​သည်​သင်​တို့ အား​ငါ​၏​ဝိ​ညာဉ်​တော်​နှင့်​သြ​ဝါ​ဒ​များ​ကို ပေး​အပ်​ခဲ့​လေ​ပြီ။ ယင်း​တို့​ကို​ယ​ခု​မှ​စ​၍ သင်​တို့​နှင့်​သင်​တို့​၏​သား​မြေး​များ​သည် ကာ​လ​အ​စဉ်​အ​ဆက်​လိုက်​နာ​စောင့်​ထိန်း ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Izajasza 59 >