< II Królewska 9 >

1 A Elizeusz prorok zawołał jednego z synów prorockich, i rzekł mu: Przepasz biodra twoje, a weźmij tę bańkę olejku w rękę twą, a idź do Ramot Galaadskiego.
ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​ဧ​လိ​ရှဲ သည် လူ​ငယ်​ပ​ရော​ဖက်​တစ်​ပါး​ကို​ခေါ်​၍``သင် သည်​ရာ​မုတ်​မြို့​သို့​သွား​ရန်​အ​သင့်​ပြင်​လော့။ ဤ​သံ​လွင်​ဆီ​ဘူး​ကို​လည်း​ယူ​သွား​လော့။ ထို မြို့​သို့​ရောက်​သော​အ​ခါ၊-
2 A gdy tam przyjdziesz, ujrzysz tam Jehu, syna Jozafatowego, syna Namsy, a wszedłszy tam, odwiedziesz go z pośrodku braci jego, i wprowadzisz go do gmachu najskrytszego.
နိမ်​ရှိ​၏​မြေး၊ ယေ​ဟော​ရှ​ဖတ်​၏​သား​ယေ​ဟု ကို​ရှာ​လော့။ သူ့​ကို​အ​ဖော်​များ​ရှိ​ရာ​မှ​ဝေး ရာ​ဆိတ်​ကွယ်​သည့်​အ​ခန်း​သို့​ခေါ်​ပြီး​လျှင်၊-
3 A wziąwszy bańkę olejku, wylejesz na głowę jego, i rzeczesz: Tak mówi Pan: Pomazałem cię za króla nad Izraelem. A otworzywszy drzwi ucieczesz, i nie zabawisz się tam.
ဤ​ဆီ​ကို​သူ​၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​၍ ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏' ဟု​မိန့်​တော် မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မှာ​ကြား​လိုက်​၏။
4 Tedy odszedł on młodzieniec, sługa prorocki, do Ramot Galaadskiego.
သို့​ဖြစ်​၍​ပ​ရော​ဖက်​ငယ်​သည်​ရာ​မုတ်​မြို့ သို့​သွား​ရာ၊-
5 A gdy przyszedł, oto hetmani wojsk siedzieli. I rzekł: Hetmanie! mam nieco z tobą mówić. I rzekł Jehu: Z którymże ze wszystkich nas? I odpowiedział: Z tobą, hetmanie!
ထို​အ​ရပ်​တွင်​တပ်​မှူး​များ​တိုင်​ပင်​နေ​ကြ​သည် ကို​တွေ့​လျှင်``တပ်​မှူး​မင်း၊ အ​ကျွန်ုပ်​သည်​အ​ရှင့် အ​တွက်​သ​တင်း​ယူ​ဆောင်​လာ​ပါ​သည်'' ဟု ဆို​၏။ ယေ​ဟု​က``ငါ​တို့​အ​နက်​မည်​သူ့​အ​တွက်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ​ပ​ရော​ဖက်​ငယ်​က``အ​ရှင့်​အ​တွက် ဖြစ်​ပါ​သည်'' ဟု​ဆို​၏။-
6 Tedy wstawszy wszedł do gmachu, a on wylał olejek na głowę jego, i rzekł mu: Tak mówi Pan, Bóg Izraelski: Pomazałem cię za króla nad ludem Pańskim, nad Izraelem.
ထို​နောက်​သူ​တို့​နှစ်​ယောက်​သည်​အိမ်​ထဲ​သို့​ဝင် သွား​ပြီး​လျှင် လူ​ငယ်​ပ​ရော​ဖက်​သည်​ယေ​ဟု ၏​ဦး​ခေါင်း​ပေါ်​သို့​သံ​လွင်​ဆီ​ကို​သွန်း​လောင်း ကာ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏။-
7 I wytracisz dom Achaba, pana twego; albowiem pomszczę się krwi sług moich proroków, i krwi wszystkich sług Pańskich, z ręki Jezabeli.
ငါ​၏​ပ​ရော​ဖက်​များ​နှင့်​အ​ခြား​အ​စေ​ခံ များ​ကို​သတ်​သည့်​အ​ပြစ်​အ​တွက် ယေ​ဇ​ဗေ​လ အား​ငါ​ဒဏ်​ခတ်​နိုင်​ရန်​သင်​သည် အာ​ဟပ်​၏ သား၊ သင့်​အ​ရှင်​ဘု​ရင်​မင်း​အား​လုပ်​ကြံ​ရ​မည်။-
8 A tak zginie wszystek dom Achabowy; i wykorzenię z domu Achabowego aż do najmniejszego szczenięcia, i więźnia, i opuszczonego w Izraelu.
အာ​ဟပ်​၏​မိ​သား​စု​နှင့်​သူ​၏​မြေး​အ​ပေါင်း တို့​သည်​သေ​ရ​ကြ​မည်။ သူ​၏​မိ​သား​စု​မှ ယောကျာ်း​မှန်​သ​မျှ​ကို​ကြီး​ငယ်​မ​ရွေး​ငါ ပယ်​ရှား​မည်။-
9 I uczynię domowi Achabowemu, jako domowi Jeroboama, syna Nabatowego, i jako domowi Baazy, syna Achyjaszowego.
ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​ဗာ​ရှာ​တို့ ၏​အိမ်​ထောင်​စု​တို့​ကို ငါ​စီ​ရင်​ခဲ့​သည့်​နည်း​တူ အာ​ဟပ်​၏​အိမ်​ထောင်​စု​ကို​လည်း​ငါ​စီ​ရင်​မည်။-
10 Jezabelę też zjedzą psy na polu Jezreelskim, a nie będzie, ktoby ją pogrzebał. To rzekłszy otworzył drzwi, i uciekł.
၁၀ယေ​ဇ​ဗေ​လ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရ​လိမ့် မည်​မ​ဟုတ်။ သူ​၏​အ​လောင်း​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင် ခွေး​စာ​ဖြစ်​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။ ထို​နောက်​ပ​ရော​ဖက်​ငယ် သည်​အ​ခန်း​ထဲ​မှ​ထွက်​ပြေး​လေ​၏။
11 A gdy Jehu wyszedł do sług pana swego, rzekł mu jeden: A dobrzeż wszystko? Pocóż przychodził ten szalony do ciebie? A on im odpowiedział: Wy znacie tego męża, i mowę jego.
၁၁ယေ​ဟု​သည်​မိ​မိ​၏​အ​ဖော်​တပ်​မှူး​များ​ထံ သို့​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့​က``အ​စ​စ အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​၏​လော။ ထို​သူ​ရူး သည်​အ​ဘယ်​ကိစ္စ​နှင့်​သင့်​ထံ​သို့​လာ​ပါ သ​နည်း'' ဟု​မေး​ကြ​၏။ ယေ​ဟု​က``သူ​၏​ကိစ္စ​ကို​သင်​တို့​သိ​ပါ​၏'' ဟု ဖြေ​၏။
12 Tedy rzekli: Nie prawda to; proszę powiedz nam. A on rzekł: Tak a tak rzekł do mnie, mówiąc: Tak mówi Pan: Pomazałem cię za króla nad Izraelem.
၁၂ထို​သူ​တို့​က``ငါ​တို့​မ​သိ​ပါ။ သူ​ပြော​သည့် စ​ကား​ကို​ငါ​တို့​သိ​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။ ယေ​ဟု​က``ထို​သူ​သည်​ငါ့​အား`သင့်​ကို​ဣ​သ ရေ​လ​ဘု​ရင်​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​ပြီ' ဟု​ပြော​ပါ​သည်'' ဟူ​၍​ပြန် ပြော​လေ​၏။
13 Pospieszyli się tedy, a wziąwszy każdy szatę swą, kładli je podeń na najwyższym stopniu, i zatrąbiwszy w trąbę, mówili: Króluje Jehu!
၁၃ချက်​ချင်း​ပင်​ယေ​ဟု​၏​အ​ဖော်​ဗိုလ်​မှူး​တို့​သည် လှေ​ကား​ထိပ်​ပေါ်​တွင်​ယေ​ဟု​နင်း​ရန် မိ​မိ​တို့​၏ ဝတ်​လုံ​များ​ကို​ဖြန့်​ခင်း​ပြီး​လျှင်​တံ​ပိုး​ခ​ရာ မှုတ်​၍``ယေ​ဟု​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု ကြွေး​ကြော်​ကြ​၏။
14 Tedy się sprzysiągł Jehu, syn Jozafata, syna Namsy, przeciw Joramowi. (A na ten czas Joram strzegł Ramot Galaadskiego, on i wszystek Izrael, przed Hazaelem, królem Syryjskim.
၁၄ထို​နောက်​ယေ​ဟု​သည်​ယော​ရံ​မင်း​အား​လုပ် ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ ထို​အ​ခါ မင်း​ကြီး​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​ရာ မုတ်​မြို့​တွင်​တိုက်​ပွဲ​ဖြစ်​ရာ​မှ ရ​ရှိ​ခဲ့​သည့် ဒဏ်​ရာ​များ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့ သို့​သွား​နှင့်​ပြီ။ သို့​ဖြစ်​၍​ယေ​ဟု​က​မိ​မိ ၏​အ​ဖော်​တပ်​မှူး​တို့​အား``သင်​တို့​သည်​ငါ ၏​ဘက်​တော်​သား​များ​ဖြစ်​ပါ​လျှင် ယေ​ဇ ရေ​လ​မြို့​သား​တို့​အား​ကြို​တင်​သ​တိ​ပေး ရန်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရာ​မုတ်​မြို့ မှ​မ​ထွက်​ပါ​စေ​နှင့်'' ဟု​ဆို​၏။-
15 Ale się był wrócił król Joram, aby się leczył na rany, które mu byli zadali Syryjczycy, gdy walczył z Hazaelem, królem Syryjskim.) I rzekł Jehu: Jeźli się wam zda, niech nie wychodzi nikt z miasta, żeby szedł co oznajmić w Jezreelu.
၁၅
16 I wsiadł na wóz Jehu, i jechał do Jezreela, bo tam Joram leżał; Ochozyjasz także, król Judzki, przyjechał był, aby nawiedził Jorama.
၁၆ထို​နောက်​သူ​သည်​မိ​မိ​၏​စစ်​ရ​ထား​ပေါ်​သို့ တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​လေ သည်။ ယော​ရံ​၏​ဒဏ်​ရာ​များ​မ​ပျောက်​သေး သ​ဖြင့် ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​သည်​သူ့​ထံ​သို့ လာ​ရောက်​လည်​ပတ်​လျက်​ရှိ​၏။
17 Wtem stróż, który stał na wieży w Jezreelu, ujrzawszy poczet Jehu przyjeżdżający, rzekł: Poczet jakiś widzę. I rzekł Joram: Weźmij jezdnego, a wyślij przeciwko nim, aby się spytał, jeźli pokój.
၁၇ယေ​ဇ​ရေ​လ​မြို့​မျှော်​စင်​ပေါ်​တွင်​တာ​ဝန်​ကျ သော​ကင်း​စောင့်​သည် ယေ​ဟု​နှင့်​သူ​၏​လူ​စု တို့​ချဉ်း​ကပ်​လာ​နေ​သည်​ကို​မြင်​လျှင်``မြင်း စီး​သူ​လူ​အ​ချို့​လာ​နေ​သည်​ကို​မြင်​ပါ​သည်'' ဟု​ဟစ်​အော်​၏။ ယော​ရံ​က``ထို​သူ​တို့​သည်​မိတ်​ဆွေ​များ​သို့ မ​ဟုတ်​ရန်​သူ​များ​ဖြစ်​သည်​ကို သိ​ရှိ​နိုင်​ရန် မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို​စေ​လွှတ်​စုံ​စမ်း လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
18 A tak bieżał jezdny przeciwko niemu, i rzekł: Tak mówi król: A pokój? I odpowiedział Jehu: Co tobie do pokoju? Obróć się, jedź za mną. Przetoż oznajmił stróż mówiąc: Dojechałci poseł do nich, ale się nie wraca.
၁၈မင်းကြီး​၏​စေ​တ​မန်​သည်​ယေ​ဟု​ထံ​ရောက် ၍``အ​ရှင်​သည်​မိတ်​ဆွေ​အ​နေ​ဖြင့်​လာ​ပါ သ​လော​ဟု​မင်း​ကြီး​က​စုံ​စမ်း​ခိုင်း​ပါ သည်'' ဟု​မေး​၏။ ယေဟု​က``ဤ​ကိစ္စ​သည်​သင်​နှင့်​မသက်​ဆိုင်။ ငါ့ နောက်​မှ​လိုက်​လော့'' ဟု​ဆို​၏။ ထို​စေ​တ​မန်​သည်​ယေ​ဟု​ထံ​သို့​ရောက်​ရှိ​သွား သော်​လည်း ပြန်​မ​လာ​ဘဲ​နေ​သည်​ကို​မျှော်​စင် ပေါ်​ရှိ​ကင်း​စောင့်​က​အ​စီ​ရင်​ခံ​သော​အ​ခါ၊-
19 Zatem posłał drugiego jezdnego, który przyjechawszy do nich, rzekł: Tak mówi król: A pokój? Odpowiedział Jehu: Co tobie do pokoju? Obróć się, a jedź za mną.
၁၉မင်း​ကြီး​သည်​အ​ခြား​စေ​တ​မန်​တစ်​ယောက် ကို​လွှတ်​ပြန်​၏။ သူ​သည်​လည်း​ရှေး​နည်း​တူ ယေ​ဟု​အား​မေး​၏။ ယေ​ဟု​က``ဤ​ကိစ္စ​သည် သင်​နှင့်​မ​သက်​ဆိုင်။ ငါ့​နောက်​မှ​လိုက်​လော့'' ဟု​ဆို​ပြန်​၏။
20 Znowu oznajmił to stróż, mówiąc: Przyjechałci do nich, ale się nie wraca. A przyjazd jego, jakoby przyjazd Jehu, syna Namsy; bo szalenie jedzie.
၂၀ထို​စေ​တ​မန်​သည်​ယေ​ဟု​တို့​လူ​စု​ထံ​သို့ ရောက်​ရှိ​သွား​သော်​လည်း ပြန်​မ​လာ​ဘဲ​နေ သည်​ကို​ကင်း​စောင့်​သည်​နောက်​တစ်​ကြိမ်​အ​စီ ရင်​ခံ​ပြန်​၏။ ထို​နောက်​သူ​သည်​ဆက်​လက်​၍``ထို လူ​စု​၏​ခေါင်း​ဆောင်​သည် မိ​မိ​စစ်​ရ​ထား​ကို ယေ​ဟု​မောင်း​နှင်​သ​ကဲ့​သို့​ပင် သူ​ရူး​သ​ဖွယ် အ​ပြင်း​မောင်း​နှင်​လာ​ပါ​သည်'' ဟု​လျှောက် ထား​၏။
21 Tedy rzekł Joram: Zaprzęgaj. I zaprzężono w wóz jego. I wyjechał Joram, król Izraelski, i Ochozyjasz, król Judzki, każdy na wozie swym. A wyjechawszy przeciw Jehu, trafili go na polu Nabota Jezreelskiego.
၂၁ယော​ရံ​က``ငါ​၏​စစ်​ရ​ထား​ကို​အ​သင့်​ပြင် လော့'' ဟု​အ​မိန့်​ပေး​၏။ အ​သင့်​ရှိ​သော​အ​ခါ သူ​နှင့်​အာ​ခ​ဇိ​မင်း​သည် စစ်​ရ​ထား​ကိုယ်​စီ​စီး ၍​ယေ​ဟု​နှင့်​တွေ့​ဆုံ​ရန်​ထွက်​သွား​ကြ​၏။ သူ တို့​သည်​နာ​ဗုတ်​၏​မြေ​သို့​ရောက်​သော​အ​ခါ ယေ​ဟု​နှင့်​ဆုံ​မိ​ကြ​၏။-
22 A gdy ujrzał Joram Jehu, rzekł: Jestże pokój Jehu? I odpowiedział: Co za pokój? ponieważ jeszcze cudzołóstwa Jezabeli, matki twojej, i czary jej wielkie są.
၂၂ယော​ရံ​က``သင်​သည်​ငြိမ်း​ချမ်း​စွာ​လာ သ​လော'' ဟု​မေး​တော်​မူ​၏။ ယေ​ဟု​က``သင်​၏​မိ​ခင်​ယေ​ဇ​ဗေ​လ​စ​တင် ကျင့်​သုံး​ခဲ့​သည့် စုန်း​အ​တတ်​နှင့်​ရုပ်​တု​ကိုး ကွယ်​မှု​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး အ​ဘယ် မှာ​ငြိမ်း​ချမ်း​မှု​ရှိ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။
23 Przetoż obróciwszy się Joram uciekł, mówiąc do Ochozyjasza: Zdrada, Ochozyjaszu!
၂၃ယော​ရံ​က``အို အာ​ခ​ဇိ၊ တော်​လှန်​ပုန်​ကန်​မှု ပါ​တ​ကား'' ဟု​အော်​ဟစ်​ကာ​မိ​မိ​၏​စစ် ရ​ထား​ကို​လှည့်​၍​ထွက်​ပြေး​လေ​၏။-
24 Tedy Jehu wziąwszy w ręce swoje łuk, postrzelił Jorama między ramiona jego, aż przeszła strzała przez serce jego, tak, że padł na wozie swoim.
၂၄ယေ​ဟု​သည်​မိ​မိ​၏​လေး​ကို​ယူ​ပြီး​လျှင် အား ကုန်​ဆွဲ​၍​မြား​တစ်​လက်​ကို​ပစ်​လွှတ်​လိုက်​ရာ ယော​ရံ​၏​ကျော​မှ​နှ​လုံး​အ​ထိ​ခွင်း​ဖောက် သ​ဖြင့် ယော​ရံ​သည်​ရ​ထား​ပေါ်​၌​ပင်​လဲ​ကျ သေ​ဆုံး​လေ​သည်။-
25 Potem rzekł Jehu do Badakiera, hetmana swego: Weźmij go, a porzuć na polu Nabota Jezreelskiego; albowiem pamiętasz, gdyśmy ja i ty jechali społu za Achabem, ojcem jego, że Pan wydał był przeciwko niemu tę pogróżkę.
၂၅ထို​အ​ခါ​ယေ​ဟု​သည်​မိ​မိ​၏​ရ​ထား​မှူး ဗိ​ဒ​က​အား``သူ​၏​အ​လောင်း​ကို​ယူ​၍​နာ​ဗုတ် မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့။ ယော​ရံ​မင်း​၏​ဖ​ခင် အာ​ဟပ်​နောက်​မှ သင်​နှင့်​ငါ​မြင်း​စီး​၍​လိုက် လာ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​က​အာ​ဟပ် အား`ယ​မန်​နေ့​က​နာ​ဗုတ်​နှင့်​သား​များ​အား သတ်​သည့်​အ​မှု​ကို​ငါ​တွေ့​မြင်​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​ထို​မြေ​ကွက်​ထဲ​၌​ပင် အ​ပြစ် ဒဏ်​စီ​ရင်​မည်' ဟု​မိန့်​တော်​မူ​သည်​ကို​သ​တိ ရ​လျက် ထာ​ဝရ​ဘု​ရား​မိန့်​ကြား​တော်​မူ​ခဲ့ သည့်​အ​တိုင်း ယော​ရံ​၏​အ​လောင်း​ကို​နာ ဗုတ်​၏​မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့'' ဟု​ဆို ၏။
26 Zaiste krwi Nabota, i krwi synów jego, którąm widział wczoraj, rzekł Pan, pomszczę się nad tobą na tem polu. Pan to rzekł: przetoż teraz weźmij go, a porzuć go na polu według słowa Pańskiego.
၂၆
27 Co Ochozyjasz, król Judzki, ujrzawszy, uciekał drogą do domu ogrodowego. Ale go gonił Jehu, i rzekł: I tego zabijcie na wozie jego. I zranili go na wstąpie Guru, który jest podle Jeblaam. A uciekł do Magieddy, i tam umarł.
၂၇အာ​ခ​ဇိ​မင်း​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို မြင်​သ​ဖြင့် မိ​မိ​၏​စစ်​ရ​ထား​ဖြင့်​ဗေ​သာ​ဂ​နံ မြို့​ဘက်​သို့​ထွက်​ပြေး​လေ​၏။ ယေ​ဟု​သည် သူ​၏​နောက်​မှ​လိုက်​၍``သူ့​ကို​လည်း​သတ်​ကြ လော့'' ဟု​မိ​မိ​၏​တပ်​သား​များ​အား​အ​မိန့် ပေး​၏။ အာ​ခ​ဇိ​မင်း​သည်​ဣ​ဗ​လံ​မြို့​အ​နီး ရှိ​ဂု​ရ​မြို့​သို့​သွား​ရာ​လမ်း​တွင်​ဒဏ်​ရာ​ရ လေ​သည်။ သို့​ရာ​တွင်​သူ​သည် မေ​ဂိဒ္ဒေါ​မြို့​သို့ ရောက်​သည့်​တိုင်​အောင်​ဆက်​လက်​သွား​ပြီး မှ​သေ​လေ​၏။-
28 I kazali go zawieść słudzy jego do Jeruzalemu, a pogrzebli go w grobie jego z ojcami jego w mieście Dawidowem.
၂၈သူ​၏​အ​မှု​ထမ်း​တို့​သည်​သူ​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့​ယူ ဆောင်​ပြီး​လျှင်​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​၌ သင်္ဂြိုဟ်​ကြ​၏။
29 A roku jedenastego Jorama, syna Achabowego, królował Ochozyjasz nad Judą.
၂၉အာ​ခ​ဇိ​သည်​အာ​ဟပ်​၏​သား​တော်​ဣ​သ ရေ​လ​ဘု​ရင်​ယော​ရံ​၏​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်​၌ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​ခဲ့​သ​တည်း။
30 Zatem przyszedł Jehu do Jezreel. Co gdy Jezabela usłyszała, ufarbowała twarz swoję, i ochędożyła głowę swą a patrzała z okna.
၃၀ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​ရှိ​လာ ၏။ ယေ​ဇ​ဗေ​လ​သည်​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​ကို​ကြား​သိ​ပြီး​ဖြစ်​သ​ဖြင့် မိ​မိ​၏​မျက် ခမ်း​တို့​ကို​ဆေး​ဆိုး​၍​ဆံ​ပင်​ကို​အ​လှ​ပြင် ကာ နန်း​တော်​ပြူ​တင်း​မှ​လမ်း​သို့​မျှော်​ကြည့် လျက်​နေ​၏။-
31 A gdy Jehu wjeżdżał w bramę, rzekła: Jestże pokój, o Zymry, morderzu pana swego?
၃၁ယေ​ဟု​သည်​နန်း​တော်​ဝင်​တံ​ခါး​ဝ​ကို​ဝင်​၍ လာ​သော​အ​ခါ ယေ​ဇ​ဗေ​လ​သည်​ယေ​ဟု အား``ကိုယ့်​သ​ခင်​ကို​သတ်​သော​အ​ချင်း ဇိ​မ​ရိ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ သ​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။
32 A on podniósłszy twarz swoję ku oknu, rzekł: Któż ze mną trzyma, kto? Tedy wejrzeli nań dwaj albo trzej komornicy jej.
၃၂ယေ​ဟု​သည်​မော်​၍​ကြည့်​ပြီး​လျှင်``ငါ​၏​ဘက် သို့​အ​ဘယ်​သူ​ပါ​မည်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ သူ့​အား​မိန်း​မ​စိုး​နှစ်​ယောက်​သုံး​ယောက်​တို့​သည် နန်း​တော်​ပြူ​တင်း​မှ​ငုံ့​၍​ကြည့်​ကြ​၏။-
33 Którym rzekł: Zrzućcie ją. I zrzucili ją, i popryskała się ściana i konie krwią jej, i podeptał ją.
၃၃ယေ​ဟု​က​သူ​တို့​အား``သူ့​ကို​တွန်း​ချ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ယေ​ဇ​ဗေ​လ ကို​တွန်း​ချ​ကြ​သ​ဖြင့် သွေး​စက်​သည်​နန်း တော်​နံ​ရံ​နှင့်​မြင်း​များ​အ​ပေါ်​သို့​စဉ်​၍​ကျ လေ​သည်။ ယေ​ဟု​သည်​ယေ​ဇ​ဗေ​လ​၏​အ​လောင်း ပေါ်​ဖြတ်​၍ မိ​မိ​၏​စစ်​ရ​ထား​ကို​မောင်း​နှင် ပြီး​လျှင်၊-
34 A gdy tam wszedł, jadł i pił, i rzekł: Obaczcie proszę onę przeklętą, a pogrzebcie ją; boć córką królewską jest.
၃၄နန်း​တော်​သို့​ဝင်​၍​အ​စား​အ​စာ​စား​၏။ ထို နောက်​သူ​က``အ​မင်္ဂ​လာ​ခံ​ရ​သော​ထို​မိန်း​မ ကို​သင်္ဂြိုဟ်​ကြ​လော့။ မည်​သို့​ပင်​ဆို​စေ​ကာ​မူ သူ​သည်​မင်း​သ​မီး​ဖြစ်​သည်'' ဟု​ဆို​၏။-
35 Tedy szedłszy, aby ją pogrzebli, nie znaleźli z niej jedno czaszkę z głowy, i nogi, i dłoni rąk.
၃၅သို့​ရာ​တွင်​သူ့​အား​သင်္ဂြိုဟ်​ရန်​သွား​ကြ​သော သူ​တို့​သည် သူ​၏​ဦး​ခွံ၊ လက်​ရိုး၊ ခြေ​ရိုး​မျှ​ကို သာ​တွေ့​ရှိ​ရ​ကြ​သ​ဖြင့်၊-
36 A wróciwszy się, oznajmili mu to. Który rzekł: Wypełniło się słowo Pańskie, które powiedział przez sługę swego Elijasza Tesbitę, mówiąc: Na polu Jezreel zjedzą psy ciało Jezabeli.
၃၆ယေ​ဟု​အား​အ​စီ​ရင်​ခံ​ကြ​၏။ ထို​အ​ခါ ယေ​ဟု​က``ယေ​ဇ​ဗေ​လ​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင်​ခွေး​စာ​ဖြစ်​လိမ့်​မည်။-
37 Niech będzie trup Jezabeli, jako gnój na roli, na polu Jezreel, tak żeby nie mówiono. Tać jest Jezabela.
၃၇သူ​၏​အ​လောင်း​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​အောင် ထို​အ​ရပ်​တွင်​နောက်​ချေး​ကဲ့​သို့​ကြဲ​လျက်​နေ လိမ့်​မည်​ဟု ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ချက်​နှင့်​အ​ညီ​ဖြစ်​သည်'' ဟု​ဆို​၏။

< II Królewska 9 >