< I Samuela 7 >

1 Przyszli tedy mężowie z Karyjatyjarym, i odwieźli skrzynię Pańską, a wnieśli ją do domu Abinadabowego w Gabaa; a Eleazara syna jego poświęcili, aby strzegł skrzyni Pańskiej.
သို့​ဖြစ်​၍​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ​၍​သေတ္တာ​တော်​ကို​တောင်​ကုန်း​ပေါ်​တွင်​တည် ရှိ​သော အ​ဗိ​န​ဒပ်​၏​အိမ်​သို့​ပင့်​ဆောင်​သွား ကြ​၏။ သူ​တို့​သည်​သေတ္တာ​တော်​ကို​စောင့်​ထိန်း ရန်​အ​တွက် အ​ဗိ​န​ဒပ်​၏​သား​ဧ​လာ​ဇာ​ကို ရွေး​ချယ်​ဆက်​ကပ်​ကြ​၏။
2 I stało się, gdy od onego dnia, jako została skrzynia w Karyjatyjarym, wyszedł niemały czas, to jest dwadzieścia lat, że płakał wszystek dom Izraelski za Panem.
ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တွင်​နှစ်​ပေါင်း​နှစ်​ဆယ် တိုင်​အောင်​ကြာ​မြင့်​စွာ​ရှိ​နေ​လေ​သည်။ ထို အ​ချိန်​ကာ​လ​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​ကို​ကူ​မ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ထံ​ဟစ်​အော်​လျှောက် ထား​ကြ​၏။
3 I rzekł Samuel do wszystkiego domu Izraelskiego mówiąc: Jeźliże ze wszystkiego serca waszego nawracacie się do Pana, wyrzućcież bogi cudze z pośrodku siebie, i Astarota, a zgotujcie serce wasze Panu, i służcie jemu samemu, tedyć was wybawi z ręki Filistynów.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှ​မွေ​လ က``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြန်​လည်​လာ​ရောက် လို​ပါ​က လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​ကို လည်း​ကောင်း၊ အာ​ရှ​တ​ရက်​ဘု​ရား​မ​၏​ရုပ်​တု များ​ကို​လည်း​ကောင်း​စွန့်​ပစ်​ရ​ကြ​မည်။ သင်​တို့ ၏​ကိုယ်​ကို​လုံး​ဝ​ဆက်​ကပ်​၍​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​လျှင် ကိုယ်​တော်​သည် သင်​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လက်​မှ ကယ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
4 Przetoż wyrzucili synowie Izraelscy Baala i Astarota, a służyli Panu samemu.
ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​မ တို့​၏​ရုပ်​တု​များ​ကို​စွန့်​ပစ်​ကာ ထာ​ဝ​ရ ဘု​ရား​ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​ကုန်​၏။
5 Tedy rzekł Samuel: Zgromadźcie wszystkiego Izraela do Masfa, abym się modlił za wami Panu.
ထို​နောက်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား``ငါ​သည်​မိ​ဇ​ပါ​မြို့ တွင်​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်​ဖြစ်​၍​သင်​တို့ သည်​ထို​မြို့​၌​စု​ကြ​လော့'' ဟု​ဆင့်​ဆို​မှာ ကြား​၏။-
6 A tak zgromadzili się do Masfa, a czerpając wodę, wylewali przed Panem, i pościli tam dnia onego, mówiąc: Zgrzeszyliśmy Panu. I sądził Samuel syny Izraelskie w Masfa.
သို့​ဖြစ်​၍​သူ​တို့​သည်​မိ​ဇ​ပါ​မြို့​တွင်​စု​ဝေး ကြ​ပြီး​နောက် ရေ​အ​နည်း​ငယ်​ခပ်​၍​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း​လောင်း ကာ​ထို​နေ့​တစ်​နေ့​လုံး​အ​စာ​ရှောင်​ကြ​၏။ သူ တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ မိ​ဇ​ပါ​မြို့​မှ နေ​၍​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စီ​ရင်​အုပ်​ချုပ်​သ​တည်း။
7 A gdy usłyszeli Filistynowie, że się zgromadzili synowie Izraelscy do Masfa, ruszyły się książęta Filisyńskie przeciw Izraelowi. Co gdy usłyszeli synowie Izraelscy, zlękli się przed Filistynami.
မိ​ဇ​ပါ​မြို့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ စု​ရုံး​လျက်​ရှိ​ကြောင်း​ကို ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​သိ​ကြ​သော​အ​ခါ ဖိ​လိတ္တိ​ဘု​ရင်​ငါး ပါး​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ ရာ​သို့​စစ်​ချီ​လာ​ကြ​၏။ ဤ​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား​သိ​ကြ သော​အ​ခါ​ကြောက်​လန့်​ကြ​သ​ဖြင့်၊-
8 I rzekli synowie Izraelscy do Samuela: Nie przestawaj za nami wołać do Pana, Boga naszego, aby nas wybawił z ręki Filistynów.
ရှ​မွေ​လ​အား``အ​ကျွန်ုပ်​တို့​ကို​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ရန် အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပေး​လျက်​နေ​ပါ'' ဟု​တောင်း​ပန် ကြ​၏။-
9 Przetoż wziął Samuela baranka ssącego jednego, i ofiarował go całego na całopalenie Panu; i wołał Samuel do Pana za Izraelem, a wysłuchał go Pan.
ရှ​မွေ​လ​သည်​သိုး​ငယ်​တစ်​ကောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကာ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကယ်​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​ကိုယ်​တော်​သည်​နား​ညောင်း​တော်​မူ​၏။-
10 I stało się, gdy Samuel sprawował całopalenie, że Filistynowie przyciągnęli blisko, aby walczyli przeciw Izraelowi; ale zagrzmiał Pan grzmotem wielkim dnia onego nad Filistynami, a potarł je, i porażeni są przed obliczem Izraela.
၁၀ရှ​မွေ​လ​သည်​ယဇ်​ပူ​ဇော်​လျက်​နေ​စဉ်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ထို​အ​ချိန်​၌​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား သည် သူ​တို့​အ​ပေါ်​မှာ​ပြင်း​စွာ​မိုး​ချုန်း​စေ တော်​မူ​သ​ဖြင့် သူ​တို့​သည်​က​စဥ့်​က​ရဲ​ဖြစ် လျက်​ထွက်​ပြေး​ကြ​ကုန်​၏။-
11 A mężowie Izraelscy wypadłszy z Masfa, gonili Filistyny, i bili je aż pod Betchar.
၁၁ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​ဇ​ပါ​မြို့ မှ​ထွက်​၍ သူ​တို့​အား​ဗက်​ကာ​မြို့​အ​နီး​သို့ တိုင်​အောင်​လိုက်​လံ​သတ်​ဖြတ်​ကြ​၏။
12 Tedy wziął Samuel kamień jeden, i postawił go między Masfa a między Sen, i nazwał imię jego Ebenezer, mówiąc: Aż póty pomagał nam Pan.
၁၂ထို​နောက်​ရှ​မွေ​လ​သည်​ကျောက်​တုံး​တစ်​ခု​ကို ယူ​၍ မိ​ဇ​ပါ​မြို့​နှင့်​ရှင်​မြို့​စပ်​ကြား​တွင်​စိုက်​ထူ ကာ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား​ယ​နေ့ တိုင်​အောင်​ကူ​မ​တော်​မူ​လေ​ပြီ'' ဟု​ဆို​ပြီး​လျှင် ထို​ကျောက်​တုံး​ကို``ကူ​မ​တော်​မူ​ရာ​ကျောက်'' (ဧ​ဗ​နေ​ဇာ) ဟု​နာ​မည်​မှည့်​လေ​သည်။-
13 A tak poniżeni są Filistynowie, a potem więcej nie przychodzili na granicę Izraelską; albowiem była ręka Pańska przeciwko Filistynom po wszystkie dni Samuelowe.
၁၃ဤ​သို့​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ရေး ရှုံး​နိမ့်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ရှ​မွေ​လ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ခွင့် ပေး​တော်​မ​မူ။-
14 I przywrócone są miasta Izraelowi, które byli wzięli Filistynowie Izraelowi, od Akkaronu aż do Get, i granice ich oswobodził Izrael z ręki Filistynów; i był pokój między Izraelem, i między Amorejczykiem.
၁၄ဧ​ကြုန်​မြို့​နှင့်​ဂါ​သ​မြို့​စပ်​ကြား​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​သိမ်း​ပိုက်​ထား ကြ​သည့်​မြို့​မှန်​သ​မျှ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​သို့​ပြန်​လည်​ပေး​အပ်​ရ​ကြ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ တို့​၏​နယ်​မြေ​အား​လုံး​ကို​ပြန်​လည်​ရ​ရှိ​ကြ​၏။ ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည်​သင့်​မြတ်​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ကြ​လေ​သည်။
15 I sądził Samuel Izraela po wszystkie dni żywota swego.
၁၅ရှ​မွေ​လ​သည်​အ​သက်​ထက်​ဆုံး​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အုပ်​ချုပ်​၏။-
16 A chodząc na każdy rok, obchodził Betel, i Gilgal, i Masfa, sądząc Izraela po onych wszystkich miejscach.
၁၆သူ​သည်​နှစ်​စဉ်​နှစ်​တိုင်း​ဗေ​သ​လ​မြို့၊ ဂိ​လ ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​သို့​လှည့်​လည်​သွား ရောက်​ကာ​ထို​မြို့​တို့​တွင်​အ​မှု​အ​ခင်း​များ ကို​စစ်​ဆေး​စီ​ရင်​လေ့​ရှိ​၏။-
17 Potem się wracał do Ramaty; bo tam był dom jego, i tam sądził Izraela; tamże też zbudował ołtarz Panu.
၁၇ထို​နောက်​သူ​သည်​ရာ​မ​မြို့​နေ​အိမ်​သို့​ပြန်​၍ တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​၏။ သူ သည်​ရာ​မ​မြို့​တွင်​ထာ​ဝ​ရ​ဘုရား​အ​ဖို့ ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လေ​၏။

< I Samuela 7 >