< I Samuela 5 >

1 Tedy Filistynowie wzięli skrzynię Bożą, i zanieśli ją z Ebenezer do Azotu.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​သိမ်း​ယူ​ကြ​ပြီး​လျှင် ဧ​ဗ​နေ​ဇာ​မြို့ မှ​မိ​မိ​တို့​နေ​ထိုင်​ရာ​အာ​ဇုတ်​မြို့​သို့​ပင့်​ဆောင် ကာ၊-
2 Wziąwszy tedy Filistynowie onę skrzynię Bożą, wprowadzili ją do domu Dagonowego, i postawili ją podle Dagona.
ဒါ​ဂုန်​ဘု​ရား​ကျောင်း​အ​တွင်း​ရှိ​ဒါ​ဂုန်​ရုပ်​တု အ​နီး​တွင်​ထား​ကြ​၏။-
3 A gdy rano wstali Azotczanie nazajutrz, oto, Dagon leżał twarzą swoją na ziemi przed skrzynią Pańską; i ponieśli Dagona, i postawili go na miejscu jego.
နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဒါ​ဂုန်​ရုပ်​တု သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရှေ့​တွင် မှောက်​လျက်​လဲ​ကျ​နေ​သည်​ကို​အာ​ဇုတ် မြို့​သား​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ထို​ရုပ်​တု​ကို​ထူ​ပြီး​လျှင်​တစ်​ဖန်​မူ​ရင်း​နေ ရာ​တွင်​ပြန်​ထား​ကြ​၏။-
4 A gdy zaś wstali rano nazajutrz, oto, Dagon leżał twarzą swoją na ziemi przed skrzynią Pańską; a łeb Dagonowy i obie dłonie rąk jego ułamane były na progu, tylko sam pień Dagonowy został podle niej.
နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ထို​ရုပ်​တု​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​တွင်​တစ်​ဖန်​မှောက် လျက်​လဲ​ကျ​နေ​သည်​ကို​မြင်​ရ​ကြ​ပြန်​၏။ ယ​ခု​အ​ကြိမ်​၌​မူ​ရုပ်​တု​၏​ဦး​ခေါင်း​နှင့် လက်​နှစ်​ဖက်​စ​လုံး​ပင်​ပြတ်​၍ တံ​ခါး​ဝ အ​နီး​သို့​ရောက်​ရှိ​နေ​လေ​သည်။ ရုပ်​တု​၏ ကိုယ်​လုံး​သာ​လျှင်​ကျန်​ရစ်​ခဲ့​၏။-
5 Przetoż nie wstępują kapłani Dagonowi, i wszyscy, którzy wchodzą do domu Dagonowego, na próg Dagonowy w Azocie, aż do dnia tego.
(ထို့​ကြောင့်​ဒါ​ဂုန်​ဘု​ရား​ယဇ်​ပု​ရော​ဟိတ် များ၊ ဒါ​ဂုန်​ဘု​ရား​ကျောင်း​ကို​ဝင်​ထွက်​ကြ သော​အာ​ဇုတ်​မြို့​သား​များ​သည် ကျောင်း​တံ​ခါး ခုံ​ကို​ယ​နေ့​တိုင်​အောင်​မ​နင်း​ဘဲ​ကျော်​၍ သွား​ကြ​၏။)
6 Tedy była ciężka ręka Pańska nad Azotczany, a gubiła je; bo je zarażała wrzodami na zadnicach, w Azocie i w granicach jego.
ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဇုတ်​မြို့​သား​တို့ အား ပြင်း​စွာ​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်​ကြောက် လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည် ထို​မြို့​သား​တို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့ အား​အ​နာ​စိမ်း​များ​ပေါက်​စေ​ခြင်း​အား ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-
7 A widząc mężowie z Azotu, co się działo, rzekli: Niechaj nie zostawa skrzynia Boga Izraelskiego z nami; albowiem sroga jest ręka jego przeciwko nam, i przeciwko Dagonowi, bogu naszemu.
သူ​တို့​သည်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ကြ​သော​အ​ခါ``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သော​ဘု​ရား​သည်​ငါ​တို့​နှင့် ငါ​တို့​၏​ဒါ​ဂုန်​ဘု​ရား​အား​ဒဏ်​ခတ်​တော်​မူ လေ​ပြီ။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ဤ​အ​ရပ် တွင်​ငါ​တို့​ဆက်​လက်​ထား​ရှိ​၍​ဖြစ်​တော့ မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-
8 A tak obesłali i zebrali wszystkie książęta Filistyńskie do siebie, i mówili: Cóż uczynimy z skrzynią Boga Izraelskiego? I odpowiedzieli: Do Gad niech będzie doprowadzona skrzynia Boga Izraelskiego; i odprowadzono tam skrzynię Boga Izraelskiego.
ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​ထံ​စေ​တ​မန်​များ​လွှတ်​၍​ဖိတ်​ခေါ်​ပြီး လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​ကြ​မည်​နည်း'' ဟု​မေး ကြ​၏။ ဘု​ရင်​တို့​က``ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား ကြ​လော့'' ဟု​ဆို​သ​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ် သော​ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား​ကြ​၏။-
9 A gdy ją odprowadzili, powstała ręka Pańska przeciw miastu trpieniem bardzo wielkiem, i zarażała męże miasta od małego aż do wielkiego, i naczyniło się im wrzodów na skrytych miejscach.
သို့​ရာ​တွင်​ထို​အ​ရပ်​သို့​သေတ္တာ​တော်​ရောက်​ရှိ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​ကို​လည်း ဒဏ်​ခတ်​တော်​မူ​ပြန်​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ကြီး​ငယ်​မ​ရွေး​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​အား​အ​နာ​စိမ်း​များ ပေါက်​စေ​ခြင်း​အား​ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-
10 Odesłali tedy skrzynię Bożą do Akkaronu; a gdy przyszła skrzynia Boża do Akkaronu, krzyczeli Akkarończycy, mówiąc: Przyprowadzono do nas skrzynię Boga Izraelskiego, aby nas wymordowano z ludem naszym.
၁၀သို့​ဖြစ်​၍​သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ်​သော​ဧ​ကြုန်​မြို့ သို့​ပို့​လိုက်​ကြ​၏။ ထို​မြို့​သို့​သေတ္တာ​တော်​ရောက် ရှိ​သော​အ​ခါ​လူ​တို့​က``သူ​တို့​သည်​ငါ​တို့ ရှိ​သ​မျှ​ကို​သတ်​ရန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သည့်​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ငါ​တို့​ထံ​သို့​ပင့်​ဆောင်​လာ​ကြ​လေ ပြီ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။-
11 Przetoż posławszy zgromadzili wszystkie książęta Filistyńskie, i rzekli: Odeślijcie skrzynię Boga Izraelskiego, a niech się wróci na miejsce swoje, i niech nas nie zabija i ludu naszego; bo był strach śmierci po wszystkiem mieście, a była tam bardzo ciężka ręka Boża.
၁၁ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ပေါင်း တို့​အား တစ်​ဖန်​ဖိတ်​ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယင်း​၏​မူ​ရင်း​အ​ရပ်​သို့​ပြန်​ပို့​လိုက်​ကြ​ပါ။ သို့​မှ​သာ​လျှင်​ငါ​တို့​နှင့်​တ​ကွ​ငါ​တို့​၏​အိမ် ထောင်​စု​သား​များ​သည်​သေ​ဘေး​မှ​ကင်း​လွတ် ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ပြင်း​ထန်​စွာ​ဒဏ်​ခတ်​တော် မူ​သည်​ဖြစ်​၍​တစ်​မြို့​လုံး​ပင်​ကြောက်​လန့် တုန်​လှုပ်​လျက်​နေ​ကြ​၏။-
12 A mężowie którzy nie pomarli, zarażeni byli wrzodami na zadnicy, tak, iż wstępował krzyk miasta do nieba.
၁၂သေ​ဘေး​နှင့်​လွတ်​သော​သူ​များ​ပင်​လျှင် အ​နာ​စိမ်း​များ​ပေါက်​ကြ​သ​ဖြင့် လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​များ​အား​ကူ​မ​ရန်​ဟစ် အော်​လျှောက်​ထား​ကြ​၏။

< I Samuela 5 >