< I Samuela 22 >

1 Potem wyszedł Dawid stamtąd, i uszedł do jaskini Adullam. Co gdy usłyszeli bracia jego i wszystek dom jego, przyszli tam do niego.
ဒါ​ဝိဒ်​သည်​ဂါ​သ​မြို့​မှ​ထွက်​ပြေး​ပြီး​လျှင် အ​ဒု​လံ​မြို့​အ​နီး​ရှိ​ဂူ​သို့​သွား​၏။ ဤ​အ​ကြောင်း ကို​သူ​၏​အစ်​ကို​များ​နှင့်​အ​ခြား​ဆွေ​မျိုး​တို့ သိ​ကြ​သော​အ​ခါ​သူ​နှင့်​အ​တူ​လာ​၍​နေ ကြ​၏။-
2 I zebrali się do niego wszyscy, którzy byli utrapieni, i wszyscy, którzy byli dłużni, i wszyscy, którzykolwiek byli w gorzkości serca, i był nad nimi książęciem, a było z nim około czterech set mężów.
ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​ကြ​သူ၊ ကြွေး​မြီ တင်​သူ၊ စိတ်​မ​ကျေ​မ​နပ်​ဖြစ်​သူ​မှ​စ​၍​စု​စု ပေါင်း​လူ​လေး​ရာ​ခန့်​တို့​သည် သူ​၏​ထံ​သို့ ဝင်​ရောက်​လာ​ကြ​သ​ဖြင့် ဒါ​ဝိဒ်​သည်​သူ​တို့ ၏​ခေါင်း​ဆောင်​ဖြစ်​လာ​လေ​သည်။
3 I poszedł Dawid stamtąd do Masfa Moabskiego, i rzekł do króla Moabskiego: Niech się przeprowadzi proszę ojciec mój, i matka moja, aby mieszkali z wami, aż się dowiem co uczyni Bóg ze mną.
ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​မှ​မော​ဘ​ပြည်​မိ​ဇ​ပါ မြို့​သို့​သွား​၍​မော​ဘ​ဘု​ရင်​အား``အ​ကျွန်ုပ် အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​စီ​မံ​တော် မူ​မည်​ကို​မ​သိ​ရ​မီ​အ​တော​အ​တွင်း အ​ကျွန်ုပ် ၏​မိ​ဘ​နှစ်​ပါး​ကို​အ​ရှင်​၏​ထံ​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​လေ​၏။-
4 A tak przywiódł je przed króla Moabskiego; i mieszkali z nim po wszystkie dni, których był Dawid na onym zamku.
သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​ဘ​နှစ်​ပါး​ကို​မော​ဘ ဘု​ရင်​၏​ထံ​တွင်​ထား​ခဲ့​၏။ မိ​ဘ​နှစ်​ပါး​သည် ဂူ​ထဲ​တွင် ဒါ​ဝိဒ်​ပုန်း​အောင်း​၍​နေ​ရ​သ​မျှ ကာ​လ​ပတ်​လုံး​မော​ဘ​ဘုရင်​၏​ထံ​တွင်​နေ ထိုင်​ကြ​၏။
5 Rzekł potem Gad prorok do Dawida: Nie mieszkaj więcej na tym zamku; idź, a wróć się do ziemi Judzkiej. Tedy poszedł Dawid, a przyszedł do lasu Haret.
ထို​နောက်​ပ​ရော​ဖက်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သို့ လာ​၍``သင်​သည်​ဤ​အ​ရပ်​တွင်​မ​နေ​နှင့်။ ယု​ဒ​ပြည်​သို့​ချက်​ချင်း​ထွက်​၍​သွား​လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဟာ​ရက် တော​သို့​ထွက်​သွား​လေ​သည်။
6 A usłyszawszy Saul, że się pojawił Dawid, i mężowie, którzy byli z nim, (bo Saul mieszkał w Gabaa pod gajem w Ramacie, mając włócznią swoję w rękach swych, a wszyscy słudzy jego stali przed nim).
တစ်​နေ့​သ​၌​ရှော​လု​သည်​ဂိ​ဗာ​မြို့​သို့​ရောက် ရှိ​လာ​၏။ မင်း​ကြီး​သည်​လှံ​ကို​ကိုင်​လျက်​တောင် ကုန်း​ပေါ်​ရှိ​အင်​ကြင်း​ပင်​အောက်​တွင် အ​ရာ​ရှိ များ​ခြံ​ရံ​ကာ​ထိုင်​လျက်​နေ​တော်​မူ​၏။-
7 Rzekł tedy Saul do sług swych, którzy stali przed nim: Słuchajcie proszę synowie Jemini: Izaż wam wszystkim da syn Isajego role i winnice, a wszystkich was poczyni półkownikami i rotmistrzami.
မင်း​ကြီး​သည်​ဒါ​ဝိဒ်​ရှိ​ရာ​အ​ရပ်​ကို​တွေ့​ရှိ ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ​သော​အ​ခါ အ​ရာ​ရှိ တို့​အား``အ​ချင်း​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့၊ နား ထောင်​ကြ​လော့။ ဒါ​ဝိဒ်​သည်​သင်​တို့​အား​လယ် ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ပေး​၍ တပ်​မ​တော်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ် လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​ပါ​သ​လော။-
8 Żeście się sprzysięgli wy wszyscy przeciwko mnie, a niemasz ktoby mi objawił? gdyż się zbuntował i syn mój z synem Isajego, a niemasz ktoby się mnie użalił między wami, a oznajmił mi, iż podburzył syn mój sługę mego przeciwko mnie, aby czyhał na mię, jako się to dziś okazuje.
ယင်း​သို့​ထင်​မှတ်​သ​ဖြင့်​သင်​တို့​သည် ငါ့ အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက် နေ​ကြ​သ​လော။ ငါ​၏​သား​တော်​ကိုယ်​တိုင် ပင်​လျှင် ဒါ​ဝိဒ်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​ထား​သည့် အ​ကြောင်း​ကို သင်​တို့​တစ်​စုံ​တစ်​ယောက်​မျှ ငါ့​အား​မ​ပြော​ကြ။ ငါ့​အား​ကြင်​နာ​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ ငါ​၏​ငယ်​သား တစ်​ဦး​ဖြစ်​သူ​ဒါ​ဝိဒ်​သည်​ငါ့​အား​လုပ် ကြံ​ရန်​အ​ခွင့်​ကောင်း​ကို ယ​ခု​ပင်​ရှာ​လျက် နေ​ကြောင်း​ကို​သော်​လည်း​ကောင်း၊ သူ့​အား ငါ​၏​သား​တော်​က​အား​ပေး​အား​မြှောက် ပြု​ခဲ့​ကြောင်း​ကို​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ငါ့​အား​မ​ပြော​ကြ'' ဟု​မိန့်​တော် မူ​၏။
9 Tedy odpowiedział Doeg Edomczyk, który też stał z sługami Saulowymi, i rzekł: Widziałem syna Isajego, gdy przyszedł do Noby, do Achimelecha, syna Achitobowego.
ထို​အ​ခါ​၌​ဧ​ဒုံ​မြို့​သား​ဒေါ​ဂ​သည်​ရှော​လု ၏​အ​ရာ​ရှိ​များ​နှင့်​အ​တူ​ရပ်​လျက် မင်း​ကြီး အား``ဒါ​ဝိဒ်​သည်​အ​ဟိ​တုပ်​၏​သား​အ​ဟိ မ​လက်​ရှိ​ရာ​နော​ဗ​မြို့​သို့​သွား​ရောက်​သည် ကို​အ​ကျွန်ုပ်​တွေ့​မြင်​ခဲ့​ပါ​၏။-
10 Który się oń radził Pana, i dał mu żywności, dał mu też i miecz Golijata Filistyńczyka.
၁၀အ​ဟိ​မ​လက်​သည်​ဒါ​ဝိဒ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​တွင်​စုံ​စမ်း​လျှောက်​ထား​ပြီး​လျှင် အ​စား​အ​စာ​ကို​လည်း​ကောင်း၊ ဖိ​လိတ္တိ​အ​မျိုး သား​ဂေါ​လျတ်​၏​ဋ္ဌား​ကို​လည်း​ကောင်း​ပေး အပ်​လိုက်​ပါ​၏'' ဟု​လျှောက်​လေ​၏။
11 A tak posłał król, aby przyzwano Achimelecha, syna Achitobowego, kapłana, i wszystkiego domu ojca jego kapłanów, którzy byli w Nobe. I przyszli oni wszyscy do króla.
၁၁သို့​ဖြစ်​၍​ရှော​လု​မင်း​သည်​နော​ဗ​မြို့​နေ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​သော အ​ဟိ​မ​လက် နှင့်​သူ​၏​ဆွေ​မျိုး​အ​ပေါင်း​တို့​အား​ဆင့် ခေါ်​သ​ဖြင့်​သူ​တို့​သည်​အ​ထံ​တော်​သို့ လာ​ကြ​၏။-
12 Tedy rzekł Saul: Słuchaj teraz synu Achitoba; a on rzekł: Owom ja panie mój.
၁၂ရှော​လု​က​အ​ဟိ​မ​လက်​အား``အ​ချင်း အ​ဟိ​မ​လက်​နား​ထောင်​လော့'' ဟု​ဆို​လျှင်၊ အ​ဟိ​မ​လက်​က``အ​မိန့်​တော်​ကို​နာ​ခံ​လျက် ပါ'' ဟု​ဆို​၏။
13 I rzekł do niego Saul: Czemuście się sprzysięgli przeciwko mnie, ty i syn Isajego, gdyś mu dał chleb i miecz, a radziłeś się oń Boga, aby powstał przeciwko mnie, czyhając na mię, jako się to dziś okazuje?
၁၃ရှော​လု​က``သင်​နှင့်​ဒါ​ဝိဒ်​သည်​အ​ဘယ်​ကြောင့် ငါ့​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့်​သူ့​အား​ရိက္ခာ​နှင့်​ဋ္ဌား ကို​ပေး​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​၏​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လျှောက်​ထား​ပေး​ပါ သနည်း။ ယ​ခု​သူ​သည်​ငါ့​ကို​တော်​လှန်​လျက် နေ​လေ​ပြီ။ ငါ့​အား​သတ်​ရန်​အ​ခွင့်​ကောင်း ကို​စောင့်​ဆိုင်း​လျက်​နေ​ပါ​သည်​တ​ကား'' ဟု မိန့်​တော်​မူ​၏။
14 I odpowiedział Achimelech królowi, a rzekł: I któż jest tak wierny między wszystkimi sługami twoimi, jako Dawid, który jest i zięciem królewskim i idzie za rozkazaniem twojem, a jest zacnym w domu twoim?
၁၄အ​ဟိ​မ​လက်​က``ဒါ​ဝိဒ်​သည်​အ​ရှင်​၏​အ​ပေါ် တွင် သစ္စာ​အ​ရှိ​ဆုံး​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​ပါ​၏။ သူ​သည်​အ​ရှင့်​သ​မက်​တော်​ဖြစ်​သည့်​အ​ပြင် အ​ရှင့်​ကိုယ်​ရံ​တော်​တပ်​မှူး​လည်း​ဖြစ်​သ​ဖြင့် နန်း​တွင်း​သူ​နန်း​တွင်း​သား​အ​ပေါင်း​တို့​၏ ကြည်​ညို​လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ပါ​၏။-
15 Azaż dziś począłem się oń radzić Boga? Uchowaj mię Boże! Niech nie wkłada król na sługę twego nic takiego, ani na wszystek dom ojca mego; bo nie wiedział sługa twój o tem wszystkiem najmniejszej rzeczy.
၁၅သူ​၏​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ကျွန်ုပ်​လျှောက်​ထား​ပေး​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​ယ​ခင်​က​လည်း​ဤ​သို့​လျှောက်​ထား ပေး​ခဲ့​ဖူး​ပါ​သည်။ အ​ရှင်​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​မှု​နှင့်​ပတ်​သက်​၍​မူ​ကား အ​ရှင်​မင်း​ကြီး​သည်​အ​ကျွန်ုပ်​ကို​သော်​လည်း ကောင်း၊ အ​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တစ်​ဦး တစ်​ယောက်​ကို​သော်​လည်း​စွပ်​စွဲ​တော်​မ​မူ ပါ​နှင့်။ ဤ​ကိစ္စ​ကို​အ​ကျွန်ုပ်​အလျှင်း​မ​သိ​ပါ'' ဟု​ပြန်​၍​လျှောက်​ထား​၏။
16 I rzekł król: Śmiercią umrzesz Achimelechu, ty i wszystek dom ojca twego.
၁၆မင်း​ကြီး​သည်``အ​ဟိ​မ​လက်၊ သင်​နှင့်​သင်​၏ ဆွေ​မျိုး​အ​ပေါင်း​တို့​သည်​သေ​ရ​ကြ​မည်'' ဟု​ဆို​ပြီး​လျှင်၊-
17 Przytem rzekł król sługom, którzy stali przed nim: Obróćcie się, a pobijcie kapłany Pańskie; bo też ręka ich jest z Dawidem, gdyż wiedząc, że on uciekał, nie oznajmili mi. Ale słudzy królewscy nie chcieli podnieść ręki swej, ani się rzucić na kapłany Pańskie.
၁၇မိ​မိ​အ​နီး​တွင်​ရပ်​လျက်​နေ​သော​အ​စောင့် တပ်​သား​များ​အား``ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​တို့​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ကြံ​ရာ ပါ​များ​ဖြစ်​သ​ဖြင့် ဒါ​ဝိဒ်​ထွက်​ပြေး​ကြောင်း ကို​သိ​သော်​လည်း ငါ့​အား​မ​ပြော​သော​ကြောင့် သတ်​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ရာ​တွင်​အ​စောင့်​တပ်​သား​တစ်​စုံ​တစ်​ယောက် က​မျှ ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ် တို့​ကို​သတ်​ရန်​လက်​ကို​မျှ​မ​ဆန့်​ဝံ့​ကြ ချေ။
18 Przetoż rzekł król do Doega: Obróć się ty, a rzuć się na kapłany. A tak obróciwszy się Doeg Edomczyk, rzucił się na kapłany, i zabił onegoż dnia ośmdziesiąt i pięć mężów, którzy nosili efod lniane.
၁၈ထို့​ကြောင့်​ရှော​လု​သည်​ဒေါ​ဂ​အား``သင်​သည် သူ​တို့​ကို​သတ်​လော့'' ဟု​မိန့်​တော်​မူ​လျှင် ဒေါ​ဂ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​ကို သတ်​လေ​၏။ ထို​နေ့​၌​ဒေါ​ဂ​သည်​သင်​တိုင်း ကို​ဝတ်​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ရှစ်​ဆယ့်​ငါး​ပါး​တို့​ကို​သတ်​လိုက် သ​တည်း။-
19 Nobe też miasto kapłańskie wysiekł ostrzem miecza, od męża aż do niewiasty, od małego aż do ssącego, i woły, i osły, i owce wysiekł ostrzem miecza.
၁၉ရှော​လု​သည်​ယဇ်​ပု​ရော​ဟိတ်​မြို့​တည်း​ဟူ သော​နော​ဗ​မြို့​တွင်​နေ​ထိုင်​သည့် ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​အ​ရွယ်​မှ​စ​၍​လူ​အ​ပေါင်း တို့​ကို​လည်း​ကောင်း၊ နွား၊ မြည်း၊ သိုး​တို့​ကို​လည်း ကောင်း​သတ်​စေ​တော်​မူ​၏။
20 Uszedł tylko syn jeden Achimelecha, syna Achitobowego; a imię jego Abijatar; i uciekł do Dawida.
၂၀သို့​ရာ​တွင်​အ​ဟိ​မ​လက်​၏​သား​တစ်​ဦး​ဖြစ် သူ​အ​ဗျာ​သာ​သည် ထွက်​ပြေး​လွတ်​မြောက် သွား​ကာ​ဒါ​ဝိဒ်​ထံ​သို့​ရောက်​ရှိ​လာ​၏။-
21 Tedy oznajmił Abijatar Dawidowi, że pobił Saul kapłany Pańskie.
၂၁သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ် တို့​အား ရှော​လု​သတ်​ဖြတ်​ပုံ​ကို​ဒါ​ဝိဒ်​အား ပြော​ပြ​လေ​သည်။-
22 I rzekł Dawid do Abijatara: Wiedziałem onegoż dnia, gdyż tam był Doeg Edomczyk, że pewnie oznajmić miał Saulowi: Jam jest przyczyną śmierci wszystkich dusz domu ojca twego.
၂၂ဒါ​ဝိဒ်​က``ဒေါ​ဂ​သည်​ရှော​လု​အား​ဤ​သို့​ပြန် ကြား​မည်​ကို သူ့​အား​ထို​အ​ရပ်​တွင်​တွေ့​ရ​သည့် နေ့​က​ပင်​လျှင်​ငါ​သိ​၏။ သို့​ဖြစ်​၍​သင်​၏​ဆွေ မျိုး​သား​ချင်း​အ​ပေါင်း​သေ​ရ​ကြ​သည်​မှာ ငါ့​ကြောင့်​ပါ​တ​ကား။ သင်​သည်​ငါ​နှင့်​အ​တူ နေ​လော့။ မ​ကြောက်​နှင့်။-
23 Zostańże przy mnie, nie bój się; bo ktoby szukał duszy mojej, będzie szukał duszy twojej; ale ty będziesz schroniony przy mnie.
၂၃သင်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​သူ သည် ငါ​၏​အ​သက်​အန္တ​ရာယ်​ကို​လည်း​ရှာ​ကြံ ၏။ သို့​ရာ​တွင်​သင်​သည်​ငါ​နှင့်​အ​တူ​နေ​လျှင် လုံ​ခြုံ​လိမ့်​မည်'' ဟု​ဆို​၏။

< I Samuela 22 >