< I Królewska 9 >

1 I stało się, gdy dokończył Salomon budowania domu Pańskiego, i domu królewskiego, i wszystkiego, co żądał Salomon i chciał uczynić,
ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်၊ နန်း​တော်​မှ စ​၍​ဆောက်​လုပ်​လို​သ​မျှ​သော အ​ဆောက်​အ​အုံ များ​ကို​ဆောက်​လုပ်​ပြီး​သော​အ​ခါ၊-
2 Że się Pan ukazał Salomonowi powtóre, jako mu się ukazał w Gabaon.
ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဗောင်​မြို့​မှာ​ကဲ့​သို့ သူ့ အား​ထင်​ရှား​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-
3 I rzekł Pan do niego: Wysłuchałem modlitwę twoję, i prośbę twoję, którąś się modlił przedemną, a poświęciłem ten dom, któryś zbudował, aby tam przebywało imię moje aż na wieki; i będą tam oczy moje i serce moje po wszystkie dni.
ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​ဆောက်​လုပ်​သည့် ဤ​ဗိ​မာန်​တော်​ကို​ငါ့​အား​ထာ​ဝ​စဉ်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​တော်​အ​ဖြစ်​ငါ​သီး​သန့်​၍ ထား​၏။ ဤ​ဗိ​မာန်​တော်​ကို​အ​ခါ​ခပ်​သိမ်း ငါ​ကြည့်​ရှု​စောင့်​ရှောက်​မည်။-
4 A jeźli ty będziesz chodził przedemną, jako chodził Dawid, ojciec twój, w doskonałości serca i w prostości, a będziesz się sprawował według wszystkiego, comci przykazał, strzegąc wyroków moich i sądów moich:
သင်​သည်​သင်​၏​ခမည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ရိုး​သား ဖြောင့်​မတ်​စွာ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​၍ ငါ ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လျက် ငါ​၏ အ​မိန့်​တော်​မှန်​သ​မျှ​ကို​လိုက်​နာ​လျှင်၊-
5 Tedy utwierdzę stolicę królestwa twego nad Izraelem na wieki, jakom powiedział Dawidowi, ojcu twemu, mówiąc: Nie będzie odjęty z narodu twego mąż z stolicy Izraelskiej.
သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ရာ​ဇ ပလ္လင်​ထက်​စံ​ရ​သော သူ​၏​အ​မျိုး​မင်း​ရိုး​မ​ပြတ် စေ​ရ​ဟု​ငါ​ပေး​ခဲ့​သည့်​က​တိ​အ​တိုင်း​ငါ​ပြု မည်။-
6 Ale jeźli się nazad odwrócicie wy i synowie wasi ode mnie, a nie będziecie strzegli przykazań moich, i wyroków moich, którem wam podał, ale odszedłszy będziecie służyli bogom cudzym, i będziecie się im kłaniali:
သို့​ရာ​တွင်​အ​ကယ်​၍​သင်​သို့​မ​ဟုတ်​သင်​၏​သား မြေး​များ​ငါ့​နောက်​သို့​မ​လိုက်​ဘဲ ငါ​ပေး​အပ်​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​များ​ကို​မ​လိုက် နာ​ဘဲ​အ​ခြား​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု ကြ​မည်​ဆို​ပါ​မူ၊-
7 Tedy wytracę Izraela z ziemi, którąm im dał, a dom, którym poświęcił imieniowi memu, odrzucę od oblicza mego, a będzie Izrael przypowieścią i baśnią między wszystkimi narodami.
ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​ပေး​ထား​သည့်​ပြည်​မှ​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက်​သီး သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို​လည်း​ငါ​စွန့် မည်။ ထို​အ​ခါ​အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​ကို​ကဲ့​ရဲ့​ပြောင်​လှောင် ကြ​လိမ့်​မည်။-
8 A tak i ten dom, który był sławny, każdemu mimo idącemu będzie na podziw i na poświstanie, i rzecze: Przeczże tak uczynił Pan tej ziemi i temu domowi?
ဤ​ဗိ​မာန်​တော်​သည်​လည်း​ယို​ယွင်း​ပျက်​စီး သည့်​အ​ဆောက်​အ​အုံ​ဖြစ်​လာ​လိမ့်​မည်။ ယင်း ၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​အံ့​အား​သင့်​လျက်`ထာ​ဝရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့် ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။-
9 Tedy odpowiedzą: Przeto, iż opuścili Pana, Boga swego, który wywiódł ojce ich z ziemi Egipskiej, a chwycili się bogów cudzych, i kłaniali się im, a służyli im: dla tegoż przywiódł Pan na nie to wszystko złe.
ထို​အ​ခါ​လူ​တို့​က​ဤ​သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား`အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ကို​စွန့်​၍ အ​ခြား​ဘု​ရား​များ​ထံ​မှီ​ဝဲ​ဆည်း ကပ်​ကြ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​အ​ပေါ်​ဘေး​ဆိုး​ကို​သင့်​ရောက်​စေ​တော်​မူ ခြင်း​ဖြစ်​သည်' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
10 I stało się po wyjściu dwudziestu lat, w których zbudował Salomon owe oba domy, dom Pański i dom królewski.
၁၀ရှော​လ​မုန်​မင်း​သည် ဗိ​မာန်​တော်​နှင့်​နန်း​တော် ကို​တည်​ဆောက်​ရာ​တွင် အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင် ကြာ​လေ​သည်။-
11 Do czego Hiram, król Tyrski, nadał był Salomonowi drzewa cedrowego, i drzewa jodłowego, i złota, ile jedno chciał: tedy też król Salomon dał Hiramowi dwadzieścia miast w ziemi Galilejskiej.
၁၁တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​၏​တည်​ဆောက် ရေး​အ​တွက် လို​သ​မျှ​သော​သစ်​က​တိုး​သား၊ ထင်း ရှူး​သား​နှင့်​ရွှေ​ကို​ပေး​ပို့​လေ​သည်။ တည်​ဆောက် ရေး​ပြီး​ဆုံး​ချိန်​၌​ရှော​လ​မုန်​မင်း​သည်​ဟိ​ရံ အား​ဂါ​လိ​လဲ​နယ်​မြေ​ရှိ​မြို့​နှစ်​ဆယ်​ကို​ပေး တော်​မူ​၏။-
12 I wyjechał Hiram z Tyru, aby oglądał miasta, które mu dał Salomon: ale mu się niepodobały.
၁၂ဟိ​ရံ​သည်​ထို​မြို့​များ​သို့​သွား​ရောက်​ကြည့်​ရှု ပြီး​နောက် မ​နှစ်​သက်​သ​ဖြင့်​ရှော​လ​မုန်​မင်း အား``အ​ဆွေ​တော်​ပေး​သည့်​မြို့​များ​ကား အ​ဘယ်​သို့​သော​မြို့​များ​နည်း'' ဟု​ဆို​သည် ကို၊-
13 I rzekł: Cóż to za miasta, któreś mi dał, bracie mój? I nazwał je ziemią Chabul, aż do dnia tego.
၁၃အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို​ကာ​ဗု​လ​ဟူ​၍ ယ​ခု​တိုင်​အောင်​သ​မုတ်​ကြ​လေ​သည်။-
14 Albowiem posłał był Hiram królowi sto i dwadzieścia talentów złota.
၁၄ဟိ​ရံ​သည်​ရှော​လ​မုန်​အား​ရွှေ​ချိန်​လေး​တန် နီး​ပါး​ပေး​ပို့​ခဲ့​သ​တည်း။
15 A przyczyna poboru, który był rozkazał wybierać król Salomon, była, aby zbudował dom Pański, i dom swój, i Mello, i mury Jeruzalemskie, i Hasor, i Magieddo, i Gazer.
၁၅ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​တည် ဆောက်​မှု​တွင်​လည်း​ကောင်း၊ မြို့​၏​အ​ရှေ့​ပိုင်း​၌​မြေ ဖို့​လုပ်​ရာ​တွင်​လည်း​ကောင်း၊ မြို့​ရိုး​တည်​ဆောက် ရာ​တွင်​လည်း​ကောင်း ချွေး​တပ်​ကို​အ​သုံး​ပြု​တော် မူ​၏။ မင်း​ကြီး​သည်​ချွေး​တပ်​ဖြင့်​ပင်​လျှင်​ဟာ​ဇော် မြို့၊ မေ​ဂိဒ္ဒေါ​မြို့​နှင့်​ဂေ​ဇာ​မြို့​တို့​ကို​လည်း​ပြန် လည်​တည်​ဆောက်​တော်​မူ​၏။-
16 Farao bowiem, król Egipski, wyciągnął był, i wziął Gazer, i popalił je ogniem, a Chananejczyka, który mieszkał w tem mieście, wymordował, a dał je za posag córce swej, żonie Salomonowej.
၁၆(အီ​ဂျစ်​ဘု​ရင်​သည်​ဂေ​ဇာ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မြို့​သူ​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို မီး​ရှို့​ပစ်​လေ​သည်။ ထို့​နောက်​သ​မီး​တော်​အား ရှော​လ​မုန်​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ချိန်​၌​ထို မြို့​ကို​လက်​ဖွဲ့​တော်​မူ​၏။-
17 A tak zbudował Salomon Gazer i Betoron niższe;
၁၇သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဂေ​ဇာ​မြို့​ကို​ပြန် လည်​တည်​ဆောက်​တော်​မူ​ခြင်း​ဖြစ်​၏။) ရှော လ​မုန်​သည်​အောက်​ဗေ​သော​ရုန်​မြို့၊-
18 Przytem Baalat i Tadmor na puszczy w tejże ziemi,
၁၈ဗာ​လက်​မြို့၊ ယု​ဒ​ပြည်​တော​ကန္တာ​ရ​ရှိ​တာ ဒ​မော်​မြို့​တို့​ကို​လည်း​ကောင်း၊-
19 I wszystkie miasta, w których miał składy Salomon, i miasta wozów, i miasta jezdnych, i wszystko według żądości Salomonowej, cokolwiek chciał budować w Jeruzalemie i na Libanie, i we wszystkiej ziemi państwa swojego.
၁၉ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​များ၊ စစ်​ရ​ထား များ၊ စ​ခန်း​မြို့​များ​ကို​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်​ပေါ်​နှင့်​နိုင်​ငံ​တော် အ​တွင်း​အ​ခြား​ဒေ​သ​များ​တွင် မိ​မိ​ဆောက် လုပ်​လို​သ​မျှ​သော​အ​ဆောက်​အ​အုံ​များ​ကို လည်း​ကောင်း​ချွေး​တပ်​ဖြင့်​ပင်​တည်​ဆောက်​တော် မူ​၏။-
20 Wszystek także lud, który był pozostał z Amorejczyków, Hetejczyków, Ferezejczyków, Hewejczyków, i Jebuzejczyków, którzy nie byli z synów Izraelskich;
၂၀ရှော​လ​မုန်​သည်​ခါ​နာန်​ပြည်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​စဉ်​အ​ခါ​က မ​သတ် ဘဲ​ထား​ခဲ့​သည့်​ခါ​နာန်​အ​မျိုး​သား​များ​မှ ဆင်း​သက်​လာ​သူ​တို့​ကို​မိ​မိ​၏​ချွေး​တပ် အ​ဖြစ်​အ​သုံး​ပြု​လေ​သည်။ ထို​သူ​တို့​အ​ထဲ တွင်​အာ​မော​ရိ၊ ဟိတ္တိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​ပါ​ဝင်​ကြ​၏။ ထို​သူ တို့​၏​သား​မြေး​များ​သည်​ယ​နေ့​တိုင်​အောင် ဆက်​လက်​၍​ကျွန်​ခံ​နေ​ရ​ကြ​သ​တည်း။-
21 To jest, syny ich, którzy byli pozostali po nich w ziemi, których nie mogli synowie Izraelscy wytracić, uczynił Salomon hołdownikami i niewolnikami aż do dnia dzisiejszego.
၂၁
22 Ale z synów Izraelskich nie uczynił Salomon żadnego niewolnikiem; jedno byli ludźmi rycerskimi, i sługami jego, i książęty, i hetmany jego, i przełożonymi nad wozami jego, i nad jezdnymi jego.
၂၂ရှော​လ​မုန်​သည်​ယု​ဒ​အ​မျိုး​သား​တို့​ကို​မူ ကျွန်​ခံ​စေ​တော်​မ​မူ။ သူ​တို့​သည်​စစ်​သူ​ရဲ များ၊ မှူး​မတ်​များ၊ စစ်​ရ​ထား​မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လေ​သည်။
23 Było tych przedniejszych z przełożonych, którzy byli nad robotą Salomonową, pięć set i pięćdziesiąt, co byli nad ludźmi wykonywającymi robotę.
၂၃ရှော​လ​မုန်​၏​ဆောက်​လုပ်​ရေး​စီ​မံ​ကိန်း​များ​တွင် လုပ်​ကိုင်​နေ​သော​ချွေး​တပ်​သား​တို့​အ​ပေါ်​ကြီး ကြပ်​အုပ်​ချုပ်​ရေး​မှူး​ငါး​ရာ​ငါး​ဆယ်​ရှိ​သ​တည်း။
24 Lecz córka Faraonowa przeprowadziła się z miasta Dawidowego do domu swego, który jej zbudował Salomon. Tedy zbudował i Mello.
၂၄ထို့​နောက်​ရှော​လ​မုန်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​ကို​သူ​၏​အ​တွက် မိ​မိ​ဆောက်​လုပ်​ပေး​သည့် စံ​နန်း​သို့​ဒါ​ဝိဒ်​မြို့​မှ​ခေါ်​ဆောင်​လာ​ပြီး နောက် မြို့​၏​အ​ရှေ့​ပိုင်း​တွင်​မြေ​ဖို့​တော်​မူ​၏။
25 I ofiarował Salomon trzy kroć na każdy rok całopalenia a spokojne ofiary na ołtarzu, który był zbudował Panu; ale kadził na onym ołtarzu, który był przed Panem, gdy dokonał domu.
၂၅ရှော​လ​မုန်​သည်​ထာ​ဝရ​ဘု​ရား​အ​တွက် မိ​မိ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​တစ် နှစ်​လျှင်​သုံး​ကြိမ်​ပူ​ဇော်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​လည်း​မီး​ရှို့​ပူ ဇော်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​သည်​ဗိ​မာန် တော်​တည်​ဆောက်​မှု​ကို​အ​ပြီး​သတ်​တော်​မူ သ​တည်း။
26 Okrętów też nabudował król Salomon w Asyjongaber, które jest podle Elotu, nad brzegiem morza czerwonego, w ziemi Edomskiej.
၂၆ရှော​လ​မုန်​မင်း​သည်​ဧ​ဒုံ​ပြည်၊ ဧ​လုတ်​မြို့​အ​နီး အ​ကွာ​ဗာ​ပင်​လယ်​ကွေ့​ကမ်း​ခြေ​ပေါ်​ရှိ​ဧ​ဇ​ယုန် ဂါ​ဗာ​မြို့​တွင်​သင်္ဘော​များ​ကို​လည်း​တည်​ဆောက် လေ​သည်။-
27 I posłał Hiram na tychże okrętach sługi swe, żeglarze świadome morza, z sługami Salomonowymi;
၂၇ဟိ​ရံ​မင်း​သည်​လည်း​အ​လုပ်​ရည်​ဝ​သည့်​သင်္ဘော သား​အ​ချို့​ကို ရှော​လ​မုန်​၏​လူ​တို့​နှင့်​အ​တူ အ​မှု​ထမ်း​ရန်​ပေး​ပို့​တော်​မူ​၏။-
28 Którzy przypłynąwszy do Ofir, wzięli stamtąd złota cztery sta i dwadzieścia talentów, i przywieźli je do króla Salomona.
၂၈သူ​တို့​သည်​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့်​ကြ ပြီး​နောက် ရွှေ​အ​ချိန်​တစ်​ဆယ့်​ခြောက်​တန် နီး​ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​လာ ကြ​၏။

< I Królewska 9 >