< I Królewska 22 >

1 A nie było przez trzy lata wojny między Syryjczykami i między Izraelczykami.
ဣ​သ​ရေ​လ​ပြည်​နှင့်​ရှု​ရိ​ပြည်​တို့​သည် သုံး နှစ်​တိုင်​တိုင်​စစ်​ပြေ​ငြိမ်း​လျက်​ရှိ​၏။-
2 I stało się roku trzeciego, że przyjechał Jozafat król Judzki, do króla Izraelskiego.
သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​ယု​ဒ​ဘု​ရင်​ယော ရှ​ဖတ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ထံ​သို့ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​လေ​သည်။
3 Tedy rzekł król Izraelski do sług swoich: Nie wiecież, iż nasze jest Ramot Galaad? A my zaniedbywamy odebrać go z ręki króla Syryjskiego.
အာ​ဟပ်​သည်​မိ​မိ​၏​မှူး​မတ်​တို့​အား``ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို​ရှု​ရိ​ဘု​ရင်​ထံ​မှ​ပြန် လည်​ရ​ရှိ​ရန် အ​ဘယ်​ကြောင့်​မည်​သို့​မျှ​မ​ပြု​ဘဲ နေ​ကြ​ပါ​သ​နည်း။ ထို​မြို့​ကို​ငါ​တို့​ပိုင်​သည် မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော်​မူ​၏။-
4 Przetoż rzekł do Jozafata: Pociągnieszże ze mną na wojnę przeciwko Ramot Galaad? I rzekł Jozafat do króla Izraelskiego: Jakom ja, tak i ty; jako lud mój, tak lud twój; jako konie moje, tak konie twoje.
ထို့​နောက်​အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``အ​ဆွေ တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ ချီ​တက်​မည်​လော'' ဟု​မေး​၏။ ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ​လျှင် ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​စစ်​သည် တော်​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ​သည်​လည်း အဆင်​သင့်​ရှိ​ပါ​သည်။-
5 Nadto rzekł Jozafat do króla Izraelskiego: Spytaj się proszę dziś słowa Pańskiego.
သို့​ရာ​တွင်​ဤ​ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး စွာ​မေး​မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။
6 A tak zebrał król Izraelski proroków około czterech set mężów, i rzekł do nich: Mamże ciągnąć na wojnę przeciwko Ramot Galaad? czy zaniechać? I odpowiedzieli mu: Ciągnij; bo je Pan da w ręce królewskie.
သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။
7 Ale Jozafat rzekł: Nie maszże tu którego proroka Pańskiego, żebyśmy się go pytali?
သို့​ရာ​တွင်​ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖက်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။
8 I rzekł król Izraelski do Jozafata: Jest jeszcze mąż jeden, przez któregobyśmy się mogli radzić Pana; ale go ja nienawidzę, bo mi nic dobrego nie prorokuje, jedno złe, Micheasz, syn Jemla. I rzekł Jozafat: Niech tak nie mówi król.
အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣ​မ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အ​ခါ​မျှ​အ​ကောင်း​ကို​မ​ဟော၊ အ​ဆိုး ကို​သာ​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့​ကို​ကျွန်ုပ် မ​နှစ်​သက်​ပါ'' ဟု​ပြန်​ပြော​လေ​သည်။ ထို​အ​ခါ​ယော​ရှ​ဖတ်​က``ဤ​သို့​မ​ပြော​သင့် ပါ'' ဟု​ဆို​၏။-
9 A tak zawołał król Izraelski komornika niektórego, i rzekł: Przywiedź tu rychło Micheasza, syna Jemlowego.
သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း သွား​ခေါ်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။
10 Między tem król Izraelski, i Jozafat, król Judzki, siedzieli na stolicach swoich, ubrani w szaty królewskie, na placu u wrót bramy Samaryjskiej, a wszyscy prorocy prorokowali przed nimi.
၁၀ဘု​ရင်​နှစ်​ပါး​တို့​သည် မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​အ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌​ပ​ရော ဖက်​အ​ပေါင်း​တို့​သည်​လည်း​ရှေ့​ဖြစ်​ကို​ဟော ၍​နေ​ကြ​၏။-
11 A Sedechyjasz, syn Chenaana, sprawił sobie rogi żelazne, i rzekł: Tak mówi Pan: Temi będziesz bódł Syryjczyki, aż je wyniszczysz.
၁၁ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝ​ရ​ဘု​ရား​က`ကိုယ်​တော် သည်​ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​အ​မျိုး​သား​တို့ အား​ချေ​မှုန်း​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-
12 Także wszyscy prorocy prorokowali, mówiąc: Ciągnij do Ramot Galaad, a będzieć się szczęściło; albowiem je poda Pan w ręce królewskie.
၁၂အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း ဤ အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​သို့​ချီ​တက်​တော်​မူ​ပါ။ အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု​ဟော​ကြ​၏။
13 Tedy poseł, który chodził, aby przyzwał Micheasza, rzekł do niego, mówiąc: Oto teraz słowa proroków jednemi usty dobrze tuszą królowi; niechże będzie proszę słowo twoje, jako słowo jednego z nich, a mów dobre rzeczy.
၁၃ဤ​အ​တော​အ​တွင်း​၌ မိက္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``အ​ခြား ပ​ရော​ဖက်​အား​လုံး​က​ပင်​မင်း​ကြီး​သည် အောင်​မြင်​မှု​ရ​ရှိ​လိမ့်​မည်​ဟု​ဟော​ခဲ့​ကြ လေ​ပြီ။ အ​ရှင်​သည်​လည်း​ဤ​အ​တိုင်း​ပင် ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။
14 I rzekł Micheasz: Jako żywy Pan, że co mi kolwiek rzecze Pan, to mówić będę.
၁၄သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။
15 A gdy przyszedł do króla, rzekł król do niego: Micheaszu, mamyż ciągnąć na wojnę przeciw Ramot Galaad, czyli zaniechać? A on mu rzekł: Ciągnij, a będzieć się szczęściło; albowiem je poda Pan w ręce królewskie.
၁၅သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့ ရောက်​သော​အ​ခါ မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ်​မင်း​နှင့် ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ဖြေ​ကြား​ပါ​လော့'' ဟု​မိန့်​တော်​မူ​၏။ မိက္ခာ​က``ချီ​တက်​တိုက်​ခိုက်​တော်​မူ​ပါ။ အ​ရှင် မင်း​ကြီး​သည်​အောင်​မြင်​တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။
16 I rzekł do niego król: A wieleż cię razy mam przysięgą obowiązać, abyś mi nie mówił jedno prawdę w imieniu Pańskiem?
၁၆သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍ ပြော​ဆို​ရာ​တွင်​သစ္စာ​စ​ကား ကို​သာ​လျှင် သုံး​စွဲ​ရန်​သင့်​အား​ဘယ်​နှစ်​ကြိမ် ငါ​သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။
17 Przetoż rzekł: Widziałem wszystek lud Izraelski rozproszony po górach jako owce, które nie mają pasterza; bo rzekł Pan: Nie mają ci pana; niech się wróci każdy do domu swego w pokoju.
၁၇ထို​အ​ခါ​မိက္ခာ​က``ဣ​သ​ရေ​လ​ပြည်​သူ​တို့ သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့ တောင် ကုန်း​များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို ငါ​မြင်​၏။ ထာ​ဝ​ရ​ဘု​ရား​က`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​ဧ​ချမ်း​စွာ​ပြန်​ခွင့်​ပြု​ကြ​လော့' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​လေ​၏။
18 I rzekł król Izraelski do Jozafata: Izażem ci nie powiadał, że mi nie miał prorokować dobrego, ale złe?
၁၈အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​ဟော​တတ်​ကြောင်း ကျွန်ုပ်​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဆို​၏။
19 A Micheasz rzekł: Słuchajże tedy słowa Pańskiego: Widziałem Pana siedzącego na stolicy swojej, i wszystko wojsko niebieskie stojące po prawicy jego, i po lewicy jego.
၁၉မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-
20 I rzekł Pan: Kto zwiedzie Achaba, aby szedł a upadł w Ramot Galaad? A gdy mówił jeden tak, a drugi inaczej;
၂၀ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့ သို့​ချီ​တက်​၍​ကျ​ဆုံး​စေ​ရန် အ​ဘယ်​သူ​သည် သူ့​အား​လိမ်​လည်​လှည့်​စား​မည်​နည်း' ဟု​မေး တော်​မူ​လျှင်​ကောင်း​ကင်​တ​မန်​တို့​သည် အ​မျိုး​မျိုး​အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။-
21 Tedy wystąpił duch, i stanął przed Panem, mówiąc: Ja go zwiodę. A Pan mu rzekł: Przez cóż?
၂၁နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ်​လည် လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘုရား က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊-
22 Odpowiedział: Wynijdę, a będę duchem kłamliwym w ustach wszystkich proroków jego. I rzekł mu Pan: Zwiedziesz, i pewnie przemożesz. Idźże, a czyń tak.
၂၂ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော ဖက်​များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည် ဟော​ပြော​စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ ဘု​ရား​က​လည်း`သင်​သွား​၍​အာ​ဟပ်​အား​လိမ် လည်​လှည့်​စား​လော့။ အောင်​မြင်​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​လျှောက်​ထား​၏။
23 Przetoż teraz oto dał Pan ducha kłamliwego w usta tych wszystkich proroków twoich, gdyż Pan wyrzekł przeciwko tobie złe.
၂၃ထို့​နောက်​မိက္ခာ​က``ဖြစ်​ပျက်​ပုံ​ကား​ဤ​သို့​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပ​ရော​ဖက်​တို့​ကို အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး​အန္တ​ရာယ် ကို​မူ​ကိုယ်​တော်​တိုင်​စီ​ရင်​ထား​တော်​မူ​ပြီ'' ဟု နိ​ဂုံး​ချုပ်​လိုက်​လေ​သည်။
24 Tedy przystąpiwszy Sedechyjasz, syn Chenaana, uderzył Micheasza w policzek, mówiąc: Kiedyż odszedł Duch Pański odemnie, aby z tobą mówił?
၂၄ထို​အ​ခါ​ဇေ​ဒ​ကိ​သည်​မိက္ခာ​အ​နီး​သို့​ချဉ်း​ကပ်​၍ ပါး​ကို​ရိုက်​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ် တော်​သည်​သင့်​အား​မိန့်​မြွက်​တော်​မူ​ရန်​အ​ဘယ် အ​ခါ​က ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ သ​နည်း'' ဟု​ဆို​၏။
25 I odpowiedział Micheasz: Oto ty ujrzysz dnia onego, kiedy wnijdziesz do najskrytszej komory, abyś się skrył.
၂၅မိက္ခာ​က​လည်း``သင်​ပုန်း​အောင်း​ရန်​အ​တွက်​အ​တွင်း ခန်း​တစ်​ခု​ခု​သို့​ဝင်​သော​အ​ခါ​၌​သိ​ရ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​လေ​သည်။
26 I rzekł król Izraelski: Weźmij Micheasza, a wiedź go do Amona, starosty miejskiego, i do Joasa, syna królewskiego.
၂၆ထို့​နောက်​အာ​ဟပ်​သည်​နန်း​တွင်း​အ​ရာ​ရှိ​တစ် ယောက်​အား``မိက္ခာ​ကို​ဖမ်း​ဆီး​၍​မြို့​ဝန်​အာ​မုန် နှင့်​ယော​ရှ​မင်း​သား​ထံ​သို့​ခေါ်​ဆောင်​သွား​လော့။-
27 I rzeczesz: Tak mówi król: Wsadźcie tego męża do więzienia; a dawajcie mu jeść chleb utrapienia i wodę ucisku, aż się wrócę w pokoju.
၂၇သူ့​အား​ထောင်​သွင်း​အ​ကျဉ်း​ချ​ကာ​ကောင်း မွန်​ချော​မော​စွာ ငါ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန် တိုင်​အောင်​မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား ရန်​သူ​တို့​အား​မှာ​ကြား​လော့'' ဟု​အ​မိန့် ပေး​တော်​မူ​၏။
28 Ale odpowiedział Micheasz: Jeźliże się wrócisz w pokoju, tedyć nie mówił Pan przez mię. Nadto rzekł: Słuchajcież wszyscy ludzie.
၂၈မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​မူ​အ​ကျွန်ုပ် ဆင့်​ဆို​သော​စ​ကား​များ​သည်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​များ​မ​ဟုတ်​နိုင်။ အို လူ အပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ထား ကြ​လော့'' ဟု​ဆို​၏။
29 A tak ciągnął król Izraelski i Jozafat, król Judzki, do Ramot Galaad.
၂၉ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့ ကို​တိုက်​ခိုက်​ရန်​ချီ​တက်​ကြ​၏။-
30 I rzekł król Izraelski do Jozafata: Odmienię się, gdy pójdę do bitwy; ale ty ubierz się w szaty twoje. I odmienił się król Izraelski, a szedł ku bitwie.
၃၀အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​သော အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ​ဝတ်​ဆင် လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို ပြီး​သော်​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ရုပ်​ဖျက်​၍ တိုက်​ပွဲ​ဝင်​လေ​၏။
31 A król Syryjski rozkazał był hetmanom, których było trzydzieści i dwa nad wozami jego, mówiąc: Nie potykajcie się ani z małym, ani z wielkim, tylko z samym królem Izraelskim.
၃၁ရှ​ရိ​ဘု​ရင်​သည် မိ​မိ​၏​ရ​ထား​တပ်​မှူး​သုံး​ဆယ့် နှစ်​ယောက်​တို့​အား ဣ​သ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​မည်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-
32 I stało się, gdy ujrzeli Jozafata hetmani, co byli nad wozami, rzekli: Zaprawdę to król Izraelski; i obrócili się przeciwko niemu, chcąc się z nim potykać; ale Jozafat zawołał.
၃၂ထို့​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင်​သော အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ​ပြန်​လှည့် ၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ​ဖတ်​ဟစ်​အော် လိုက်​သော​အ​ခါ၊-
33 Wtem obaczywszy hetmani, co byli nad wozami, że nie ten był król Izraelski, odwrócili się od niego.
၃၃သူ​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​မ​ဟုတ်​မှန်း​သိ​ရ​၍ လွှဲ​ရှောင်​ကြ​၏။-
34 Lecz mąż niektóry strzelił z łuku na niepewne, i postrzelił króla Izraelskiego między nity i między pancerz; który rzekł woźnicy swemu: Nawróć, a wywieź mię z wojska; bom jest raniony.
၃၄သို့​ရာ​တွင်​ရှ​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို အ​မှတ်​မ​ထင်​ပစ်​လွှတ်​လိုက်​ရာ​အာ​ဟပ် ၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို​ထိ​မှန်​သွား​လေ သည်။ မင်း​ကြီး​က``ငါ့​ကို​မြား​ထိ​ပြီ၊ တိုက်​ပွဲ​မှ မောင်း​ထွက်​သွား​လော့'' ဟု​ရ​ထား​မှူး​အား​အ​မိန့် ပေး​တော်​မူ​၏။
35 I wzmogła się bitwa dnia onego, a król stał na wozie przeciw Syryjczykom: potem umarł w wieczór, a krew ciekła z rany jego na wóz.
၃၅တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​၏​ရ​ထား ထက်​တွင်​မှီ​၍​ထိုင်​နေ​တော်​မူ​၏။ သူ​၏​ဒဏ်​ရာ မှ​ယို​စီး​လာ​သော​သွေး​သည်​ရ​ထား​ကြမ်း​ပြင် ပေါ်​တွင်​အိုင်​ဖြစ်​၍​နေ​၏။ ည​နေ​စောင်း​အ​ချိန် ၌​သူ​သည်​ကွယ်​လွန်​လေ​သည်။-
36 Tedy wołał woźny w wojsku, gdy już słońce zachodziło, mówiąc: Wróć się każdy do miasta swego i każdy do ziemi swojej.
၃၆နေ​ဝင်​ချိန်​နီး​သော​အ​ခါ``လူ​တိုင်း​ကိုယ့်​ပြည်၊ ကိုယ့်​မြို့​ရွာ​များ​သို့​ပြန်​ကြ​ကုန်​အံ့'' ဟူ​သော ဟစ်​သံ​သည်​ဣ​သ​ရေ​လ​တပ်​တစ်​တပ်​လုံး သို့​ရောက်​ရှိ​လာ​လေ​သည်။
37 A tak umarł król, a odwiezion jest do Samaryi, i pochowano go w Samaryi.
၃၇ဤ​သို့​ဖြင့်​အာ​ဟပ်​မင်း​သည်​ကွယ်​လွန်​လေ​သည်။ သူ​၏​အ​လောင်း​ကို​ရှ​မာ​ရိ​မြို့​သို့​ယူ​ဆောင် ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။-
38 A gdy umywano wóz w sadzawce Samaryjskiej, lizali psy krew jego, także gdy umywano zbroję jego: według słowa Pańskiego, które był powiedział.
၃၈သူ​၏​ရ​ထား​ကို​ပြည့်​တန်​ဆာ​တို့​ရေ​ချိုး​လေ့​ရှိ သည့်​ရှ​မာ​ရိ​ရေ​ကန်​တွင်​ဆေး​ကြော​ကြ​၏။ ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခွေး​တို့ သည်​လာ​၍​သူ​၏​သွေး​ကို​လျက်​ကြ​ကုန်​၏။
39 A inne sprawy Achabowe i wszystko, co czynił, i dom z kości słoniowych, który zbudował, wszystkie też miasta, które pobudował, azaż to nie jest spisane w kronikach o królach Izraelskich?
၃၉အာ​ဟပ်​မင်း​၏​ဆင်​စွယ်​နန်း​တော်​အ​ကြောင်း နှင့် သူ​တည်​ထောင်​ခဲ့​သော​မြို့​များ​အ​ပါ​ဝင် သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
40 I zasnął Achab z ojcami swymi, a królował Ochozyjasz, syn jego, miasto niego.
၄၀အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ​သား​တော်​အာ​ခ​ဇိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
41 A Jozafat, syn Azy, począł królować nad Judą czwartego roku za panowania Achaba, króla Izraelskiego.
၄၁ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​နန်း​စံ​စ​တုတ္ထ​နှစ်​၌ အာ​သ​၏​သား​တော်​ယော​ရှ​ဖတ်​သည်​ယု​ဒ​ပြည် တွင်​နန်း​တက်​၍၊-
42 A Jozafat miał trzydzieści i pięć lat, gdy królować począł, a dwadzieścia i pięć lat królował w Jeruzalemie; a imię matki jego było Azuba, córka Salajowa.
၄၂ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ နန်း​တက်​ချိန်​၌​သူ​သည်​အသက်​သုံး ဆယ့်​ငါး​နှစ်​ရှိ​၏။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ ၏​သ​မီး​အ​ဇု​ဘ​ဖြစ်​၏။-
43 I chodził po wszystkiej drodze Azy, ojca swego, a nie odchylał się od niej, czyniąc to, co było dobrego przed oczyma Pańskiemi. Wszakże iż wyżyn nie poburzyli, jeszcze lud ofiarował i kadził po wyżynach.
၄၃သူ​သည်​မိ​မိ​အ​လျင်​နန်း​စံ​ခဲ့​သည့်​ခ​မည်း​တော် အာ​သ​ကဲ့​သို့​ပင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက် တွင်​ဖြောင့်​မှန်​စွာ​ပြု​ကျင့်​လေ့​ရှိ​၏။ သို့​ရာ​တွင်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​မူ​မ​ဖြို​မ​ဖျက်​သ​ဖြင့် လူ တို့​သည်​ထို​အ​ရပ်​များ​တွင်​ဆက်​လက်​၍​ယဇ်​ပူ​ဇော် ၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လေ​သည်။-
44 Uczynił też pokój Jozafat z królem Izraelskim.
၄၄ယော​ရှ​ဖတ်​သည်​ဣသ​ရေ​လ​ဘု​ရင်​နှင့်​လည်း ငြိမ်း​ချမ်း​စွာ​နေ​တော်​မူ​၏။
45 A inne sprawy Jozafatowe, i moc jego, której dokazywał, i jako walczył, azaż to nie jest napisane w kronikach królów Judzkich?
၄၅ယော​ရှ​ဖတ်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​၏​စွန့်​စား​မှု​များ​နှင့် သူ​ဆင်​နွှဲ​ခဲ့​သည့်​တိုက်​ပွဲ​များ​ကို​လည်း​ကောင်း ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
46 Ten wyplenił z ziemi ostatek Sodomczyków, którzy byli pozostali za dni Azy, ojca jego.
၄၆သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​ခ​မည်း တော်​အာ​သ​လက်​ထက်​မှ ကျန်​ရစ်​ခဲ့​သည့်​အ​မျိုး သား​ပြည့်​တန်​ဆာ​များ​နှင့်​အ​မျိုး​သ​မီး​ပြည့် တန်​ဆာ​များ​အား​လုံး​ကို​သုတ်​သင်​ပယ်​ရှင်း တော်​မူ​၏။
47 Na ten czas nie było króla w Edomskiej ziemi; tylko starosta był miasto króla.
၄၇ဧ​ဒုံ​ပြည်​တွင်​ဘု​ရင်​မ​ရှိ။ ယု​ဒ​ဘု​ရင်​ခန့်​ထား သည့်​ဘု​ရင်​ခံ​က​ထို​ပြည်​ကို​အုပ်​ချုပ်​ရ​လေ​သည်။
48 I nasprawiał Jozafat okrętów na morze, aby chodziły do Ofir po złoto. Ale nie doszły; bo się rozbiły one okręty w Asyjon Gaber.
၄၈ယော​ရှ​ဖတ်​မင်း​သည်​သြ​ဖိ​ရ​ပြည်​မှ​ရွှေ​ကို​ယူ ဆောင်​ရန် ပင်​လယ်​ကူး​သင်္ဘော​များ​ကို​တည်​ဆောက် စေ​သော်​လည်း ထို​သင်္ဘော​တို့​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ မြို့​တွင်​ပျက်​သွား​သ​ဖြင့်​သင်္ဘော​မ​လွှင့်​ရ​ကြ​ချေ။-
49 Rzekł także był Ochozyjasz, syn Achaba, do Jozafata: Niech jadą słudzy moi z sługami twymi w okrętach. Ale niechciał Jozafat.
၄၉ထို​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​က​မိ​မိ ၏​လူ​တို့​နှင့်​အ​တူ ယော​ရှ​ဖတ်​၏​လူ​တို့​အား သင်္ဘော​လွှင့်​ခွင့်​ပြု​မည်​ဟု စ​ကား​ကမ်း​လှမ်း​သော် လည်း​ယော​ရှ​ဖတ်​က​ထို​ကမ်း​လှမ်း​ချက်​ကို လက်​ခံ​တော်​မ​မူ။
50 Zasnął tedy Jozafat z ojcami swymi, i pochowany jest z ojcami swymi w mieście Dawida, ojca swego; a królował Joram, syn jego, miasto niego.
၅၀ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ယ​ဟော​ရံ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
51 Ochozyjasz, syn Achaba, począł królować nad Izraelem w Samaryi roku siedmnastego Jozafata, króla Judzkiego, i królował nad Izraelem dwa lata.
၅၁ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​အာ​ဟပ်​၏​သား​တော်​အာ​ခ​ဇိ​သည် ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။-
52 I czynił złe przed oczyma Pańskiemi, chodząc drogą ojca swego, i drogą matki swej, i drogą Jeroboama, syna Nabatowego, który przywiódł do grzechów Izraela.
၅၂သူ​သည်​ခ​မည်း​တော်​အာဟပ်​နှင့်​မယ်​တော်​ယေ​ဇ ဗေ​လ​၏​စံ​န​မူ​နာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​စေ​ရန် ရှေ့​ဆောင် လမ်း​ပြ​ခဲ့​သူ ယေ​ရော​ဗောင်​မင်း​၏​စံ​န​မူ​နာ ကို​လည်း​ကောင်း​ယူ​၍၊-
53 Służył także Baalowi, a kłaniał mu się, i pobudzał do gniewu Pana, Boga Izraelskiego, według wszystkiego, co czynił ojciec jego.
၅၃ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ မိ​မိ အ​လျင်​နန်း​စံ​တော်​မူ​ခဲ့​သည့်​ခ​မည်း​တော်​ကဲ့ သို့​ပင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​သည်။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​ပြီး​၏။

< I Królewska 22 >