< Luka 7 >

1 Yesu pakamaliriti kutakula vyoseri kwa wantu, kagenditi Kafarinaumu.
ထိုဒေသနာတော်ကို ယေရှုသည် ပရိတ်သတ်တို့အား အကုန်အစင်ဟောတော်မူပြီးမှ ကပေရနောင်မြို့ သို့ ကြွဝင်တော်မူ၏။
2 Mkulu gwa wanjagila miya yimu kaweriti na ntumini yakamfiriti nentu. Ntumintumi kaweriti kalwala tashitashi.
ထိုမြို့၌ တပ်မှူး၏ကျွန်တယောက်သည်နာ၍ သေခါနီးရှိ၏။ သူ၏သခင်သည် သူ့ကိုချစ်၍၊
3 Mkulu ulii pakapikaniriti visoweru vya Yesu, kawatumiti wazewi wa Shiyawudi kumluwa kizi kamuponiziyi ntumintumi gwakuwi.
ယေရှု၏ သိတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုး အကြီးအကဲတို့အလိုငှါ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကိုဟောလေ၏။
4 Wagenditi kwa Yesu na kumuhiga nentu pawalonga, “Muntu ayu kafiruwa gumtenderi shitwatila ashi.
ထိုသူတို့သည် ယေရှုထံတော်သို့ရောက်လျှင်၊ ကျေးဇူးတော်ကို ခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။
5 Kawafira wantu wetu na mweni katunyawira numba ya Mlungu.”
သူသည် အကျွန်ုပ်တို့အမျိုးကို နှစ်သက်၍ အကျွန်ုပ်တို့အဘို့ တရားစရပ်ကို ဆောက်ပါပြီဟု၍ ကျပ် ကျပ်တောင်းပန်ကြ၏။
6 Su Yesu kagenda pamuhera na womberi. Pakaweriti pakwegera na ukaya kwa mkulu ulii, mkulu ulii kawatumiti waganja wakuwi wamgambiri Yesu, “Mtuwa naguligaziya hera. Gwenga gufiruwa ndiri kwingira mnumba mwangu,
ယေရှုသည် သူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူးအိမ်နှင့်မနီးမဝေးရောက်တော်မူသောအခါ၊ တပ်မှူး သည် မိမိအဆွေတို့ကို စေလွှတ်၍၊ သခင်၊ ကိုယ်ကို ပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မခံထိုက်ပါ။
7 na neni mona nfaa ndiri ata kwiza kwa gwenga. Kumbiti gutakuli hera, ntumini gwangu hakaweri mkomu.
ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရောက်ထိုက်သောသူမဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော်တခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
8 Mana neni viraa namuntu gwa pasi pa ukulu, nanawa wamanjagila yanuwalongoziyiti. Panumgambira yumu, ‘Gugendi!’ Yomberi kagenda na panumgambira yumonga, ‘Gwizi!’ Yomberi kiza na panumgambira ntumintumi gwangu, ‘Gutendi shintu ashi!’ Nayomberi katenda.”
ဥပမာကား၊ အကျွန်ုပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟု ဆိုလျှင်သွားပါ၏။ တဦးကိုလာခံဟုခေါ်လျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ် တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။
9 Yesu pakapikaniriti hangu kalikangasha, su kaligalambukiriti lipinga lya wantu lyalimfatiti pakalonga, “Nankuwagambirani, mpata ndiri kuwona muntu kana njimiru gambira ayu Muisraeli!”
ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ၍ နောက်တော်သို့လိုက်သောသူများကို လှည့် ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေးဟု မိန့်တော်မူ၏။
10 Wantu walii pawasokiti ukaya kwa Mkulu wamwoniti ntumintumi ulii kawera mkomu nakamu.
၁၀တပ်မှူးစေလွှတ်သော သူတို့သည် အိမ်သို့ ပြန်ရောက်လျှင်၊ အနာရာဂါစွဲသော ကျွန်သည် ကျန်းမာ လျက်ရှိသည်ကို တွေ့ကြ၏။
11 Shakapanu, Yesu kagenditi lushi lwawalushema Naini, wafundwa wakuwi pamuhera na lipinga likulu lya wantu wagenda nayomberi.
၁၁နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်တို့များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
12 Su pakaweriti pakwegera na mlyangu mkulu gwa Iushi, wantu wampapiti yakahowiti waweriti wankulawa kunja kwa Iushi. Yakahowiti kaweriti mwana gwagweka gwa mdala yakaweriti mkenja, na lipinga likulu lya wantu waweriti pamuhera nayomberi.
၁၂မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုတ်ဆိုးမ၌ တယောက်တည်းသောသားအသေလောင်းကို သင်္ဂြိုဟ် ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။
13 Mtuwa pakamwoniti mkenja ulii, kamwonera lusungu mdala ulii, kamgambiriti, “Nagulira.”
၁၃သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျှက် အနီးသို့ ကြွ၍ တလားကို လက်နှင့်တို့တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏၊
14 Shakapanu kalisegelera lijeneza lya yakahowiti na kulishinkula, wantu wawalipapiti wagoloka. Yesu kalonga, “Muntemba! Nukugambira gwimuki!”
၁၄ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အားငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊
15 Muntu ulii yakahowiti kalivaga, su kanja kuyowera. Yesu kamupa mawu gwakuwi.
၁၅သေသောသူသည် ထိုင်၍စကားပြော၏၊ ကိုယ်တော်သည်လည်း ထိုသူကိုမိခင်အား အပ်ပေးတော်မူ ၏။
16 Wantu woseri weniti lyoga wamkwisiti Mlungu pawalonga, “Mbuyi mkulu kalawira pakati petu. Mlungu kiza kuwalopoziya wantu wakuwi!”
၁၆လူအပေါင်းတို့သည် ကြောင့်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွတော်မူပြီ ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
17 Visoweru avi vya Yesu viyeniyiti mulushi loseri lwa Yudeya na lushi zya pakwegera.
၁၇ထိုသိတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။
18 Wafundwa wa Yohani wamgambiriti Yohani vitwatira avi vyoseri, nayomberi pakawashemiti kala awili wamu wa wafundwa wakuwi
၁၈ယောဟန်၏ တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံတို့ကို မိမိဆရာအားကြားပြောကြ၏။
19 kawatumiti kwa Mtuwa wakamkosiyi, “Hashi, gwenga ndo gwamweni yatumuhepera, ama tumuheperi gwingi?”
၁၉ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေရှုထံတော်သို့စေလွှတ်၍၊ ကိုယ် တော်သည် ကြွလာသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက် စေ၏။
20 Wafundwa walii wamgendiriti Yesu na kumgambira, “Yohani Mbatiza katutuma kwaku tukukosiyi handa gwenga ndo uliya yakatakuliti gwankwiza ama tumuheperi gwingi?”
၂၀ထိုသူတို့သည် အထံတော်သို့ရောက်လျှင်၊ ကိုယ်တော်သည်ကြွလသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်ဟု မေးလျှောက်စေခြင်းငှါ၊ ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်ပါပြီဟု လျှောက်ကြ၏။
21 Shipindi shiraa shilii Yesu kaweriti kankuwaponiziya wantu wavuwa weniti na malweri na wamonga waniti na washamshera wadoda na kuwapanana wanalwisi wavuwa kulola.
၂၁ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေ တော်မူ၏။ မျက်စိကန်းသောသူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ၏။
22 Su Yesu kawankula wantumintumi wa Yohani pakalonga, “Mgendi mwakamgambiri Yohani vyoseri vyamuviwoniti na kuvipikinira, wanalwisi wawona, wavibyeketu wagendagenda, woseri walii yawawera na ungumbula wapungwa, yawawera na majogu vinu wapikinira, wahowiti su wazyuka na Shisoweru Shiwagira shibwerwa kwa wahushu.
၂၂ထိုအခါယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြ လော့။ မျက်စီကန်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်သောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။
23 Mbaka woseri walii wahera lyoga na neni.”
၂၃ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သိတင်းကိုကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သောသူ သည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။
24 Su wajumbi wa Yohani pawawukiti kala, Yesu kanja kuligambira lipinga kwajili ya Yohani, “Pamgenditi kumlola Yohani kushiwala mfira kulola shintu gaa? Mfiriti kuwona gambira mateti ntambu yagatikinyika na lihega? Ndala!
၂၄ယောဟန်စေလွှတ်သောသူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ဟောဟန်ကို အကြောင်းပြု၍ ပရိတ်သတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော့။
25 Su mgenditi kumlola muntu gwa ntambu gaa? Hashi mliholiti Mgenditi kumlola muntu kavaliti nguwu ziherepa? Ndala, wantu yawavala nguwu ziherepa na kubojola vinoga noga vyaviwera muukulu!
၂၅သို့မဟုတ်နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ တင့်တယ်သော အဝတ်ကိုဝတ်ဆင်၍ ကောင်းမွန်စွာ စားသောက်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။
26 Su mung'ambiri, mgenditi kumlola muntu gwa ntambu gaa? Mgenditi kumlola mbuyi gwa Mlungu? Yina nakaka, tuwona gavuwa nentu kuliku mbuyi.
၂၆ပရောဖက်ကို ကြည့်ရှုခြင်းငှါ သွားသလော့။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။
27 Yohani ayu ndo yumu yawamtakula mukulemba, kulonga, ‘Mlungu kalonga, hanumtumi mjumbi gwangu hakakulonguleri kukunyawira njira kwajili yaku.’”
၂၇ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါစေ လွှတ်၏ဟုဆုရာ၌ ထိုသူကိုဆိုလိုသနည်း။
28 Yesu kamaliriti kwa kulonga, “Nukugambirani, Yohani ndo mkulu kuliku woseri yawalikaliti pasipanu. Kumbiti yakaweriti mdidini Muwufalumi wa Mlungu ndo mkulu kuliku Yohani.”
၂၈ငါဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တ ယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ ကြီး မြတ်၏။
29 Wantu woseri wampikaniriti. Wantu wavuwa asa watola kodi ndo wagajimiriti Malagaliru Mananagala ga Mlungu, awa ndo walii Yohani yakawabatiziti.
၂၉အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏စကားကို ကြားနာရလျှင်၊ ဘုရားသခင်ကို ချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံကို ခံကြ၏။
30 Kumbiti Mafalisayu pamuhera na wafunda wa Malagaliru wagulemiti mpangu gwa Mlungu na wamlemiti Yohani kawabatizi.
၃၀ဖာရိရှဲနှင့် ကျမ်းတတ်တို့မူကား၊ သူတို့အကျိုး အလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော် ကို ပယ်၍ ယောဟန်၏ ဗတ္တိဇံကို မခံဘဲနေကြ၏။
31 Yesu kongera kulonga, “Vinu wantu wa mashaka aga walifana na shintu gaa?
၃၁ထိုကြောင့် ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း။ အဘယ်သူနှင့်တူသနည်း။
32 Walifana gambira wana yawalivaga pahala pa guliwu. Shipinga shimu shishigambizisiya shamonga, ‘Tuviniti msambu gwa ndowa kumbiti mwenga mvina ndiri! Twimba lwimbu lwa kudaya kumbiti mlila ndiri!’
၃၂ပွဲသဘင်၌ ထိုင်နေသောသူငယ်ချင်းတို့သည် တယောက်ကိုတယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည်မကကြ။ ညည်းတွားစွာမြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြော ဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။
33 Yohani Mbatiza pakiziti, koyiti kuliya na kalanda ndiri divayi, kumbiti mwenga mlongiti, ‘Kana washamshera!’
၃၃အကြောင်းမူကား၊ ဗတ္တိဇံဆရာယောဟန်သည် မုန့်ကိုမစား၊ စပျစ်ရည်ကိုမသောက်ဘဲ လာသည်ရှိ သော် သင်တို့က၊ ဤသူသည် နတ်ဆိုးစွဲသော သူပါတကားဟု ဆိုကြ၏။
34 Kiziti Mwana gwa Muntu, kaliyiti shiboga na kulanda, kumbiti mwenga mtakula, ‘Mumloli muntu ayu, Kana lwaliya na mkologeru, ganja gwa watola kodi na wanavidoda!’
၃၄လူသားသည် စားသောက်လျက်လာသည်ရှိသော်၊ ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ၏။
35 Kumbiti luhala lwa Mlungu luwonekana kuwera lwa nakaka kwa wantu woseri yawalijimira.”
၃၅သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်လွတ်၏ဟု မိန့်တော် မူ၏။
36 Mfalisayu yumu kamshemera Yesu walii shiboga sha pamihi pamuhera nayomberi na Yesu kingiriti mnumba mwa Mfarisayu na kulivaga pasi kuliya shiboga.
၃၆ဖာရိရှဲတယောက်သည် အစာကို သုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ ထိုဖာရိရှဲ၏ အိမ်သို့ကြွ၍ စားပွဲ၌လျောင်းတော်မူ၏။
37 Su palushi palii peniti na mdala yakaweriti na makaliru ga vidoda. Kapikaniriti handa Yesu kankuliya shiboga mnumba ya Falisayu, katoliti supa ya alabasta yayiweriti na utuli.
၃၇ထိုသို့စားပွဲ၌လျောင်းတော်မူသည်ကိုထိုမြို့၌ဆိုးသောမိန်းမတယောက်သည် သိလျှင်၊ ဆီမွှေး ကျောက်ဖြူ ခွင်တလုံးကို ယူခဲ့၍၊
38 Kagenda kagoloka pakwegera pamagulu pa Yesu pakalila na masozi gakuwi gamtulukiriti Yesu pamagulu. Kapukuta magulu ga Yesu kwa vilii zyakuwi na kunonera magulu, kagaswaga utuli.
၃၈နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကြလျှင် မိမိဆံပင် နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ၏။
39 Mfalisayu pakawoniti hangu, kalitakuliti pakalihola mumoyu mwakuwi, “Handa muntu ayu nakaka ndo mbuyi gwa Mlungu, hakavimani handa mdala yakakushinkula ka gaa, hakavimani makaliru ga vidoda ntambu yakawera nagu!”
၃၉ကိုယ်တော်ကို ခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကို ကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။
40 Yesu kamgambira Mfarisayu uliya, “Simoni, nana shintu shakukugambira.” Simoni kamwankula, “Yina mfunda gung'ambiri.”
၄၀ယေရှုကလည်း၊ အချင်းရှိမုန်၊ သင့်အား ငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊
41 Yesu kamgambira, “Kuweriti na wantu awili yawamkopiti muntu yakakopesha mpiya. Yumu kakopiti senti zivuwa na yumonga senti zivuwa ndiri.
၄၁ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြားငါးရာ၊ တယောက်၌ ကား ငါးဆယ်ကြွေးရှိ၏။
42 Pawasinditi kulipa uwanda wawu, muntu uliya kawalekiziya woseri awili. Vinu pakati pa wantu awili walii, yoshi hakamfiri nentu muntu ayu yakawalekiziyiti?”
၄၂သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။
43 Simoni kamwankula, “Nuvimana kuwera, ulii yawamlekiziyiti uwanda mkulu nentu” Yesu kamgambira, “Gutakula nweri.”
၄၃ရှိမုန်ကလည်း၊ သာ၍ကျေးဇူးကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ဟု လျှောက် လျှင်၊ ယေရှုက၊ သင်ထင်သည်အတိုင်း မှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊
44 Kamgalambukira mdala uliya na kumgambira Simoni, “Gumwona mdala ayu? Niziti pakaya paku, gunupa ndiri mashi gakunaviya magulu gangu, kumbiti mdala ayu kaganaviya magulu gangu kwa masozi gakuwi na kumpukuta kwa vilii zyakuwi.
၄၄ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကိုမြင်သလော။ သင်၏အိမ်သို့ ငါဝင်သော် သင်သည် ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေ ပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။
45 Gwenga gunamsiya ndiri kwa kunonera, kumbiti mdala ayu kwanjira paningiliti kaweriti pakanonera magulu gangu.
၄၅သင်သည် ငါ့ကိုမနမ်း၊ သူမူကား၊ အိမ်သို့ဝင်သောအချိန်မှစ၍ ငါ့ခြေကို နမ်းလျက်မစဲဘဲနေ၏။
46 Gwenga gunswagaziya ndiri lipaki mumtuwi mwangu, kumbiti mdala ayu kagapakaziya magulu gangu kwa utuli.
၄၆သင်သည်ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကို ဆီမွှေးနှင့်လိမ်းလေပြီ။
47 Su nukugambira, kwa kufira kwakuwi kukulu kulanguziyiti nakaka kuwera vidoda vivuwa vyakaweriti navyi vilekiziwa. Kumbiti ulii yakalekiziwa padidini kalanguziya kufira padidini hera.”
၄၇ထိုကြောင့် ငါဆိုသည်ကား၊ သူသည် များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ်လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ၏။
48 Su Yesu kamgambira mdala uliya, “Gulekiziwa vidoda vyaku.”
၄၈ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။
49 Wantu wamonga yawaweriti walivaga pameza wanjiti kulitakuliziyana weni pawalonga, “Ayu gaa yakaweza kulekiziya vidoda?”
၄၉စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။
50 Kumbiti Yesu kamgambira mdala uliya, “Kujimira kwaku kukulopoziya, gugendi kwa ponga.”
၅၀ယေရှုသည် ထိုမိန်းမအားသင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ၏။

< Luka 7 >