< Luka 11 >
1 Lishaka limu Yesu kaweriti pahala tunga pakaluwa Mlungu. Pakamaliriti kuluwa Mlungu, yumu gwa wafundwa wakuwi kamgambira, “Mtuwa, gutufundi kuluwa Mlungu gambira Yohani Mbatiza ntambu yakawafunditi wafundwa wakuwi.”
၁အခါတစ်ပါး၌ကိုယ်တော်သည်တစ်ခုသော အရပ်တွင်ဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။ ဆုတောင်းပတ္ထနာပြီးဆုံးသောအခါ တပည့်တော်တစ်ဦးက ``အရှင်ဘုရား၊ ယောဟန် သည်မိမိ၏တပည့်များအားဆုတောင်းပတ္ထ နာပြုရန်နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား လည်းပေးတော်မူပါ'' ဟုလျှောက်ထား၏။
2 Yesu kawagambira, “Pamluwa Mlungu mlongi hangu, ‘Tati, Litawu lyaku likwiswi, Ufalumi waku wizi.
၂ကိုယ်တော်က ``သင်တို့ဆုတောင်းပတ္ထနာပြုသော အခါ၊ `အို အဖ၊ကိုယ်တော်ရှင်၏နာမတော်ကို ရိုသေလေးမြတ်ကြပါစေသော။ ကိုယ်တော်ရှင်၏အုပ်စိုးတော်မူခြင်းရှိပါ စေသော။
3 Gutupanani shiboga shetu sha kila lishaka
၃လိုအပ်သောအစားအစာကိုအကျွန်ုပ်တို့အား၊ နေ့စဉ်နေ့တိုင်းပေးသနားတော်မူပါ။
4 Gutulekiziyi vidoda vyetu, Mana twenga tuwalekeziya woseri yawatutenditi upyota. Pota nagututula mukujerwa.’”
၄အကျွန်ုပ်တို့အားသူတစ်ပါးတို့မှားမိသည့် အပြစ်များကို၊ အကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့အကျွန်ုပ် တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။ အကျွန်ုပ်တို့သည်လွန်ကဲသောစုံစမ်းသွေး ဆောင်ခြင်းကို မခံရပါစေနှင့်' ဟူ၍မြွက်ဆိုကြလော့'' ဟုမိန့်တော်မူ၏။
5 Na Yesu kawagambira wantumintumi wakuwi, “Payiwera yumu gwenu pakagenda ukaya kwa ganja gwakuwi pashiru na kumgambira, ‘Ganja, shondi shondi nyagu gunkopeshi mabumunda mitatu.
၅ထိုနောက်ကိုယ်တော်က ``သင်တို့တွင်တစ်စုံတစ် ယောက်သောသူသည်သန်းခေါင်အချိန်၌မိတ် ဆွေတစ်ဦး၏အိမ်သို့သွား၍ `အဆွေ၊ ကျွန်ုပ်၏ အိမ်သို့ခရီးသည်မိတ်ဆွေတစ်ယောက်ရောက်ရှိ လာပါသည်။ ကျွန်ုပ်တို့ထံတွင်သူ့အားကျွေး စရာဘာမျှမရှိသဖြင့် မုန့်သုံးလုံးကိုချေး လိုပါသည်' ဟုဆိုသော်၊-
6 Ganja gwangu yakaweriti mumwanja, kapitira pakaya pangu na neni nahera shiboga shakumupa.’
၆
7 Na payiwera ganja gwaku kankuwankula kulawa mnumba, ‘Nagung'aziya! Mlyangu gutatwa kala, neni pamuhera na wana wangu tugonja kala. Na hapeni numuki kukupanani shintu shoseri.’
၇အိမ်ရှင်က `ကျွန်ုပ်ကိုမနှောင့်ယှက်ပါနှင့်။ အိမ် တံခါးကိုပိတ်ထားပြီးလေပြီ။ သားသမီး များနှင့်ကျွန်ုပ်သည်အိပ်ရာဝင်ကြပြီးဖြစ် ၏။ ထို့ကြောင့်ကျွန်ုပ်ထ၍သင့်အားဘာမျှ မပေးနိုင်ပါ' ဟုအိမ်တွင်းမှပြောလိမ့်မည်။-
8 Nakaka nankuwagambirani, ata pakalema kwimuka na kukupanani mabumunda toziya gwenga gwa ganja gwakuwi, kumbiti pagwendereya kumgaziya kwa kumluwa hakimuki na kukupanana shoseri shagufira.
၈အိမ်ရှင်သည်မိတ်ဆွေတစ်ဦးအနေဖြင့်အိပ်ရာ မှထ၍သူ့အားမုန့်များကိုပေးလိမ့်မည်မဟုတ်။ သို့သော်လည်းထိုသူသည်အရှက်အကြောက် ကင်းမဲ့စွာဆက်လက်တောင်းခံနေသောကြောင့် အိမ်ရှင်သည်ထ၍လိုသမျှသောမုန့်များ ကိုပေးလိမ့်မည်။-
9 “Su nankuwagambira, guluwi na hampananwi, gusakuli na haguwoni, gutendi hodi na hamvugulirwi.
၉သင်တို့အားငါဆိုသည်ကားတောင်းကြလော့၊ တောင်းလျှင်ရကြလိမ့်မည်။ ရှာကြလော့၊ ရှာ လျှင်တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြ လော့၊ ခေါက်လျှင်တံခါးကိုဖွင့်လိမ့်မည်။-
10 Mana woseri yawaluwa hawapananwi na woseri yawasakula, hawawoni na mlyangu haguvugulwi kwa kila muntu yakatenda hodi.
၁၀တောင်းသူသည်ရလိမ့်မည်။ ရှာသောသူသည် တွေ့လိမ့်မည်။ တံခါးကိုခေါက်သောသူအား တံခါးကိုဖွင့်ပေးလိမ့်မည်။-
11 Mwana pakamluwa tati gwakuwi somba, hashi hakampanani njoka badala ya somba?
၁၁သင်တို့တွင်အဘယ်ဖခင်သည်မိမိ၏သား ကငါးကိုတောင်းလျှင်မြွေကိုပေးမည်နည်း။-
12 Na pakamluwa ligi, hakampanani shipinini?
၁၂ကြက်ဥကိုတောင်းလျှင်ကင်းမြီးကောက်ကို ပေးမည်နည်း။-
13 Su payiwera mwenga yamuwera na vidoda, muvimana kuwapanana viherepa vyawaluwa wana wenu. Nakaka Tati gwenu gwakumpindi hakatendi kupita mwenga, hakawapanani Rohu Mnanagala walii yawamluwa!”
၁၃သင်တို့သည်ဆိုးသောသူများဖြစ်လျက်ပင် သားသမီးများအားအကောင်းကိုပေးတတ် လျှင်ကောင်းကင်ဘုံရှင်သင်တို့အဖသည် တောင်းလျှောက်သောသူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ် လော'' ဟုမိန့်တော်မူ၏။
14 Yesu kaweriti kankumwinga shamshera yakamtenditi muntu yumu kaweri bubu. Su shamshera ulii pakamlawiti, muntu ulii kaweziti kutakula. Lipinga lya wantu lilikangashiti,
၁၄သခင်ယေရှုသည်ဆွံ့အသောနတ်မိစ္ဆာကို နှင်ထုတ်တော်မူ၍နတ်မိစ္ဆာထွက်သွားသည် နောက်ဆွံ့အသောသူသည်စကားပြော လေ၏။ လူပရိသတ်တို့သည်များစွာအံ့သြ ကြ၏။-
15 kumbiti wantu wamu mulipinga lilii walonga, “Belizebuli, mkulu gwa washamshera ndo yakampananiti makakala ga kuwalaviya washamshera.”
၁၅သို့ရာတွင်လူအချို့က ``ကိုယ်တော်သည်နတ် မိစ္ဆာဘုရင်ဗေလဇေဗုလကိုအမှီပြု၍နတ် မိစ္ဆာများကိုနှင်ထုတ်သည်'' ဟုဆိုကြ၏။
16 Wamonga wafiriti kumjera Yesu, su wamgambira kawalanguziyi mauzauza kulonga nakaka Mlungu ndo yakamtumiti.
၁၆အချို့ကကိုယ်တော်အားပရိယာယ်ဆင် ၍ ``ကောင်းကင်မှနိမိတ်လက္ခဏာတစ်ရပ် ကိုပြတော်မူပါ'' ဟုတောင်းခံကြ၏။-
17 Kumbiti Yesu kavimaniti kala shawalihola, su kawagambira, “Ufalumi woseri waubagulika weni vipinga vipinga vyavisingana vyeni hapeni vilikali, kaya payibagulika yeni mpaka iyagamili.
၁၇ကိုယ်တော်သည်ထိုသူတို့၏အကြံအစည်ကို သိတော်မူသဖြင့် ``တိုင်းနိုင်ငံတစ်ခုတွင်လူ တို့စိတ်ဝမ်းကွဲပြားလျက်နေလျှင် ထိုနိုင်ငံသည် မကြာမီပျက်စီးမည်သာဖြစ်၏။ အိမ်ထောင်တစ် ခုတွင်အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြား လျက်နေလျှင် ထိုအိမ်ထောင်သည်ပျက်စီး မည်သာဖြစ်၏။-
18 Su handa ufalumi wa Shetani pawuwera muvipinga na pawalikoma weni, hawuendereyi hashi? Mlonga kuwera ndaviya washamshera toziya Belizebuli kanupiti makakala ga kutenda aga,
၁၈ထို့ကြောင့်စာတန်၏နိုင်ငံတွင်စိတ်ဝမ်းကွဲပြား မှုရှိလျှင် အဘယ်သို့လျှင်ရပ်တည်နိုင်မည်နည်း။ ငါသည်ဗေလဇေဗုလကိုအမှီပြု၍ နတ်မိစ္ဆာ များကိုနှင်ထုတ်သည်ဟုသင်တို့ဆိုကြ၏။-
19 handa neni nankuwawusiya washamshera kwa likakala lya belizebuli, hashi wafata wenu wawawusiya kwa uwezu gaa? Wafata wenu hawaweri watoza wenu!
၁၉အကယ်၍ငါသည်ဗေလဇေဗုလကိုအမှီ ပြု၍နတ်မိစ္ဆာများကိုနှင်ထုတ်သည်ဆိုပါမူ သင်တို့၏တပည့်များကားမည်သူကိုအမှီ ပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြသနည်း။ ထိုသူတို့ကပင်လျှင်သင်တို့မှားကြောင်း သက်သေထူကြ၏။-
20 Kumbiti payiwera nankuwinga washamshera kwa makakala ga Mlungu, su muvimani kuwera Ufalumi wa Mlungu usoka kala kwa mwenga.
၂၀သို့ရာတွင်ငါသည်ဘုရားသခင်၏တန်ခိုး တော်အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည် ဖြစ်သောကြောင့် ဘုရားသခင်၏နိုင်ငံတော် သည်သင်တို့တွင်တည်လျက်ရှိလေပြီ။''
21 “Muntu kana makakala pakawera na silaha zoseri, pakalolera numba yakuwi mweni, vyoseri vyakaweriti navi haviweri salama.
၂၁``ခွန်အားကြီးသူသည်လက်နက်စုံနှင့် မိမိ အိမ်ကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာ ပစ္စည်းများသည်လုံခြုံမှုရှိ၏။-
22 Kumbiti pakiza muntu kana makakala kuliku yomberi pakamkoma na kumsinda, hakatoli silaha zoseri zakalitumbiriti muntu ulii na kugawana ulunda wakuwi.
၂၂သို့ရာတွင်ထိုသူထက်ခွန်အားကြီးသူသည် ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်မြင်သော အခါ သူအားကိုးအားထားပြုသည့်လက် နက်များကိုသိမ်းယူသွားလိမ့်မည်။ တိုက်ခိုက် ၍ရရှိသောဥစ္စာပစ္စည်းများကိုလည်းခွဲ ဝေလိမ့်မည်။''
23 “Yoseri yakawera ndiri uwega wa neni ndo nakaka kanema neni na yoseri yakajojinira ndiri pamuhera na neni, ayu ndo kapalasiya.
၂၃``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။''
24 “Shamshera pakawingwa kulawa kwa muntu, kayerayera mlaa mushiwala pakasakula pakwoyera. Pakapata ndiri pakwoyera, kalitakuziya mweni, ‘Hambuyi kunumba kwangu kwandawiti.’
၂၄``ညစ်ညမ်းသောနတ်သည်လူထဲကထွက်သည့် အခါခြောက်သွေ့ရာအရပ်သို့လှည့်လည်၍ နားစရာနေရာကိုရှာတတ်၏။ ရှာမတွေ့ လျှင် `ငါယခင်နေခဲ့သည့်နေရာသို့ပင် ပြန်ပါအံ့' ဟုဆို၏။-
25 Pakawuya na kwona numba ilii wayifyagira na kuyiherepiziya.
၂၅သို့ဖြစ်၍သူသည်ထိုနေရာသို့ပြန်သွား သောအခါ သပ်ရပ်စွာလှဲကျင်းထားသည် ကိုတွေ့သော်၊-
26 Su kagenda kuwatola washamshera wayaguwi wamonga saba wadoda kuliku yomberi, woseri wagenda kumwingira muntu ayu. Su ntambu ya muntu ayu hayiweri idoda kuliku ntambu yayiweriti kwanja.”
၂၆မိမိထက်ညစ်ညမ်းသောနတ်ခုနစ်ဦးကိုခေါ် ခဲ့ပြီးလျှင်ထိုနေရာတွင်နေလေ၏။ သို့ဖြစ် ၍နတ်ပူးဝင်သူ၏နောက်ဆုံးဖြစ်အင်သည် ပထမဖြစ်အင်ထက်ဆိုးလေ၏'' ဟုမိန့် တော်မူ၏။
27 Yesu pakaweriti kankutakula hangu, mdala yumu kulawa mulipinga lya wantu kamgambira, “Mbaka mdala yakakuleriti na kukunoniziya!”
၂၇သခင်ယေရှုသည်ဤသို့မိန့်တော်မူပြီး သောအခါ လူပရိသတ်ထဲကအမျိုးသမီး တစ်ယောက်သည် ``အရှင့်ကိုမွေး၍နို့တိုက် ရသောအမျိုးသမီးသည်မင်္ဂလာရှိပါ၏'' ဟုလျှောက်၏။
28 Kumbiti Yesu kamwankula, “Mbaka nentu kwa walii yawapikanira shisoweru sha Mlungu na kushijimira”
၂၈သို့ရာတွင်ကိုယ်တော်က ``ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍လိုက်နာသူသည် မင်္ဂလာရှိ၏ဟုဆိုလျှင်ပို၍သင့်မြတ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။
29 Lipinga lya wantu palimzingiti Yesu, kendereyiti kutakula, “Shiyiwuku shikondola na shashihera uwaminika kulongolu kwa Mlungu! Mfira mauzauza, kumbiti hapeni mpananwi liuzauza lyoseri lilii ira hampananwi liwuzawuza lya Yona.”
၂၉လူပရိသတ်တို့သည်စုရုံးလျက်နေကြစဉ် ကိုယ်တော်က ``ယခုခေတ်လူတို့သည်အလွန် ဆိုးညစ်လှပါသည်တကား။ သူတို့သည်နိမိတ် လက္ခဏာကိုတောင်းဆိုကြ၏။ သို့ရာတွင်ယောန ၏နိမိတ်လက္ခဏာမှတစ်ပါးအဘယ်နိမိတ် လက္ခဏာကိုမျှသူတို့အားပြလိမ့်မည်မဟုတ်။-
30 Ntambu ira ilii Yona mbuyi gwa Mlungu pakaweriti lilangaliru kwa wantu wa Ninawi, su Mwana gwa Muntu hakaweri lilangaliru kwa wantu wa mashaka aga.
၃၀နိနေဝေမြို့သားတို့အတွက်ယောနသည် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ဤခေတ်လူတို့ အတွက်လူသားသည်လည်းနိမိတ်လက္ခဏာ ဖြစ်ပေအံ့။-
31 Malikiya gwa kusika hakalawili shipindi shiyiwuku ashi pashitozwa na yomberi hakawatozi. Toziya mweni kagenditi mwanja kulawa kutali, kiziti kuvipikinira visoweru vya luhala lwa mfalumi Selemani, kumbiti panu kwana mkulu kuliku Selemani!
၃၁ရှေဘပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရ အောင်ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာ ရောက်ခဲ့၏။ ယခုအခါ၌မူရှောလမုန်ထက် ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။ သို့ ဖြစ်၍တရားစီရင်တော်မူရာနေ့တွင်ရှေဘ ပြည်ဘုရင်မသည်ထ၍ထိုသူတို့အားပြစ် တင်စွပ်စွဲလိမ့်မည်။-
32 Mulishaka lya kutoza, wantu wa Ninawi hawagoloki pamuhera na shiyiwuku ashi na womberi hawashitozi. Toziya wantu wa Ninawi walekiti vidoda vyawatenditi pawamupikaniriti Yona pakabwera, kumbiti panu kwana shitwatila shikulu kuliku Yona.
၃၂နိနေဝေမြို့သားတို့သည်ယောနဟောပြော သွန်သင်ချက်ကြောင့်နောင်တရခဲ့ကြ၏။ ယခု မှာမူယောနထက်ကြီးမြတ်သည့်အရာရောက် ရှိနေလေပြီ။ တရားစီရင်တော်မူရာနေ့၌ နိနေဝေမြို့သားတို့သည်ထ၍ဤလူတို့ အားပြစ်တင်စွပ်စွဲကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
33 “Kwahera muntu yakawasha shikoroboyi na kushigubikira na mufiniku, ira hakashituli pashintambi, su wantu pawingira mnumba wapati kuwona kulangala.
၃၃လူတို့သည် ``ဆီမီးကိုထွန်းညှိ၍ဖုံးကွယ်ထား လေ့မရှိ။ တောင်းဖြင့်လည်းအုပ်ထားလေ့မရှိ။ အိမ်ထဲသို့ဝင်လာသူများအလင်းရစေရန် မီးတင်ခုံပေါ်မှာတင်ထားလေ့ရှိ၏။-
34 Masu gaku ga gambira shikoloboyi sha nshimba. Masu gaku pagawera makomu, nshimba yaku yoseri hayiweri ilangala, kumbiti masu gaku pagawera gaherepa ndiri, nshimba yaku yoseri hayiweri muluwindu.
၃၄မျက်စိသည်ကိုယ်ခန္ဓာအတွက်ဆီမီးသဖွယ်ဖြစ် ၏။ မျက်စိကောင်းလျှင်သင်၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။ မျက်စိမကောင်းလျှင်မူကား သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်မှောင်လျက် နေလိမ့်မည်။-
35 Su gwikali weri, gulangala gwaguweriti mngati mwaku naguwera luwindu.
၃၅သို့ဖြစ်၍သင်တို့တွင်ရှိသည့်အလင်းသည် အမှောင်မဖြစ်စေရန်သတိပြုကြလော့။-
36 Handa nshimba yaku yoseri paiwera ilangala, pota kuwera pahala poseri pa luwindu, nshimba ayi hayilangali nakaka gambira shikoloboyi ntambu yashikulangalira kwa gulangala wakuwi.”
၃၆အကယ်၍သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်ကွက်လုံးဝမရှိဘဲလင်းလျက်နေလျှင် ဆီမီးသည်တောက်ပသောအလင်းဖြင့်သင့် အပေါ်၌ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ် ခန္ဓာတစ်ခုလုံးသည်အလင်းနှင့်ပြည့်လိမ့် မည်'' ဟုမိန့်တော်မူ၏။
37 Yesu pakamaliriti kulonga, Mfalisayu yumu kamshemeriti ukaya kwakuwi waliyi shiboga pamuhera, su Yesu kagenditi na kulivaga kuliya shiboga.
၃၇ထိုသို့ကိုယ်တော်မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားည စာသုံးဆောင်တော်မူရန်ပင့်ဖိတ်၏။-
38 Mafalisayu walikangasha pawamwoniti kankuliya shiboga pota kugulula huti mawoku.
၃၈ကိုယ်တော်သည်ထိုသူ၏အိမ်သို့ကြွ၍စားပွဲ တွင်ထိုင်တော်မူ၏။ ဤသို့အစားအစာမသုံး ဆောင်မီကိုယ်တော်သည်ဆေးကြောခြင်းပြု တော်မမူသည်ကိုထိုဖာရိရှဲမြင်သောအခါ အံ့သြလေ၏။-
39 Su Mtuwa kamgambira, “Mwenga Mafalisayu mgulula vikombi na sahani kwa kunja kumbiti mngati mmema lwamata na vidoda.
၃၉သခင်ဘုရားက ``သင်တို့ဖာရိရှဲများသည်ပန်း ကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ်အောင် ဆေးကြောကြသော်လည်းသင်တို့၏စိတ်အတွင်း မှာကားအကြမ်းဖက်မှု၊ ဆိုးညစ်မှုတို့ဖြင့်ပြည့် လျက်နေ၏။-
40 Mwawazyigizyigi mwenga! Mlungu ndo yakanyawiti kunja, kayi kanyawiti mngati.
၄၀အချင်းလူမိုက်တို့၊ ပြင်ပသဏ္ဌာန်ကိုဖန်ဆင်း တော်မူသောအရှင်သည် အတွင်းသဏ္ဌာန်ကို လည်းဖန်ဆင်းတော်မူသည်မဟုတ်လော။-
41 Kumbiti muwayupi wahushu shilii shashiweriti muvikombi na musahani na kila shintu hashiweri shiherepa kwa mwenga.
၄၁သို့ရာတွင်သင်တို့၏ပန်းကန်ခွက်ယောက် များတွင်ရှိသည့်အရာများကိုဆင်းရဲသူ များအားပေးကမ်းကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည်သင်တို့အတွက်သန့် စင်လိမ့်မည်။''
42 “Shondi mwenga Mafalisayu! Mwankumupa Mlungu zaka zya binzari na mshisha na mihamba yamonga na uganu pamlema yagamfiriziya Mlungu na ufiru wa Mlungu. Vitwatila avi mfiruwa muviloli weri pota na kulyaluwa vyamonga.
၄၂``ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်ပင်စိမ်းရွက်၊ လူရွက်နှင့်အခြား ဆေးဖက်ဝင်အရွက်အမျိုးမျိုးကိုဆယ်ဖို့ တစ်ဖို့ပေးလှူကြသော်လည်းတရားမျှတ မှုနှင့်ဘုရားသခင်အားကြည်ညိုမှုတို့ကို လျစ်လူရှုကြသည်။ သင်တို့သည်ဆယ်ဖို့ တစ်ဖို့ပေးလှူခြင်းကိုတရားမျှတမှုနှင့် ဘုရားသခင်အားကြည်ညိုမှုတို့ကိုပါ ကျင့်သုံးသင့်၏။''
43 “Shondi mwenga Mafalisayu! Mfira kulivaga palongolu pawapapanana ligoya munumba za Mlungu na kukulamsiyani kwa ligoya pahala pa soku.
၄၃``အချင်းဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်တရားဇရပ်များတွင် မြင့်မြတ်သောနေရာများကိုလည်းကောင်း၊ စျေးရပ်ကွက်တွင်လူတို့အလေးပြုခြင်း ကိုလည်းကောင်းနှစ်သက်ကြ၏။-
44 Shondi mwenga! Toziya mulifana na mapumba yagalififa, wantu pawagendagenda kunani kwakuwi pota na kuvimana.”
၄၄သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမှတ်အသားမရှိသည့်သင်္ချိုင်းတွင်းများနှင့် တူ၏။ လူတို့သည်ထိုတွင်းများအပေါ်မှာ လျှောက်၍သွားကြသောအခါသင်္ချိုင်းတွင်း ဖြစ်မှန်းကိုမသိကြ'' ဟုမိန့်တော်မူ၏။
45 Yumu gwa Wafunda wa Malagaliru kamgambira, “Mfunda, pagutakuliti hangu, gutuhigilanga na twenga vilavi.”
၄၅ကျမ်းတတ်ဆရာတစ်ယောက်က ``ဆရာတော်၊ အရှင်ဤသို့မိန့်တော်မူသည်မှာအကျွန်ုပ် တို့ကိုလည်းစော်ကားရာရောက်ပါသည်'' ဟု လျှောက်၏။
46 Yesu kamwankula, “Shondi mwenga wafunda wa Malagaliru! Muwatwika wantu visanka vipapika ndiri, kumbiti mwaweni mwenga muweza ndiri ata kwa shala kuwatanga.
၄၆ကိုယ်တော်က ``အချင်းကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်းအမင်္ဂလာရှိကြ၏။ အထမ်း ရခက်သည့်ဝန်ထုပ်များကိုသင်တို့သည်လူ များအားထမ်းစေကြလျက်သင်တို့ကိုယ်တိုင် မူကားထိုဝန်ထုပ်များကိုလက်ဖျားနှင့်မျှ မတို့ကြ။-
47 Shondi mwenga! Mganyawa mapumba gaherepa ga wambuyi wa Mlungu, weni wazewi wenu wawalagiti.
၄၇သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့၏ ဘိုးဘေးများကသတ်သောပရောဖက်များ အတွက်သင်တို့ကဂူများတည်ဆောက်ပေး ကြ၏။-
48 Su mgapitawulira na kugajimira galii gawatenditi wazewi wenu, wawalagiti wambuyi wa Mlungu, na mwenga mugajengera mapumba gawu.
၄၈ဤသို့လျှင်သင်တို့၏ဘိုးဘေးများကူးလွန် ခဲ့သည့်အမှုများတွင် သင်တို့အလိုတူအလို ပါဖြစ်ကြ၏။ သင်တို့၏ဘိုးဘေးများသည် ပရောဖက်များကိုသတ်၍ သင်တို့ကသင်္ချိုင်း များကိုတည်ဆောက်ပေးကြ၏။-
49 Toziya ayi Luhala lya Mlungu lutakuliti hangu, ‘Hanuwajegeri wambuyi wa Mlungu na wantumintumi, kumbiti hawawalagi wambuyi wa Mlungu wamu na kuwatabisiya wamonga.’
၄၉သို့ဖြစ်ခြင်းကြောင့်ဘုရားသခင်သည်ရွှေ ဉာဏ်တော်ဖြင့်`ဤလူများထဲသို့ပရောဖက် များ၊ စေတမန်များကိုငါစေလွှတ်မည်။ ထို ပရောဖက်များ၊ စေတမန်များအနက်အချို့ ကိုသူတို့ညှဉ်းဆဲ၍အချို့ကိုသတ်ကြလိမ့် မည်' ဟုမိန့်တော်မူ၏။-
50 Su wantu wa shipindi ashi hawatozwi kwa kuwalaga wambuyi wa Mlungu kwanjira pawanyawiti pasipanu,
၅၀သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။
51 kwanjira pawamlagiti Abeli mpaka Zakariya ulii yawamlagiti pakati pashitalawanda sha kutambikira, pahala Pananagala. Yina, nakuwagambira, wantu wa shipindi ashi hawatozwi kwa matendu gawu.
၅၁
52 “Shondi mwenga wafunda wa Malagaliru! Muufifa ufunguu ulii wa mlyangu gwa mahala na mwaweni mwenga hapeni mwingiri na muwalewelera woseri yawafira kwingira nawingira.”
၅၂``ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်အသိပညာဗိမာန် တံခါးသော့ကိုသိမ်းထားပြီးလျှင်ကိုယ်တိုင် လည်းမဝင်၊ ဝင်လိုသူများကိုလည်းဆီးတား ကြ၏'' ဟုမိန့်တော်မူ၏။
53 Pakaweriti kankuwuka palii, wafunda wa Malagaliru pamuhera na Mafalisayu wanjiti kumgambira pawambeziya nentu na kumkosiya kwajili ya vintu vivuwa,
၅၃ထိုအရပ်မှကိုယ်တော်ထွက်ကြွတော်မူသော အခါကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ သည် ကိုယ်တော်အားပြင်းထန်စွာဝေဖန်မှုကို စတင်ပြုလုပ်လာကြ၏။-
54 pawajera kumgomiziya pakatakula shintu shipayira su wapati pakumbatira.
၅၄နှုတ်တော်ထွက်စကားတွင်အမှားရှာရန် များစွာသောအကြောင်းအရာတို့ကိုမေး မြန်းကြ၏။