< اعداد 12 >

روزی مریم و هارون موسی را به علّت اینکه زن او حبشی بود، سرزنش کردند. 1
မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဘက် သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့် အာရုန်သည် မောရှေကို အပြစ်တင်လျက်၊
آنها گفتند: «آیا خداوند فقط به‌وسیلۀ موسی سخن گفته است؟ مگر او به‌وسیلهٔ ما نیز سخن نگفته است؟» خداوند سخنان آنها را شنید. 2
အကယ်၍ ထာဝရဘုရားသည်၊ မောရှေအား ဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရ ဘုရားကြားတော်မူ၏။
موسی متواضع‌ترین مرد روی زمین بود. 3
မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ၏။
پس خداوند بی‌درنگ موسی و هارون و مریم را به خیمهٔ ملاقات فرا خوانده فرمود: «هر سه نفر شما به اینجا بیایید.» پس ایشان در حضور خداوند ایستادند. 4
ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက် သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ လော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ၍ သူတို့သည် ထွက်သွားကြ၏။
آنگاه خداوند در ستون ابر نازل شده، در کنار در خیمۀ عبادت ایستاد و فرمود: «هارون و مریم جلو بیایند» و ایشان جلو رفتند. 5
ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ် လျက်၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။
خداوند به ایشان گفت، «سخنان مرا بشنوید: هرگاه یک نبی در میان شما باشد من که خداوندم، خود را در رویا به او آشکار می‌کنم و در خواب با وی سخن می‌گویم. 6
ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရား သည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။
ولی با موسی که خدمتگزار من است به این طریق سخن نمی‌گویم، چون او قوم مرا با وفاداری خدمت می‌کند. 7
အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ ကျွန်မောရှေသည် ထိုသို့မဟုတ်။
من با وی رو در رو و آشکارا صحبت می‌کنم، نه با رمز، و او تجلی خداوند را می‌بیند. چطور جرأت کردید او را سرزنش کنید؟» 8
သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကား အားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ့်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူ လျက်၊
پس خشم خداوند بر ایشان افروخته شد و خداوند از نزد ایشان رفت. 9
အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွား တော်မူသဖြင့်၊
به محض اینکه ابر از روی خیمهٔ عبادت برخاست، بدن مریم از مرض جذام سفید شد. وقتی هارون این را دید، 10
၁၀မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊
نزد موسی فریاد برآورد: «ای سرورم، ما را به خاطر این گناه تنبیه نکن، زیرا این گناه ما از نادانی بوده است. 11
၁၁အို အကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့်၊ အကျွန်ုပ်တောင်းပန်ပါ၏။
نگذار مریم مثل بچهٔ مرده‌ای که موقع تولد، نصف بدنش پوسیده است، شود.» 12
၁၂ဘွားစကပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်း ပန်လျှင်၊
پس موسی نزد خداوند دعا کرده، گفت: «ای خدا، به تو التماس می‌کنم او را شفا دهی.» 13
၁၃မောရှေက၊ အို ဘုရားသခင်၊ သူ၏အနာကို ပျောက်စေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။
خداوند به موسی فرمود: «اگر پدرش آب دهان به صورت او انداخته بود آیا تا هفت روز شرمنده نمی‌شد؟ حالا هم باید هفت روز خارج از اردوگاه به تنهایی به سر برد و بعد از آن می‌تواند دوباره بازگردد.» 14
၁၄ထာဝရဘုရားကလည်း၊ သူ၏ အဘသည် သူ၏ မျက်နှာကို တံထွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည် မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန်ဝင်စေဟု မောရှေ အား မိန့်တော်မူသည်အတိုင်း၊
پس مریم مدت هفت روز از اردوگاه اخراج شد و قوم اسرائیل تا بازگشت وی به اردوگاه صبر نموده، پس از آن دوباره کوچ کردند. 15
၁၅မိရိအံကို နှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရ၏။ မိရိအံအနာမပျောက်မှီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲ နေကြ၏။
سپس از حضیروت کوچ کرده، در صحرای فاران اردو زدند. 16
၁၆ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း၍ ပါရန် တော၌ တဲဆောက်ကြ၏။

< اعداد 12 >