< نحمیا 13 >
در همان روز، وقتی تورات موسی برای قوم اسرائیل خوانده میشد، این مطلب را در آن یافتند که عمونیها و موآبیها هرگز نباید وارد جماعت قوم خدا شوند. | 1 |
၁ထိုနေ့ရက်ကာလ၌ မောရှေ၏ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဘတ်ရွတ်သောအခါ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင်၏ ပရိသတ်တော်ထဲ သို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ၏။
این دستور بدان سبب بود که آنها با نان و آب از بنیاسرائیل استقبال نکردند، بلکه بلعام را اجیر نمودند تا ایشان را لعنت کند، ولی خدای ما لعنت او را به برکت تبدیل کرد. | 2 |
၂အကြောင်းမူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမကြိုဆို၊ ကျိန်ဆဲစေ ခြင်းငှါ ဗာလံကိုငှါးကြ၏။ သို့ရာတွင် ငါတို့၏ ဘုရား သခင်သည် ကျိန်ဆဲသော စကားကို ကောင်းကြီးပေး သော စကားဖြစ်စေတော်မူ၏။
وقتی این قسمت خوانده شد، قوم اسرائیل افراد بیگانه را از جماعت خود جدا ساختند. | 3 |
၃ထိုတရားကို ကြားသောအခါ၊ အမျိုးမစစ်သော သူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ၏။
الیاشیب کاهن که انباردار انبارهای خانهٔ خدا و دوست صمیمی طوبیا بود، | 4 |
၄အရင်တခါ ငါတို့ဘုရားသခင်၏ အိမ်တော်ပြင် ခန်းကို အုပ်သော ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် တောဘိနှင့် ပေါက်ဘော်တော်သည် ဖြစ်၍၊
یکی از اتاقهای بزرگ انبار را به طوبیا داده بود. این اتاق قبلاً انبار هدایای آردی، بخور، ظروف خانهٔ خدا، دهیک غله، شراب و روغن زیتون بود. این هدایا متعلق به لاویان، دستهٔ سرایندگان و نگهبانان بود. هدایای مخصوص کاهنان نیز در این اتاق نگهداری میشد. | 5 |
၅ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ တန်ဆာ မျိုးကို၎င်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ်တို့အား လှူရ သော အလှူတို့ကို၎င်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဘို့ ပြင်ဆင်၏။
در این موقع من در اورشلیم نبودم، چون در سال سی و دوم سلطنت اردشیر، پادشاه پارس، که بر بابِل حکومت میکرد، من نزد او رفته بودم. پس از مدتی دوباره از او اجازه خواستم تا به اورشلیم بازگردم. | 6 |
၆ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံ သုံးဆယ်နှစ် နှစ်တွင် အထံတော်သို့ သွားရ၏။ အင်တန်ကာလ ကြာပြီးမှ၊ ရှင်ဘုရင်ထံတော်၌ အခွင့်ရ၍၊
وقتی به اورشلیم رسیدم و از این کار زشت الیاشیب باخبر شدم که در خانهٔ خدا برای طوبیا اتاقی فراهم کرده بود | 7 |
၇ယေရုရှလင်မြို့သို့ရောက်သောအခါ၊ ဧလျာရှိပ် သည် ဘုရားသခင်၏ အိမ်တော်တန်တိုင်းထဲမှာ အခန်းကို တောဘိအဘို့ ပြင်ဆင်၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ၏။
بسیار ناراحت شدم و اسباب و اثاثیه او را از اتاق بیرون ریختم. | 8 |
၈ထိုအခါ ငါသည် အလွန်နာကြင်သောစိတ်ရှိ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ၊
سپس دستور دادم اتاق را تطهیر کنند و ظروف خانهٔ خدا، هدایای آردی و بخور را به آنجا بازگردانند. | 9 |
၉အခန်းများကို စင်ကြယ်စေခြင်းငှါစီရင်၍၊ တဖန်ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။
در ضمن فهمیدم دستهٔ سرایندگان خانهٔ خدا و سایر لاویان، اورشلیم را ترک گفته و به مزرعههای خود بازگشته بودند، زیرا مردم سهمشان را به ایشان نمیدادند. | 10 |
၁၀အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မံမရကြောင်းကို ငါရိပ်မိလျက်၊
پس سران قوم را توبیخ کرده، گفتم: «چرا از خانهٔ خدا غافل ماندهاید؟» سپس تمام لاویان را جمع کرده، ایشان را دوباره در خانهٔ خدا سر خدمت گذاشتم. | 11 |
၁၁ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင်၍၊ လေဝိသား တို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။
سپس مردم یهودا بار دیگر دهیک غله، شراب و روغن زیتون خود را به انبارهای خانهٔ خدا آوردند. | 12 |
၁၂ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။
سپس شلمیای کاهن و فدایای لاوی و صادوق را که معلم شریعت بودند مأمور نگهداری انبارها نمودم، و حانان (پسر زکور، نوه متنیا) را هم معاون ایشان تعیین کردم، زیرا همهٔ این اشخاص مورد اعتماد مردم بودند. مسئولیت ایشان تقسیم سهمیه بین لاویان بود. | 13 |
၁၃ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ်ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။
ای خدای من، کارهای مرا به یاد آور و خدماتی را که برای خانهٔ تو کردهام فراموش نکن. | 14 |
၁၄အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်၏ ဘုရား သခင့် အိမ်တော်အဘို့၊ အိမ်တော်အမှုစောင့်ခြင်းအဘို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့်။
در آن روزها در یهودا عدهای را دیدم که در روز شَبّات در چرخشت، انگور له میکردند و عدهای دیگر غله و شراب و انگور و انجیر و چیزهای دیگر، بار الاغ مینمودند تا به اورشلیم ببرند و بفروشند. پس به ایشان اخطار کردم که در روز شَبّات این کار را نکنند. | 15 |
၁၅ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့ ၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့၌စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘော သဖန်းသီး အစရှိသည်တို့ကိုတင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြ သည်ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အကြား ပြော၏။
بعضی از اهالی صور نیز که در اورشلیم ساکن بودند در روز شَبّات ماهی و کالاهای گوناگون میآوردند و در اورشلیم به یهودیان میفروختند. | 16 |
၁၆ထိုအရပ်၌နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ဆောင်ခဲ့၍၊ ဥပုသ် နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။
آنگاه سران یهودا را توبیخ کرده، گفتم: «این چه کار زشتی است که انجام میدهید؟ چرا روز شَبّات را بیحرمت میکنید؟ | 17 |
၁၇ထိုအခါငါက၊ သင်တို့သည် ဥပုသ်နေ့ကို ဖျက်၍ ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း။
آیا برای همین کار نبود که خدا اجدادتان را تنبیه کرد و این شهر را ویران نمود؟ و حال، خود شما هم شَبّات را بیحرمت میکنید و باعث میشوید غضب خدا بر اسرائیل شعلهورتر شود.» | 18 |
၁၈ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှ လောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌၎င်း၊ ဤမြို့၌ ၎င်း ဘုရားသခင် ရောက်စေတော်မူသည်မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ် တင်လျက်၊
سپس دستور دادم دروازههای شهر اورشلیم را از غروب آفتاب روز جمعه ببندند و تا غروب روز شَبّات باز نکنند. چند نفر از افراد خود را فرستادم تا دم دروازهها نگهبانی بدهند و نگذارند روز شَبّات چیزی برای فروش به شهر بیاورند. | 19 |
၁၉အဘိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့ လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ် ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။
تاجران و فروشندگان یکی دو بار، جمعهها، بیرون اورشلیم، شب را به سر بردند. | 20 |
၂၀ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်း သောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါ အိပ်ကြ၏။
ولی من ایشان را تهدید کرده، گفتم: «اینجا چه میکنید، چرا شب را پشت دیوار به سر میبرید؟ اگر بار دیگر این کار را بکنید، متوسل به زور میشوم.» از آن روز به بعد، دیگر روزهای شَبّات نیامدند. | 21 |
၂၁ငါကလည်း၊ မြို့ရိုးပတ်လည်၌အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တဖန်လာ၍ အိပ်လျှင် ဘမ်းဆီး မည်ဟု သူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့ တွင် မလာဘဲနေကြ၏။
سپس به لاویان دستور دادم خود را تطهیر کنند و دم دروازهها نگهبانی بدهند تا تقدس روز شَبّات حفظ شود. ای خدای من، این کار مرا به یاد آور و برحسب محبت بیپایانت به من رحم کن. | 22 |
၂၂လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်း စေခြင်းငှါ၊ စင်ကြယ်သောကိုယ်နှင့်လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့ တော်မူပါ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ် ကို ကယ်မသနားတော်မူပါ။
در آن روزها عدهای از یهودیان را دیدم که از قومهای اشدودی، موآبی و عمونی برای خود زنان گرفته بودند | 23 |
၂၃ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘ အမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။
و نصف فرزندانشان به زبان اشدودی یا سایر زبانها صحبت میکردند و زبان عبری را نمیفهمیدند. | 24 |
၂၄သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။
پس با والدین آنها دعوا کردم، ایشان را لعنت کردم، زدم و موی سرشان را کندم و در حضور خدا قسم دادم که نگذارند فرزندانشان با غیریهودیان ازدواج کنند. | 25 |
၂၅သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နှုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သား သမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်းမယူရ။
سپس گفتم: «آیا این همان گناهی نیست که سلیمان پادشاه مرتکب شد؟ سلیمان در میان پادشاهان دنیا نظیر نداشت. خدا او را دوست میداشت و او را پادشاه تمام اسرائیل ساخت؛ ولی با وجود این، همسران بیگانهٔ سلیمان، او را به بتپرستی کشانیدند! | 26 |
၂၆ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ ပြု၍ ပြစ်မှားရာရောက်သည်မဟုတ်လော။ အတိုင်းတိုင်း အပြည်ပြည်၌ သူနှင့်တူသောရှင်ဘုရင်မရှိ။ ဣသရေလ ရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူဖြစ်သော်လည်း၊ တပါးအမျိုး သားမိန်းမတို့သည် ပြစ်မှားစေသည်တကား။
حال که شما زنان بیگانه برای خود گرفته و به خدای خویش خیانت کردهاید، خیال میکنید ما این شرارت شما را تحمل خواهیم کرد؟» | 27 |
၂၇ငါတို့သည် သင်တို့စကားကို နားထောင်၍ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်သဖြင့်၊ ဤမျှလောက် ကြီးသော ဒုစရိုက်ကို ပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။
یکی از پسران یهویاداع (پسر الیاشیب کاهن اعظم) دختر سنبلط حورونی را به زنی گرفته بود، پس مجبور شدم او را از اورشلیم بیرون کنم. | 28 |
၂၈ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သားယောယဒ၏ သားတယောက်သည်၊ ဟောရနိလူ သမ္ဘာလတ် သမက်ဖြစ်သောကြောင့်၊ သူ့ကိုငါနှင်ထုတ်၏။
ای خدای من، کارهای آنها را فراموش نکن، چون به مقام کاهنی و عهد و پیمان کاهنان و لاویان توهین کردهاند. | 29 |
၂၉အို အကျွန်ုပ်၏ ဘုရားသခင်၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို၎င်း၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ နှင့် ဖွဲ့သောပဋိညာဉ်တော်ကို၎င်း ရှုတ်ချသောကြောင့်၊ သူတို့ကို မှတ်တော်မူပါ။
پس قوم خدا را از بیگانهها جدا کردم و برای کاهنان و لاویان وظیفه تعیین نمودم تا هر کس بداند چه باید بکند. | 30 |
၃၀ထိုသို့ ယုဒအမျိုးသားတို့ကို တပါးအမျိုးသား အပေါင်းတို့နှင့် ကင်းစင်စေပြီးမှ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကို အသီးအသီး မိမိတို့ အမှုစောင့်ရသည် အတိုင်း ငါခန့်ထား၍၊
ترتیبی دادم تا به موقع برای مذبح هیزم بیاورند و نوبر محصولات را جمعآوری کنند. ای خدای من، مرا به یاد آور و برکت ده. | 31 |
၃၁ချိန်းချက်သောအချိန်၌ ထင်းပူဇော်သက္ကာနှင့် အဦးသီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။