< لاویان 21 >
خداوند به موسی فرمود: «این دستورها را به کاهنان که از نسل هارون هستند بده. یک کاهن نباید با دست زدن به شخص مرده خودش را نجس کند، | 1 |
၁တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အားဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။
مگر اینکه مرده از بستگان نزدیک او باشد، مثل: مادر، پدر، پسر، دختر، برادر | 2 |
၂သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊-
یا خواهر باکرهاش که تحت سرپرستی او بوده است. | 3 |
၃လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသော အခွင့်ရှိ၏။
اما کاهن نباید به خاطر افرادی که از بستگانش نیستند، خود را نجس سازد. | 4 |
၄အမျိုးသားချင်း သူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။
«کاهنان نباید موی سر یا گوشههای ریش خود را بتراشند و یا بدن خود را زخمی کنند. | 5 |
၅ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ်ရ။ ပါးမုန်းကို မရိတ်ရ။ အသား၌ ခုတ်ရှခြင်းကို မပြုရ။
ایشان باید برای خدای خود مقدّس باشند و به نام خدای خویش بیاحترامی نکنند. آنها برای خداوند هدایای خوراکی بر آتش تقدیم میکنند، پس باید مقدّس باشند. | 6 |
၆သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။
کاهن نباید با یک فاحشه که خود را بیعصمت کرده و یا با زنی که طلاق گرفته، ازدواج کند؛ چون او برای خدای خویش مقدّس است. | 7 |
၇သူသည် ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း၏။
کاهنان را مقدّس بشمارید زیرا ایشان هدایای خوراکی به من تقدیم میکنند، و من که خداوند هستم و شما را تقدیس میکنم، مقدّس میباشم. | 8 |
၈သင်၏ ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကို သန့်ရှင်းစေ၍၊ သူသည် သင့်အဘို့ သန့်ရှင်းရမည်။ သင်တို့ကို သန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။
اگر دختر کاهنی فاحشه شود به تقدس پدرش لطمه میزند و باید زندهزنده سوزانده شود. | 9 |
၉ယဇ်ပုရောဟိတ်သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာ ရောက်၏။ ထိုသူကို မီးရှို့ရမည်။
«کاهن اعظم که با روغن مخصوص، مسح و تقدیس شده و لباسهای مخصوص کاهنی را میپوشد، نباید هنگام عزاداری موی سر خود را باز کند یا گریبان لباس خود را چاک بزند. | 10 |
၁၀မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကို မချွတ်ရ။ မိမိအဝတ်ကို မဆုတ်ရ။
او نباید با نزدیک شدن به هیچ جنازهای خود را نجس سازد، حتی اگر شخص مرده پدر یا مادرش باشد. | 11 |
၁၁အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကို မခံရ။
او نباید با خارج شدن از قدس خدا به جهت وارد شدن به خانهای که جنازهای در آن هست، قدس را بیحرمت سازد، زیرا تبرک روغن مسح من که یهوه هستم بر سر اوست. | 12 |
၁၂သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူ ဖြစ်၏။ ငါသည် ထာဝရဘုရား ဖြစ်၏။
او باید فقط با یک باکره ازدواج کند. | 13 |
၁၃ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာစုံဘက်ရမည်။
او نباید با زن بیوه یا طلاق داده شده یا زنی که با فاحشه شدن خود را بیعصمت کرده است ازدواج کند، بلکه باید دختر باکرهای از قوم خود را به زنی بگیرد، | 14 |
၁၄မုတ်ဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဘက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည်။
تا باعث بدنامی نسل خود در میان قومش نشود، زیرا من که یهوه هستم او را برای کاهنی تقدیس کردهام.» | 15 |
၁၅မိမိသားကို၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။
၁၆တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊-
«این دستورها را به هارون بده. در نسلهای آینده هر کدام از فرزندانت که عضوی از بدنش ناقص باشد نباید هدایای خوراکی را به حضور من تقدیم کند. | 17 |
၁၇သင်၏ အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။
کسی که نقصی در صورت داشته باشد و یا کور، شل، ناقص الخلقه، | 18 |
၁၈မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊-
၁၉လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊
گوژپشت یا کوتوله باشد، چشم معیوب یا مرض پوستی داشته یا بیضههایش آسیب دیده باشد، | 20 |
၂၀ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သော သူသည် မချဉ်းမကပ်ရ။-
به سبب نقص جسمیاش اجازه ندارد هدایای خوراکی را که بر آتش به خداوند تقدیم میشود، تقدیم کند. | 21 |
၂၁ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင်၊ ကိုယ်၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌ အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ -
با وجود این باید از خوراک کاهنان که از هدایای تقدیمی به خداوند است به او غذا داده شود هم از هدایای مقدّس و هم از مقدّسترین هدایا. | 22 |
၂၂သန့်ရှင်းသော မုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသော မုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကို စားရမည်။
ولی او نباید به پردهٔ مقدّس خیمۀ ملاقات یا به مذبح نزدیک شود چون نقص بدنی دارد و این عمل او خیمۀ ملاقات مرا بیحرمت میکند، زیرا من که خداوند هستم آن را تقدیس کردهام.» | 23 |
၂၃ကိုယ်၌ အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာ ဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာ အတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။
موسی این دستورها را به هارون و پسرانش و تمامی قوم اسرائیل داد. | 24 |
၂၄မောရှေသည် အာရုန်နှင့် သူ၏သား ဣသရေလ အမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ၏။