< ایوب 39 >
آیا زمان زاییدن بز کوهی را میدانی؟ آیا وضع حمل آهو را با چشم خود دیدهای؟ | 1 |
၁သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။
آیا میدانی چند ماه طول میکشد تا بچههای خود را زاییده از بارداری فارغ شوند؟ | 2 |
၂ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက်၍၊ ဘွားရသော အချိန်ကာလကို သိသလော။
၃သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာငြိမ်းကြ၏။
بچههای آنها در صحرا رشد میکنند، سپس والدین خود را ترک نموده، دیگر نزدشان برنمیگردند. | 4 |
၄သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။
چه کسی خر وحشی را رها کرده است؟ چه کسی بندهای او را گشوده است؟ | 5 |
၅တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။
من بیابانها و شورهزارها را مسکن آنها ساختهام. | 6 |
၆တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎င်း ငါခန့်ထားပြီ။
از سر و صدای شهر بیزارند و کسی نمیتواند آنها را رام کند. | 7 |
၇မြို့၌ဖြစ်သောလူတို့၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။
دامنهٔ کوهها چراگاه آنهاست و در آنجا هر سبزهای پیدا کنند میخورند. | 8 |
၈တောင်ရိုး၌ ကျက်စား၍၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ်၏။
آیا گاو وحشی راضی میشود تو را خدمت کند؟ آیا او کنار آخور تو میایستد؟ | 9 |
၉ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏ တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။
آیا میتوانی گاو وحشی را با طناب ببندی تا زمینت را شخم بزند؟ | 10 |
၁၀ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
آیا صرفاً به خاطر قوت زیادش میتوانی به او اعتماد کنی و کار خودت را به او بسپاری؟ | 11 |
၁၁ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည် လော။ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။
آیا میتوانی او را بفرستی تا محصول تو را بیاورد و در خرمنگاه جمع کند؟ | 12 |
၁၂သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
شترمرغ با غرور بالهایش را تکان میدهد، ولی نمیتواند مانند لکلک پرواز کند. | 13 |
၁၃ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။
شترمرغ تخمهای خود را روی زمین میگذارد تا خاک آنها را گرم کند. | 14 |
၁၄သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။
او فراموش میکند که ممکن است کسی بر آنها پا بگذارد و آنها را له کند و یا حیوانات وحشی آنها را از بین ببرند. | 15 |
၁၅သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။
او نسبت به جوجههایش چنان بیتوجه است که گویی مال خودش نیستند، و اگر بمیرند اعتنایی نمیکند؛ | 16 |
၁၆သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။
زیرا من او را از فهم و شعور محروم کردهام. | 17 |
၁၇အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဥာဏ်ကိုပေးတော်မမူ။
ولی هر وقت بالهایش را باز میکند تا بدود هیچ اسب و سوارکاری به پایش نمیرسد. | 18 |
၁၈သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ်၏။
آیا قوت اسب را تو به او دادهای؟ یا تو گردنش را با یال پوشانیدهای؟ | 19 |
၁၉သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော။
آیا تو به او توانایی بخشیدهای تا چون ملخ خیز بردارد و با خُرناسِ مهیبش وحشت ایجاد کند؟ | 20 |
၂၀ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။
ببین چگونه سم خود را به زمین میکوبد و از قدرت خویش لذت میبرد. هنگامی که به جنگ میرود نمیهراسد؛ تیغ شمشیر و رگبار تیر و برق نیزه او را به عقب بر نمیگرداند. | 21 |
၂၁လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ်၏။
၂၂ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ထားဘေးကို မရှောင်တတ်။
၂၃သူ့တဘက်၌ မြှားတောင့်လှုပ်သံမြည်၍၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။
وحشیانه سم بر زمین میکوبد و به مجرد نواخته شدن شیپور حمله، به میدان کارزار یورش میبرد. | 24 |
၂၄မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။
با شنیدن صدای شیپور، شیهه برمیآورد و بوی جنگ را از فاصلهٔ دور استشمام میکند. از غوغای جنگ و فرمان سرداران به وجد میآید. | 25 |
၂၅တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
آیا تو به شاهین یاد دادهای که چگونه بپرد و بالهایش را به سوی جنوب پهن کند؟ | 26 |
၂၆သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။
آیا به فرمان توست که عقاب بر فراز قلهها به پرواز در میآید تا در آنجا آشیانهٔ خود را بسازد؟ | 27 |
၂၇သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။
ببین چگونه روی صخرهها آشیانه میسازد و بر قلههای بلند زندگی میکند | 28 |
၂၈သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။
و از آن فاصلهٔ دور، شکار خود را زیر نظر میگیرد. | 29 |
၂၉ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။
ببین چگونه دور اجساد کشته شده را میگیرد و جوجههایشان خون آنها را میخورد. | 30 |
၃၀သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။