< اشعیا 8 >
خداوند به من فرمود که لوحی بزرگ بگیرم و با خط درشت روی آن بنویسم: «مهیر شلال حاش بز» | 1 |
၁ထာဝရဘုရားသည်ငါ့အား``စာရေးသင်ပုန်း ကြီးတစ်ခုကိုယူ၍`မြန်မြန်တိုက်၊ မြန်မြန်လု' ဟူသည့်စကားရပ်ကိုစာလုံးကြီးကြီးနှင့် ရေးမှတ်လော့။-
من از اوریای کاهن و زکریا (پسر یبرکیا) که مردانی امین هستند خواستم هنگام نوشتن حاضر باشند و شهادت دهند که من آن را نوشتهام. | 2 |
၂ယုံကြည်စိတ်ချရသူယဇ်ပုရောဟိတ်ဥရိယ နှင့်ယေဗရခိ၏သားဇာခရိနှစ်ယောက်တို့ အား အသိသက်သေများအဖြစ်ဖြင့်ခေါ် ထားလော့'' ဟုမိန့်တော်မူ၏။
پس از چندی، همسرم حامله شد و هنگامی که پسرمان به دنیا آمد خداوند فرمود: «نام او را مهیر شلال حاش بز بگذار. | 3 |
၃ကာလအနည်းငယ်ကြာသောအခါငါ၏ ဇနီးသည်သည်ကိုယ်ဝန်ဆောင်ကာသားယောကျာ်း ကိုဖွားမြင်လေသည်။ ထာဝရဘုရားကလည်း ``ထိုသားကိုမြန်မြန်တိုက်မြန်မြန်လုဟု နာမည်မှည့်လော့။-
پیش از آنکه این پسر بتواند”پدر“و”مادر“بگوید، پادشاه آشور به دمشق و سامره یورش خواهد برد و اموال آنها را غارت خواهد کرد.» | 4 |
၄ထိုသူငယ်သည်မေမေ၊ ဖေဖေဟူ၍ပင်ခေါ် တတ်သည့်အရွယ်သို့မရောက်မီ အာရှုရိ ဘုရင်သည် ဒမာသက်မြို့ရှိစည်းစိမ်ဥစ္စာ မှန်သမျှနှင့်ရှမာရိမြို့မှတိုက်ရာပါ ပစ္စည်းများကိုသိမ်းယူ၍သွားလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
پس از آن، باز خداوند به من فرمود: | 5 |
၅ထာဝရဘုရားသည်ငါ့အားနောက်တစ်ဖန် မိန့်တော်မူပြန်၏။-
«حال که مردم یهودا آبهای ملایم نهر شیلوه را خوار میشمارند و دلشان با رصین پادشاه و فقح پادشاه خوش است، | 6 |
၆ကိုယ်တော်က``ဤလူစုသည်ဆိတ်ငြိမ်စွာ စီးဆင်းလျက်နေသော ရှိလောင်ချောင်းရေ ကိုပစ်ပယ်ကာရေဇိန်မင်းနှင့်ပေကာမင်း တို့၏ရှေ့တွင်တုန်လှုပ်လျက်နေသဖြင့်၊-
من سیلابی نیرومند از رود فرات، یعنی پادشاه آشور را با تمامی شکوهش، بر آنها خواهم آورد. این سیلاب بر تمامی آبراههای خود طغیان کرده، | 7 |
၇ငါထာဝရဘုရားသည်အာရှုရိဘုရင်နှင့် သူ၏တပ်သားများအားခေါ်ယူ၍ ယုဒပြည် ကိုတိုက်ခိုက်စေမည်။ သူတို့သည်ဥဖရတ် မြစ်ရေလျှံသကဲ့သို့ကျယ်ပြန့်စွာချီတတ် လာကြလိမ့်မည်။-
به سوی یهودا پیش خواهد رفت و آن را تا به گردن خواهد پوشاند؛ و بالهایش را باز کرده، سرتاسر سرزمین تو را، ای عِمانوئیل، پر خواهد ساخت.» | 8 |
၈အာရှုရိဘုရင်နှင့်တပ်မတော်တည်းဟူသော မြစ်လျှံရေတို့သည် ယုဒပြည်တစ်လျှောက်လုံး သို့ဆင်းဝင်ကာ ခပ်သိမ်းသောအရာတို့ကိုလူ တို့လည်မျိုလောက်တိုင်အောင်လွှမ်းမိုးကြ လိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။ အို ဧမာနွေလဘုရားသခင်သည်ငါတို့နှင့် အတူရှိတော်မူပါသည်တကား။ ကိုယ်တော် သည်မိမိမေတ္တာအတောင်တော်ကိုဖြန့်၍ ငါ တို့ပြည်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။
ای قومها هر کاری از دستتان برمیآید بکنید، ولی بدانید که موفق نخواهید شد و شکست خواهید خورد. ای همهٔ دشمنان گوش دهید: برای جنگ آماده شوید، ولی بدانید که پیروز نخواهید شد. | 9 |
၉အချင်းနိုင်ငံခြားသားအပေါင်းတို့ကြောက်ရွံ့ လျက်စုဝေးကြလော့။ ရပ်ဝေးဒေသမှလူ အပေါင်းတို့၊ နားထောင်ကြလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြလော့။ သို့ရာတွင်ကြောက် လန့်လျက်နေကြလော့။ သင်တို့သည်ယင်းသို့ အသင့်ပြင်ဆင်ကြသော်လည်းကြောက်လန့် လျက်နေရကြ၏။-
با هم مشورت کنید و نقشهٔ حمله را بکشید، اما بدانید که نقشهٔ شما عملی نخواهد شد، زیرا خدا با ما است! | 10 |
၁၀သင်တို့၏စီမံကိန်းများကိုရေးဆွဲကြလော့။ သို့ရာတွင်ထိုစီမံကိန်းတို့သည်အဘယ်အခါ ၌မျှအောင်မြင်လိမ့်မည်မဟုတ်။ သင်တို့ပြော လိုသမျှသောစကားများကိုပြောဆိုကြလော့။ သို့ရာတွင်ယင်းတို့သည်အချည်းနှီးသာလျှင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
خداوند به تأکید به من امر کرد که راه مردم یهودا را در پیش نگیرم، و فرمود: | 11 |
၁၁ထာဝရဘုရားသည်ပြည်သူတို့လိုက်သည့် လမ်းစဉ်ကိုမလိုက်ရန် ငါ့အားကြပ်မတ်စွာ သတိပေးတော်မူ၏။ ကိုယ်တော်က၊-
«هر آنچه این قوم توطئه مینامند، شما نپذیرید، و از آنچه میترسند شما از آن بیم و هراس نداشته باشید. | 12 |
၁၂``သင်သည်ထိုသူတို့နှင့်ကြံရာပါမဖြစ် စေနှင့်။ သူတို့ကြောက်လန့်သောအရာကို မကြောက်နှင့်၊-
بدانید که خداوند لشکرهای آسمان، مقدّس است و تنها از او باید بترسید. | 13 |
၁၃အနန္တတန်ခိုးရှင်ထာဝရဘုရားသည်မြင့် မြတ်သန့်ရှင်းတော်မူကြောင်းကိုမမေ့မလျော့ နှင့်။ သင်ကြောက်ရမည့်သူကားငါပင်တည်း။-
او برای شما پناهگاه است. اما برای یهودا و اسرائیل سنگی خواهد بود که سبب لغزش شود و صخرهای که باعث سقوط گردد. او برای ساکنان اورشلیم دامی پنهان خواهد بود. | 14 |
၁၄ငါ၏သန့်ရှင်းမြင့်မြတ်မှုသည်ထိတ်လန့်အံ့သြ ဖွယ်ဖြစ်သဖြင့်၊ ငါသည်လူတို့တိုက်မိ၍လဲ စရာကျောက်နှင့်တူ၏။ ယုဒပြည်သူများ၊ ဣသရေလပြည်သူများနှင့်ယေရုရှလင် မြို့သားတို့အား ထောင်ဖမ်းမည့်ကျော့ကွင်း နှင့်လည်းတူ၏။-
بسیاری از آنان لغزیده، خواهند افتاد و خرد خواهند شد و بسیاری دیگر در دام افتاده، گرفتار خواهند گردید.» | 15 |
၁၅လူအများပင်တိုက်မိ၍လဲကြလိမ့်မည်။ သူတို့သည်ယင်းသို့လဲကျကာကျိုးပဲ့၍ သွားကြလိမ့်မည်။ သူတို့သည်ကျော့ကွင်း တွင်မိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ای شاگردان من، شما باید کلام و دستورهایی را که خدا به من داده است مهر و موم کرده، حفظ کنید. | 16 |
၁၆ငါ၏တပည့်တို့သည်ငါ့အားဘုရားသခင် ပေးတော်မူသောဗျာဒိတ်တော်များကို စောင့်ရှောက်ထိန်းသိမ်းရကြပေမည်။-
من منتظرم تا خداوند ما را یاری کند، هر چند اکنون خود را از قوم خویش پنهان کرده است. بر او امیدوار خواهم بود. | 17 |
၁၇ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား မျက်နှာတော်ကိုမပြဘဲနေတော်မူ သော်လည်း၊ ငါသည်ကိုယ်တော်ကိုယုံကြည် အားထားစောင့်စားမျှော်ကိုးပါမည်။-
من و فرزندانی که خداوند به من داده است، از طرف خداوند لشکرهای آسمان که در اورشلیم ساکن است برای اسرائیل علامت و نشانه هستیم. | 18 |
၁၈ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
وقتی مردم به شما میگویند که با فالگیران و جادوگرانی که زیر لب ورد میخوانند مشورت کنید، شما در جواب بگویید: «آیا از مردگان دربارهٔ زندگان مشورت بخواهیم؟ چرا از خدای خود مشورت نخواهیم؟» | 19 |
၁၉လူတို့သည်ဖတ်ရွတ်သရဇ္စျာယ်တတ်သူဗေဒင် ဆရာများနှင့် နတ်ဝင်သည်တို့အားစုံစမ်း မေးမြန်းရန်သင်တို့အားပြောကြလိမ့်မည်။ သူတို့က``လူတို့သည်အသက်ရှင်သူတို့ ကိုယ်စားသေသူတို့၏ဝိညာဉ်များကိုမေး မြန်းစုံစမ်းအပ်သည်'' ဟုဆိုကြလိမ့်မည်။
مردم موافق کلام و دستورهای خدا سخن نمیگویند و کلامشان عاری از نور حقیقت است. | 20 |
၂၀ထိုအခါသင်တို့က``ထာဝရဘုရား၏ သွန်သင်တော်မူချက်ကိုနားထောင်ကြ။ သူ တို့ပြောဆိုသောစကားများသည်သင်တို့ အတွက်အကျိုးမရှိ'' ဟုပြန်ပြောကြ လော့။
ایشان در تنگی و گرسنگی قرار خواهند گرفت و آواره خواهند شد. از شدت گرسنگی و پریشانی پادشاه و خدای خود را نفرین خواهند کرد. به آسمان خواهند نگریست | 21 |
၂၁လူတို့သည်မိမိတို့ပြည်တွင်စိတ်ပျက်အား လျော့လျက် ဆာလောင်မွတ်သိပ်လျက်သွားလာ ရကြလိမ့်မည်။ သူတို့သည်ဆာလောင်မွတ်သိပ် မှုနှင့်အမျက်ထွက်မှုတို့ကြောင့်မိမိတို့၏ ဘုရင်နှင့် မိမိတို့၏ဘုရားသခင်ကိုကျိန် ဆဲကြလိမ့်မည်။ သူတို့သည်ကောင်းကင်သို့ မျှော်ကြည့်သည့်အခါသော်လည်းကောင်း၊-
و به زمین نگاه خواهند کرد، ولی چیزی جز تنگی و پریشانی و تاریکی نخواهند دید، و به سوی تاریکی محض رانده خواهند شد. | 22 |
၂၂မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။