< اشعیا 50 >
خداوند به قوم خود میگوید: «آیا فکر میکنید من شما را از سرزمین خود بیرون کردم همانگونه که یک مرد زنش را طلاق داده، از خانه بیرون میکند؟ اگر چنین است، پس کجاست طلاقنامه؟ آیا فکر میکنید من بودم که شما را به اسارت فروختم چنانکه پدری فرزندانش را چون برده میفروشد؟ نه، هرگز! شما به سبب گناهان خود به اسارت برده شدید. | 1 |
၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါလွှတ် လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာ ရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြု သော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ် ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။
«چرا هنگامی که به نجاتتان آمدم مرا نپذیرفتید؟ چرا هنگامی که صدایتان کردم پاسخ ندادید؟ آیا فکر میکنید من قدرت ندارم شما را آزاد کنم؟ با یک اشاره دریا را خشک میسازم و رودخانه را به بیابان خشک تبدیل میکنم به طوری که ماهیهای آن از بیآبی میمیرند و میگندند. | 2 |
၂ငါလာသောအခါ အဘယ်ကြောင့် လူမရှိသ နည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနှုတ်နိုင်အောင် လက်တိုသလော။ ကယ် ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမ သဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည် နံကြ၏။ ရေငတ်၍ သေကြ၏။
من همان هستم که پوششی بر آسمان میکشم و سراسر آن را تاریک میسازم.» | 3 |
၃ငါသည် မိုဃ်းကောင်းကင်ကို နက်သော အဝတ် ဝတ်စေ၍၊ လျှော်တေအဝတ်နှင့် ခြုံ၏။
خداوند یهوه به من آموخته که چه بگویم و چگونه خستگان را به کلام خود توانایی بخشم. او هر صبح مرا بیدار میکند و فهم مرا روشن میسازد تا خواست او را بدانم. | 4 |
၄ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရား သည် လူတတ်၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ၏။
خداوند یهوه با من صحبت کرد و من به سخنانش گوش دادم. با او مخالفت نکردم و از او برنگشتم. | 5 |
၅အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
پشتم را به ضرب شلّاق کسانی که مرا میزدند سپردم و در برابر کسانی که ریش مرا میکندند و به صورتم آب دهان میانداختند و به من اهانت میکردند، مقاومت نکردم. | 6 |
၆ရိုက်သော သူတို့အား ငါ့ကျောကို၎င်း၊ နားပန်း ဆံကို နှုတ်သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ။
از اهانت آنان ترسی ندارم، زیرا خداوند یهوه یاور من است. بنابراین، روی خود را همچون سنگ خارا ساختهام تا خواست خداوند را بجا آورم. یقین دارم پیروز خواهم شد، | 7 |
၇အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူ လိမ့်မည်။ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာ ကို မီးကျောက်ကဲ့သို့ ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏။
زیرا خداوند نزدیک است و از حق من دفاع خواهد کرد. پس کیست که جرأت کند با من بجنگد؟ دشمنان کجا هستند؟ بگذار جلو بیایند! | 8 |
၈ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။ အဘယ်သူသည် ငါနှင့်ရန်ဘက်ပြုမည် နည်း။ ထိုသူသည် ချဉ်းကပ်စေ။
خداوند یهوه پشتیبان من است، پس کیست که بتواند مرا محکوم سازد؟ تمام دشمنانم مانند لباس بید خورده از بین خواهند رفت! | 9 |
၉ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူမည်။ အဘယ်သူသည် ငါ့ကို တရားရှုံးစေ မည်နည်း။ ထိုသို့သော သူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည်။
ای کسانی که ترس خداوند را در دل دارید و مطیعِ خدمتگزار او هستید، به خداوند اعتماد کنید. هر چند راه شما تاریک باشد و هیچ نوری به آن نتابد، اما شما به خدای خود اطمینان داشته باشید. | 10 |
၁၀သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏ စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်း မရှိဘဲ မှောင်မိုက်၌သွားလာသနည်း။ ထိုသူသည် ထာဝရ ဘုရား၏ နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီ ပြုပါစေ။
اما شما که به روشنایی خود اعتماد میکنید و خود را با آتش خویش گرم میکنید، این است آنچه از من دریافت خواهید کرد: در عذاب خواهید خوابید. | 11 |
၁၁မီးကိုညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့၊ သင်တို့မီး၏အလင်း၌၎င်း၊ သင်တို့ ပြုစု သော မီးစများ၌၎င်း သွားလာကြလော့။ ငါ့လက်၌ ခံရ သော အကျိုးဟူမူကား၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။