< اشعیا 2 >
پیغام دیگری دربارهٔ سرزمین یهودا و شهر اورشلیم از جانب خداوند به اشعیا پسر آموص رسید: | 1 |
၁ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟူမူကား၊
در روزهای آخر، کوهی که خانهٔ خداوند بر آن قرار دارد، بلندترین قلهٔ دنیا محسوب خواهد شد و مردم از سرزمینهای مختلف به آنجا روانه خواهند گردید. | 2 |
၂နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
آنان خواهند گفت: «بیایید به کوه خداوند که خانهٔ خدای یعقوب بر آن قرار دارد برویم تا او قوانین خود را به ما یاد دهد و ما آنها را اطاعت کنیم.» زیرا خداوند احکام خود را از صهیون و کلامش را از اورشلیم صادر میکند. | 3 |
၃များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။
خداوند در میان قومها داوری خواهد کرد و به منازعات بین قومها خاتمه خواهد داد. ایشان شمشیرهای خود را برای ساختن گاوآهن در هم خواهند شکست، و نیزههای خویش را برای تهیۀ اره. قومها دیگر به جان هم نخواهند افتاد و خود را برای جنگ آماده نخواهند کرد. | 4 |
၄ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။
ای نسل یعقوب بیایید در نور خداوند راه برویم! | 5 |
၅အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။
تو، ای خداوند، قوم خود خاندان یعقوب را ترک کردهای زیرا سرزمین ایشان از جادوگری شرقیها و فلسطینیها پر شده و مردم رسوم بیگانگان را بهجا میآورند. | 6 |
၆အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။
سرزمین آنها مملو از طلا و نقره گشته و گنجهایشان بی انتهاست، زمینشان از اسبها پر شده و ارابههایشان بی پایان است. | 7 |
၇သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။
سرزمین آنها آکنده از بتهاست و ساختههای دست خویش را پرستش میکنند، یعنی آنچه را که با انگشتان خود ساختهاند. | 8 |
၈သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား။
مردم جلوی آنها خم میشوند و خود را پست میسازند، پس تو آنها را نخواهی بخشید. | 9 |
၉ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
مردم از ترس خداوند و هیبت حضور او به درون غارها و شکاف صخرهها خواهند خزید و خود را در خاک پنهان خواهند کرد. | 10 |
၁၀ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
در آن روز، بلندپروازی و تکبر انسانها نابود خواهد شد و فقط خداوند متعال خواهد بود. | 11 |
၁၁ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။
روزی خواهد رسید که خداوند لشکرهای آسمان بر ضد اشخاص مغرور و متکبر و بر هر آنچه برافراشته شده باشد، برخواهد خاست و آنها را پست خواهد کرد. | 12 |
၁၂ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။
همهٔ سروهای بلند لبنان و بلوطهای ستبر باشان خم خواهند گردید. | 13 |
၁၃ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊
تمام کوهها و تپههای بلند، | 14 |
၁၄မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊
و همهٔ برجها و حصارهای مرتفع با خاک یکسان خواهند شد. | 15 |
၁၅မြင့်သော ရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊
تمام کشتیهای بزرگ و باشکوه، در برابر خداوند متلاشی خواهند گردید. | 16 |
၁၆တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။
تمام شکوه و عظمت انسان از بین خواهد رفت و غرور آدمیان به خاک نشانده خواهد شد. بتها به کلی نابود خواهند گردید و در آن روز فقط خداوند متعال خواهد بود. | 17 |
၁၇ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည်။
၁၈ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည်။
هنگامی که خداوند برخیزد تا زمین را بلرزاند، تمام دشمنانش از ترس و از هیبت جلال او به درون غارها و شکاف صخرهها خواهند خزید. | 19 |
၁၉ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
آنگاه مردم بتهای طلا و نقرهٔ خود را که برای پرستش ساخته بودند، برای موشهای کور و خفاشها خواهند گذاشت. | 20 |
၂၀ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်။
ایشان به درون غارها خواهند خزید تا از هیبت جلال خداوند که برخاسته است تا زمین را به لرزه درآورد، خود را در میان شکافهای صخرهها پنهان سازند. | 21 |
၂၁ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။
انسان چقدر ضعیف است! او مثل نفسی که میکشد ناپایدار است! هرگز به انسان توکل نکنید. | 22 |
၂၂နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။