< پیدایش 47 >
یوسف به حضور فرعون رفت و به او گفت: «پدرم و برادرانم با گلهها و رمهها و هر آنچه که داشتهاند از کنعان به اینجا آمدهاند، و الان در جوشن هستند.» | 1 |
၁ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း ထံသို့သွား၍၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား၊ ဥစ္စရှိသမျှကို ဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟု လျှောက်သဖြင့်၊
یوسف پنج نفر از برادرانش را که با خود آورده بود، به فرعون معرفی کرد. | 2 |
၂အစ်ကိုစုထဲက ရွေး၍ ငါးယောက်တို့ကို အထံ တော်သို့သွင်းလေ၏။
فرعون از آنها پرسید: «شغل شما چیست؟» گفتند: «ما هم مثل اجدادمان چوپان هستیم. | 3 |
၃ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော် ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်း ဖြစ်ကြပါ၏ဟူ၍၎င်း၊
آمدهایم در مصر زندگی کنیم، زیرا در کنعان به علّت قحطی شدید برای گلههای ما چراگاهی نیست. التماس میکنیم به ما اجازه دهید در جوشن ساکن شویم.» | 4 |
၄ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွား ကျက်စားရာမရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှါ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌ နေရမည် အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက်ကြ၏။
فرعون به یوسف گفت: «حال که پدرت و برادرانت نزد تو آمدهاند، | 5 |
၅ဖါရောမင်းကလည်း၊ သင်၏အဘနှင့်အစ်ကို တို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊
هر جایی را که میخواهی به آنها بده. بگذار در جوشن که بهترین ناحیهٔ مصر است ساکن شوند. اگر افراد شایستهای بین آنها میشناسی، آنها را بر گلههای من نیز بگمار.» | 6 |
၆အဲဂုတ္တပြည်သည် သင့်ရှေ့မှာ ရှိ၏။ သင်၏ အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသော အရပ် ဂေါရှင်ပြည်၌ နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကို တွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။
سپس یوسف، پدرش یعقوب را نزد فرعون آورد، و یعقوب فرعون را برکت داد. | 7 |
၇ယောသပ်သည် အဘယာကုပ်ကို သွင်း၍ ဖါရောမင်းရှေ့မှာ ထားသဖြင့်၊ ယာကုပ်သည် ဖါရောမင်း ကို ကောင်းကြီးပေး၏။
فرعون از یعقوب پرسید: «چند سال از عمرت میگذرد؟» | 8 |
၈ဖါရောမင်းက၊ သင်သည် အသက်အဘယ်မျှ လောက်ရှိပြီနည်းဟု ယာကုပ်အား မေးလျှင်၊
یعقوب جواب داد: «صد و سی سال دارم و سالهای عمرم را در غربت گذراندهام. عمرم کوتاه و پر از رنج بوده است و به سالهای عمر اجدادم که در غربت میزیستند، نمیرسد.» | 9 |
၉ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန် သော အသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သော နှစ်ပေါင်းနည်း၍ဆိုးပါ၏။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေးတို့၏ အသက်တန်း ကို မမှီပါဟု လျှောက်ဆိုပြီးလျှင်၊
یعقوب پیش از رفتن، بار دیگر فرعون را برکت داد. | 10 |
၁၀ဖါရောမင်းကို ကောင်းကြီးပေး၍ အထံတော်က ထွက်သွားလေ၏။
آنگاه یوسف چنانکه فرعون دستور داده بود بهترین ناحیهٔ مصر، یعنی ناحیهٔ رعمسیس را برای پدر و برادرانش تعیین کرد و آنها را در آنجا مستقر نمود، | 11 |
၁၁ဖါရောမင်းအမိန့်တော်ရှိသည့်အတိုင်း၊ ယောသပ် သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌ အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။
و یوسف برحسب تعدادشان خوراک کافی در اختیار آنها گذاشت. | 12 |
၁၂အဘနှင့် အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှ တို့ကို အနည်းအများအလိုက် ကျွေးမွေး၏။
قحطی روزبهروز شدت میگرفت به طوری که همۀ مردم مصر و کنعان گرسنگی میکشیدند. | 13 |
၁၃အလွန်အစာခေါင်းပါး၍ တပြည်လုံးစားစရာ မရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ၏။
یوسف تمام پولهای مردم مصر و کنعان را در مقابل غلههایی که خریده بودند، جمع کرد و در خزانههای فرعون ریخت. | 14 |
၁၄ပြည်သားဝယ်သော စပါးအဘိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသော ငွေကိုယောသပ်စုသိမ်း၍ နန်းတော်သို့ သွင်းထားလေ၏။
وقتی پولِ مردم تمام شد، نزد یوسف آمده، گفتند: «دیگر پولی نداریم که به عوض غله بدهیم. به ما خوراک بده. نگذار از گرسنگی بمیریم.» | 15 |
၁၅အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ စား စရာဘို့ ပေးသနားတော်မူပါ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့် သေရပါအံ့နည်းဟု လျှောက်ကြသော်၊
یوسف در جواب ایشان گفت: «اگر پول شما تمام شده، چارپایان خود را به من بدهید تا در مقابل، به شما غله بدهم.» | 16 |
၁၆ယောသပ်က၊ ငွေကုန်လျှင် တိရစ္ဆာန်များကို ပေးကြ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည် အတိုင်း၊
آنها چارهای نداشتند جز این که دامهای خود را به یوسف بدهند تا به ایشان نان بدهد. به این ترتیب در عرض یک سال، تمام اسبها و الاغها و گلهها و رمههای مصر از آنِ فرعون گردید. | 17 |
၁၇သူတို့သည် တိရစ္ဆာန်တို့ကိုယူခဲ့၍၊ ယောသပ် သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက် စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကို ကျွေးမွေး၏။
سال بعد، آنها بار دیگر نزد یوسف آمده، گفتند: «ای سَروَر ما، پول ما تمام شده و تمامی گلهها و رمههای ما نیز از آن تو شده است. دیگر چیزی برای ما باقی نمانده جز خودمان و زمینهایمان. | 18 |
၁၈ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာကြလျှင်၊ ကျွန်တော်တို့ ငွေကုန်ကြောင်းကို သခင်ရှေ့မှာ မထိမ်ဝှက်ပါ။ ကျွန်တော်တို့ တိရစ္ဆာန်များကိုလည်း သခင် ရပါပြီ။ သခင်ရှေ့မှာ ကျွန်တော်တို့ကိုယ်နှင့် မြေမှတပါး အဘယ်အရာမျှ မကျန်ပါ။
نگذار از گرسنگی بمیریم؛ نگذار زمینهایمان از بین بروند. ما و زمینهایمان را بخر و ما با زمینهایمان مالِ فرعون خواهیم شد. به ما غذا بده تا زنده بمانیم و بذر بده تا زمینها بایر نمانند.» | 19 |
၁၉ရှေ့တော်၌ အဘယ်ကြောင့်သေ၍ ပြည်တော် ပျက်ရပါအံ့နည်း။ အစာကို ပေး၍ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကို ဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့် တကွ ဖါရောဘုရင်၏ ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှါ၎င်း၊ ပြည်တော်သည် လူမဆိတ်ညံစေခြင်းငှါ၎င်း၊ မျိုးစေ့ကို ပေးပါဟု လျှောက်ကြ သော်၊
پس یوسف تمامی زمین مصر را برای فرعون خرید. مصریها زمینهای خود را به او فروختند، زیرا قحطی بسیار شدید بود. | 20 |
၂၀ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖါရော မင်းမဘို့ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည် မတတ်နိုင်သောကြောင့်၊ အသီးအသီးပိုင်သော မြေအကွက်တို့ကို ရောင်းကြသဖြင့် မြေသည် ဘဏ္ဍာတော် ဖြစ်လေ၏။
به این طریق مردمِ سراسر مصر غلامان فرعون شدند. | 21 |
၂၁လူတို့ကိုကား၊ အဲဂုတ္တုပြည် တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။
تنها زمینی که یوسف نخرید، زمین کاهنان بود، زیرا فرعون خوراک آنها را به آنها میداد و نیازی به فروش زمین خود نداشتند. | 22 |
၂၂ယဇ်ပုရောဟိတ်တို့ ပိုင်သောမြေကိုကားမဝယ်။ သူတို့သည် ဖါရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေး သော အစာကိုစားရကြ၏။ ထိုကြောင့် မိမိတို့မြေကို မရောင်းရကြ။
آنگاه یوسف به مردم مصر گفت: «من شما و زمینهای شما را برای فرعون خریدهام. حالا به شما بذر میدهم تا رفته در زمینها بکارید. | 23 |
၂၃ယောသပ်ကလည်း၊ သင်တို့နှင့် သင်တို့မြေကို ဖါရောမင်းဘို့ ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကို ယူ၍ လယ်လုပ်ကြလော့။
موقع برداشت محصول، یک پنجم آن را به فرعون بدهید و بقیه را برای کشت سال بعد و خوراک خود و خانوادههایتان نگاه دارید.» | 24 |
၂၄အသီးအနှံကိုရသောအခါ၊ ငါးဘို့တွင်တဘို့ကို ဖါရောမင်းအား ဆက်ရကြမည်။ လေးဘို့ကိုကား သင်တို့ ယူ၍ နောက်တဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကို ကျွေးကြလော့ဟု ပြည်သားတို့အား ဆို၏။
آنها گفتند: «تو در حق ما خوبی کردهای و جان ما را نجات دادهای، بنابراین غلامان فرعون خواهیم بود.» | 25 |
၂၅သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကို ကယ်ပါပြီ။ သနားသော စိတ်နှင့်ကြည့်ရှုတော် မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည် ဟု လျှောက်ကြ၏။
پس یوسف در تمامی سرزمین مصر مقرر نمود که از آن به بعد، هر ساله یک پنجم از تمامی محصول به عنوان مالیات به فرعون داده شود. محصول زمینهای کاهنان مشمول این قانون نبود. این قانون هنوز هم به قوت خود باقی است. | 26 |
၂၆ထိုကြောင့် ဖါရောမင်းမပိုင်သော ယဇ်ပုရော ဟိတ်တို့ မြေကိုထား၍၊ ဖါရောမင်းသည် ငါးဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သော ဓမ္မသတ်ကို ယောသပ်စီရင်၍ ထား သတည်း။
پس بنیاسرائیل در سرزمین مصر در ناحیهٔ جوشن ساکن شدند و بر تعداد و ثروت آنها پیوسته افزوده میشد. | 27 |
၂၇ဣသရေလ သားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင် အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွါးများပြားကြ၏။
یعقوب بعد از رفتن به مصر، هفده سال دیگر زندگی کرد و در سن صد و چهل و هفت سالگی درگذشت. | 28 |
၂၈ယာကုပ်သည် အဲဂုတ္တုပြည်၌ ဆယ်ခုနစ်နှစ် အသက်ရှင်၍ အသက်နှစ်ပေါင်း တရာလေးဆယ်ခုနစ် နှစ်ရှိသတည်း။
او در روزهای آخر عمرش، یوسف را نزد خود خواند و به او گفت: «دستت را زیر ران من بگذار و سوگند یاد کن که مرا در مصر دفن نکنی. | 29 |
၂၉ဣသရေလသည် သေရသောအချိန်နီးသော်၊ သားယောသပ်ကို ခေါ်၍ ငါ့ကိုသနားလျှင် သင်၏ လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့။ ကရုဏာသစ္စာ နှင့်အညီ ငါ၌ပြုပါ။ အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
بعد از مردنم جسد مرا از سرزمین مصر برده، در کنار اجدادم دفن کن.» یوسف به او قول داد که این کار را بکند. | 30 |
၃၀ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တု ပြည်မှ ငါ့ကို ဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ် ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည် အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။
یعقوب گفت: «برایم قسم بخور که این کار را خواهی کرد.» پس یوسف برایش قسم خورد و یعقوب بر سر بسترش سجده کرد. | 31 |
၃၁ငါ့အားကျိန်ဆိုခြင်းကို ပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကို ပြု၏။ ဣသရေလသည်လည်း ခုတင် ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။