< پیدایش 13 >
ابرام با زن خود سارای و لوط و هر آنچه که داشت به نِگِب، در جنوبِ، کنعان کوچ کرد. | 1 |
၁အာဗြံ သမီး မောင်နှံတို့သည်လည်း ၊ လောတ နှင့်တကွ မိမိ တို့၌ ရှိသမျှ သော ဥစ္စာကိုယူ၍၊ အဲဂုတ္တု ပြည်မှ ထွက်သွား သဖြင့် ၊ ခါနာန်ပြည်တောင် ပိုင်းသို့ ရောက်ကြ၏။
ابرام بسیار ثروتمند بود. او طلا و نقره و گلههای فراوانی داشت. | 2 |
၂ထိုအခါ အာဗြံ သည်၊ သိုး ၊ နွားစသည်တို့ကို၎င်း၊ ရွှေ ငွေ ကို ၎င်း အလွန် ရ တတ်၏။
ابرام و همراهانش از نگب رهسپار شده، مرحله به مرحله، به سوی بیتئیل رفتند، و میان بیتئیل و عای، جایی که قبلاً اطراق کرده بودند، اردو زدند. | 3 |
၃တဖန် တောင် ပိုင်းမှ ခရီး သွား ၍ ၊ ဗေသလ နယ် အတွင်း ၊ ဗေသလ မြို့၊ အာဣ မြို့စပ်ကြား ၌ ၊ အထက် က တဲ ကိုဆောက်၍၊
این همان جایی بود که قبلاً ابرام در آنجا مذبحی ساخت و نام خداوند را خواند. | 4 |
၄ယဇ် ပလ္လင်ကိုတည် ခဲ့ဘူးသော အရပ် သို့ ရောက်ပြန်လျှင်၊ ထို အရပ်တွင် ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြု၏။
لوط نیز گاوان و گوسفندان و غلامان زیادی داشت. | 5 |
၅အာဗြံ နှင့်အတူ လိုက် လာသောလောတ သည်လည်း သိုး ၊ နွား များနှင့် တဲ အများရှိ သဖြင့်၊
ابرام و لوط به علّت داشتن گلههای بزرگ نمیتوانستند با هم در یک جا ساکن شوند، زیرا برای گلههایشان چراگاه کافی وجود نداشت | 6 |
၆ထိုလူနှစ်ဦးတို့သည် အတူ နေ ခြင်းငှါ ထိုမြေ မ ဆံ့ နိုင်။ ဥစ္စာ များ လွန်း၍ ၊ သူ တို့သည် တ ရပ်တည်း မ နေ နိုင် ကြ။
و بین چوپانان ابرام و لوط نزاع در میگرفت. (در آن زمان کنعانیها و فرّزیها نیز در آن سرزمین ساکن بودند.) | 7 |
၇အာဗြံ ၏ နွား ကျောင်းသား၊ လောတ ၏ နွား ကျောင်းသားတို့သည်လည်း ခိုက်ရန် ပြုကြ၏။ ထိုအခါ ၊ ခါနာန် အမျိုးသား၊ ဖေရဇိ အမျိုးသားတို့သည် ထိုပြည် ၌ နေ ကြသတည်း။
پس ابرام به لوط گفت: «ما قوم و خویش هستیم، و چوپانان ما نباید با یکدیگر نزاع کنند. | 8 |
၈အာဗြံ ကလည်း ၊ ငါ တို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါ နှင့် သင် ၌ ၎င်း၊ ငါ့ နွား ကျောင်းသားတို့နှင့် ၊ သင့် နွား ကျောင်းသားတို့၌ ၎င်း၊ ခိုက်ရန် မ ရှိ ပါစေနှင့်။
مصلحت در این است که از هم جدا شویم. اینک دشتی وسیع پیش روی ماست. هر سمتی را که میخواهی انتخاب کن و من هم به سمت مقابل تو خواهم رفت. اگر به طرف چپ بروی، من به طرف راست میروم و اگر طرف راست را انتخاب کنی، من به سمت چپ میروم.» | 9 |
၉မြေ တပြင်လုံး သည် သင့် ရှေ့ မှာရှိသည် မ ဟုတ်လော့။ ငါ နှင့် ခွာ ၍နေပါလော့။ သင်သည် လက်ဝဲ ဘက်သို့ သွားလျှင် ၊ ငါသည် လက်ျာ ဘက်သို့သွားမည်။ သင်သည် လက်ျာ ဘက်သို့ သွားလျှင် ၊ ငါသည် လက်ဝဲ ဘက်သို့ သွားမည်ဟု ဆို၏။
آنگاه لوط نگاهی به اطراف انداخت و تمام دره رود اردن را از نظر گذراند. همهٔ آن سرزمین تا صوغر، چون باغ عدن و مصر سرسبز بود. (هنوز خداوند شهرهای سدوم و عموره را از بین نبرده بود.) | 10 |
၁၀ထိုကာလအခါ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မ မူမှီ၊ ဇောရ မြို့သို့ သွား သောလမ်း၊ ယော်ဒန် မြစ် ပတ်ဝန်းကျင် အရပ်ရပ် ၌ ရေ များ၍ ထာဝရဘုရား ၏ ဥယျာဉ် တော်ကဲ့သို့ ၎င်း အဲဂုတ္တု ပြည် ကဲ့သို့ ၎င်း ဖြစ်သည်ကို၊ လောတ မြော် ကြည့် ၍ မြင် လျှင်၊
لوط تمام درهٔ اردن را برگزید و به طرف شرق کوچ کرد. بدین طریق او و ابرام از یکدیگر جدا شدند. | 11 |
၁၁ယော်ဒန် ချိုင့် တရှောက်လုံး ကို ရွေးချယ် ၍ ၊ အရှေ့ သို့ ပြောင်း သွားသဖြင့် ၊ အချင်းချင်း တ ဦးနှင့် တဦးကွဲပြား ကြ၏။
پس ابرام در سرزمین کنعان ماند و لوط به طرف شهرهای درهٔ اردن رفت و در نزدیکی سدوم ساکن شد. | 12 |
၁၂အာဗြံ သည် ခါနာန် ပြည် ၌ နေ လေ၏။ လောတ မူကား ၊ မြစ် ပတ်ဝန်းကျင်မြို့ တို့တွင် နေ ၍ ၊ သောဒုံ မြို့ နား မှာ တဲ ကို ဆောက်လေ၏။
مردمان شهر سدوم بسیار فاسد بودند و نسبت به خداوند گناه میورزیدند. | 13 |
၁၃သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။
بعد از جدا شدن لوط از ابرام، خداوند به ابرام فرمود: «با دقت به اطراف خود نگاه کن! | 14 |
၁၄လောတ သည် အာဗြံ နှင့် ခွါ ၍ သွားပြီးမှ ၊ ထာဝရဘုရား သည် အာဗြံကိုခေါ်၍၊ သင် ရှိသော အရပ် က၊ တောင် ၊ မြောက် ၊ အရှေ့ ၊ အနောက် သို့ မြော် ကြည့် လော့။
تمام این سرزمین را که میبینی، تا ابد به تو و نسل تو میبخشم. | 15 |
၁၅သင် မြင် သော မြေ တပြင်လုံး ကို၊ သင် နှင့် သင် ၏ အမျိုး အနွယ်အား ၊ ငါသည်ကာလ အစဉ်အမြဲပေး မည်။
نسل تو را مانند غبار زمین بیشمار میگردانم. | 16 |
၁၆သင် ၏အမျိုး အနွယ်ကို မြေ မှုန့် ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူ သည်မြေ မှုန့် ကို ရေတွက် နိုင် လျှင် ၊ သင် ၏ အမျိုး အနွယ်ကို ရေတွက် နိုင်ကြလိမ့်မည်။
برخیز و در سراسر این سرزمین که آن را به تو میبخشم، بگرد.» | 17 |
၁၇သင်ထ ၍မြေ ကို အလျား အားဖြင့် ၎င်း ၊ အနံ အားဖြင့် ၎င်း ရှောက် သွားလော့။ သင် အား ငါပေး မည်ဟု မိန့် တော်မူ၏။
آنگاه ابرام برخاست و خیمهٔ خود را جمع کرده، به بلوطستانِ ممری که در حبرون است کوچ نمود. در آنجا ابرام برای خداوند مذبحی ساخت. | 18 |
၁၈တဖန် အာဗြံ သည် တဲ ကိုပြောင်း၍ ၊ ဟေဗြုန် မြို့၊ မံရေ သပိတ်တော သို့ ရောက် မှ နေရာ ကျ၍ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။