< عِزرا 3 >
در ماه هفتم سال، تمام کسانی که به سرزمین یهودا بازگشته بودند از شهرهای خود آمده در اورشلیم جمع شدند. | 1 |
၁သတ္တမလသို့ရောက်သောအခါဣသရေလ အမျိုးသားတို့သည် မိမိတို့၏မြို့ရွာများ တွင်အတည်တကျနေထိုင်လျက်ရှိကြ၏။ ထိုနောက်သူတို့သည် ယေရုရှလင်မြို့တွင် စုဝေးကြလျက်၊-
آنگاه یهوشع کاهن پسر یهوصادق و سایر کاهنان، و زروبابِل پسر شئلتیئیل و خاندان او مذبح خدای اسرائیل را دوباره بنا کردند. سپس همانطور که در کتاب تورات موسی، مرد خدا، دستور داده شده بود، قربانیهای سوختنی تقدیم نمودند. | 2 |
၂ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
گرچه یهودیانی که به سرزمین خود بازگشته بودند از مردمی که در آن سرزمین بودند میترسیدند، با این حال مذبح را در جای سابق خود بنا کردند و روی آن، قربانیهای سوختنی صبح و عصر را به خداوند تقدیم نمودند. | 3 |
၃သူတို့သည်ထိုပြည်တွင်နေထိုင်သူအခြား အမျိုးသားတို့ကိုကြောက်သော်လည်း ယဇ် ပလ္လင်ကိုအဟောင်း၌ပင်ပြန်လည်တည်ဆောက် ကြလေသည်။ ထိုနောက်နံနက်နှင့်ညဥ့်ဦးတွင် ပူဇော်နေကျဖြစ်သည့်မီးရှို့ရာယဇ်တို့ကို စတင်ပူဇော်ကြ၏။-
آنها عید خیمهها را همانطور که در کتاب تورات موسی نوشته شده بود، برگزار کردند و در طول روزهای عید، قربانیهایی را که برای هر روز تعیین شده بود، تقدیم نمودند. | 4 |
၄သူတို့သည်စည်းမျဉ်းသတ်မှတ်ချက်များရှိ သည့်အတိုင်း တဲနေပွဲကိုကျင်းပကြ၏။ နေ့ စဉ်ပူဇော်အပ်သည့်ယဇ်များကိုလည်းပူဇော် ကြ၏။-
از آن پس، آنها به طور مرتب قربانیهای سوختنی روزانه، قربانیهای مخصوص جشن ماه نو و جشنهای سالیانهٔ خداوند را تقدیم میکردند. علاوه بر این قربانیها، هدایای داوطلبانه هم به خداوند تقدیم میشد. | 5 |
၅ထို့အပြင်သူတို့သည်အမြဲပူဇော်ရသည့် တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုလည်းကောင်း၊ လဆန်းနေ့ပွဲတော်ကိုလည်းကောင်း၊ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရာ အခြားပွဲနေ့ များ၌ပူဇော်အပ်သည့်ယဇ်များကိုလည်း ကောင်း၊ ထာဝရဘုရားအားမိမိတို့စေတနာ အလျောက်ပေးလှူသည့်ပူဇော်သကာများ ကိုလည်းကောင်းတင်လှူပူဇော်ကြလေ သည်။-
روز اول ماه هفتم، حتی قبل از گذاشتن پایههای خانهٔ خداوند، کاهنان شروع به تقدیم قربانیهای سوختنی برای خداوند کردند. | 6 |
၆ပြည်သူတို့သည်ဗိမာန်တော်ကိုပြန်လည်တည် ဆောက်ရန်အစမပြုရသေးသော်လည်း သတ္တမ လ၊ ပထမနေ့၌မီးရှို့ပူဇော်ရာယဇ်များကို ထာဝရဘုရားအား စတင်ပူဇော်ကြကုန်၏။
سپس برای بازسازی خانهٔ خدا عدهای بنا و نجار استخدام کردند و به اهالی صور و صیدون مواد غذایی، شراب و روغن زیتون دادند و از آنها چوب سرو گرفتند. این چوبها از لبنان، از طریق دریا، به یافا حمل میشد. تمام اینها با اجازهٔ کوروش، پادشاه پارس، انجام میگرفت. | 7 |
၇ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။-
در ماه دوم از سال دوم ورود یهودیان به اورشلیم، زروبابِل، یهوشع، کاهنان، لاویان و تمام کسانی که به سرزمین یهودا بازگشته بودند کار بازسازی خانهٔ خدا را شروع کردند. لاویانی که بیست سال یا بیشتر سن داشتند، تعیین شدند تا بر این کار نظارت کنند. | 8 |
၈သို့ဖြစ်၍သူတို့သည် ယေရုရှလင်မြို့ရှိဗိမာန် တော်တည်ခဲ့ရာသို့ပြန်လည်ရောက်ရှိလာသည့် နှစ်၊ ဒုတိယလ၌ဗိမာန်တော်တည်ဆောက်မှု လုပ်ငန်းကို စတင်လုပ်ကိုင်ကြလေသည်။ ဇေရုဗ ဗေလ၊ ယောရှုနှင့်ဆွေမျိုးသားချင်းများ၊ ယဇ် ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များမှစ ၍ ယေရုရှလင်မြို့သို့ပြန်လာကြသည့်ပြည် နှင်ဒဏ်သင့်သူအပေါင်းတို့သည် တည်ဆောက် မှုလုပ်ငန်းတွင်ပါဝင်ကြလေသည်။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူလေဝိအနွယ် ဝင်တို့သည် ဗိမာန်တော်တည်ဆောက်မှုကို ကြီးကြပ်ရန်တာဝန်ယူကြရ၏။-
نظارت بر کار کارگران به عهدۀ یشوع و پسران و برادرانش و قدمیئیل و پسرانش (از نسل هودویا) گذاشته شد. (لاویان طایفۀ حیناداد نیز در این کار به ایشان کمک میکردند.) | 9 |
၉လေဝိအနွယ်ဝင်ယောရှုနှင့်သားများ (ဟောဒဝိ သားချင်းစုမှ) ကာဒမေလနှင့်သားများသည် ဗိမာန်တော်တည်ဆောက်မှုကိုကြီးကြပ်ရန် တာဝန်ယူရာတွင် ပါဝင်ဆောင်ရွက်ကြလေ သည်။ (သူတို့အားဟေနဒဒ်သားချင်းစုမှ လေဝိအနွယ်ဝင်များကအကူအညီ ပေးကြ၏။)
وقتی پایههای خانۀ خداوند گذاشته شد، کاهنان لباس مخصوص خود را پوشیدند و شیپورها را نواختند و لاویان طایفهٔ آساف سنجهای خود را به صدا درآوردند تا مطابق رسم داوود پادشاه، خداوند را ستایش کنند. | 10 |
၁၀တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
ایشان با این کلمات در وصف خداوند میسراییدند: «خداوند نیکوست و محبتش برای اسرائیل بیپایان!» سپس برای پایهگذاری خانهٔ خداوند، تمام قوم با صدای بلند، خدا را شکر کردند. | 11 |
၁၁သူတို့က၊ ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ဣသရေလအမျိုးသားတို့အတွက် ထားရှိတော်မူသောမေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟူသောသီချင်းကိုထပ်ကာထပ်ကာသီဆို၍ ထာဝရဘုရားအားထောမနာပြုကြ၏။ ဗိမာန်တော်အုတ်မြစ်ကိုချပြီးဖြစ်သဖြင့် လူ အပေါင်းတို့သည်ထာဝရဘုရား၏ဂုဏ် တော်ကိုဟစ်အော်ချီးမွမ်းကြကုန်၏။-
اما بسیاری از کاهنان و لاویان و سران قوم که پیر بودند و خانهای را که سلیمان برای خداوند ساخته بود دیده بودند، وقتی پایههای خانهٔ خداوند را که گذاشته میشد دیدند، با صدای بلند گریستند، در حالی که دیگران از شادی فریاد برمیآوردند. | 12 |
၁၂ဗိမာန်တော်ဟောင်းကိုမြင်ဖူးသောအသက်ကြီး သူယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ နှင့်သားချင်းစုဦးစီးအမြောက်အမြားတို့သည် ဤဗိမာန်တော်အုတ်မြစ်ချသည်ကိုမြင်သော် အော် ဟစ်ငိုကြွေးကြကုန်၏။ သို့ရာတွင်အခြားသူတို့ ကမူဝမ်းမြောက်စွာကြွေးကြော်ကြလေသည်။-
کسی نمیتوانست صدای گریه را از فریاد شادی تشخیص دهد، زیرا این صداها چنان بلند بود که از فاصلۀ دور نیز به گوش میرسید. | 13 |
၁၃ဝမ်းမြောက်စွာကြွေးကြော်သံနှင့်ငိုကြွေးသံကို အဘယ်သူမျှခွဲခြား၍မရကြ။ လူတို့သည် ကျယ်စွာအော်ဟစ်ကြသောကြောင့် အဝေးကပင် ကြားရလေသည်။