< خروج 8 >
خداوند به موسی فرمود: «پیش فرعون برگرد و به او بگو که خداوند چنین میفرماید: بگذار قوم من بروند و مرا عبادت کنند؛ | 1 |
၁ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင်ထံသို့ဝင်၍ ငါ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့။
و گرنه سرزمینت را پر از قورباغه خواهم نمود. | 2 |
၂မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။
رود نیل پر از قورباغه خواهد شد. قورباغهها از رود بیرون آمده، به کاخ تو هجوم خواهند آورد و حتی وارد خوابگاه و بسترت خواهند شد! نیز به خانههای درباریان و تمام قوم تو رخنه خواهند کرد. آنها حتی تغارهای خمیر و تنورهای نانوایی را پر خواهند ساخت. | 3 |
၃မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား၍၊ သူတို့သည် သင်၏အိမ်၌၎င်း၊ အိပ်ခန်း၌၎င်း၊ အိပ်ရာ ပေါ်၌၎င်း၊ သင်၏ကျွန်တို့ အိမ်၌၎င်း၊ သင်၏လူတို့အပေါ်၌၎င်း၊ သင်၏မီးဖို၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း တက်ကြလိမ့်မည်။
قورباغهها از سر و روی تو و مردم و درباریانت بالا خواهند رفت.» | 4 |
၄သင်မှစ၍ သင်၏လူ၊ သင်၏ကျွန်ရှိသမျှတို့ အပေါ်၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ သည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
سپس خداوند به موسی فرمود: «به هارون بگو که عصای خود را به سوی رودخانهها، چشمهها و حوضها دراز کند تا قورباغهها بیرون بیایند و همه جا را پر سازند.» | 5 |
၅တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကို ကိုင်လျက်၊ လက်ကို ဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကို တက်စေ ခြင်းငှါ ပြောလော့ဟု မိန့်တော်မူ၏။
پس هارون دستش را به سوی آبهای مصر دراز کرد و قورباغهها بیرون آمده، سرزمین مصر را پوشاندند. | 6 |
၆အာရုန်သည် အဲဂုတ္တုပြည်၌ရှိသော ရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဘားတို့သည်တက်၍ အဲဂုတ္တု ပြည်တရှောက်လုံးကို ဖုံးလွှမ်းကြ၏။
ولی جادوگران مصری هم با جادوی خود، همین کار را کردند و قورباغههای بسیار زیادی پدید آوردند. | 7 |
၇ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ ဘားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင် ကြ၏။
پس فرعون، موسی و هارون را فرا خواند و گفت: «از خداوند درخواست کنید این قورباغهها را از ما دور کند و من قول میدهم بنیاسرائیل را رها کنم تا بروند و برای خداوند قربانی کنند.» | 8 |
၈ထိုအခါ ဖါရောမင်းသည်၊ မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော် ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။
موسی در جواب فرعون گفت: «زمانی را معین کن تا برای تو و درباریان و قومت دعا کنم و تمام قورباغهها بهجز آنهایی که در رود نیل هستند نابود شوند.» | 9 |
၉မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေ ခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော်၊
فرعون گفت: «فردا.» موسی جواب داد: «این کار را خواهم کرد تا تو بدانی که هیچکس مانند خدای ما یهوه نیست. | 10 |
၁၀နက်ဖြန်နေ့ တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အမိန့်တော်အတိုင်းဖြစ်၍၊
تمام قورباغهها از تو و خانهات، و از درباریان و قومت دور خواهند شد. آنها فقط در رود نیل باقی خواهند ماند.» | 11 |
၁၁ဘားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ကျွန်များ၊ လူများထံမှထွက်သွား၍ မြစ်၌သာ နေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင်၊
موسی و هارون از دربار فرعون بیرون آمدند و موسی از خداوند خواهش کرد تا قورباغهها را از بین ببرد. | 12 |
၁၂အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖါရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော် မူသော ဘားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပဌနာပြုလေ၏။
خداوند هم دعای موسی را اجابت فرمود و تمام قورباغهها در سراسر مصر مردند. | 13 |
၁၃ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့်၊ ဘားတို့သည် အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင် သေကြ၏။
مردم آنها را جمع کرده، روی هم انباشتند، آنچنان که بوی تعفن همه جا را فرا گرفت. | 14 |
၁၄အသေကောင်တို့ကို စုပုံ၍ထားသဖြင့် တပြည်လုံး နံလေ၏။
اما وقتی قورباغهها از بین رفتند، فرعون باز هم دل خود را سخت کرد و همانطور که خداوند فرموده بود راضی نشد قوم اسرائیل را رها کند. | 15 |
၁၅ဖါရောမင်းလည်း၊ သက်သာရကြောင်းကို သိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန် လေ၏။
آنگاه خداوند به موسی فرمود: «به هارون بگو که عصای خود را به زمین بزند تا گرد و غبار در سراسر مصر به پشه تبدیل شود.» | 16 |
၁၆တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ အဲဂုတ္တုပြည်တရှောက်လုံး၌ရှိသော မြေမှုန်သည် ခြင်ကောင်ဖြစ်စေခြင်းငှါ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍၊ မြေမှုန့်ကို ရိုက်စေခြင်း ငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
موسی و هارون همانطور که خداوند به ایشان فرموده بود عمل کردند. وقتی هارون عصای خود را به زمین زد انبوه پشه سراسر خاک مصر را فرا گرفت و پشهها بر مردم و حیوانات هجوم بردند. | 17 |
၁၇အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍ မြေမှုန့်ကို ရိုက်လေ၏။ မြေမှုန့်သည်လည်း လှံ၌၎င်း၊ တိရစ္ဆာန်၌၎င်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တရှောက်လုံး၌ မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ် လေ၏။
جادوگران مصر هم سعی کردند همین کار را بکنند، ولی این بار موفق نشدند. | 18 |
၁၈ဝိဇ္ဇာဆရာကိုလည်း၊ ခြင်ကောင်တို့ကို ဖြစ်စေ ခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင် ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ခြင်ကောင်တို့သည် ရှိကြ၏။
پس به فرعون گفتند: «دست خدا در این کار است.» ولی همانطور که خداوند فرموده بود، دل فرعون باز نرم نشد و به موسی و هارون اعتنایی نکرد. | 19 |
၁၉ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရား သခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
پس خداوند به موسی فرمود: «صبح زود برخیز و به کنار رودخانه برو و منتظر فرعون باش. وقتی او به آنجا آید به او بگو که خداوند میفرماید: قوم مرا رها کن تا بروند و مرا عبادت کنند، | 20 |
၂၀ထာဝရဘုရားကလည်း၊ သင်သည် နံနက် စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖါရော ဘုရင်ရှေ့မှာ ရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
و گرنه خانهٔ تو و درباریان و تمام مردم مصر را از مگس پر میکنم و زمین از مگس پوشیده خواهد شد. | 21 |
၂၁မလွှတ်ဘဲနေလျှင် သင်နှင့်သင်၏ကျွန်များ၊ လူ များ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တု လူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့် ရှိရလိမ့်မည်။
اما در سرزمین جوشن که محل سکونت بنیاسرائیل است، مگسی نخواهد بود تا بدانی که من خداوند این سرزمین هستم | 22 |
၂၂ငါသည် မြေကြီးအလယ်၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ၏လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့၌ ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။
و بین قوم تو و قوم خود فرق میگذارم. این معجزه فردا ظاهر خواهد شد.» | 23 |
၂၃ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနား စေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
خداوند به طوری که فرموده بود، قصر فرعون و خانههای درباریان را پر از مگس کرد و در سراسر خاک مصر ویرانی به بار آمد. | 24 |
၂၄ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန် ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖါရောဘုရင်အိမ် အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက် လေ၏။
پس فرعون، موسی و هارون را فراخواند و به آنها گفت: «بسیار خوب، به شما اجازه میدهم که برای خدای خود قربانی کنید، ولی از مصر بیرون نروید.» | 25 |
၂၅ထိုအခါ၊ ဖါရောဘုရင်သည် မောရှေနှင့် အာရုန် ကို ခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌သင်တို့၏ ဘုရား သခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊
موسی جواب داد: «ما نمیتوانیم در برابر چشمان مصریها حیواناتی که آنها از کشتنشان کراهت دارند، برای خداوند، خدای خود قربانی کنیم؛ چون ممکن است ما را سنگسار کنند. | 26 |
၂၆မောရှေက ထိုသို့မပြုသင့်။ ပြုလျှင်အဲဂုတ္တုလူ တို့၏ ရွံရှာဘွယ်သောအရာကို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော် လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။
ما باید با یک سفر سه روزه، از مصر دور شویم و طبق دستور خداوند، در صحرا برای خداوند، خدای خود قربانی کنیم.» | 27 |
၂၇သို့ဖြစ်၍ တော၌သုံးရက်ခရီးသွား၍ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို၏။
فرعون گفت: «من به شما اجازه میدهم تا به صحرا بروید و برای خداوند، خدای خود قربانی تقدیم کنید؛ ولی زیاد دور نشوید. حال، برای من دعا کنید.» | 28 |
၂၈ဖါရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကို ငါပေးမည်။ သို့ရာတွင် ဝေးဝေး မသွားရကြ။ ငါ့အဘို့တောင်းပန်လော့ဟု မိန့်တော်မူ၏။
موسی گفت: «وقتی از اینجا خارج شوم، نزد خداوند دعا خواهم کرد و فردا این بلا از تو و درباریان و مردم مصر دور خواهد شد. اما مواظب باش بار دیگر ما را فریب ندهی، بلکه بگذاری قوم من برود و برای خداوند قربانی تقدیم کند.» | 29 |
၂၉မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ မှ ထွက်သွား၍ ယင်ရဲတို့သည် ဖါရောဘုရင်နှင့် သူ၏ ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသ ရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည် အကြောင်း၊ နောက်တဖန် ဆီးတား၍ လှည့်စားတော် မမူပါနှင့်ဟု လျှောက်ပြီးလျှင်၊
پس موسی از حضور فرعون بیرون رفت و نزد خداوند دعا کرد. | 30 |
၃၀ဖါရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကို တောင်းပန်လေ၏။
خداوند دعای موسی را اجابت فرمود و تمام مگسها را از فرعون و قومش دور کرد، به طوری که حتی یک مگس هم باقی نماند. | 31 |
၃၁ထာဝရဘုရားသည်လည်း၊ မောရှေစကားကို နားထောင်၍ ယင်ရဲတို့ကို ဖါရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တကောင်မျှ မကျန်စေခြင်းငှါ ပယ်ရှား တော်မူ၏။
ولی این بار نیز دل فرعون نرم نشد و اجازه نداد قوم اسرائیل از مصر بیرون بروند. | 32 |
၃၂ထိုအခါ၌လည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။