< خروج 23 >
«خبر دروغ را منتشر نکنید و با دادن شهادت دروغ با خطاکار همکاری ننمایید. | 1 |
၁``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။-
وقتی در دادگاه در مقام شاهد ایستادهاید دنبالهرو جماعت در انجام کار بد نشوید و تحت تأثیر نظر اکثریت، عدالت را پایمال نکنید، | 2 |
၂လူများစုနောက်သို့လိုက်၍မတရားသဖြင့် မပြုနှင့်။ လူများစုနောက်သို့လိုက်၍တရား မျှတမှုကိုဖောက်ပြန်စေရန်မတရားသော သက်သေကိုလည်းမခံနှင့်။-
و از کسی صرفاً به خاطر اینکه فقیر است طرفداری نکنید. | 3 |
၃အမှုစစ်ဆေးရာ၌ဆင်းရဲသည့်အကြောင်းကို ထောက်၍ ဆင်းရဲသားဘက်မှမတရားသက်သေ မခံနှင့်။
«اگر به گاو یا الاغ گمشدهٔ دشمن خود برخوردید آن را نزد صاحبش برگردانید. | 4 |
၄``သင့်ရန်သူ၏နွားသို့မဟုတ်မြည်းသည် အုပ်မှ ကွဲနေသည်ကိုတွေ့လျှင်သူ့ထံသို့ပြန်ပို့ရ မည်။-
اگر الاغ دشمنت را دیدید که در زیر بار افتاده است، بیاعتنا از کنارش رد نشوید، بلکه به او کمک کنید تا الاغ خود را از زمین بلند کند. | 5 |
၅သူ၏မြည်းသည်ဝန်ပိ၍လဲနေလျှင်လွှဲရှောင် မသွားဘဲမြည်းကိုဝိုင်း၍ထူပေးရမည်။
«در دادگاه، حق شخص فقیر را پایمال نکنید. | 6 |
၆``ဆင်းရဲသောသူသည်ရုံး၌တရားဆိုင်ရ သောအခါ သူ့အားတရားသဖြင့်စီရင်လော့။-
تهمت ناروا به کسی نزنید و نگذارید شخص بیگناه به مرگ محکوم شود. من کسی را که عدالت را زیر پا گذارد بیسزا نخواهم گذاشت. | 7 |
၇လူတစ်ဦးအားမဟုတ်မမှန်မစွပ်စွဲရ။ အပြစ် ကင်းမဲ့သူကိုသေဒဏ်မစီရင်ရ။ ထိုသို့မ တရားမှုပြုသူအားငါအပြစ်ဒဏ်ပေးမည်။-
«رشوه نگیرید، چون رشوه چشمان بینایان را کور میکند و راستگویان را به دروغگویی وا میدارد. | 8 |
၈တံစိုးလက်ဆောင်စားသူသည်အမှန်တရားကို မမြင်နိုင်သည့်အပြင် အပြစ်ကင်းမဲ့သူကို ပျက်စီးစေနိုင်သောကြောင့်တံစိုးလက်ဆောင် မယူရ။
«به اشخاص غریب ظلم نکنید، چون خودتان در مصر غریب بودید و از حال غریبان آگاهید. | 9 |
၉``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နှင့် နေထိုင်ခဲ့ဖူး၍ဧည့်သည်၏ခံစားချက်ကို သိသည်ဖြစ်သောကြောင့် သင်တို့၏ပြည်တွင် ဧည့်သည်ဖြစ်သောအခြားအမျိုးသားတို့ ကိုမညှဉ်းဆဲနှင့်။
«در زمین خود شش سال کشت و زرع کنید، و محصول آن را درو نمایید. | 10 |
၁၀``သင်တို့သည်ခြောက်နှစ်ပတ်လုံးထွန်ယက် စိုက်ပျိုး၍ ထွက်သမျှသီးနှံကိုစုသိမ်းရ မည်။-
اما در سال هفتم بگذارید زمین استراحت کند و آنچه را که در آن میروید واگذارید تا فقرا از آن استفاده کنند و آنچه از آن باقی بماند حیوانات صحرا بخورند. این دستور در مورد باغ انگور و باغ زیتون نیز صدق میکند. | 11 |
၁၁သို့ရာတွင်သတ္တမနှစ်၌ထွန်ယက်စိုက်ပျိုးခြင်း မပြုဘဲ မြေကိုအလွတ်ထား၍ထိုမြေပေါ် တွင်ပေါက်သမျှသီးနှံကိုမရိတ်သိမ်းရ။ ဆင်းရဲ သူတို့အားထိုမြေမှထွက်သောသီးနှံကိုစား စေ၍ ကြွင်းကျန်သမျှကိုတောတိရစ္ဆာန်များ အတွက်ဖြစ်စေရမည်။ သင်တို့၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်းထိုနည်းအတိုင်း ပြုလုပ်ရမည်။
«شش روز کار کنید و در روز هفتم استراحت نمایید تا غلامان و کنیزان و غریبانی که برایتان کار میکنند و حتی چارپایانتان بتوانند استراحت نمایند. | 12 |
၁၂``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်ကို လုပ်၍ သတ္တမနေ့တွင်နားနေရမည်။ ထိုသို့ပြု လျှင် သင်၏ကျွန်များ၊ သင်ခိုင်းစေသောအခြား အမျိုးသားများနှင့်တိရစ္ဆာန်များသည် အလုပ် မှနားခွင့်ရကြလိမ့်မည်။
«از آنچه که به شما گفتهام اطاعت کنید. نزد خدایان غیر دعا نکنید و حتی اسم آنها را بر زبان نیاورید. | 13 |
၁၃``သင်တို့အားငါမှာကြားသမျှကိုနားထောင် လော့။ အခြားသောဘုရားတို့ထံဆုမပန်နှင့်။ ထိုဘုရားတို့၏နာမကိုမျှမမြွက်ဆို ကြနှင့်။
«هر سال این سه عید را به احترام من نگاه دارید. | 14 |
၁၄``သင်တို့သည်ငါ၏ဂုဏ်တော်ကိုချီးကူးရန် ပွဲကိုတစ်နှစ်လျှင်သုံးကြိမ်ကျင်းပရမည်။-
اول، عید فطیر: همانطور که قبلاً دستور دادم در این عید هفت روز نان فطیر بخورید. این عید را به طور مرتب در ماه ابیب هر سال برگزار کنید، چون در همین ماه بود که از مصر بیرون آمدید. در این عید همهٔ شما باید به حضور من هدیه بیاورید. | 15 |
၁၅တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ ငါ မိန့်မှာခဲ့သည့်အတိုင်း အီဂျစ်ပြည်မှထွက်ခဲ့ ရသောအဗိဗလ၌ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။ မည်သူမျှ ပူဇော်သကာမပါဘဲနှင့် ငါ့ထံသို့ချဉ်းကပ် ၍ကိုးကွယ်ဝတ်ပြုခြင်းမပြုရ။
دوم، عید حصاد: آن وقتی است که شما باید نوبر محصولات خود را به من تقدیم کنید. سوم، عید جمعآوری: این عید را در آخر سال، هنگام جمعآوری محصول برگزار کنید. | 16 |
၁၆``သင်တို့လယ်များမှကောက်ရိတ်သိမ်းချိန်သို့ ရောက်လျှင် သင်တို့စိုက်ပျိုးခဲ့သောသီးနှံများ နှင့်ကောက်သိမ်းပွဲတော်ကိုကျင်းပရမည်။ ``နှစ်အကုန်တွင်သင်တို့၏သစ်သီးခြံများမှ သစ်သီးများကိုစုသိမ်းချိန်၌ သစ်သီးသိမ်းပွဲ တော်ကိုကျင်းပရမည်။-
هر سال در این سه عید، تمام مردان بنیاسرائیل باید در حضور خداوند حاضر شوند. | 17 |
၁၇နှစ်စဉ်ဤပွဲသုံးကြိမ်ကျင်းပစဉ်တွင်ယောကျာ်း အပေါင်းတို့သည် ထာဝရအရှင်ဘုရားသခင် ၏ထံတော်သို့ချဉ်းကပ်ကိုးကွယ်ရမည်။
«خون حیوان قربانی را همراه با نان خمیرمایهدار به من تقدیم نکنید. نگذارید چربی قربانیهایی که به من تقدیم کردهاید تا صبح بماند. | 18 |
၁၈``ငါ့အားယဇ်ကောင်ပူဇော်သောအခါ တဆေး ပါသောမုန့်နှင့်မပူဇော်ရ။ ဤပွဲတော်များတွင် ငါ့အားပူဇော်သောယဇ်ကောင်၏အဆီကို နောက် တစ်နေ့နံနက်သို့တိုင်အောင်မကြွင်းကျန်စေရ။
«بهترین نوبر هر محصولی را که درو میکنید، به خانهٔ یهوه خدایتان بیاورید. «بزغاله را در شیر مادرش نپزید. | 19 |
၁၉``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
«من فرشتهای پیشاپیش شما میفرستم تا شما را در راه محافظت کند و شما را به سلامت به سرزمینی که برای شما آماده کردهام، برساند. | 20 |
၂၀``ခရီးလမ်းတွင်သင်တို့အားစောင့်ရှောက်ရန်နှင့် ငါပြင်ဆင်သောအရပ်သို့ သင်တို့ကိုပို့ဆောင်ရန် သင်တို့ရှေ့ကကောင်းကင်တမန်ကိုငါစေလွှတ် မည်။-
به سخنان او توجه کنید و از دستورهایش پیروی نمایید. از او تمّرد نکنید، زیرا گناهان شما را نخواهد بخشید، چرا که او نمایندهٔ من است و نام من بر اوست. | 21 |
၂၁သူ့ကိုရိုသေလေးစား၍သူ့စကားကိုနားထောင် လော့။ သူ့ကိုငါစေလွှတ်သောကြောင့်သူ့ကိုမပုန် ကန်နှင့်။ သူသည်ထိုသို့သောပုန်ကန်မှုကိုခွင့် လွှတ်လိမ့်မည်မဟုတ်။-
اگر مطیع او باشید و تمام دستورهای مرا اطاعت کنید، آنگاه من دشمن دشمنان شما خواهم بود و مخالفِ مخالفانتان. | 22 |
၂၂သို့ရာတွင်သင်တို့သည်သူ့စကားကိုနား ထောင်၍ ငါမိန့်မှာသမျှအတိုင်းပြုလုပ်လျှင် ငါသည်သင်တို့၏ရန်သူအပေါင်းကိုတိုက် ခိုက်၍ သင့်အားဆန့်ကျင်သူအပေါင်းကို ဆန့်ကျင်မည်။-
فرشتهٔ من پیشاپیش شما خواهد رفت و شما را به سرزمین اموریها، حیتیها، فرزیها، کنعانیها، حویها و یبوسیها هدایت خواهد کرد و من آنها را هلاک خواهم نمود. | 23 |
၂၃ငါ၏ကောင်းကင်တမန်သည်သင်တို့ရှေ့က သွား၍ အာမောရိအမျိုးသား၊ ဟိတ္တိအမျိုး သား၊ ဖေရဇိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်လိမ့်မည်။ ထိုအမျိုး သားအပေါင်းတို့ကိုငါသုတ်သင်ဖျက်ဆီး မည်။-
شما نباید خدایان آنها را پرستش کنید و مراسم ننگین آنها را انجام دهید. این اقوام را نابود کنید و بتهای ستونی آنها را بشکنید. | 24 |
၂၄သင်တို့သည်သူတို့၏ဘုရားများကိုဦး မချဝတ်မပြုရ။ သူတို့၏ဘာသာဋ္ဌလေ့ အတိုင်းမကျင့်ရ။ သူတို့၏ဘုရားများကို ဖြိုဖျက်၍သူတို့ကိုးကွယ်သောကျောက်တိုင် များကိုချိုးဖျက်ရမည်။-
«خداوند، خدای خود را عبادت کنید و او نان و آب شما را برکت خواهد داد و بیماری را از میان شما دور خواهد کرد. | 25 |
၂၅သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကိုးကွယ်လျှင် ငါသည်သင်တို့အား ဝလင်စွာစားသောက်ရစေမည်။ အနာရောဂါ တို့မှလည်းကင်းရှင်းစေမည်။-
در میان شما سقط جنین و نازایی وجود نخواهد داشت. او به شما عمر طولانی خواهد بخشید. | 26 |
၂၆သင်တို့၏ပြည်တွင်ကိုယ်ဝန်ပျက်သောမိန်းမ၊ မြုံသောမိန်းမဟူ၍မရှိစေရ။ သင်တို့အား အသက်ရှည်စေမည်။
«من وحشت خود را پیش روی شما خواهم فرستاد تا به هر سرزمینی که هجوم برید، ترس خداوند بر مردمانش مستولی شود و آنها از برابر شما فرار کنند. | 27 |
၂၇``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။-
من زنبورهای سرخ میفرستم تا قومهای حوی، کنعانی و حیتی را از حضور شما بیرون کنند. | 28 |
၂၈ဟိဝိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိတ္တိ အမျိုးသားတို့သည်ထိတ်လန့်တကြားဖြစ် ၍ထွက်ပြေးရကြလိမ့်မည်။-
البته آن قومها را تا یک سال بیرون نخواهم کرد مبادا زمین خالی و ویران گردد و حیوانات درنده بیش از حد زیاد شوند. | 29 |
၂၉ငါသည်ထိုလူမျိုးအားလုံးတို့ကိုတစ်နှစ် အတွင်းမောင်းထုတ်မည်မဟုတ်။ အကယ်၍ထို သို့ပြုမူပါမူ တိုင်းပြည်တွင်လူသူကင်းမဲ့၍ သားရဲများမင်းမူသဖြင့်သင်တို့အားအန္တရာယ် ဖြစ်စေမည်။-
این قومها را به تدریج از آنجا بیرون میکنم تا کمکم جمعیت شما زیاد شود و تمام زمین را پر کند. | 30 |
၃၀သင်တို့သည်တိုင်းပြည်ကိုသိမ်းပိုက်နိုင်ရန်လူဦး ရေတိုးပွားလာသည်အထိ ငါသည်သူတို့ကို တစ်စတစ်စမောင်းထုတ်မည်။-
مرز سرزمین شما را از دریای سرخ تا کرانهٔ فلسطین و از صحرای جنوب تا رود فرات وسعت میدهم و به شما کمک میکنم تا ساکنان آن سرزمین را شکست داده، بیرون کنید. | 31 |
၃၁ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။-
«با آنها و خدایان ایشان عهد نبندید | 32 |
၃၂သူတို့နှင့်လည်းကောင်း၊ သူတို့ဘုရားများနှင့် သော်လည်းကောင်း သင်တို့သည်မည်သည့်ပဋိ ညာဉ်ကိုမျှမပြုလုပ်ရ။-
و نگذارید در میان شما زندگی کنند، وگرنه شما را به بتپرستی کشانده، به مصیبت عظیم گرفتار خواهند ساخت.» | 33 |
၃၃သင်တို့၏ပြည်တွင်သူတို့ကိုနေထိုင်ခွင့်မပေး နှင့်။ သူတို့အားနေထိုင်ခွင့်ပေးလျှင် သူတို့သည် သင်တို့ကိုငါ့အားပြစ်မှားစေလိမ့်မည်။ သင် တို့သည်သူတို့၏ဘုရားများကိုကိုးကွယ် ပါက အမှန်ပင်ပျက်စီးဆုံးရှုံးစေမည့် ထောင်ချောက်ထဲသို့ကျရောက်ကြလိမ့်မည်။''