< خروج 2 >
در آن زمان مردی از قبیلهٔ لاوی، یکی از دختران قبیله خود را به زنی گرفت. | 1 |
၁လေဝိအမျိုးသားတစ်ယောက်သည် လေဝိ အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ပြု၍၊-
آن زن حامله شده پسری به دنیا آورد. آن پسر بسیار زیبا بود، پس مادرش او را تا مدت سه ماه از دید مردم پنهان کرد. | 2 |
၂သားတစ်ယောက်ကိုရ၏။ ထိုသားသည်ချစ်ဖွယ် ကောင်းသည်ကိုမိခင်မြင်လျှင်၊ သုံးလကြာ မျှဝှက်ထားလေ၏။-
اما وقتی نتوانست بیش از آن او را پنهان کند، از نی سبدی ساخت و آن را قیراندود کرد تا آب داخل سبد نشود. سپس، پسرش را در آن گذاشت و آن را در میان نیزارهای رود نیل رها ساخت. | 3 |
၃မိခင်သည်သားကိုဆက်လက်၍မဝှက်ထား နိုင်တော့သဖြင့်၊ ကူရိုးများနှင့်ခြင်းတောင်း တစ်လုံးကိုရက်လုပ်၍၊ ကတ္တရာနှင့်သစ်စေး သုတ်ပြီးနောက်၊ ကလေးကိုခြင်းထဲ၌ထည့် ပြီးလျှင်မြစ်ကမ်းစပ်ရှိကိုင်းတောတွင်ချ ထားလေ၏။-
ولی خواهر آن کودک از دور مراقب بود تا ببیند چه بر سر او میآید. | 4 |
၄ထိုသားငယ်၏အစ်မသည်မလှမ်းမကမ်းနေ ရာမှ ကလေး၏အရိပ်အခြေကိုစောင့်ကြည့် နေလေ၏။
در همین هنگام دختر فرعون برای شستشو به رود نیل آمد. دو کنیز او هم در کنارۀ رود میگشتند. دختر فرعون ناگهان چشمش به سبد افتاد، پس یکی از کنیزان را فرستاد تا آن سبد را از آب بگیرد. | 5 |
၅ဖာရောဘုရင်၏သမီးတော်သည်ရေချိုးရန် မြစ်ထဲသို့ဆင်းလာစဉ်၊ သူ၏အခြွေအရံတို့ ကမြစ်ကမ်းပေါ်တွင်လမ်းလျှောက်၍စောင့်ကြပ် နေကြ၏။ သမီးတော်သည်ကိုင်းတောထဲ၌ ခြင်းတောင်းကိုမြင်လျှင်၊ ကျွန်မတစ်ယောက် ကိုလွှတ်၍ထိုခြင်းတောင်းကိုယူခဲ့စေ၏။-
هنگامی که سرپوش سبد را برداشت چشمش به کودکی گریان افتاد و دلش به حال او سوخت و گفت: «این بچه باید متعلق به عبرانیها باشد.» | 6 |
၆ဖာရောဘုရင်၏သမီးတော်သည်ခြင်းတောင်း ကိုဖွင့်ကြည့်သောအခါ၊ ငိုလျက်နေသောသူ ငယ်ကိုမြင်ရသော်ကလေးကိုသနားကြင် နာ၍``ဤကလေးသည်ဟေဗြဲအမျိုးသား ကလေးဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
همان وقت خواهر کودک نزد دختر فرعون رفت و پرسید: «آیا میخواهید بروم و یکی از زنان شیرده عبرانی را بیاورم تا به این کودک شیر دهد؟» | 7 |
၇ထိုအခါကလေး၏အစ်မက``အရှင်မ အတွက် ဟေဗြဲနို့ထိန်းတစ်ဦးခေါ်ပေးရ ပါမည်လော'' ဟုမေးလျှင်၊
دختر فرعون گفت: «برو!» آن دختر به خانه شتافت و مادرش را آورد. | 8 |
၈မင်းသမီးက``သွား၍ခေါ်လော့'' ဟုဆိုလေ ၏။ ထိုကြောင့်မိန်းမငယ်သည်ကလေး၏ မိခင်ကိုခေါ်ခဲ့ရာ၊-
دختر فرعون به آن زن گفت: «این کودک را به خانهات ببر و او را شیر بده و برای من بزرگش کن، و من برای این کار به تو مزد میدهم.» پس آن زن، کودک خود را به خانه برد و به شیر دادن و پرورش او پرداخت. | 9 |
၉မင်းသမီးက``ဤကလေးကိုငါ့အတွက်နို့ တိုက်မွေးပေးပါ။ သင့်အားအခပေးမည်'' ဟု ကလေး၏မိခင်အားဆိုလေ၏။ ထို့ကြောင့် မိခင်သည်ကလေးကိုယူ၍ထိန်းလေ၏။-
وقتی کودک بزرگتر شد، مادرش او را پیش دختر فرعون برد. دختر فرعون کودک را به فرزندی قبول کرد و او را موسی یعنی «از آب گرفته شده» نامید. | 10 |
၁၀မင်းသမီးအားပြန်အပ်နိုင်သည့်အရွယ်သို့ ရောက်သောအခါ၊ မိခင်သည်ကလေးကိုမင်း သမီးထံသို့ပြန်အပ်ရာ၊ မင်းသမီးက ထို ကလေးငယ်ကိုသားအဖြစ်မွေးစား၍``ငါ သည်သူငယ်ကိုရေထဲမှထုတ်ယူရသည်'' ဟု ဆိုလျက်မောရှေဟုနာမည်မှည့်လေ၏။
سالها گذشت و موسی بزرگ شد. روزی او به دیدن قوم خود یعنی عبرانیها رفت. هنگامی که چشم بر کارهای سخت قوم خود دوخته بود، یک مصری را دید که یکی از عبرانیها را کتک میزند. | 11 |
၁၁ကာလအတန်ကြာ၍မောရှေသည်အရွယ် ရောက်လာသောအခါ၊ သူ၏အမျိုးသားတို့ ထံသို့သွားရောက်လည်ပတ်လေ၏။ သူသည် မိမိ၏အမျိုးသားများဆင်းရဲပင်ပန်းစွာ အလုပ်ကြမ်းလုပ်နေရသည်ကိုတွေ့မြင်ရ၏။ အီဂျစ်အမျိုးသားတစ်ဦးကသူ၏အမျိုး သားဟေဗြဲလူမျိုးတစ်ယောက်အားရိုက်နှက် နေသည်ကိုမြင်ရသောအခါ၊-
آنگاه به اطراف خود نگاه کرد و چون کسی را ندید، مرد مصری را کشت و جسدش را زیر شنها پنهان نمود. | 12 |
၁၂သူသည်ဟိုဟိုသည်သည်ကြည့်၍ မည်သူတစ် စုံတစ်ယောက်ကိုမျှမမြင်ရလျှင်၊ အီဂျစ် အမျိုးသားကိုသတ်၍အလောင်းကိုသဲထဲ ၌မြှုပ်ထားခဲ့လေသည်။-
روز بعد، باز موسی به دیدن قومش رفت. این بار دو نفر عبرانی را دید که با هم گلاویز شدهاند. جلو رفت و به مردی که دیگری را میزد، گفت: «چرا برادر خود را میزنی؟» | 13 |
၁၃နောက်တစ်နေ့တွင်သူသည်ထွက်လာပြန်ရာ ဟေဗြဲအမျိုးသားနှစ်ယောက်တို့သည် အချင်း ချင်းရိုက်ပုတ်ထိုးသတ်နေကြသည်ကိုမြင် ရလေ၏။ သူကမတရားသဖြင့်ပြုကျင့်နေ သူအား``သင်သည်အဘယ်ကြောင့်ကိုယ့်အမျိုး သားချင်းကိုရိုက်နှက်နေရသနည်း'' ဟုမေး လေ၏။
آن مرد گفت: «چه کسی تو را حاکم و داور ما ساخته است؟ آیا میخواهی مرا هم بکشی، همانطور که آن مصری را کشتی؟» وقتی موسی فهمید که کشته شدن آن مصری به دست او آشکار شده است، ترسید. | 14 |
၁၄ထိုသူက``ငါတို့အမှုကိုစီရင်ရန်မည်သူ က သင့်အားတရားသူကြီးအဖြစ်ခန့်ထား သနည်း။ သင်သည်အီဂျစ်အမျိုးသားကို သတ်သကဲ့သို့ ငါ့ကိုသတ်ချင်သေးသလော'' ဟုပြန်ပြောလေ၏။ ထိုအခါမောရှေသည်မိမိ ပြုလုပ်ခဲ့သောအမှုကိုလူတို့သိကုန်ကြ ပြီဟူ၍ဆိုလျက်ထိတ်လန့်လေ၏။-
هنگامی که خبر کشته شدن آن مصری به گوش فرعون رسید، دستور داد موسی را بگیرند و بکشند. اما موسی به سرزمین مدیان فرار کرد. روزی در آنجا سرچاهی نشسته بود. | 15 |
၁၅ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။ တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။-
هفت دختر یترون، کاهن مدیان آمدند تا از چاه، آب بکشند و آبشخورها را پر کنند تا گلهٔ پدرشان را سیراب نمایند. | 16 |
၁၆
ولی چند چوپان آمدند و دختران یترون را از سر چاه کنار زدند تا گلههای خود را سیراب کنند. اما موسی جلو رفت و آنها را عقب راند و به دختران کمک کرد تا گوسفندانشان را آب دهند. | 17 |
၁၇သို့ရာတွင်သိုးထိန်းအချို့တို့သည်ယေသရော ၏သမီးတို့ကိုနှင်ပစ်လေ၏။ ထိုအခါမောရှေ သည်အမျိုးသမီးတို့ကိုကူညီသည့်အနေ ဖြင့်၊ သူတို့၏သိုးနှင့်ဆိတ်များကိုသူကိုယ် တိုင်ရေတိုက်လေ၏။-
هنگامی که دختران به خانه بازگشتند، پدرشان رِعوئیل پرسید: «چطور شد که امروز اینقدر زود برگشتید؟» | 18 |
၁၈အမျိုးသမီးတို့သည်ဖခင်ယေသရောထံသို့ ပြန်ရောက်လာကြသောအခါ၊ ဖခင်က``သင်တို့ ယနေ့အိမ်သို့အပြန်စောလှချည့်လား'' ဟု ဆိုလေ၏။
گفتند: «یک مرد مصری به ما کمک کرد و چوپانان را کنار زد و برایمان از چاه آب کشید و گله را سیراب کرد.» | 19 |
၁၉သူတို့က``အီဂျစ်ပြည်သားတစ်ယောက်က ကျွန်မတို့အား သိုးထိန်းတို့ရန်မှကာကွယ် ပေးသည့်အပြင်ကျွန်မတို့၏သိုးဆိတ်များ အတွက်ရေခပ်၍တိုက်ပါသည်'' ဟုပြန်ဖြေ ကြ၏။
پدرشان پرسید: «آن مرد حالا کجاست؟ چرا او را با خود نیاوردید؟ بروید و او را دعوت کنید تا با ما غذا بخورد.» | 20 |
၂၀ဖခင်က``ထိုသူယခုအဘယ်မှာရှိသနည်း။ အဘယ်ကြောင့်သူ့ကိုထားခဲ့ကြသနည်း။ သူ့ ကိုဧည့်ဝတ်ပြုရန်သွား၍ဖိတ်ခေါ်လော့'' ဟု စေခိုင်းလေ၏။
موسی دعوت او را قبول کرد و از آن پس در خانهٔ آنها ماند. یَترون هم دختر خود صفوره را به عقد موسی درآورد. | 21 |
၂၁မောရှေသည်ယေသရောနှင့်အတူနေထိုင်၍၊ ယေသရော၏သမီးဇိပေါရနှင့်အိမ်ထောင် ဘက်ပြုလေ၏။-
صفوره برای موسی پسری زایید و موسی که در آن دیار غریب بود، به همین دلیل او را جرشوم (یعنی «غریب») نامید. | 22 |
၂၂ဇိပေါရသည်သားတစ်ယောက်ကိုဖွားမြင်သော အခါ၊ မောရှေက``ငါသည်တစ်ရပ်တစ်ကျေးတွင် ဧည့်သည်ဖြစ်ရပါသည်'' ဟုဆို၍ထိုသားကို ဂေရရှုံဟုနာမည်မှည့်လေ၏။
سالها گذشت و پادشاه مصر مرد. اما بنیاسرائیل همچنان در بردگی به سر میبردند و از ظلمی که به آنان میشد، مینالیدند و از خدا کمک میخواستند. | 23 |
၂၃ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
خدا نالهٔ ایشان را شنید و عهد خود را با اجدادشان یعنی ابراهیم و اسحاق و یعقوب به یاد آورد. | 24 |
၂၄ထာဝရဘုရားသခင်သည်သူတို့၏ညည်း ညူသံကိုကြားတော်မူ၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုထားသောပဋိညာဉ်ကို သတိရလျက်၊-
پس خدا از روی لطف بر ایشان نظر کرد و تصمیم گرفت آنها را از اسارت و بردگی نجات دهد. | 25 |
၂၅ဣသရေလအမျိုးသားတို့ခံရသောဒုက္ခ ဆင်းရဲခြင်းကို ရှုမြင်သိမှတ်တော်မူ၏။