< اول سموئیل 27 >
داوود با خود فکر کرد: «روزی شائول مرا خواهد کشت. پس بهتر است به سرزمین فلسطینیها بروم تا او از تعقیب من دست بردارد؛ آنگاه از دست او رهایی خواهم یافت.» | 1 |
၁တဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသော အရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊
پس داوود و آن ششصد نفر که همراهش بودند با خانوادههای خود به جت رفتند تا تحت حمایت اخیش پادشاه (پسر معوک) زندگی کنند. داوود زنان خود، اخینوعم یزرعیلی و ابیجایل کرملی (زن سابق نابال) را نیز همراه خود برد. | 2 |
၂မိမိ၌ ပါသော လူခြောက်ရာနှင့်တကွ ထ၍ ဂါသမင်းမောခသားအာခိတ် ထံသို့ကူးသွားကြ၏။
၃ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။
به شائول خبر رسید که داوود به جت رفته است. پس او از تعقیب داوود دست کشید. | 4 |
၄ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည် ကြား၍ နောက်တဖန်မလိုက်မရှာဘဲ နေ၏။
روزی داوود به اخیش گفت: «لزومی ندارد ما در پایتخت نزد شما باشیم؛ اگر اجازه بدهید به یکی از شهرهای کوچک میرویم و در آنجا زندگی میکنیم.» | 5 |
၅ဒါဝိဒ်သည် အာခိတ်မင်းထံသို့ဝင်၍၊ ကျွန်တော်သည် ရှေ့တော်၌မျက်နှာရသည်မှန်လျှင် ကျွန်တော်နေစရာ တောရွာတရွာကို သနားတော်မူပါ။ ကိုယ်တော် ကျွန်သည် မြို့တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေရပါသနည်းဟု လျှောက်လေသော်၊
پس اخیش، صِقلَغ را به او داد و این شهر تا به امروز به پادشاهان یهودا تعلق دارد. | 6 |
၆ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကို ပေး၏။ ထို့ကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။
آنها مدت یک سال و چهار ماه در سرزمین فلسطینیها زندگی کردند. | 7 |
၇ဒါဝိဒ်သည် ဖိလိတ္တိပြည်၌ နေသော နေ့ရက်ပေါင်းကား တနှစ်နှင့် လေးလစေ့သတည်း။
داوود و سربازانش از آنجا قبایل جشوری و جَرِزی و عمالیقی را مورد تاخت و تاز قرار میدادند. (این قبایل از قدیم در سرزمینی که تا شور و مصر امتداد مییافت زندگی میکردند.) | 8 |
၈တရံရောအခါ ဒါဝိဒ်နှင့် သူ၏လူတို့သည် သွား၍ ဂေရှုရိလူ၊ ဂေရဇိလူ၊ အာမလက်လူတို့ကို တိုက်ကြ၏၊၊ ထိုလူမျိုးတို့သည် ရှေးကာလ၌ ရှုရမြို့လမ်းမှစ၍ အဲဂုတ္တုပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်သတည်း။
در این تاخت و تازها، یک نفر را هم زنده نمیگذاشتند و گلهها و اموال آنها را غارت مینمودند، و وقتی نزد اخیش برمیگشتند | 9 |
၉ထိုပြည်ကို ဒါဝိဒ်သည် လုပ်ကြံ၍ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာမပေး။ သိုး၊ နွား၊ မြည်း၊ ကုလားအုပ်၊ အဝတ်တန်ဆာတို့ကို သိမ်းယူ၍ အာခိတ်မင်းထံသို့ ပြန်သွားလေ၏။
اخیش میپرسید: «امروز به کجا حمله بردید؟» داوود هم جواب میداد به جنوب یهودا یا جنوب یَرحَمئیل یا جنوب سرزمین قینیها. | 10 |
၁၀အာခိတ်မင်းက၊ သင်တို့သည် ယနေ့အဘယ်အရပ်သို့ သွား၍ တိုက်သနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည်တောင်ဘက်၊ ကေနိပြည်တောင်ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက်၏။
داوود، مرد یا زنی را زنده نمیگذاشت تا به جت بیاید و بگوید که او به کجا حمله کرده است. مادامی که داوود در سرزمین فلسطینیها زندگی میکرد، کارش همین بود. | 11 |
၁၁ထိုသို့ ဒါဝိဒ်ပြုပြီဟု ဂါသမြို့သို့လာ၍ သိတင်းကြားပြောမည့်သူမရှိစေခြင်းငှါ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာ မပေး။ ဒါဝိဒ်သည် ဖိလိတ္တြိပည်၌နေသော ကာလပတ်လုံး ထိုသို့ပြုလေ့ရှိ၏။
کمکم اخیش به داوود اعتماد پیدا کرد و با خود گفت: «داوود با این کارهایش مورد نفرت قوم خود اسرائیل قرار گرفته، پس تا عمر دارد مرا خدمت خواهد کرد.» | 12 |
၁၂အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ်ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိတ်စကားကို ယုံလျက်ဆို၏။