< اول پادشاهان 11 >
و اما سلیمان پادشاه، به غیر از دختر فرعون، دل به زنان دیگر نیز بست. او برخلاف دستور خداوند زنانی از سرزمین قومهای بتپرست مانند موآب، عمون، ادوم، صیدون و حیت به همسری گرفت. خداوند قوم خود را سخت برحذر داشته و فرموده بود که با این قومهای بتپرست هرگز وصلت نکنند، تا مبادا آنها قوم اسرائیل را به بتپرستی بکشانند. اما سلیمان همچنان به این زنان عشق میورزید. | 1 |
၁ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။
၂ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။
سلیمان هفتصد زن و سیصد کنیز برای خود گرفت. این زنها به تدریج سلیمان را از خدا دور کردند به طوری که او وقتی به سن پیری رسید به جای اینکه مانند پدرش داوود با تمام دل و جان خود از خداوند، خدایش پیروی کند به پرستش بتها روی آورد. | 3 |
၃မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမ မိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏။
၄ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။
سلیمان عشتاروت، الهه صیدونیها و ملکوم، بت نفرتانگیز عمونیها را پرستش میکرد. | 5 |
၅ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊
او به خداوند گناه ورزید و مانند پدر خود داوود، از خداوند پیروی کامل نکرد. | 6 |
၆ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။
حتی روی کوهی که در شرق اورشلیم است، دو بتخانه برای کموش بت نفرتانگیز موآب و مولک بت نفرتانگیز عمون ساخت. | 7 |
၇ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။
سلیمان برای هر یک از این زنان اجنبی نیز بتخانهای جداگانه ساخت تا آنها برای بتهای خود بخور بسوزانند و قربانی کنند. | 8 |
၈မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့၍၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု၏။
هر چند خداوند، خدای اسرائیل، دو بار بر سلیمان ظاهر شده و او را از پرستش بتها منع کرده بود، ولی او از امر خداوند سرپیچی کرد و از او برگشت، پس خداوند بر سلیمان خشمگین شد | 9 |
၉အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရ မည်အကြောင်း ပညတ်တော်မူသောဘုရား၊နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊
၁၀ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသော စကားကိုနားမထောင်သောကြောင့်၊ ထာဝရ ဘုရားအမျက်ထွက်တော်မူလျက်၊
و فرمود: «چون عهد خود را شکستی و از دستورهای من سرپیچی نمودی، من نیز سلطنت را از تو میگیرم و آن را به یکی از زیردستانت واگذار میکنم. | 11 |
၁၁သင်သည်ဤသို့ပြု၍ ငါဖွဲ့သော ပဋိညာဉ်နှင့် ငါမှာထားသော တရားကိုမစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ်၍ သင့်ကျွန် အား ပေးမည်။
ولی به خاطر پدرت داوود، این کار را در زمان سلطنت تو انجام نمیدهم؛ در زمان سلطنت پسرت چنین خواهم کرد. با این حال به خاطر خدمتگزارم داوود و به خاطر شهر برگزیدهام اورشلیم، اجازه میدهم که پسرت فقط بر یکی از دوازده قبیلهٔ اسرائیل سلطنت کند.» | 12 |
၁၂သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကို ထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏ သားလက်မှ နိုင်ငံတော်ကို နှုတ်မည်။
၁၃သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ်။ ငါ့ကျွန် ဒါဝိဒ်နှင့်ငါ ရွေးကောက်သော ယေရုရှလင်မြို့ကို ထောက်၍၊ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ၏။
پس خداوند، حداد را که از شاهزادگان ادومی بود بر ضد سلیمان برانگیخت. | 14 |
၁၄ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော် တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုးဖြစ်၏။
سالها پیش، وقتی داوود سرزمین ادوم را فتح کرده بود، سردارش یوآب را به ادوم فرستاد تا ترتیب دفن سربازان کشته شدهٔ اسرائیلی را بدهد. یوآب و سربازانش شش ماه در ادوم ماندند و در طول این مدت به کشتار مردان ادومی پرداختند. | 15 |
၁၅အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ ရှိ၍၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ၊
در نتیجه غیر از حداد و چند نفر از درباریان پدرش که او را به مصر بردند، همه مردان ادومی کشته شدند. (حداد در آن زمان پسر کوچکی بود.) | 17 |
၁၇ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ၏ကျွန်ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး၏။
آنها پنهانی از مدیان خارج شدند و به فاران فرار کردند. در آنجا عدهای به ایشان ملحق شدند و همه با هم به مصر رفتند. پادشاه مصر به حداد خانه و زمین داده، معاش او را تأمین کرد. | 18 |
၁၈မိဒျန်ပြည်မှထွက်၍ မါရန်ပြည်သို့ ရောက်လေ၏။ တဖန်ပါရန်ပြည်သားအချို့တို့ကို ခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်း သည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။
حداد چنان مورد لطف فرعون قرار گرفت که او خواهر زن خود را به حداد به زنی داد. (همسر فرعون تحفنیس نام داشت.) | 19 |
၁၉ဖာရောဘုရင်သည် ဟာဒဒ်ကို အလွန်ချစ်၍ မိမိခင်ပွန်းမိဖုရားတာပနက်၏ညီမကို ပေးစား၏။
زن حداد پسری به دنیا آورد که نام او را گنوبت گذاشتند. تحفنیس گنوبت را در کاخ سلطنتی فرعون، با پسران فرعون بزرگ کرد. | 20 |
၂၀တာပနက်၏ ညီမသည်သား ဂေနုဗက်ကို ဘွားမြင်၍၊ တာပနက်သည်နန်းတော်၌နို့ခွါသဖြင့်၊ ဂေနုဗတ်သည် နန်းတော်၌ ဖာရောဘုရင်၏ သားများနှင့်အတူနေ၏။
وقتی حداد در مصر بود شنید که داوود پادشاه و یوآب هر دو مردهاند. پس از فرعون اجازه خواست تا به ادوم برگردد. | 21 |
၂၁ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည်၌ ကြားသောအခါ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ၏။
فرعون از او پرسید: «مگر در اینجا چه چیز کم داری که میخواهی به ولایت خود برگردی؟» حداد جواب داد: «چیزی کم ندارم ولی اجازه بدهید به وطنم برگردم.» | 22 |
၂၂ဖာရောဘုရင်က၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟုမေးသော်၊ အဘယ်အရာမျှမလိုပါ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ၏။
یکی دیگر از دشمنان سلیمان که خدا او را بر ضد سلیمان برانگیخت، رِزون پسر الیاداع بود. او یکی از افراد هددعزر پادشاه صوبه بود که از نزدش فرار کرده بود. | 23 |
၂၃ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူ သည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊
رزون عدهای راهزن را دور خود جمع کرد و رهبر آنها شد. هنگامی که داوود سربازان هددعزر را نابود کرد، رزون با افراد خود به دمشق گریخت و حکومت آنجا را به دست گرفت. | 24 |
၂၄လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ်လေ၏။
پس در طول عمر سلیمان، علاوه بر هدد، رزون نیز که در سوریه حکومت میکرد از دشمنان سرسخت اسرائیل به شمار میآمد. | 25 |
၂၅ဟာဒဒ်နှောင့်ရှက်သောအမှုမှတပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကို အစိုးရ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ၏။
شورش دیگری نیز بر ضد سلیمان به وقوع پیوست. رهبری این شورش را یکی از افراد سلیمان به نام یربعام بر عهده داشت. یربعام پسر نباط از شهر صَرَدهٔ افرایم بود و مادرش بیوهزنی بود به نام صروعه. | 26 |
၂၆ထိုမှတပါးရှောလမုန်၏ ကျွန်တယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင်ကို ပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုတ်ဆိုးမတည်း။
شرح واقعه از این قرار است: سلیمان سرگرم نوسازی قلعه ملو و تعمیر حصار شهر پدرش داوود بود. | 27 |
၂၇ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည်၍၊ ခမည်းတော်ဒါဝိဒ် ၏မြို့ရိုးပျက်ကို ပြုပြင်သောအခါ၊
یربعام که جوانی قوی و فعال بود توجه سلیمان را جلب کرد، پس سلیمان او را ناظر کارگران تمام منطقه منسی و افرایم ساخت. | 28 |
၂၈ယေရောဗောင်သည် ခွန်အားကြီးသော သူရဲ ဖြစ်၏။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်း ကို ရှောလမုန်သည်မြင်လျှင်၊ ယောသပ်အမျိုးဆောင်ရွက် ရသောအမှုရှိသမျှကို အုပ်စေခြင်းငှါ ခန့်ထားတော်မူ၏။
یک روز که یربعام از اورشلیم بیرون میرفت، اخیای نبی که اهل شیلوه بود، در صحرا به او برخورد. آن دو در صحرا تنها بودند. اخیای نبی ردای تازهای را که بر تن داشت به دوازده تکه، پاره کرد | 29 |
၂၉တရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောမြို့သား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရော ဗောင်ကိုကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊
၃၀အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကို ကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင်၊
و به یربعام گفت: «ده تکه را بردار، زیرا خداوند، خدای اسرائیل میفرماید: من سرزمین اسرائیل را از دست سلیمان میگیرم و ده قبیله از دوازده قبیلهٔ اسرائیل را به تو میدهم! | 31 |
၃၁ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနှုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။
ولی به خاطر خدمتگزارم داوود و به خاطر اورشلیم که آن را از میان شهرهای دیگر اسرائیل برگزیدهام، یک قبیله را برای او باقی میگذارم. | 32 |
၃၂ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင်၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တခရိုင်ကို ယူရ၏။
زیرا سلیمان مرا ترک گفته است و عشتاروت الههٔ صیدونیها، کموش بت موآبیها و ملکوم بت عمونیها را پرستش میکند. او از راه من منحرف شده، آنچه را که در نظر من درست است بجا نیاورد و احکام و دستورهای مرا مثل پدرش داوود اطاعت نکرد. | 33 |
၃၃ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ်သမီး အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရားမိလကုံတို့ကို ကိုးကွယ်သဖြင့်၊ အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့ မလိုက်။
با این حال به خاطر خدمتگزار برگزیدهام داوود که احکام و دستورهای مرا اطاعت میکرد، اجازه میدهم سلیمان بقیهٔ عمرش را همچنان سلطنت کند. | 34 |
၃၄သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှ ငါမနှုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး၏။
سلطنت را از پسر سلیمان میگیرم و ده قبیله را به تو واگذار میکنم، | 35 |
၃၅ရှောလမုန်၏သားလက်မှ နိုင်ငံတော်ကို နှုတ်၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည်။
اما یک قبیله را به پسر او میدهم تا در شهری که برگزیدهام و اسم خود را بر آن نهادهام یعنی اورشلیم، اجاق داوود همیشه روشن بماند. | 36 |
၃၆ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး၏။
پس من تو را ای یربعام بر تخت فرمانروایی اسرائیل مینشانم تا بر تمام سرزمینی که میخواهی، سلطنت کنی. | 37 |
၃၇သင့်ကိုငါရွေးယူ၍၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြု ရ၏။
اگر مطیع من باشی و مطابق قوانین من رفتار کنی و آنچه را در نظر من درست است انجام دهی و مثل بندهٔ من داوود احکام مرا نگه داری، آنگاه من با تو خواهم بود و خاندان تو را مانند خاندان داوود برکت خواهم داد و آنها نیز بعد از تو بر اسرائیل سلطنت خواهند کرد. | 38 |
၃၈သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဘို့ မြဲမြံ သောအိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဘို့ဆောက်၍ ဣသရေလနိုင်ငံကို ငါပေးမည်။
ولی به سبب گناهانی که از سلیمان سر زده است، من خاندان داوود را تنبیه میکنم، اما نه تا ابد.» | 39 |
၃၉ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ရှက်မည်။ သို့ရာတွင် အစဉ်နှောင့်ရှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
پس سلیمان تصمیم گرفت یربعام را از میان بردارد، اما یربعام پیش شیشق، پادشاه مصر فرار کرد و تا وفات سلیمان در آنجا ماند. | 40 |
၄၀ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော်၊ ယေရောဗောင်သည် ထ၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုရှင်ဘုရင် ရှိရက်ထံသို့ပြေးသဖြင့်၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည်၌ နေလေ ၏။
سایر رویدادهای سلطنت سلیمان، و نیز کارها و حکمت او، در کتاب «زندگی سلیمان» نوشته شده است. | 41 |
၄၁ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့်၊ သူ၏ပညာစကားသည် ရှောလမုန်ဝတ္ထု၌ ရေးထား လျက်ရှိ၏။
سلیمان مدت چهل سال در اورشلیم بر تمام اسرائیل سلطنت کرد. | 42 |
၄၂ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
وقتی مرد، او را در شهر پدرش داوود دفن کردند و پسرش رحبعام به جای او پادشاه شد. | 43 |
၄၃ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ခမည်းတော် ဒါဝိဒ်မြို့၌သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။