< رومیان 13 >
هر شخص مطیع قدرتهای برتر بشود، زیرا که قدرتی جز از خدا نیست و آنهایی که هست از جانب خدا مرتب شده است. | ۱ 1 |
၁လူတိုင်းပင်အစိုးရမင်းတို့၏အမိန့်အာဏာ ကိုလိုက်နာကြရမည်။ အဘယ်အစိုးရမျှ ဘုရားသခင်၏ခွင့်ပြုချက်မရဘဲမရပ် မတည်နိုင်။ အာဏာရအစိုးရမင်းသည် ဘုရားသခင်၏ခွင့်ပြုချက်ရ၍သာအုပ်စိုး ရ၏။-
حتی هرکه با قدرت مقاومت نماید، مقاومت باترتیب خدا نموده باشد و هرکه مقاومت کند، حکم بر خود آورد. | ۲ 2 |
၂မည်သူမဆိုအာဏာရအစိုးရမင်းကို ဆန့်ကျင်ဘက်ပြုသူသည် ဘုရားသခင်စီမံ ခန့်ခွဲတော်မူချက်ကိုဆန့်ကျင်ဘက်ပြုသူ ဖြစ်၏။ ထိုသူသည်အပြစ်စီရင်ခြင်းကို ခံရမည်။-
زیرا از حکام عمل نیکو راخوفی نیست بلکه عمل بد را. پس اگر میخواهی که از آن قدرت ترسان نشوی، نیکویی کن که از اوتحسین خواهی یافت. | ۳ 3 |
၃အကျင့်ကောင်းသူသည်အစိုးရမင်းကိုကြောက် နေစရာမလို။ ဆိုးညစ်မှုကိုပြုကျင့်သူသာလျှင် ကြောက်စရာလို၏။ သင်သည်အာဏာရှိသူကို မကြောက်ဘဲနေလိုလျှင်အကျင့်ကောင်းကိုပြု ကျင့်လော့။ သို့ပြုလျှင်သူသည်သင့်ကိုချီးမွမ်း လိမ့်မည်။-
زیرا خادم خداست برای تو به نیکویی؛ لکن هرگاه بدی کنی، بترس چونکه شمشیر را عبث برنمی دارد، زیرا او خادم خداست و با غضب انتقام از بدکاران میکشد. | ۴ 4 |
၄အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-
لهذا لازم است که مطیع او شوی نه بهسبب غضب فقط بلکه بهسبب ضمیر خود نیز. | ۵ 5 |
၅သို့ဖြစ်၍သင်သည်ဘုရားသခင်အပြစ်ဒဏ် ခတ်တော်မူမည်ကိုကြောက်သောကြောင့်သာ မက မိမိသြတ္တပ္ပစိတ်ကြည်လင်မှုကိုထောက် ၍လည်းအစိုးရမင်း၏အမိန့်အာဏာကို လိုက်နာရမည်။
زیرا که به این سبب باج نیز میدهید، چونکه خدام خدا ومواظب در همین امر هستند. | ۶ 6 |
၆ဤအကြောင်းကြောင့်သင်တို့သည်အခွန်ကိုပေး ရ၏။ အဘယ်ကြောင့်ဆိုသော်အစိုးရမင်းသည် မိမိ၏တာဝန်ဝတ္တရားများကိုထမ်းဆောင်သော အခါ၌ ဘုရားသခင်၏အမှုတော်ကိုထမ်း ဆောင်သောကြောင့်တည်း။-
پس حق هرکس رابه او ادا کنید: باج را به مستحق باج و جزیه را به مستحق جزیه و ترس را به مستحق ترس و عزت را به مستحق عزت. | ۷ 7 |
၇သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။
مدیون احدی به چیزی مشوید جز به محبت نمودن با یکدیگر، زیرا کسیکه دیگری رامحبت نماید شریعت را بهجا آورده باشد. | ۸ 8 |
၈အချင်းချင်းထံမေတ္တာကြွေးမှတစ်ပါးအဘယ် ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးအားချစ် သောသူသည်ပညတ်တရားကိုစောင့်ထိန်း သူဖြစ်၏။-
زیراکه زنا مکن، قتل مکن، دزدی مکن، شهادت دروغ مده، طمع مورز و هر حکمی دیگر که هست، همه شامل است در این کلام که همسایه خود راچون خود محبت نما. | ۹ 9 |
၉အဘယ်ကြောင့်ဆိုသော် ``အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့'' ဟူသောပညတ်သည် ``သူ့ အိမ်ရာကိုမပြစ်မှားနှင့်၊ လူ့အသက်ကိုမ သတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ သူ့ဥစ္စာကိုတပ် မက်လိုချင်သောစိတ်မရှိနှင့်'' ဟူသောပညတ် များနှင့်အခြားပညတ်ရှိသမျှ၏အချုပ် ဖြစ်သောကြောင့်တည်း။-
محبت به همسایه خودبدی نمی کند پس محبت تکمیل شریعت است. | ۱۰ 10 |
၁၀အိမ်နီးချင်းကိုချစ်သောသူသည်အိမ်နီးချင်း အား မည်သည့်အခါ၌မျှအကျိုးယုတ်စေလိမ့် မည်မဟုတ်။ သို့ဖြစ်၍အိမ်နီးချင်းကိုချစ်သော သူသည်ပညတ်တရားအားလုံးကိုစောင့်ထိန်း ရာရောက်၏။
و خصوص چون وقت را میدانید که الحال ساعت رسیده است که ما را باید از خواب بیدارشویم زیرا که الان نجات ما نزدیک تر است از آن وقتی که ایمان آوردیم. | ۱۱ 11 |
၁၁သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။-
شب منقضی شد و روز نزدیک آمد. پس اعمال تاریکی را بیرون کرده، اسلحه نور را بپوشیم. | ۱۲ 12 |
၁၂ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။-
و با شایستگی رفتار کنیم چنانکه در روز، نه در بزمها و سکرها وفسق و فجور و نزاع و حسد؛ | ۱۳ 13 |
၁၃ငါတို့သည်အလင်းတွင်ကျင်လည်သူများ ကဲ့သို့ကောင်းမွန်လျောက်ပတ်စွာပြုမူကျင့်ကြံ ကြရမည်။ အရက်သေစာသောက်ကြူးခြင်း၊ အကျင့်ဖောက်ပြားခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့်မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြရမည်။-
بلکه عیسی مسیح خداوند را بپوشید و برای شهوات جسمانی تدارک نبینید. | ۱۴ 14 |
၁၄အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။