< مزامیر 99 >
خداوند سلطنت گرفته است، پس قومها بلرزند! بر کروبیین جلوس میفرماید، زمین متزلزل گردد! | ۱ 1 |
၁ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူများတို့ သည် တုန်လှုပ်ခြင်း ရှိကြစေ။ ခေရုဗိမ်တွင် ကျိန်းဝပ် တော်မူ၏။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ။
خداوند در صیهون عظیم است و او بر جمیع قوم هامتعال است! | ۲ 2 |
၂ထာဝရဘုရားသည် ဇိအုန်တောင်မှာ ကြီးမြတ် တော်မူ၏။ လူများအပေါင်းတို့ထက် ချီးမြှောက်ခြင်း ရှိတော်မူ၏။
اسم عظیم و مهیب تو را حمدبگویند، که او قدوس است. | ۳ 3 |
၃ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည် သန့်ရှင်းခြင်း ရှိသတည်း။
و قوت پادشاه، انصاف را دوست میدارد. تو راستی را پایدارکرده، و انصاف و عدالت را در یعقوب به عمل آوردهای. | ۴ 4 |
၄တရားကို နှစ်သက်သော ရှင်ဘုရင်၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သော စီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရား သဖြင့်ပြု၍၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
یهوه خدای ما را تکریم نمایید ونزد قدمگاه او عبادت کنید، که او قدوس است. | ۵ 5 |
၅ငါ့တို့ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက် ကြလော့။ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်း တော်မူသတည်း။
موسی و هارون از کاهنانش و سموئیل ازخوانندگان نام او. یهوه را خواندند و او ایشان را اجابت فرمود. | ۶ 6 |
၆ယဇ်ပုရောဟိတ် မောရှေနှင့် အာရုန်၊ နာမတော် ကို ပဌနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရ ဘုရားကို ပဌနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။
در ستون ابر بدیشان سخن گفت. شهادات او و فریضهای را که بدیشان داد نگاه داشتند. | ۷ 7 |
၇သူတို့အားမိုဃ်းတိမ်တိုင်ထဲက မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကို၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက်ကြ၏။
ای یهوه خدای ما توایشان را اجابت فرمودی. ایشان را خدای غفوربودی. اما از اعمال ایشان انتقام کشیدی. | ۸ 8 |
၈အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ သူတို့အမှု ကြောင့် အပြစ်ပေးသော်လည်း၊ သူတို့ကို သည်းခံသော ဘုရားဖြစ်တော်မူ၏။
یهوه خدای ما را متعال بخوانید و نزد کوه مقدس او عبادت کنید. زیرا یهوه خدای ما قدوس است. | ۹ 9 |
၉ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ သန့်ရှင်းသော တောင်တော်မှာ ပြပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ သတည်း။