< مزامیر 144 >
مزمور داود خداوند که صخره من است، متبارک باد! که دستهای مرا به جنگ وانگشتهای مرا به حرب تعلیم داد! | ۱ 1 |
၁ငါ့ကျောက်တောင်ဖြစ်တော်မူသောအရှင်ထာဝရ ဘုရားအားထောမနာပြုကြလော့။ ကိုယ်တော်သည်ငါ့ကိုတိုက်ပွဲဝင်ရန်အတွက် လေ့ကျင့်ပေးတော်မူ၏။ စစ်ဆင်မှုကိုသွန်သင်ပေးတော်မူ၏။
رحمت من اوست و ملجای من و قلعه بلند من و رهاننده من وسپر من و آنکه بر او توکل دارم، که قوم مرا در زیراطاعت من میدارد. | ۲ 2 |
၂ကိုယ်တော်သည်ငါ့ကိုကွယ်ကာရာငါ့ခံတပ်၊ ငါ့ရဲတိုက်၊ငါ၏ကယ်တင်ရှင်၊ငါကိုးစားရာ ဒိုင်းလွှားဖြစ်တော်မူ၏။ ကိုယ်တော်သည်လူမျိုးတကာတို့ကိုငါ၏ လက်အောက်သို့ရောက်စေတော်မူ၏။
ای خداوند، آدمی چیست که او را بشناسی؟ و پسر انسان که او را به حساب بیاوری؟ | ۳ 3 |
၃အို ထာဝရဘုရား၊ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့ကိုပမာဏ ပြုတော်မူရပါသနည်း။ သာမန်လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့ကိုဂရုပြုတော်မူ ရပါသနည်း။
انسان مثل نفسی است و روزهایش مثل سایهای است که میگذرد. | ۴ 4 |
၄လူသည်ထွက်သက်ဝင်သက်လေနှင့်တူပါ၏။ သူ၏အသက်တာသည်လွန်သွားတတ်သော အရိပ်နှင့်တူပါ၏။
ای خداوند آسمانهای خود را خم ساخته، فرود بیا. و کوهها را لمس کن تا دود شوند. | ۵ 5 |
၅အို ထာဝရဘုရား၊ မိုးကောင်းကင်ကိုကွေးညွှတ်စေ၍ဆင်းသက် ကြွလာတော်မူပါ။ တောင်ရိုးများကိုတို့ထိတော်မူပါ။ ယင်းတို့မှမီးခိုးထွက်ပါလိမ့်မည်။
رعدرا جهنده ساخته، آنها را پراکنده ساز. تیرهای خود را بفرست و آنها را منهزم نما. | ۶ 6 |
၆လျှပ်စစ်ပြက်တော်မူ၍ကိုယ်တော်၏ရန်သူ တို့ကို ကစဥ့်ကရဲဖြစ်စေတော်မူပါ။ ကိုယ်တော်ရှင်၏လေးတော်တို့ကိုပစ်တော်မူ၍ သူတို့အားထွက်ပြေးစေတော်မူပါ။
دست خودرا از اعلی بفرست، و مرا رهانیده، از آبهای بسیارخلاصی ده، یعنی از دست پسران اجنبی. | ۷ 7 |
၇အထက်ဘုံမှလက်တော်ကိုဆန့်တော်မူ၍ ကျွန်တော်မျိုးအားရေနက်ရာမှဆွဲတင် ကယ်ဆယ်တော်မူပါ။ တိုင်းတစ်ပါးသားတို့၏လက်မှကယ်တော်မူပါ။
که دهان ایشان به باطل سخن میگوید، و دست راست ایشان، دست دروغ است. | ۸ 8 |
၈ထိုသူတို့သည်အဘယ်အခါ၌မျှမှန်သော စကားကို မပြောတတ်ကြပါ။ ကျမ်းကျိန်၍ပြောဆိုရာ၌ပင်လျှင် လိမ်လည်တတ်ကြပါ၏။
ای خدا، تو راسرودی تازه میسرایم. با بربط ذات ده تار، تو راترنم خواهم نمود. | ۹ 9 |
၉အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်သီချင်းသစ်ကိုဆို၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုချီးမွမ်းပါမည်။ စောင်းကိုတီး၍သီချင်းဆိုကာဂုဏ်တော်ကို ချီးမွမ်းပါမည်။
که پادشاهان را نجات میبخشی، و بنده خود داود را از شمشیر مهلک میرهانی. | ۱۰ 10 |
၁၀ကိုယ်တော်ရှင်သည်ဘုရင်တို့အားစစ်ပွဲအောင်ခွင့်ကို ပေးတော်မူပါ၏။ ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်ကို ကယ်ဆယ်တော်မူပါ၏။
مرا از دست اجنبیان برهان و خلاصی ده، که دهان ایشان به باطل سخن میگوید. و دست راست ایشان دست دروغ است. | ۱۱ 11 |
၁၁ရက်စက်ကြမ်းကြုတ်သောရန်သူများ၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။ တိုင်းတစ်ပါးသားတို့၏လက်မှကယ်ဆယ်တော် မူပါ။ ထိုသူတို့သည်အဘယ်အခါ၌မျှမှန်သော စကားကိုမပြောတတ်ကြပါ။ ကျမ်းကျိန်၍ပြောဆိုရာ၌ပင်လျှင် လိမ်လည်တတ်ကြပါ၏။
تا پسران ما در جوانی خود نمو کرده، مثل نهالها باشند. ودختران ما مثل سنگهای زاویه تراشیده شده به مثال قصر. | ۱۲ 12 |
၁၂ကျွန်တော်မျိုးတို့၏သားများသည်အသက် ပျိုရွယ်ချိန်၌သန်မာကြီးထွားလာသော အပင်ငယ်များကဲ့သို့ဖြစ်ပါစေသော။ ကျွန်တော်မျိုးတို့၏သမီးများသည်နန်းတော် ထောင့်များတွင်အလှစိုက်ထူထားသော ခန့်ညားသည့်ကျောက်တိုင်များကဲ့သို့ဖြစ်ပါ စေသော။
و انبارهای ما پر شده، به انواع نعمت ریزان شوند. و گله های ما هزارها و کرورهادر صحراهای ما بزایند. | ۱۳ 13 |
၁၃ကျွန်တော်မျိုးတို့၏ကျီများသည်အသီးအနှံ အမျိုးမျိုးဖြင့်ပြည့်လျက်ရှိပါစေသော။ ကွင်းပြင်များရှိသိုးများသည်ထောင်ပေါင်း များစွာသောသိုးငယ်တို့ကိုမွေးဖွားကြ ပါစေသော။
و گاوان ما باربردارشوند و هیچ رخنه و خروج و نالهای درکوچه های ما نباشد. | ۱۴ 14 |
၁၄ကျွန်တော်မျိုးတို့၏နွားများသည်လည်းဇီးမလျှော၊ မသေမပျောက်ဘဲများစွာတိုးပွားကြပါစေသော။ ကျွန်တော်မျိုးတို့၏လမ်းများသည် ဒုက္ခရောက်သူတို့၏အော်ဟစ်ညည်းတွားသံများနှင့် ကင်းဝေးပါစေသော။
خوشابحال قومی که نصیب ایشان این است. خوشابحال آن قوم که یهوه خدای ایشان است. | ۱۵ 15 |
၁၅ဤသို့သောအခြေအနေ၌ရှိသည့်နိုင်ငံသည် မင်္ဂလာရှိပါ၏။ ထာဝရဘုရားကိုဘုရားအဖြစ်ကိုးကွယ်သော လူမျိုးသည်မင်္ဂလာရှိပါ၏။