< ایّوب 5 >
«الان استغاثه کن و آیا کسی هست که تو راجواب دهد؟ و به کدامیک از مقدسان توجه خواهی نمود؟ | ۱ 1 |
၁ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။
زیرا غصه، احمق رامی کشد و حسد، ابله را میمیراند. | ۲ 2 |
၂ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
من احمق رادیدم که ریشه میگرفت و ناگهان مسکن او رانفرین کردم. | ۳ 3 |
၃မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ၊ သူ၏နေရာကို ချက်ခြင်းကျိန်ဆဲ၏။
فرزندان او از امنیت دور هستند ودر دروازه پایمال میشوند و رهانندهای نیست. | ۴ 4 |
၄သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
که گرسنگان محصول او را میخورند، و آن رانیز از میان خارها میچینند، و دهان تله برای دولت ایشان باز است. | ۵ 5 |
၅သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံ အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ်၏။
زیرا که بلا از غبار درنمی آید، و مشقت از زمین نمی روید. | ۶ 6 |
၆မြေမှုန့်ထဲကအမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်။
بلکه انسان برای مشقت مولود میشود، چنانکه شرارهها بالامی پرد. | ۷ 7 |
၇မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏။
و لکن من نزد خدا طلب میکردم، ودعوی خود را بر خدا میسپردم، | ۸ 8 |
၈ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
که اعمال عظیم و بیقیاس میکند و عجایب بیشمار؛ | ۹ 9 |
၉ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
که بر روی زمین باران میباراند، و آب بر روی صخرهها جاری میسازد، | ۱۰ 10 |
၁၀မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
تا مسکینان را به مقام بلند برساند، و ماتمیان به سلامتی سرافراشته شوند. | ۱۱ 11 |
၁၁ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
که فکرهای حیله گران را باطل میسازد، به طوری که دستهای ایشان هیچ کار مفیدنمی تواند کرد. | ۱۲ 12 |
၁၂ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။
که حکیمان را در حیله ایشان گرفتار میسازد، و مشورت مکاران مشوش میشود. | ۱۳ 13 |
၁၃ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
در روز به تاریکی برمی خورند و به وقت ظهر، مثل شب کورانه راه میروند. | ۱۴ 14 |
၁၄ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
که مسکین را از شمشیر دهان ایشان، و از دست زورآور نجات میدهد. | ۱۵ 15 |
၁၅ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
پس امید، برای ذلیل پیدا میشود و شرارت دهان خود را میبندد. | ۱۶ 16 |
၁၆ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
«هان، خوشابحال شخصی که خدا تنبیهش میکند. پس تادیب قادر مطلق را خوار مشمار. | ۱۷ 17 |
၁၇အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
زیرا که او مجروح میسازد و التیام میدهد، ومی کوبد و دست او شفا میدهد. | ۱۸ 18 |
၁၈ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
در شش بلا، تو را نجات خواهد داد و در هفت بلا، هیچ ضرر برتو نخواهد رسید. | ۱۹ 19 |
၁၉သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
در قحط تو را از موت فدیه خواهد داد، و در جنگ از دم شمشیر. | ۲۰ 20 |
၂၀အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
ازتازیانه زبان پنهان خواهی ماند، و چون هلاکت آید، از آن نخواهی ترسید. | ۲۱ 21 |
၂၁သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ။
بر خرابی وتنگسالی خواهی خندید، و از وحوش زمین بیم نخواهی داشت. | ۲۲ 22 |
၂၂ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။
زیرا با سنگهای صحراهمداستان خواهی بود، و وحوش صحرا با توصلح خواهند کرد. | ۲۳ 23 |
၂၃အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။
و خواهی دانست که خیمه تو ایمن است، و مسکن خود را تجسس خواهی کرد و چیزی مفقود نخواهی یافت. | ۲۴ 24 |
၂၄သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
وخواهی دانست که ذریتت کثیر است و اولاد تومثل علف زمین. | ۲۵ 25 |
၂၅သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
و در شیخوخیت به قبرخواهی رفت، مثل بافه گندم که در موسمش برداشته میشود. | ۲۶ 26 |
၂၆အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
اینک این را تفتیش نمودیم وچنین است، پس تو این را بشنو و برای خویشتن بدان.» | ۲۷ 27 |
၂၇ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။