< تثنیه 7 >
چون یهوه، خدایت، تو را به زمینی که برای تصرفش به آنجا میروی درآورد، وامتهای بسیار را که حتیان و جرجاشیان و اموریان و کنعانیان و فرزیان و حویان و یبوسیان، هفت امت بزرگتر و عظیم تر از تو باشند، از پیش تواخراج نماید. | ۱ 1 |
၁``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့သိမ်းယူမည့်ပြည်သို့သင်တို့ကို ပို့ဆောင်လျက် ထိုပြည်တွင်နေထိုင်သောသင်တို့ ထက်လူဦးရေများ၍အင်အားကြီးသောဟိတ္တိ လူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါ နာနိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတည်းဟူသောလူမျိုးခုနစ် မျိုးတို့ကိုနှင်ထုတ်တော်မူလိမ့်မည်။-
و چون یهوه خدایت، ایشان را بهدست تو تسلیم نماید، و تو ایشان را مغلوب سازی، آنگاه ایشان را بالکل هلاک کن، و با ایشان عهد مبند و بر ایشان ترحم منما. | ۲ 2 |
၂သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကိုသင်တို့လက်သို့အပ်သဖြင့် သူတို့ကိုသင်တို့တိုက်ခိုက်အောင်မြင်သောအခါ ထိုသူအပေါင်းတို့ကိုသတ်ဖြတ်သုတ်သင်ပစ်ရ မည်။ သူတို့နှင့်မိတ်မဖွဲ့ရ။ သူတို့အားမကြင် နာမသနားရ။-
و با ایشان مصاهرت منما؛ دختر خود را به پسر ایشان مده، و دختر ایشان را برای پسر خود مگیر. | ۳ 3 |
၃သူတို့နှင့်လက်ထပ်ထိမ်းမြားခြင်းမပြုရ။ သင်တို့၏သားသမီးများကိုလည်း သူတို့ နှင့်လက်ထပ်ထိမ်းမြားခြင်းမပြုစေရ။-
زیراکه اولاد تو را از متابعت من برخواهند گردانید، تاخدایان غیر را عبادت نمایند، و غضب خداوندبرشما افروخته شده، شما را بزودی هلاک خواهد ساخت. | ۴ 4 |
၄ထိုသို့ပြုလျှင်သင်တို့သည်သင်တို့၏သား သမီးများအား ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုကိုးကွယ်စေ ကြလိမ့်မည်။ ထိုအခါထာဝရဘုရားသည် အမျက်ထွက်၍ သင်တို့ကိုချက်ခြင်းဖျက် ဆီးပစ်တော်မူလိမ့်မည်။-
بلکه با ایشان چنین عمل نمایید؛ مذبحهای ایشان را منهدم سازید، وتمثالهای ایشان را بشکنید و اشیریم ایشان را قطع نمایید، و بتهای تراشیده ایشان را به آتش بسوزانید. | ۵ 5 |
၅ထို့ကြောင့်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ရမည်။ သူတို့၏ဘုရားကျောက်တိုင်များကို ချိုးပစ်ရမည်။ အာရှရဘုရားမ၏တိုင်များ ကိုခုတ်လှဲရမည်။ သူတို့၏ရုပ်တုများကို မီးရှို့ဖျက်ဆီးရမည်။-
زیرا که تو برای یهوه، خدایت، قوم مقدس هستی. یهوه خدایت تو را برگزیده است تااز جمیع قومهایی که بر روی زمیناند، قوم مخصوص برای خود او باشی. | ۶ 6 |
၆သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုပိုင်သောကြောင့်ထိုသို့ဆောင်ရွက်ရ မည်။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့ အနက် သင်တို့ကိုမိမိ၏အထူးလူမျိုး တော်အဖြစ်ထာဝရဘုရားရွေးချယ်တော် မူ၏။''
خداوند دل خود را با شما نبست و شما رابرنگزید از این سبب که از سایر قومها کثیرتربودید، زیرا که شما از همه قومها قلیلتر بودید. | ۷ 7 |
၇``သင်တို့သည်အခြားသောလူမျိုးများထက် လူဦးရေပိုများသောကြောင့် ထာဝရဘုရား သည်သင်တို့ကိုချစ်၍ရွေးချယ်ခြင်းမဟုတ်။ သင်တို့သည်ကမ္ဘာပေါ်တွင်လူဦးရေအနည်း ဆုံးလူမျိုးဖြစ်သည်။-
لیکن از این جهت که خداوند شما را دوست میداشت، و میخواست قسم خود را که برای پدران شما خورده بود، بجا آورد، پس خداوند شما را با دست قوی بیرون آورد، و از خانه بندگی از دست فرعون، پادشاه مصر، فدیه داد. | ۸ 8 |
၈သို့သော်လည်းထာဝရဘုရားသည်သင်တို့ကို ချစ်၍ သင်တို့၏ဘိုးဘေးတို့အားထားသော ကတိတည်စေလိုတော်မူသောကြောင့် အီဂျစ် ဘုရင်ထံကျွန်ခံရာမှမဟာတန်ခိုးတော် အားဖြင့် သင်တို့ကိုလွတ်မြောက်စေတော်မူ သည်။-
پس بدان که یهوه، خدای تو، اوست خدا، خدای امین که عهد و رحمت خود را با آنانی که او را دوست میدارند و اوامر او را بجا میآورند تا هزار پشت نگاه میدارد. | ۹ 9 |
၉သင်တို့၏ဘုရားသခင်ထာဝရဘုရားသာ လျှင် ဘုရားဖြစ်တော်မူကြောင်း၊ သစ္စာတော်တည် မြဲကြောင်းသိမှတ်လော့။ ထာဝရဘုရားသည် မိမိကိုချစ်၍ပညတ်တော်များကိုလိုက်နာ သောသူတို့၏အမျိုးအစဉ်အဆက်ထောင် သောင်းအထိ မိမိ၏ပဋိညာဉ်ကိုတည်စေ ၍သူတို့အားမေတ္တာကရုဏာကိုပြတော် မူမည်။-
و آنانی را که او را دشمن دارند، بر روی ایشان مکافات رسانیده، ایشان را هلاک میسازد. و به هرکه او را دشمن دارد، تاخیرننموده، او را بر رویش مکافات خواهد رسانید. | ۱۰ 10 |
၁၀သို့ရာတွင်ကိုယ်တော်ကိုမုန်းသောသူတို့ အားချက်ချင်းဒဏ်ခတ်တော်မူမည်။-
پس اوامر و فرایض و احکامی را که من امروزبه جهت عمل نمودن به تو امر میفرمایم نگاه دار. | ۱۱ 11 |
၁၁ထို့ကြောင့်သင်တို့အား ယနေ့ငါသွန်သင်ပေး အပ်သောပညတ်ရှိသမျှတို့ကိုလိုက်နာ ကျင့်သုံးကြလော့။''
پس اگر این احکام را بشنوید و آنها را نگاه داشته، بجا آورید، آنگاه یهوه خدایت عهد ورحمت را که برای پدرانت قسم خورده است، باتو نگاه خواهد داشت. | ۱۲ 12 |
၁၂``သင်တို့သည်ဤပညတ်တို့ကိုတစ်သဝေမတိမ်း လိုက်နာလျှင် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ဘိုးဘေးတို့အားကတိထားတော် မူသည့်အတိုင်းပဋိညာဉ်ကိုဆက်လက်တည် စေ၍ ခိုင်မြဲသောမေတ္တာကိုပြတော်မူလိမ့်မည်။-
و تو را دوست داشته، برکت خواهد داد، و خواهد افزود، و میوه بطن توو میوه زمین تو را و غله و شیره و روغن تو را ونتاج رمه تو را و بچه های گله تو را، در زمینی که برای پدرانت قسم خورد که به تو بدهد، برکت خواهد داد. | ۱۳ 13 |
၁၃ကိုယ်တော်သည်သင်တို့ကိုချစ်၍ကောင်းချီးပေး တော်မူသဖြင့် သင်တို့သည်လူဦးရေတိုးပွား၍ သားသမီးများစွာရကြလိမ့်မည်။ သင်တို့၏ လယ်ကွင်းများကိုကောင်းချီးပေးသဖြင့်အသီး အနှံ၊ စပျစ်ရည်၊ သံလွင်ဆီတို့အထွက်များ လိမ့်မည်။ သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သိုးနွားတိရစ္ဆာန်များတိုးပွားများပြား လိမ့်မည်။ သင်တို့ဘိုးဘေးတို့အားကတိထား သောပြည်သို့သင်တို့ရောက်ရှိသောအခါ ထို ကောင်းချီးမင်္ဂလာများကိုချပေးတော်မူလိမ့် မည်။-
از همه قومها مبارک تر خواهی شد، و در میان شما و بهایم شما، نر یا ماده، نازادنخواهد بود. | ۱۴ 14 |
၁၄သင်တို့သည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ထက် ကောင်းချီးမင်္ဂလာပို၍ခံစားရလိမ့်မည်။ သင်တို့တွင်မြုံသောသူ၊ သားမပေါက်သော တိရစ္ဆာန်မရှိစေရ။-
و خداوند هر بیماری را از تو دورخواهد کرد، و هیچکدام از مرضهای بد مصر راکه میدانی، برتو عارض نخواهد گردانید، بلکه برتمامی دشمنانت آنها را خواهد آورد. | ۱۵ 15 |
၁၅ထာဝရဘုရားသည်သင်တို့အားရောဂါ ဘေးအမျိုးမျိုးမှကာကွယ်တော်မူလိမ့်မည်။ အီဂျစ်ပြည်တွင်သင်တို့တွေ့မြင်ခဲ့ရသော ရောဂါဆိုးဘေးမသင့်စေရ။ သို့သော်သင် တို့၏ရန်သူဟူသမျှမူကား ရောဂါဆိုး ဘေးသင့်လိမ့်မည်။-
وتمامی قومها را که یهوه بدست تو تسلیم میکندهلاک ساخته، چشم تو برآنها ترحم ننماید، وخدایان ایشان را عبادت منما، مبادا برای تو دام باشد. | ۱۶ 16 |
၁၆သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင် တို့၏လက်သို့အပ်တော်မူသောလူမျိုးရှိသမျှ ကို သင်တို့သည်သုတ်သင်ဖျက်ဆီးပစ်ရမည်။ ထို သူတို့အားမသနားမညှာတာရ။ ထိုသူတို့ ၏ဘုရားများကိုဝတ်မပြုရ။ ဝတ်ပြုလျှင် သင်တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့် မည်။''
و اگر در دلت گویی که این قومها از من زیادهاند، چگونه توانم ایشان را اخراج نمایم؟ | ۱۷ 17 |
၁၇``ထိုလူမျိုးတို့သည်ငါတို့ထက်လူဦးရေ များပြားသဖြင့် ငါတို့နှင်ထုတ်ခြင်းငှာမ တတ်နိုင်ပါ' ဟူ၍မဆိုကြနှင့်။-
از ایشان مترس بلکه آنچه را یهوه خدایت بافرعون و جمیع مصریان کرد، نیکو بیاد آور. | ۱۸ 18 |
၁၈သူတို့ကိုမကြောက်နှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည် ဘုရင်နှင့်ပြည်သူပြည်သားအပေါင်းတို့ အား မည်ကဲ့သို့စီရင်တော်မူခဲ့ကြောင်း ကိုသတိရကြလော့။-
یعنی تجربه های عظیمی را که چشمانت دیده است، و آیات و معجزات و دست قوی و بازوی دراز را که یهوه، خدایت، تو را به آنها بیرون آورد. پس یهوه، خدایت، با همه قومهایی که از آنهامی ترسی، چنین خواهد کرد. | ۱۹ 19 |
၁၉သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-
و یهوه خدایت نیز زنبورها در میان ایشان خواهد فرستاد، تاباقی ماندگان و پنهان شدگان ایشان از حضور توهلاک شوند. | ۲۰ 20 |
၂၀သင်တို့၏လက်မှလွတ်၍ထွက်ပြေးပုန်း အောင်းနေသူတို့ပင်လျှင် ကပ်ဆိုက်၍သေ ကြေပျက်စီးလိမ့်မည်။-
از ایشان مترس زیرا یهوه خدایت که در میان توست، خدای عظیم و مهیب است. | ۲۱ 21 |
၂၁သို့ဖြစ်၍ထိုလူမျိုးတို့ကိုမကြောက်ကြနှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူ၏။ ကိုယ်တော်သည် တန်ခိုးကြီး၍ကြောက်ရွံ့ဖွယ်သောဘုရား ဖြစ်တော်မူ၏။-
و یهوه، خدایت، این قومها را از حضورتو به تدریج اخراج خواهد نمود، ایشان را بزودی نمی توانی تلف نمایی مبادا وحوش صحرا برتوزیاد شوند. | ۲۲ 22 |
၂၂ကိုယ်တော်သည်သင်တို့ချီတက်နေစဉ် ထိုလူ မျိုးများကိုတဖြည်းဖြည်းနှင်ထုတ်တော်မူ လိမ့်မည်။ သင်တို့သည်သူတို့အားလုံးကို ချက်ချင်းမပယ်ရှင်းနှင့်။ ချက်ချင်းပယ်ရှင်း လျှင် သားရဲတိရစ္ဆာန်တို့သည်များပြားလာ၍ သင်တို့ကိုအန္တရာယ်ပြုလိမ့်မည်။-
لیکن یهوه خدایت، ایشان را بهدست تو تسلیم خواهد کرد، و ایشان را به اضطراب عظیمی پریشان خواهد نمود تا هلاک شوند. | ۲۳ 23 |
၂၃ထာဝရဘုရားသည်ရန်သူများကိုသင်တို့ ၏လက်သို့အပ်သဖြင့် သူတို့သည်ကစဥ့် ကလျားဖြစ်၍ချေမှုန်းခြင်းကိုခံရကြ လိမ့်မည်။-
و ملوک ایشان را بدست تو تسلیم خواهد نمود، تا نام ایشان را از زیر آسمان محوسازی، و کسی یارای مقاومت با تو نخواهدداشت تا ایشان را هلاک سازی. | ۲۴ 24 |
၂၄ကိုယ်တော်သည်သူတို့၏ဘုရင်များကိုသင်တို့ ၏လက်သို့အပ်မည်။ သင်တို့သည်ထိုဘုရင်များ ကိုသုတ်သင်ပယ်ရှင်းသဖြင့် သူတို့အကြောင်းကို လူတို့သတိရကြတော့မည်မဟုတ်။ မည်သည့် ရန်သူကမျှသင်တို့ကိုမခုခံနိုင်။ သင်တို့ သည်ရန်သူအားလုံးကိုချေမှုန်းလိမ့်မည်။-
و تمثالهای خدایان ایشان را به آتش بسوزانید، به نقره وطلایی که بر آنهاست، طمع مورز، و برای خودمگیر، مبادا از آنها به دام گرفتار شوی، چونکه نزد یهوه، خدای تو، مکروه است. | ۲۵ 25 |
၂၅သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-
و چیزمکروه را به خانه خود میاور، مبادا مثل آن حرام شوی، از آن نهایت نفرت و کراهت دار چونکه حرام است. | ۲۶ 26 |
၂၆ထိုရုပ်တုများကိုသင်တို့၏နေအိမ်များသို့မ ယူဆောင်ခဲ့ရ။ ယင်းသို့ယူဆောင်ခဲ့လျှင်ရုပ်တု များကဲ့သို့ သင်တို့သည်လည်းကျိန်စာသင့်လိမ့် မည်။ ရုပ်တုများသည်ထာဝရဘုရား၏ကျိန် စာသင့်သောကြောင့် ရုပ်တုများကိုသင်တို့ရွံ ရှာမုန်းတီးကြရမည်။''