< اول تواریخ 27 >

و از بني اسرائيل بر حسب شماره ايشان از رؤساي آبا و رؤساي هزاره و صده و صاحبان منصب که پادشاه را در همه امور فرقه هاي داخله و خارجه ماه به ماه در همه ماههاي سال خدمت مي کردند، هر فرقه بيست و چهار هزار نفر بودند. ۱ 1
ရှင်ဘုရင် အမှု တော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုး သူကြီး၊ လူတထောင် အုပ် ၊ တရာ အုပ်၊ အရာရှိ တို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်းတပ်ဖွဲ့၍၊ တလစီ တလစီအလှည့်လှည့်စောင့်ရသောတပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီ ရှိကြ၏။
و بر فرقه اول براي ماه اول يشُبعام بن زَبدِيئيل بود و در فرقه او بيست و چهار هزار نفر بودند. ۲ 2
ပဌမ လ တွင် ပဌမ တပ် ကိုအုပ်သော ဗိုလ်မင်း ကား၊ ဇာဗဒေလ သား ယာရှောဗံ နှင့် တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။
او از پسران فارَص رئيس جميع رؤساي لشکر، به جهت ماه اول بود. ۳ 3
ထိုမင်းသည် ဖါရက် အမျိုးသား ဖြစ်၍၊ ပဌမ လ တွင် အမှုစောင့်သော တပ်မှူး အပေါင်း တို့ကို အုပ် ရ၏။
و بر فرقه ماه دوم دُوداي اَخُوخِي و از فرقه او مَقلُوت رئيس بود و در فرقه او بيست و چهار هزار نفر بودند. ۴ 4
ဒုတိယ လ တွင် အမှုစောင့်သောတပ်ကို အုပ် သောဗိုလ်မင်းကား၊ အဟောဟိ အမျိုးသားဒေါဒဲ နှင့် စစ်ကဲ မိကလုပ် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
و رئيس لشکر سوم براي ماه سوم بنايا ابن يهُوياداع کاهن بزرگ بود و در فرقه او بيست چهار هزار نفر بودند. ۵ 5
တတိယ လ နှင့် ဆိုင်သောတတိယ တပ်ဗိုလ် မင်း ကား၊ ယဇ်ပုရောဟိတ် ကြီး ယောယဒ သား ဗေနာယ နှင့် တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
اين همان بنايا است که در ميان آن سي نفر بزرگ بود و بر آن سي نفر برتري داشت و از فرقه او پسرش عَمّيزاباد بود. ۶ 6
ထိုမင်းသည်ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ်အရာရှိသောသူဖြစ်၏။ သူ ၏သား အမိဇဗဒ် သည်လည်း တပ်မှူးအရာကိုရ၏။
و رئيس چهارم براي ماه چهارم عَسائيل برادر يوآب و بعد از او برادرش زَبَديا بود و در فرقه او بيست و چهار هزار نفر بودند. ۷ 7
စတုတ္ထ လ တွင် စတုတ္ထ ဗိုလ်မင်းကား၊ ယွာဘ ညီ အာသဟေလ ၊ စစ်ကဲကားအာသဟေလ သား ဇေဗဒိ ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း။
و رئيس پنجم براي ماه پنجم شَمهُوتِ يزراحي بود و در فرقه او بيست و چهار هزار نفر بودند. ۸ 8
ပဉ္မမ လ တွင် ပဉ္စမ ဗိုလ် မင်းကား ဣဇဟာ အမျိုး ရှံဟုတ် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
و رئيس ششم براي ماه ششم عيرا ابن عِقّيش تَقِّوعِي بود و در فرقه او بيست و چهار هزار نفر بودند. ۹ 9
ဆဋ္ဌမ လ တွင် ဆဋ္ဌမ ဗိုလ်မင်းကား တေကော မြို့သား၊ ဣကေရှ ၏သား ဣရ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
و رئيس هفتم براي ماه هفتم حالَصِ فَلُونِي از بني افرايم بود و در فرقه او بيست و چهار هزار نفر بودند. ۱۰ 10
၁၀သတ္တမ လ တွင် သတ္တမ ဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပေလောနိ အနွယ်ဖြစ်သော ဟေလက် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
و رئيس هشتم براي ماه هشتم سِبکاي حُوشاتِي از زارَحيان بود و در فرقه او بيست و چهار هزار نفر بودند. ۱۱ 11
၁၁အဋ္ဌမ လ တွင်အဋ္ဌမ ဗိုလ်မင်းကား ဇာရ အမျိုး၊ ဟုရှသိ အနွယ်ဖြစ်သော သိဗေကဲ ၊ တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။
و رئيس نهم براي ماه نهم اَبيعَزَرِ عَناتوتِي از بني بنيامين بود و در فرقه او بيست و چهار هزار نفر بودند. ۱۲ 12
၁၂နဝမ လ တွင် နဝမ ဗိုလ်မင်းကား ဗင်္ယာမိန် အမျိုး ၊ အနေသောသိ အနွယ်ဖြစ်သောအဗျေဇာ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
و رئيس دهم براي ماه دهم مَهراي نَطُوفاتي از زارَحيان بود و در فرقه او بيست و چهار هزار نفر بودند. ۱۳ 13
၁၃ဒသမ လ တွင် ဒသမ ဗိုလ်မင်းကား ဇာရ အမျိုး၊ နေတောဖာသိ အနွယ်ဖြစ်သော မဟာရဲ ၊ တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။
و رئيس يازدهم براي ماه يازدهم بناياي فِرعاتوني از بني افرايم بود و در فرقه او بيست و چهار هزار نفر بودند. ۱۴ 14
၁၄ဧကဒသမ လ တွင် ဧကဒသမ ဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပိရသောနိ အနွယ်ဖြစ်သောဗေနာယ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
و رئيس دوازدهم براي ماه دوازدهم خَلداي نَطُوفاتي از بني عُتنِيئيل و در فرقه او بيست و چهار هزار نفر بودند. ۱۵ 15
၁၅ဒွါဒသမ တွင် ဒွါဒသမ ဗိုလ်မင်းကား ဩသနေလ အမျိုး၊ နေတောဖာသိ အနွယ်ဖြစ်သော ဟေလဒဲ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
و اما رؤساي اسباط بني اسرائيل: رئيس رؤبينيان اَلِعازار بن زِکرِي، و رئيس شَمعونيان شَفَطيا ابن مَعکَه. ۱۶ 16
၁၆ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်သော မင်း ဟူမူကား ၊ ရုဗင် အမျိုးတွင် ဇိခရိ ၏သား ဧလျေဇာ ၊ ရှိမောင် အမျိုးတွင် မာခ ၏သား ရှေဖတိ။
و رئيس لاويان عَشَبيا ابن قَمُوئيل و رئيس بني هارون صادوق. ۱۷ 17
၁၇လေဝိ အမျိုးတွင် ကေမွေလ ၏သား ဟာရှဘိ ၊ အာရုန် အမျိုးတွင် ဇာဒုတ်၊
و رئيس يهودا اَلِيهُو از برادران داود و رئيس يسّاکار عُمرِي ابن ميکائيل. ۱۸ 18
၁၈ယုဒ အမျိုးတွင် ဒါဝိဒ် အစ်ကို ဧလိဟု ၊ ဣသခါ အမျိုးတွင် မိက္ခေလ ၏သား ဩမရိ၊
و رئيس زبولون يشمَعيا ابن عُوبَديا و رئيس نَفتالي يريموت بن عَزريئيل. ۱۹ 19
၁၉ဇာဗုလုန် အမျိုးတွင် ဩဗဒိ ၏သား ဣရှမာယ ၊ နဿလိ အမျိုးတွင် အာဇရေလ ၏သား ယေရိမုတ်၊
و رئيس بني افرايم هُوشَع بن عَزَريا و رئيس نصف سبط مَنَّسي يوئيل بن فَدايا. ۲۰ 20
၂၀ဧဖရိမ် အမျိုး တွင် အာဇဇိ ၏သား ဟောရှေ ၊ မနာရှေ အမျိုး တဝက် တွင် ပေဒါယ ၏သား ယောလ၊
و رئيس نصف سبط مَنَّسي در جِلعاد يدُّو ابن زکريا و رئيس بنيامين يعسيئيل بن اَبنير. ۲۱ 21
၂၁ဂိလဒ် ပြည်၌ မနာရှေ အမျိုးတဝက် တွင် ဇာခရိ ၏သား ဣဒ္ဒေါ ၊ ဗင်္ယာမိန် အမျိုးတွင် အာဗနာ ၏သား ယာသေလ၊
و رئيس دان عَزَرئيل بن يرُوحام. اينها رؤساي اسباط اسرائيل بودند. ۲۲ 22
၂၂ဒန် အမျိုးတွင် ယေရောဟံ ၏ သား အာဇရေလ ၊ ဤရွေ့ကား ဣသရေလ အမျိုး တို့ကို အုပ်သောမင်း ပေတည်း။
و داود شماره کساني که بيست ساله و کمتر بودند، نگرفت زيرا خداوند وعده داده بود که اسرائيل را مثل ستارگان آسمان کثير گرداند. ۲۳ 23
၂၃ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို မိုဃ်း ကောင်းကင်ကြယ် နှင့်အမျှ တိုးပွါး များပြားစေတော်မူမည် ဟု ဂတိ တော်ရှိသောကြောင့် ၊ ဒါဝိဒ် သည် အသက် နှစ် ဆယ်မစေ့သောသူတို့ ကို စာရင်း မ ယူ ဘဲ နေ၏။
و يوآب بن صَرُويه آغاز شمردن نمود، اما به اتمام نرسانيد و از اين جهت غضب بر اسرائيل وارد شد و شماره آنها در دفتر اخبار ايام پادشاه ثبت نشد. ۲۴ 24
၂၄ဇေရုယာ သား ယွာဘ သည် စာရင်း ယူစ ပြု၍၊ ထို အပြစ်ကြောင့် အမျက် တော်သည် ဣသရေလ အမျိုး အပေါ် သို့ သက်ရောက် သောအခါ လက်စ မ သတ်။ ရေတွက်၍ရသောလူပေါင်းကို ဒါဝိဒ် မင်းကြီး ၏ မှတ်စာ ၌ မ သွင်း မမှတ်။
و ناظر انبارهاي پادشاه عَزمُوت بن عَدِيئيل بود و ناظر انبارهاي مزرعه ها که در شهر ها و در دهات و در قلعه ها بود، يهوناتان بن عُزّيا بود. ۲۵ 25
၂၅အဒေလ သား အာဇိမာဝက် သည် ဘဏ္ဍာ တော် စိုးဖြစ်၏။ ဩဇိ သား ယောနသန် သည် လယ်ပြင် ၊ မြို့ ရွာ ၊ ရဲတိုက် ၌ ရှိသောဘဏ္ဍာ တိုက်တို့ကို အုပ်ရ၏။
و ناظر عملجات مزرعه ها که کار زمين مي کردند، عَزرِي ابن کَلُوب بود. ۲۶ 26
၂၆ခေလုပ် သား ဧဇရိ သည် လယ်ယာ လုပ် သောသူတို့ ကို အုပ်ရ၏။
و ناظر تاکستانها شِمعي راماتي بود و ناظر محصول تاکستانها و انبارهاي شراب زَبدِي شِفماتي بود. ۲۷ 27
၂၇ရာမ မြို့သားရှိမိ သည် စပျစ် ဥယျာဉ်တော်ကို၎င်း၊ ရှိဖမိ မြို့သားဇဗဒိ သည်စပျစ်သီး နှင့် စပျစ်ရည် တိုက် တို့ကို၎င်းအုပ်ရ၏။
و ناظر درختان زيتون و افراغ که در همواري بود بَعل حانانِ جدِيري بود و ناظر انبارهاي روغن يوآش بود. ۲۸ 28
၂၈ဂေဒရိ လူ ဗာလဟာနန် သည် ချိုင့် တို့၌ ရှိသော သံလွင် ပင်နှင့် သဖန်း ပင်တို့ကို၎င်း ၊ ယောရှ သည် ဆီ တိုက် တို့ကို၎င်းအုပ်ရ၏။
و ناظر رمه هايي که در شارون مي چريدند شِطراي شاروني بود. و ناظر رمه هايي که در واديها بودند شافاط بن عَدلائي بود. ۲۹ 29
၂၉ရှာရုန် အရပ်သားရှိတရဲ သည် ရှာရုန် အရပ်၌ ကျက်စား သော နွားစု ကို၎င်း ၊ အာဒလဲ သား ရှာဖတ် သည် ချိုင့် တို့၌ ကျက်စားသော နွားစု ကို၎င်း အုပ်ရ၏။
و ناظر شتران عُوبيلِ اسمعيلي بود و ناظر الاغها يحَدياي ميرونوتي بود. ۳۰ 30
၃၀ဣရှမေလ အမျိုးသားဩဗိလ သည် ကုလားအုပ် တို့ကို၎င်း ၊ မေရောနသိ လူယေဒေယ သည် မြည်း တို့ကို၎င်း၊
و ناظر گله ها يازيز هاجري بود. جميع اينان ناظران اندوخته هاي داود پادشاه بودند. ۳۱ 31
၃၁ဟာဂရ အမျိုးသားယာဇဇ် သည် သိုး တို့ကို၎င်းအုပ်ရ၏။ ဤ သူတို့သည် ဒါဝိဒ် မင်းကြီး ၏ ဥစ္စာ ဘဏ္ဍာ တော်ကိုအုပ် ရသောသူ ပေတည်း။
و يهُوناتان عموي داود مشير و مرد دانا و فقيه بود و يحيئيل بن حَکمُوني همراه پسران پادشاه بود. ۳۲ 32
၃၂ဒါဝိဒ် ၏ ဘထွေး တော်ယောနသန် သည်တိုင်ပင် မှူးမတ်ပညာရှိ ကျမ်းတတ် ဖြစ်၏။ ဟခမောနိ သား ယေဟေလ သည် ရှင်ဘုရင် ၏သား တော်တို့ အပေါင်းအဘော်ဖြစ်၏။
اَخيتُوفَل مشير پادشاه و حوشاي اَرکِي دوست پادشاه بود. ۳۳ 33
၃၃အဟိသောဖေလ သည် ရှင်ဘုရင် ၏ တိုင်ပင် မှူးမတ်၊ အာခိ မြို့သားဟုရှဲ သည် ရှင်ဘုရင် ၏ အဆွေ ခင်ပွန်းဖြစ်၏။
و بعد از اَخِيتُوفَل يهُوياداع بن بنايا و اَبياتار بودند و سردار لشکر پادشاه يوآب بود. ۳۴ 34
၃၄အဟိသောဖေလ နောက် မှာအဗျာသာ နှင့် ဗေနာယ သား ယောယဒ သည် နေရာကျ၏။ ယွာဘ သည် တပ်တော်ဗိုလ်ချုပ် မင်း ဖြစ်၏။

< اول تواریخ 27 >