< Ruut 4 >
1 Boʼeez gara karra magaalaatti baʼee achi taaʼe. Innis yommuu namichi dhaaluuf isa caalaa fira dhiʼoo taʼe sun dhufetti, “Yaa michuu ko, as kottuutii na bira taaʼi” jedheen. Kanaafuu inni dhaqee taaʼe.
၁ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
2 Boʼeezis maanguddoota magaalaa keessaa kudhan waamee, “As taaʼaa” jedheen; isaanis ni tataaʼan.
၂တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ၏။
3 Kana irratti namicha dhaaluuf aantummaa qabu sanaan akkana jedhe; “Naaʼomiin isheen Moʼaabii deebite sun lafa obboleessa keenya Eliimelek gurguruuf jirti.
၃အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ်၍၊
4 Kanaafuu akka ati fuula warra as tataaʼaniitii fi fuula maanguddoota saba kootii duratti lafa kana bittuuf ani waan kana sitti himuu yaade. Yoo ofii keetiif dhaaluu barbaadde dhaali. Yoo dhaaluu baatte garuu akka ani beekuuf natti himi. Waan kana gochuuf si malee namni mirga qabu tokko iyyuu hin jiruutii; namni sitti aanee aantummaa qabu ana.” Namichis, “Ani nan dhaala” jedhe.
၄သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှ တပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
5 Boʼeezis, “Egaa gaafa Naaʼomiinii fi Ruuti Moʼaabittii irraa lafa bittutti ati maqaa namicha duʼe sanaa qabeenya isaatiin waamsisuudhaaf niitii isaa illee fudhachuu qabda” jedheen.
၅ဗောဇကလည်း၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှါ၊ သူ၏မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော်၊
6 Kana irratti firri dhiʼoo sun, “Yoos ani qabeenya mataa kootti rakkina fiduu dandaʼaatii dhaaluu hin dandaʼu. Ati mataan kee mirga dhaaluu kootii fudhadhuutii dhaali. Ani waan kana gochuu hin dandaʼu” jedheen.
၆အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။
7 Bara durii biyya Israaʼeliitti dhaalaa fi qabeenya walitti dabarsuun gareen tokko kophee isaa of irraa baasee garee kaaniif kennuudhaan mirkaneeffama ture. Israaʼel keessatti bituu fi gurguruun haaluma kanaan mirkaneeffama ture.
၇ဣသရေလရှေးထုံးစံ ဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ်၍ တယောက်သောသူအားအပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
8 Kanaafuu namichi dhaaluuf fira dhiʼoo ture sun Boʼeeziin, “Ati mataan kee bitadhu” jedhee kophee of irraa baase.
၈သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
9 Boʼeezis maanguddootaa fi saba hundaan akkana jedhe; “Akka ani qabeenya Eliimelek, qabeenya Kiliiyooniitii fi qabeenya Mahiloon hunda Naaʼomiin irraa bite isin harʼa dhugaa baatota.
၉ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊
10 Akkasumas akka maqaan isaa maatii isaa keessaa yookaan biyya isaa keessaa hin badneef ani qabeenya isaatiin maqaa isaa waamsisuudhaaf Ruuti Moʼaabittii niitii Mahiloon kana niitii godhadhee fuudhuu kootiif isin harʼa dhugaa baatota!”
၁၀သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။
11 Maanguddoonnii fi namoonni karra sana dura turan hundinuu akkana jedhan; “Nu dhugaa baatota. Waaqayyo dubartii mana kee dhufaa jirtu kana akka Raahelii fi Liyaa warra tokkummaadhaan mana Israaʼel ijaaran sanaa haa godhu. Ati Efraataa keessatti nama jabaa, Beetlihem keessatti immoo beekamaa taʼi.
၁၁တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။
12 Karaa sanyii Waaqayyo dubartii dargaggeettii kana irraa siif kennuutiin maatiin kee akkuma maatii Faares isa Taamaar Yihuudaadhaaf deesse sanaa haa taʼu.”
၁၂အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင်၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။
13 Kanaafuu Boʼeez Ruutin fudhatee niitii godhate. Ishee wajjinis ciise; Waaqayyos akka isheen ulfooftee ilma deessu ishee gargaare.
၁၃ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်လေ၏။
14 Dubartoonnis Naaʼomiiniin akkana jedhan; “Waaqayyo inni nama si dhaalu si hin dhabsiisin sun haa eebbifamu. Guutummaa Israaʼel keessattis inni maqaa haa qabaatu!
၁၄မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
15 Innis jireenya kee ni haaromsa; bara dulluma keetiittis si soora. Niitiin ilma keetii isheen si jaallattu kan ilmaan torba siif caaltu sun isa deesseertiitii.”
၁၅သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏။
16 Naaʼomiinis mucicha fuutee hammatte; guddiftuu isaa illee taate.
၁၆နောမိသည်ထိုသူငယ်ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
17 Dubartoonni ollaas, “Naaʼomiin mucaa argatte” jedhan. Maqaa isaas Oobeedi jedhan. Inni akaakayyuu Daawit, abbaa Isseey.
၁၇အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ၏။ ဩဗက် သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။
18 Egaa hiddi dhaloota Faares kanaa dha: Faares abbaa Hezroon;
၁၈ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
19 Hezroon immoo abbaa Raam; Raam abbaa Amiinaadaab;
၁၉ဟေဇရုံသားအာရံ၊ အာရံသား အမိနဒပ်၊
20 Amiinaadaab immoo abbaa Nahishoon; Nahishoon abbaa Salmoon;
၂၀အမိနဒပ်သားနာရှုန်၊ နာရှုန်သား စာလမုန်၊
21 Salmoon immoo abbaa Boʼeez; Boʼeez immoo abbaa Oobeedi;
၂၁စာလမုန်သားဗောဇ၊ ဗောဇသားဩဗက်၊
22 Oobeedi immoo abbaa Isseey; Isseey immoo abbaa Daawit.
၂၂ဩဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။