< Roomaa 6 >
1 Egaa maal jenna ree? Akka ayyaanni baayʼatuuf ittuma fufnee cubbuu haa hojjennuu?
၁ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွါးများစေခြင်းငှါ အပြစ်တရားကို ကျင့်၍ နေရမည်လော။
2 Gonkumaa hin taʼu! Nu warri cubbuuf duune, siʼachi akkamitti cubbuu jala jiraanna?
၂ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သောသူတို့ သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။
3 Yookaan nu warri Kiristoos Yesuusitti cuuphamne hundi akka duʼa isaattis cuuphamne isin hin beektanii?
၃ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။
4 Kanaafuu akkuma Kiristoos ulfina Abbaatiin warra duʼan keessaa kaafame sana nus akka jireenya haaraa jiraannuuf cuuphaadhaan duʼa isaa keessatti hirmaannee isa wajjin awwaalamne.
၄ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော် မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။
5 Nu erga duʼa isaatiin akkasitti isa wajjin tokko taane, duʼaa kaʼuu isaatiinis akkasuma isa wajjin tokko ni taana.
၅တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည် မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။
6 Akka dhagni cubbamaan balleeffamuuf, nus akka siʼachi garboota cubbuu hin taaneef akka namummaan keenya moofaan sun isa wajjin fannifame ni beekna;
၆ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှါ၊ အပြစ်တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။
7 namni duʼe cubbuu irraa bilisoomeeraatii.
၇သေသောသူသည် အပြစ်တရား၏ လက်မှ လွတ်လျက်ရှိ၏။
8 Egaa nu yoo Kiristoos wajjin duune, akka isa wajjin jiraannus ni amanna.
၈ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။
9 Kiristoos warra duʼan keessaa waan kaʼeef, akka inni deebiʼee hin duune ni beeknaatii; duutis siʼachi isa irratti gooftummaa hin qabu.
၉သေခြင်းတရားသည် နောက်တဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့်အတူ ရှင်လိမ့်မည်ဟုသဘော ရှိကြ၏။
10 Inni duʼa duʼe sana siʼa tokko yeroo hundaaf cubbuuf duʼe; jireenya jiraatu sana garuu Waaqaaf jiraata.
၁၀ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့် တကြိမ်သာခံတော်မူ၏။ အသက် ရှင်တော်မူရမှာ၊ ဘုရားသခင့်အဘို့ ရှင်တော်မူ၏။
11 Isinis akkasuma akka cubbuuf duutanitti, Kiristoos Yesuusiin garuu akka Waaqaaf jiraattota taatanitti of hedaa.
၁၁ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍၎င်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၎င်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။
12 Kanaafuu isin akka fedhii isaa hamaadhaaf hin ajajamneef dhagna keessan kan duʼa hin oolle irratti cubbuu hin moosisinaa.
၁၂ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။
13 Akka warra duʼa irraa gara jireenyaatti fidamaniitti Waaqaaf of dhiʼeessaa malee kutaa dhagna keessanii miʼa jalʼinaa gootanii cubbuuf hin dhiʼeessinaa; garuu kutaa dhagna keessanii miʼa qajeelinaa godhaatii Waaqaaf dhiʼeessaa.
၁၃သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။
14 Isin ayyaana jala jirtu malee waan seera jala hin jirreef, cubbuun isin irratti gooftummaa hin qabaatu.
၁၄ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အားဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။
15 Egaa maal haa taʼu ree? Nu sababii ayyaana jala malee seera jala hin jirreef cubbuu haa hojjennuu? Gonkumaa hin taʼu!
၁၅ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း၊ ငါတို့သည် ပညတ်တရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည် လော။ ထိုသို့မပြုရ။
16 Cubbuu gara duʼaatti nama geessuufis taʼu yookaan ajajamuu gara qajeelummaatti nama geessuuf, yommuu akka garbootaatti nama tokkoof ajajamuuf of kennitanitti, nama ajajamtaniif sanaaf akka garboota taatan hin beektanii?
၁၆အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။
17 Isin yoo garboota cubbuu turtan illee amma garuu barumsa itti kennamtan sanaaf waan garaa guutuun ajajamtaniif Waaqaaf galanni haa taʼu.
၁၇သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဘူးသော်လည်း၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသ စကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။
18 Isin cubbuu irraa bilisoomtanii garboota qajeelummaa taataniirtu.
၁၈သင်တို့သည် အပြစ်တရား၏ လက်မှလွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။
19 Sababii isin uumamaanuu dadhaboo taataniif ani jecha namaa galuun nan dubbadha; akkuma kutaa dhagna keessanii xuraaʼummaa fi hammina guddachaa deemuuf garba gootanii dhiʼeessaa turtan sana ammas kutaa dhagna keessanii qajeelummaa gara qulqullummaatti geessuuf garba godhaatii dhiʼeessaa.
၁၉ထိုသို့ ငါဆိုသော်၊ သင်တို့ဇာတိပကတိအတိုင်း ဥာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မ အလိုငှါ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေကြလော့။
20 Isin yeroo garboota cubbuu turtanitti, qajeelummaa irraa bilisa turtan.
၂၀သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်စဉ် ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်ကြ၏။
21 Waan amma itti qaanoftan kana irraa yeroo sana buʼaa maalii argattan ree? Dhumni waan sanaa duʼaatii!
၂၁ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျိုးကိုရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။
22 Amma garuu waan cubbuu irraa bilisoomtanii garboota Waaqaa taataniif faayidaan isin argattan gara qulqullummaatti isin geessa; dhumni isaas jireenya bara baraa ti. (aiōnios )
၂၂ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွှတ်၍၊ ဘုရားသခင်၏ ကျွန်ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအကျိုးကိုရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။ (aiōnios )
23 Mindaan cubbuu duʼaatii; kennaan Waaqaa garuu karaa Gooftaa keenya Kiristoos Yesuusiin jireenya bara baraa ti. (aiōnios )
၂၃အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။ (aiōnios )