< Iyyaasuu 17 >

1 Gosti Minaasees qooda argatte; inni ilma Yoosef hangafa tureetii. Maakiir ilmi Minaasee hangaftichi abbaan Giliʼaadotaa sun sababii loltuu jabaa taʼeef Giliʼaadii fi Baashaan isaaf kennaman.
ယောသပ်၏သားဦး မနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲ ဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။
2 Kanaafuu qoodni kun saba Minaasee warra hafaniif jechuunis balbala Abiiʼezer, Heleq, Asriiʼeel, Sheekem, Heeferii fi Shemiidaaf kenname. Kunneenis balbala balbala isaaniitiin ilmaan Minaasee ilma Yoosef kanneen biraa ti.
ယောသပ်၏သား မနာရှေ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖါသား၊ ရှမိဒသားတို့ သည် အဆွေအမျိုးအလိုက် စာရေးတံပြု၍ ရကြသေး၏။
3 Zelofehaad ilmi Heefer, ilmi Giliʼaad, ilma Maakiir, ilmi Minaasee sun intallan malee ilmaan hin qabu ture. Maqaan intallan isaas Mahilaa, Nohii, Hoglaa, Miilkaa fi Tiirzaa.
သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖါတို့မှ ဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
4 Isaanis gara Eleʼaazaar lubichaa, gara Iyyaasuu ilma Nuunitii fi gara hooggantootaa dhaqanii “Waaqayyo akka inni obboloota keenya gidduutti dhaala nuu kennuuf Musee ajajeera” jedhan. Kanaafuu Iyyaasuun akkuma ajaja Waaqayyootti obboloota abbaa isaanii wajjin dhaala kenneef.
ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ် တို့ပေါက်ဘော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။
5 Minaaseen Giliʼaadii fi Baashaan keessaa gama baʼa Yordaanositti lafa iddoo kudhanitti hiramu qaba ture.
ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည် ကို ရသောကြောင့်၊
6 Kunis sababii intallan gosa Minaasee sun ilmaan dhiiraa gidduutti qooda argataniif. Lafti Giliʼaad ilmaan Minaasee kanneen hafaniif kennamte.
ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည် နှင့် ဗာရှန်ပြည်မှတပါး၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး၏။
7 Daangaan gosa Minaasee Aasheerii kaʼee hamma Mikmetaati kan karaa baʼa Sheekem jirtu sanaatti balʼata. Daangaan sunis achii kaʼee kibbaan gad buʼee saba Een Tafuuʼaa keessa jiraatus dabalata.
မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ျာ ဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။
8 Biyyi Tafuuʼaa kan Minaasee turte; Tafuuʼaan mataan ishee garuu karaa daangaa Minaaseetiin kan ilmaan Efreem turte.
တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း၊ မနာ ရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။
9 Daangaan sun karaa kibbaatiin ittuma fufee Laga Qaanaa bira gaʼa. Magaalaawwan Efreem kanneen magaalaawwan Minaasee gidduutti argamanitu ture; daangaan Minaasee garuu Kaaba lagichaa irra darbee galaana bira gaʼee dhaabata.
တဖန် အပိုင်းအခြားသည် ကာနမြစ်တောင် ဘက်သို့လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ ပါသော်လည်း၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေ ဖြစ်၍ ပင်လယ်၌ဆုံးလေ၏။
10 Biyyi sun karaa kibbaatiin kan gosa Efreemiiti; karaa kaabaatiin immoo kan gosa Minaasee ti. Biyyi Minaasee hamma galaanaatti deemee karaa kaabaatiin Aasheerin, karaa baʼaatiin immoo Yisaakorin daangeessa.
၁၀တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာ ရှေမြေဖြစ်လျက်၊ ပင်လယ်ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင်ရှိ၏။
11 Minaaseenis Yisaakorii fi Aasheer keessaa Beet Sheʼaan, Yibleʼaamii fi saba Door, Eendoor, Taʼanaakii fi Megidoo qubatawwan naannoo isaanii jiran wajjin qaba ture; sadaffaan immoo Naafootii dha.
၁၁ထိုခရိုင်၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူ မူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ ရွာများ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး၏။
12 Taʼus sababii Kanaʼaanonni biyya sana jiraachuuf kutatanii turaniif gosti Minaasee magaalaawwan kanneen qabachuu hin dandeenye.
၁၂သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ ကို မသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင် နေကြ၏။
13 Garuu Israaʼeloonni yommuu jabina argachaa dhufanitti akka isaan hojii humnaa hojjetan godhan malee Kanaʼaanota achii hin baafne.
၁၃ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေး စေကြ၏။
14 Namoonni Yoosefis Iyyaasuudhaan, “Ati maaliif ixaa tokkoo fi qooda tokko qofa dhaala nuu kennite? Nu saba akka malee baayʼee fi saba Waaqayyo guddisee eebbisee dha” jedhan.
၁၄ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာ ကို ခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည်တဘို့ တခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအား မေးလျှောက်ကြသော်၊
15 Iyyaasuunis, “Yoo isin akka malee baayʼattanii biyyi gaaraa Efreem kun isinitti dhiphatte bosona seenaatii biyya Feerzotaatii fi Refaayimootaa keessatti iddoo jireenyaa qopheeffadhaa” jedhee deebiseef.
၁၅ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင် ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့ဟု ပြန်ပြော ၏။
16 Namoonni Yoosefis, “Biyyi gaaraa kun nu hin gaʼu; Kanaʼaanonni lafa diriiraa irra jiraatan hundi, warri Beet Sheʼaanii fi qubatawwan ishee akkasumas warri Sulula Yizriʼeel keessa jiraatan hundi gaariiwwan sibiilaa qaban” jedhanii deebisan.
၁၆ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင် သည် အကျွန်ုပ်တို့အဘို့ မလောက်ပါ။ ချိုင့်အရပ်ဗက်ရှန် မြို့ရွာတို့၌၎င်း၊ ယေဇရေလချိုင့်၌၎င်း နေသော ခါနနိလူ အပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊
17 Iyyaasuun garuu mana Yoosefiin jechuunis Efreemii fi Minaaseedhaan akkana jedhe; “Isin saba akka malee baayʼee kan humna guddaa qabuu dha. Ixaa tokko qofa hin qabaattan.
၁၇ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ခွန်အားကြီးသောကြောင့်၊ တဘို့တည်းကိုသာ မယူရ။
18 Biyya gaaraa kan bosonaa garuu ni qabaattu; bosona ciraa; biyyattiinis hamma qarqara daangaa isheetti kanuma keessan taati; Kanaʼaanonni yoo gaariiwwan sibiilaa qabaatanii jajjaboo taʼanis isin ariitanii isaan baasuu dandeessu.”
၁၈တောင်သည်လည်း သင်တို့အဘို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည် လည်း သင်တို့အဘို့ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့်ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုး တည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။

< Iyyaasuu 17 >