< Isaayyaas 8 >

1 Waaqayyo akkana naan jedhe; “Gabatee guddaa tokko fuudhiitii isa irratti, ‘Maheer-Shaalaal-Haash-Baaz’ jedhii qubee beekamaadhaan barreessi.”
တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ၏။
2 Anis akka isaan dhuga baatota amanamoo taʼaniif Uuriyaa lubichaa fi Zakkaariyaas ilma Yeberekiyaa nan waammadha.
ထိုအခါ သက်သေခံစေခြင်းအလိုငှါ၊ ယုံလောက် သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သား ဇာခိရိတို့ကို ငါခေါ်ထား၏။
3 Anis raajittii bira nan gaʼe; isheenis ulfooftee ilma deesse. Waaqayyo akkana naan jedhe; “Maqaa isaa Maheer-Shaalaal-Haash-Baaz jedhii moggaasi.
ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်း သဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလဟာရှဗတ်ဟူသော အမည်ဖြင့်မှည့်လော့။
4 Utuu mucaan kun ‘Aabboo’ yookaan ‘Aayyoo’ jechuu hin beekin dura qabeenyi Damaasqootii fi boojuun Samaariyaa mootii Asooriin fudhatama.”
အကြောင်းမူကား။ ထိုသူငယ်သည် အမိအဘ ဟူမခေါ်တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက် သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွား လိမ့်မည်ဟု မိန့်တော်မူ၏။
5 Waaqayyo ammas akkana jedhee natti dubbate:
တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်း ညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊
6 “Sabni kun bishaan Shilooʼaa kan suuta yaaʼu sana dhiisee Reziinii fi ilma Remaaliyaatti gammadeeraatii;
ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြ သောကြောင့်၊
7 kanaafuu Gooftaan, lolaa guddaa kan laga Efraaxiis jechuunis mootii Asoor ulfina isaa hunda wajjin saba kanatti fida. Lolaan sunis guutee boʼoo isaa irra yaaʼee ededa isaa hunda irra dhangalaʼa.
ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှု ရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့်။ ထိုမြစ် သည် မိမိချောင်များကို လွှမ်း၍၊ မိမိကမ်များကို လျှံလျက်၊
8 Lolaan sunis hamma morma gaʼutti guutee irra dhangalaʼee keessa darbuudhaan waan hundumaa haxaaʼee Yihuudaatti geessa. Yaa Amaanuʼel! Qoochoon isaa balʼifamee guutummaa biyya keetii ni haguuga.”
ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မှီလိမ့်မည်။ သူ၏ အတောင်တို့ကို လည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတပြင်လုံးကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလဟု မိန့်တော်မူ၏။
9 Yaa saboota, burkutaaʼaa! Isin warri biyya fagoo jirtan hundi dhaggeeffadhaa. Waraanaaf hidhadhaa; taʼus burkutaaʼaa! Waraanaaf hidhadhaa; taʼus burkutaaʼaa!
အချင်းလူများတို့၊ သင်းဖွဲ့၍မှိုင်တွေကြလော့။ ဝေး သောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြ လော့။
10 Mariʼadhaa; garuu faayidaa hin qabu; karoorfadhaa; garuu fiixaan hin baʼu; Waaqni nu wajjin jiraatii.
၁၀တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြ လော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏။
11 Waaqayyo harka isaa jabaa sanaan natti dubbatee akka ani karaa saba kanaa irra hin deemneef akkana jedhee na akeekkachiiseeraatii:
၁၁ဤလူမျိုး၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရ မည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍မိန့်တော်မူသည်ကား၊
12 “Isin waan uummanni kun fincila jedhu hundaan fincila hin jedhinaa; waan isaan sodaatan hin sodaatinaa; hin raafaminaa.
၁၂သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့ သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ် သောအရာကို မကြောက်ကြနှင့်။ မထိန့်လန့်ကြနှင့်။
13 Kan isin akka qulqulluutti ilaaluu qabdan Waaqayyoo Waan Hunda Dandaʼu tokkicha; kan isin sodaachuu qabdan isuma; kan isin hollachuufii qabdanis isuma.
၁၃ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိန့်လန့်ခြင်းရှိကြလော့။
14 Inni iddoo qulqulluu taʼa; manneen Israaʼel lamaaniif garuu inni dhagaa nama gufachiisu, kattaa nama kuffisu taʼa. Saba Yerusaalemitti garuu inni kiyyoo fi futtaasaa taʼa.
၁၄ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရု ရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
15 Hedduun isaanii ni gufatu; isaan kufanii caccabu; futtaasaa seenanii qabamu.”
၁၅ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။
16 Dhuga baʼumsa kana walitti qabsiisi; seera kanas barattoota koo gidduutti chaappaadhaan cufi.
၁၆ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ် ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော် မူ၏။
17 Waaqayyo mana Yaaqoob duraa fuula isaa dhokfate sana nan eeggadha. Ani isa nan amanadha.
၁၇ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့်မည်။
18 Anii fi ijoolleen Waaqayyo naa kenne kunoo ti. Nu Israaʼel keessatti Waaqayyoo Waan Hunda Dandaʼu kan Tulluu Xiyoon irra jiraatu sanaaf mallattoo fi fakkeenya.
၁၈ငါမှစ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ် တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ထံတော်က၊ ဣသရေလအမျိုး၌ ပုပ္ပနိမိတ်နှင့် အံ့ဘွယ် သော အရာဖြစ်စေခြင်းငှါ ပေးတော်မူသတည်း။
19 Yommuu namni tokko dhaqaatii ilaaltootaa fi eker dubbistoota kanneen hasaasanii fi guunguman waa gaafadhaa isiniin jedhutti sabni tokko Waaqa isaa gorsa gaafachuu hin qabuu? Isaan waaʼee jiraattotaa maaliif warra duʼan gaafatu?
၁၉တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်း ကပ်အပ်သလော။ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။
20 Akka seeraa fi dhuga baʼumsa sanaatti jiraadhaa! Isaan yoo akka dubbii kanaatti dubbachuu baatan ifa barii hin qaban jechuu dha.
၂၀တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အာရုဏ်မတတ် သေး။
21 Isaan rakkina guddaa fi beelaan biyya keessa jooru; yommuu beelaʼanittis akka malee aaranii, ol ilaalanii mootii isaaniitii fi Waaqa isaanii abaaru.
၂၁ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည်။ မွတ်သိပ်သောအခါလည်း ကိုယ်ကို ကိုယ်နှောင့်ရှက်၍၊ မိမိတို့ ရှင်ဘုရင်နှင့် မိမိတို့ ဘုရားသခင်ကို ကျိတ်ဆဲကြလိမ့်မည်။
22 Ergasiis gara lafaa ilaalanii rakkina guddaa, dukkanaa fi hurrii sodaachisaa argu; isaanis dukkana hamaatti darbatamu.
၂၂အထက်သို့မျှော်သည်ဖြစ်စေ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ ၏။ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍၊ အလင်းကွယ် ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။

< Isaayyaas 8 >