< Isaayyaas 60 >
1 “Ifni kee dhufeeraatii kaʼii ibsi; ulfinni Waaqayyoo siif baʼeera.
၁အို ယေရုရှလင်မြို့၊နိုးထ၍နေကဲ့သို့ထွန်းတောက်လော့။ သင်၏အလင်းပေါ်ထွန်းလာပြီ။ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင့်အပေါ်၌ထွန်းလင်းလျက်နေ၏။
2 Kunoo, dukkanni lafa, dukkanni hamaan immoo uummattoota haguuga; Waaqayyo garuu siif kaʼeera; ulfinni isaas sirraa mulʼata.
၂အခြားအမျိုးသားတို့နှင့်ကမ္ဘာပေါ်တွင်အမှောင် လွှမ်းလျက်နေမည်ဖြစ်သော်လည်း၊ သင်၏အပေါ်၌မူထာဝရဘုရား၏အလင်းတော် ထွန်းတောက်လျက်နေလိမ့်မည်။ မျက်နှာတော်မှဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်သို့သက်ရောက်၍ တည်နေတော်မူလိမ့်မည်။
3 Saboonni gara ifa keetii, mootonni immoo gara ifa kee 2 isa bariitti ni dhufu.
၃လူမျိုးတကာတို့သည်သင်၏ အလင်းရှိရာသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည်သင်၏တက်သစ်စ နေအရုဏ်ရောင်ခြည်သို့လည်းကောင်း လာရောက်ကြလိမ့်မည်။
4 “Ija kee ol fudhadhuutii naannoo kee ilaali; hundinuu wal gaʼanii gara kee ni dhufu; ilmaan kee fagoodhaa, intallan kees qomatti baatamanii gara kee ni dhufu.
၄သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက်လျက် ရှိသည်ကိုကြည့်ရှုလော့။ သင်၏အမျိုးသားများသည်မိမိတို့ပြည်သို့ ပြန်လာရန်စုရုံးလျက်ရှိကြ၏။ သင်၏သားတို့သည်ရပ်ဝေးမှပြန်လာကြ လိမ့်မည်။ သင်၏သမီးများအားပွေ့ချီလျက်လာကြ လိမ့်မည်။
5 Ergasii ni ilaalta; ni calaqqiftas; lapheen kee ni dhaʼata; gammachuudhaanis ni guutama; qabeenyi galaanotaa hundinuu gara kee dhufu; badhaadhummaan sabootaas kan kee taʼa.
၅သင်သည်ဤအမှုအရာကိုမြင်၍ရွှင်လန်း ဝမ်းမြောက်ရလိမ့်မည်။ စိတ်နှလုံးထိခိုက်တုန်လှုပ်လာလိမ့်မည်။ လူမျိုးတကာတို့သည်မိမိတို့၏စည်းစိမ် ချမ်းသာများကို သင်၏ထံသို့ယူဆောင်လာကြလိမ့်မည်။ သူတို့၏ပစ္စည်းဥစ္စာများသည်ပင်လယ်ရပ်ခြား မှ ရောက်ရှိလာလိမ့်မည်။
6 Gaalli baayʼeen, ilmaan gaalaa kan Midiyaanii fi kan Eefaa biyya kee ni guutu. Namoonni hundi warqee fi ixaana fidanii, galata Waaqayyoo labsaa biyya Shebaatii ni dhufu.
၆ဝန်တင်ကုလားအုပ်တပ်ကြီးများသည် မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။ လူတို့သည်ဘုရားသခင်ပြုတော်မူသော အမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။
7 Bushaayeen Qeedaar hundinuu gara keetti walitti qabamu; korbeeyyiin hoolaa Nabaayot si tajaajilu; isaan iddoo aarsaa koo irratti aarsaawwan fudhatama qaban ni taʼu; anis mana ulfina kootii nan kabaja.
၇ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
8 “Warri akkuma gugeewwanii manneen isaaniitti barrisan, kanneen akka duumessaa gugatan kunneen eenyu faʼi?
၈မိုးတိမ်များကဲ့သို့လည်းကောင်း၊အိပ်တန်းပြန် ချိုးငှက်များကဲ့သို့လည်းကောင်း၊ ရေမျက်နှာပြင်ကိုလျှပ်၍လာနေသောသင်္ဘောများ ကားအဘယ်သင်္ဘောများနည်း။
9 Dhugumaan biyyoonni bishaan gidduu na abdatu; sababii inni ulfina sitti uffiseef, maqaa Waaqayyo Waaqa keetii, Qulqullicha Israaʼeliitiif jedhanii dooniiwwan Tarshiish dursanii, meetii fi warqee isaanii wajjin ilmaan kee fagoodhaa ni fidu.
၉ထိုသင်္ဘောတို့သည်ရပ်ဝေးမှ ဘုရားသခင်၏လူမျိုးတော်အား မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် ထာဝရဘုရားကိုချီးမြှောက်ရန်၊ ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
10 “Namoonni ormaa dallaa kee ni ijaaru; mootonni isaaniis si tajaajilu; Ani aariidhaan si dhaʼu illee, gara laafina koo jaalalaan sitti nan argisiisa.
၁၀ထာဝရဘုရားကယေရုရှလင်မြို့အား ``လူမျိုးခြားတို့သည်သင်၏မြို့ရိုးများကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ သူတို့၏ဘုရင်များသည်လည်းသင်တို့၏ အစေကိုခံကြလိမ့်မည်။ ငါသည်အမျက်ထွက်သဖြင့်သင်တို့အား အပြစ်ဒဏ်ခတ်ခဲ့၏။ သို့ရာတွင်ယခုအခါသင်တို့အားမျက်နှာ သာပေး၍ ကရုဏာပြတော်မူမည်။
11 Akka namoonni badhaadhina sabootaa gara keetti fidaniif, akka mootonni isaaniis hiriiraan gara keetti seenaniif, karrawwan kee yeroo hunda banamaa taʼu; isaan halkanii guyyaa gonkumaa hin cufaman;
၁၁လူမျိုးတကာတို့၏ဘုရင်များသည် မိမိတို့ပစ္စည်းများကိုယူဆောင်လာနိုင်ရန်၊ သင်သည်မိမိ၏တံခါးကိုနေ့ရောညဥ့်ပါ ဖွင့်၍ထားရလိမ့်မည်။
12 Sabni yookaan mootummaan si hin tajaajille ni barbadaaʼuutii; guutummaan guutuuttis ni balleeffamu.
၁၂သို့ရာတွင်သင်၏အစေကိုမခံသည့် လူမျိုးတို့မူကား၊လုံးဝသုတ်သင်ဖျက်ဆီး ခြင်းကို ခံရကြလိမ့်မည်။
13 “Ulfinni Libaanoon, gaattiraan, qararoo fi hadheessi, lafa iddoo qulqulluu koo miidhagsuuf gara kee ni dhufu; anis iddoo miilli koo dhaabatu nan kabaja.
၁၃``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန် သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊ တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။
14 Ilmaan warra si cunqursanii siif sagadaa gara kee dhufu; warri si tuffatan hundinuus miilla keetti kufu; isaanis Magaalaa Waaqayyoo Xiyoon kan Qulqullicha Israaʼel jedhanii si waamu.
၁၄သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
15 “Yoo ati jibbamtee gatamtee namni tokko iyyuu si keessaan darbuu lagate iyyuu, ani boontuu bara baraatii fi gammachuu dhaloota hundaa sin taasisa.
၁၅``သင်သည်လူသူဆိတ်ငြိမ်လျက်စွန့်ပစ်မုန်းတီး ခြင်းကို ခံရသောမြို့ဖြစ်တော့မည်မဟုတ်။ ငါသည်သင့်ကိုခမ်းနားကြီးကျယ်လှပစေ၍ ကာလအစဉ်အဆက် ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသည့်မြို့ဖြစ်စေမည်။
16 Ati aannan sabootaa ni dhugda; harma moototaas ni hoota. Yommus ani Waaqayyo Jabaan Yaaqoob, Fayyisaa kee fi Furaa kee akkan taʼe ni beekta.
၁၆မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊ လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်သည်သိရှိရလိမ့်မည်။
17 Ani qooda naasii warqee, qooda sibiilaa immoo, meetii siif nan fida. Qooda mukaa naasii, qooda dhagaa immoo, sibiila siif nan fida. Nagaa mootii kee, qajeelummaa immoo, bulchaa kee nan godha.
၁၇``ငါသည်သင့်အားကြေးဝါအစားရွှေ၊ သံအစားငွေနှင့်သစ်သားအစားကြေးဝါ ကို ပေးတော်မူမည်။ သင်သည်ကျောက်အစားသံကိုရရှိလိမ့်မည်။ သင်တို့ကိုအုပ်ချုပ်သူတို့အားတရားမျှတ ငြိမ်းချမ်းစွာအုပ်စိုးစေမည်။
18 Siʼachi biyya kee keessatti gooliin, daarii kee keessatti immoo diigamni yookaan badiisni hin dhagaʼamu; ati garuu dallaa kee Fayyina, karrawwan kee immoo Galata jettee waamta.
၁၈အကြမ်းဖက်မှုအသံဗလံများပေါ်ထွက် ရတော့မည်မဟုတ်။ သင်၏ပြည်သည်လည်းနောက်တစ်ဖန်လုယက် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်မဟုတ်။ ငါသည်မြို့ရိုးသဖွယ်သင့်ကိုကာကွယ်စောင့် ရှောက်မည်။ သင်သည်လည်းမိမိကိုကယ်တင်သည့်အတွက် ငါ့ကိုချီးမွမ်းလိမ့်မည်။
19 Siʼachi aduun guyyaadhaan, ifni jiʼaas halkaniin ifa kee hin taʼu; Waaqayyo ifa kee bara baraa taʼaatii; Waaqni kee ulfina kee ni taʼa.
၁၉``နေ့အခါနေသည်လည်းကောင်း၊ ညဥ့်အခါလသည်လည်းကောင်း၊ သင်၏အလင်းဖြစ်တော့မည်မဟုတ်။ ငါထာဝရဘုရားသည်သာလျှင်သင်၏ အတွက် ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ငါ၏ဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်၌ထွန်းလင်းလိမ့်မည်။
20 Aduun kee deebitee hin dhiitu; jiʼi kee hin badu; Waaqayyo ifa kee bara baraa ni taʼa; barri gadda kees ni raawwatama.
၂၀ငါထာဝရဘုရားသည်သင်၏အတွက်နေလတို့ထက် ပိုမိုတည်တံ့သည့်ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ထို့ကြောင့်သင်ဝမ်းနည်းပူဆွေးရာနေ့ရက်များသည် ကုန်ဆုံး၍သွားလိမ့်မည်။
21 Yoos uummanni kee hundi qajeelaa ni taʼa; bara baraanis lafa ni dhaala. Isaan biqiltuu ani dhaabbadhee dha; hojii harka koo, kan ani ittiin ulfina koo mulʼisuuf jedhee hojjedhee dha.
၂၁သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
22 Maatiin muraasni kuma, gareen xinnaan immoo saba guddaa taʼa. Ani Waaqayyoo dha; waan kana yeroo isaatti dafee nan hojjedha.”
၂၂သင်၏အနည်းဆုံးအညံ့ဆုံးသောသူပင်လျှင်၊ ထောင်ချီလျက်များပြားလာပြီး တန်ခိုးကြီးမားသည့်လူမျိုးသဖွယ်ကြီးမြတ်၍ လာလိမ့်မည်။ အချိန်ကျလျှင်ငါသည်ဤအတိုင်းလျင်မြန်စွာ ဖြစ်ပျက်စေတော်မူမည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူပါသည် တကား။''