< 2 Qorontos 2 >
1 Ani akkan lammata gaddaan gara keessan hin dhufne murteeffadheera.
၁ထိုမှတပါး၊ ဝမ်းနည်းခြင်းနှင့်တကွ သင်တို့ဆီသို့ နောက်တဖန် ငါလာမည်ဟု ငါစိတ်ပြဋ္ဌာန်းခဲ့ပြီ။
2 Yoo ani isin gaddisiise, isinuma warra ani gaddisiisu sana malee eenyutu na gammachiisa ree?
၂အကြောင်းမှုကား၊ ငါသည်သင်တို့ကို ဝမ်းနည်းစေလျှင်၊ ထိုသို့ဝမ်းနည်းစေသောသူကိုမှတပါး အဘယ်သူ သည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။
3 Akkasitti barreessuun koo akka yommuu ani dhufutti namoonni na gammachiisuu qaban na hin gaddisiisneefi. Akka gammachuun koo gammachuu hunda keessanii taʼe ani hunda keessan nan amana ture.
၃ငါဝမ်းမြောက်ခြင်း၏ အကြောင်းသည် သင်တို့ ရှိသမျှ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှါ၊ အထက်စာကို ငါရေး၍ ပေးလိုက်၏။
4 Ani dhiphina guddaa, yaaddoo garaatii fi imimmaan baayʼeedhaan isinii barreesseetii; kunis jaalalli ani isiniif qabu hammam guddaa akka taʼe akka beektaniif malee isin gaddisiisuuf miti.
၄အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည် အများကျလျက်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာစေခြင်းငှါ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှါ ငါရေး၏။
5 Eenyu iyyuu yoo nama gaddisiise utuu dubbii hoʼisuuf hin taʼin inni karaa tokko hunduma keessan gaddisiisuu isaati malee na gaddisiisuu isaa miti.
၅တစုံတယောက်သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည်မှန်လျှင်၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ကို ဝမ်းနည်းစေ၏။ သင်တို့ရှိသမျှကို ကျပ်တည်းစွာမစီရင်လို။
6 Nama akkanaa irratti adabbiin harki caalaan keessan adabdan ni gaʼa.
၆အများသောသူတို့စီရင်သော ဒဏ်သည်ထိုသူ၏ အပြစ်နှင့် တန်ပြီ။
7 Qooda kanaa akka inni gadda guddaan hin liqimfamneef dhiifama isaaf gochuu fi isa jajjabeessuutu isin irra jira.
၇သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှါ၊ သင်တို့သည်ခြားနားသော အားဖြင့် သူ၏အပြစ်ကို လွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ ပြုသင့်၏။
8 Kanaafuu ani akka isin jaalala isaaf qabdan cimsitan isinan kadhadha.
၈ထိုကြောင့်သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။
9 Anis akka isin waan hunda irratti ajajamtoota taatan mirkaneeffachuufin waan kana isinii barreesse.
၉ထိုမှတပါး၊ သင်သည်အရာရာ၌ နားထောင်သည်၊ နားမထောင်သည်ကို ငါသိလို၍၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်က ရေး၏။
10 Nama isin dhiifama gootaniif, anis dhiifama nan godha. Yoo wanti ani dhiifama godhe tokko iyyuu jiraates ani isiniif jedhee fuula Kiristoos duratti dhiifama godheera;
၁၀အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်းလွှတ်၏၊၊ အကြောင်းမူ ကား၊ ငါသည်တစုံတယောက်သောသူ၏ အပြစ်ကို လွှတ်ဘူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏ အခွင့်နှင့် လွှတ်ဘူး၏။
11 kunis akka Seexanni nu hin gowwoomsineefi. Nu mala isaa hin wallaalluutii.
၁၁သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။
12 Yeroo ani wangeela Kiristoos lallabuuf Xirooʼaas dhaqee Gooftaan balbala naa banetti,
၁၂ထိုမှတပါး၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှါ တရောမြို့သို့ ငါရောက်၍၊ သခင်ဘုရား သည် ငါ့အားတံခါးကို ဖွင့်တော်မူသောအခါ၊
13 waan ani obboleessa koo Tiitoo hin argatiniif, hafuurri koo boqonnaa hin arganne. Kanaafuu ani nagaatti isaaniin jedhee Maqedooniyaatti darbe.
၁၃ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကိုအခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ၏။
14 Waaqa yeroo hunda akka nu Kiristoosiin moʼannoo qabaannu nu taasisee urgaa beekumsa isaa karaa keenyaan iddoo hundatti facaasuuf galanni haa taʼu.
၁၄ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏ အမွှေး အကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။
15 Nu warra fayyifamaa jiranii fi warra baduutti jiran gidduutti Waaqaaf urgaa Kiristoos.
၁၅အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ကယ်တင်သောသူတို့၌၎င်း၊ ဆုံးရှုံးသောသူတို့၌၎င်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။
16 Nu isa tokkoof urgaa duʼaa ti; isa kaaniif immoo urgaa jireenyaa ti. Egaa eenyutu waan kanaaf gaʼaa taʼa?
၁၆ဆုံးရှုံးသောသူတို့၌ကား၊ သေခြင်းတိုင်အောင် သေခြင်း၏အမွှေးအကြိုင်ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏အမွှေးအကြိုင်ဖြစ်ကြ၏။ သို့ဖြစ်၍ ဤအမှုအရာ တို့နှင့် အဘယ်သူထိုက်တန်သနည်း။
17 Nu garuu akka namoota Waaqa biraa ergamaniitti Kiristoosiin fuula Waaqaa duratti garaa qulqulluudhaan dubbanna malee akka namoota hedduu kanneen buʼaa argachuuf jedhanii dubbii Waaqaa gurguratan sanaa miti.
၁၇ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။