< 1 Seenaa 24 >
1 Ilmaan Aroon akka armaan gadiitti ramadaman: Ilmaan Aroon Naadaab, Abiihuu, Eleʼaazaarii fi Iitaamaar turan.
၁အာရုန်၏သားမြေးများမှဆင်းသက်လာ သောအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာနှင့် ဣသမာဟူ၍သားလေးယောက်ရှိ၏။-
2 Naadaabii fi Abiihuu garuu utuu ijoollee hin dhalchin abbaa isaanii dursanii duʼan; kanaafuu Eleʼaazaarii fi Iitaamaar luboota taʼanii tajaajilan.
၂နာဒပ်နှင့်အဘိဟုတို့သည်မိမိတို့၏အဖ မကွယ်လွန်မီသေသွားကြသဖြင့် သူတို့တွင် သားမြေးများမကျန်ရစ်။ သို့ဖြစ်၍သူတို့ ၏ညီများဖြစ်သောဧလာဇာနှင့်ဣသမာ တို့သည်ယဇ်ပုရောဟိတ်များဖြစ်လာကြ သည်။-
3 Daawitis gargaarsa Zaadoq sanyii Eleʼaazaar sanaatii fi Ahiimelek sanyii Iitaamaariin akkuma tajaajila isaaniitti garee gareen isaan ramade.
၃ဒါဝိဒ်သည်အာရုန်၏သားမြေးတို့အားသူ တို့၏တာဝန်ဝတ္တရားများအလိုက် အုပ်စုများ ခွဲ၍ပေးတော်မူ၏။ ဤသို့တာဝန်ခွဲပေးရာ ၌မင်းကြီးအားဧလာဇာ၏သားမြေးဖြစ်သူ ဇာဒုတ်နှင့်ဣသမာ၏သားမြေးဖြစ်သူ အဟိမလက်တို့ကကူညီကြ၏။-
4 Sanyiiwwan Iitaamaarii caalaa sanyiiwwan Eleʼaazaar keessaa hooggantoonni hedduun ni argaman; isaanis akkanatti ramadaman: sanyiiwwan Eleʼaazaar keessaa abbootii maatii kudha jaʼa, sanyiiwwan Iitaamaar keessaa immoo abbootii maatii saddeet.
၄ဧလာဇာ၏သားမြေးတို့ကိုအုပ်စုတစ်ဆယ့် ခြောက်ခုဖွဲ့၍ ဣသမာ၏သားမြေးတို့ကိုမူ အုပ်စုရှစ်ခုဖွဲ့၍ထားလေသည်။ ဤသို့ပြုရ ခြင်းအကြောင်းမှာဧလာဇာ၏သားမြေး တို့တွင်အမျိုးသားအိမ်ထောင်ဦးစီးဦးရေ ပို၍များသောကြောင့်ဖြစ်၏။-
5 Isaan sababii sanyiiwwan Eleʼaazaarii fi sanyiiwwan Iitaamaar keessa qondaaltonni mana qulqullummaatii fi qondaaltonni Waaqaa turaniif loogii malee ixaadhaan isaan ramadan.
၅ဧလာဇာနှင့်ဣသမာနှစ်ဦးစလုံး၏သား မြေးတို့တွင်ဗိမာန်တော်အရာရှိများနှင့် ဝိညာဉ်ရေးခေါင်းဆောင်များပါရှိသဖြင့် တာဝန်ခွဲခန့်သတ်မှတ်မှုကိုမဲချ၍ဆောင် ရွက်ရကြလေသည်။-
6 Shemaaʼiyaan ilmi Naatnaaʼel namicha gosa Lewwii barreessaan sun fuula mootichaatii fi qondaaltotaa duratti maqaa isaanii Zaadoq lubicha, Ahiimelek ilma Abiyaataar, abbootii maatiiwwan lubootaatii fi Lewwotaa, innis gosa Eleʼaazaar keessaa maatii tokko, gosa Iitaamaar keessaa immoo maatii tokko fuudhee barreesse.
၆ဧလာဇာနှင့်ဣသမာတို့၏သားမြေးများ သည် အလှည့်ကျမဲနှိုက်ရကြ၏။ ထို့နောက်သူ တို့၏နာမည်များကိုနာသနေလ၏သား၊ လေဝိအနွယ်ဝင်အတွင်းရေးမှူးတစ်ဦးဖြစ် သူ ရှေမာရကမှတ်ပုံတင်ရ၏။ ယင်းသို့မှတ် ပုံတင်ရာတွင်ရှင်ဘုရင်၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိ မလက်၊ ယဇ်ပုရောဟိတ်တို့၏အိမ်ထောင်ဦးစီး များနှင့်လေဝိအနွယ်ဝင်တို့၏အိမ်ထောင် ဦးစီးများသည်အသိသက်သေဖြစ်ကြ၏။
7 Ixaan jalqabaa Yehooyaariibiif, lammaffaan Yedaaʼiyaaf,
၇မိမိတို့၏တာဝန်ဝတ္တရားများကိုခွဲခန့် သတ်မှတ်ပေးခြင်းခံကြရသော အိမ်ထောင် အုပ်စုနှစ်ဆယ့်လေးစုတို့မှာ၊ ၁။ ယောယာရိပ်၊ ၂။ ယေဒါယ၊ ၃။ ဟာရိမ်၊ ၄။ စောရိမ်၊ ၅။ မာလခိယ၊ ၆။ မိယမိန်၊ ၇။ ဟက္ကုတ်၊ ၈။ အဘိယ၊ ၉။ ယေရွှာ၊ ၁၀။ ရှေကနိ၊ ၁၁။ ဧလျာရှိပ်၊ ၁၂။ ယာကိမ်၊ ၁၃။ ဟုပ္ပ၊ ၁၄။ ယေရှေဗပ်၊ ၁၅။ ဗိလဂ၊ ၁၆။ ဣမ္မေရ၊ ၁၇။ ဟေဇိရ၊ ၁၈။ အပ်ဇဇ်၊ ၁၉။ ပေသဟိ၊ ၂၀။ ယေဇကျေလ၊ ၂၁။ ယာခိန်၊ ၂၂။ ဂါမုလ၊ ၂၃။ ဒေလာယနှင့် ၂၄။ မာဇိ တို့ဖြစ်သတည်း။
8 sadaffaan Haariimiif, afuraffaan Seʼooriimiif,
၈
9 shanaffaan Malkiyaaf, jaʼaffaan Miyaamiiniif,
၉
10 torbaffaan Haqoosiif, saddeettaffaan Abiyaaf,
၁၀
11 saglaffaan Yeeshuuʼaaf, kurnaffaan Shekaaniyaaf,
၁၁
12 kudhan tokkoffaan Eliyaashiibiif, kudha lammaffaan Yaaqiimiif,
၁၂
13 kudha sadaffaan Huphaaf, kudha afuraffaan Yeshebeʼaabiif,
၁၃
14 kudhan shanaffaan Bilgaaf, kudha jaʼaffaan Imeeriif,
၁၄
15 kudha torbaffaan Heeziiriif, kudha saddeettaffaan Haphizeeziif,
၁၅
16 kudha saglaffaan Phetaayaaf, digdammaffaan Hisqiʼeeliif,
၁၆
17 digdamii tokkoffaan Yaakiiniif, digdamii lammaffaan Gaamuuliif,
၁၇
18 digdamii sadaffaan Delaayaaf, digdamii afuraffaan Maʼaaziyaaf baʼe.
၁၈
19 Kun seera isaan yeroo mana qulqullummaa Waaqayyoo seenanitti ittiin tajaajilanii dha; seera kanas abbaa isaanii Aroonitu akkuma Waaqayyo Waaqni Israaʼel isa ajajetti isaaniif kenne.
၁၉ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်အရ ဘိုးဘေး အာရုန်စီရင်သတ်မှတ်ထားသည့်အတိုင်းဗိမာန် တော်သို့သွားရောက်၍ မိမိတို့အပ်နှင်းခံရသည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြရန် ဤ သူတို့၏နာမည်များကိုမှတ်ပုံတင်၍ထား လေသည်။
20 Ilmaan Lewwii warra hafan: Ilmaan Amraamii keessaa: Shuubaaʼeel; ilmaan Shuubaaʼeel keessaa: Yehideyaa.
၂၀လေဝိမှဆင်းသက်လာသူအခြားအိမ်ထောင် ဦးစီးများမှာ ရှုဗွေလမှတစ်ဆင့်အာမရံ မှဆင်းသက်လာသူယေဒေယ။
21 Ilmaan Rehaabiyaa keessaa: Yishiyaa hangafticha.
၂၁ရေဟဘိမှဆင်းသက်လာသူဣရှယာ။
22 Yizihaarota keessaa: Sheloomiit; ilmaan Sheloomiit keessaa immoo: Yahaati.
၂၂ရှေလောမိတ်မှတစ်ဆင့်ဣဇဟာမှဆင်းသက် လာသူယာဟတ်။
23 Ilmaan Kebroon: Inni jalqabaa Yeriyaa, lammaffaan Amariyaa, sadaffaan Yahiziiʼeel, afuraffaan Yeqameʼaam.
၂၃ကြီးစဉ်ငယ်လိုက်ဟေဗြုန်၏သားများဖြစ် သောယေရိ၊ အာမရိ၊ ယဟာဇေလနှင့် ယေကမံ။
24 Ilma Uziiʼeel: Miikaa. Ilmaan Miikaa keessaa: Shaamiir.
၂၄မိက္ခာမှတစ်ဆင့်သြဇေလမှဆင်းသက်လာသူ ရှမိရ။
25 Obboleessa Miikaa: Yishiyaa; Ilmaan Yishiyaa keessaa: Zakkaariyaas.
၂၅သြဇေလ၏သား၊ မိက္ခာ၏ညီဣရှယာမှတစ်ဆင့် သြဇေလမှဆင်းသက်လာသူဇာခရိ။
26 Ilmaan Meraarii: Mahilii fi Muusii. Ilma Yaʼaziyaa: Banoo.
၂၆မေရာရိမှဆင်းသက်လာသူများဖြစ်ကြသော မဟာလိ၊ မုရှိနှင့်ယာဇိ။-
27 Ilmaan Meraarii: Yaʼaziyaa irraa: Banoo, Shohaam, Zakuurii fi Ibrii.
၂၇ရှောဟံ၊ ဇက္ကုရနှင့်ဣဗရိဟူ၍သားသုံးယောက် ယာဇိ၌ရှိ၏။-
28 Mahilii irra: Eleʼaazaar; namichi kun ilmaan hin qabu ture.
၂၈ဧလာဇာနှင့်ကိရှဟူသောသားနှစ်ယောက် မဟာလိ၌ရှိ၏။ ဧလာဇာတွင်သားမရှိ။ သို့ရာတွင်ကိရှ၌ယေရမေလဟူသော သားတစ်ယောက်ရှိ၏။-
29 Qiish irraa: Yeramiʼeel ilma Qiish.
၂၉
30 Ilmaan Muusii: Mahelii, Eederii fi Yeriimooti. Isaan kunneen akkuma mana abbootii isaaniitti ilmaan Lewwotaa ti.
၃၀မုရှိ၌မဟာလိ၊ ဧဒါ၊ ယေရိမုတ်ဟူ သောသားသုံးယောက်ရှိသတည်း။ ဤသူတို့သည်အိမ်ထောင်စုအလိုက်လေဝိ အနွယ်ဝင်များဖြစ်ကြ၏။
31 Isaanis akkuma obboloota isaanii ilmaan Aroon sana fuula Daawit Mootichaa duratti, fuula Zaadoq, Ahiimelek, fuula hangafoota maatii lubootaatii fi Lewwotaa duratti ixaa buufatan. Maatii obboleessa hangaftichaatiifis akkuma maatii obboleessa quxisuutti ixaan buʼe.
၃၁မိမိတို့၏ဆွေမျိုးများဖြစ်သောအာရုန်မှ ဆင်းသက်လာသော ယဇ်ပုရောဟိတ်များပြုခဲ့ ကြသည့်နည်းတူ၊ အိမ်ထောင်စုတိုင်းမှအိမ် ထောင်ဦးစီးနှင့်ယင်းအိမ်ထောင်မှညီဖြစ်သူ တစ်ယောက်သည်မဲချ၍ တာဝန်ဝတ္တရားများ ကိုယူရကြ၏။ ဤသို့ပြုရာ၌ဒါဝိဒ်မင်း၊ ဇာဒုတ်၊ အဟိမလက်၊ ယဇ်ပုရောဟိတ်တို့ ၏အိမ်ထောင်ဦးစီးများနှင့်လေဝိအနွယ် ဝင်တို့၏အိမ်ထောင်ဦးစီးများသည်အသိ သက်သေဖြစ်ကြ၏။