< 1 Seenaa 19 >

1 Ergasiis Naahaash mootiin Amoonotaa ni duʼe; ilmi isaa iddoo isaa buʼee mootii taʼe.
ထိုနောက် အမ္မုန်ရှင်ဘုရင်နာဟတ်သည် သေ၍၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
2 Daawitis, “Sababii abbaan isaa naa arjoomeef anis Haanuun ilma Naahaashiif nan arjooma” jedhee yaade. Kanaafuu Daawit gadda waaʼee abbaa isaatiif itti dhagaʼame isaa ibsuuf Haanuunitti ergamoota ni erge. Yommuu namoonni Daawit dhaamsa gaddaa itti himuuf Haanuun bira biyya Amoonotaa dhaqanitti,
ဒါဝိဒ်ကလည်း၊ ဟာနုန်အဘ နာဟတ်သည် ငါ့အားကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြု မည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်း ငှါ သံတမန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှါ သူရှိရာ အမ္မုန်ပြည်သို့ ရောက်ကြ၏။
3 qondaaltonni Amoonotaa Haanuuniin, “Ati sababii Daawit akka isaan dhaamsa gaddaa sitti himaniif namoota sitti ergeef inni waan abbaa keetiif ulfina kenne seetaa? Ergamoonni isaa biyyattii qorachuu, basaasanii qabachuuf gara kee dhufan mitii?” jedhan.
အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူး စမ်း၍ ဖျက်ဆီးခြင်းငှါသာ၊ သူ၏ကျွန်တို့သည် အထံတော် သို့ ရောက်သည် မဟုတ်လောဟု လျှောက်ကြလျှင်၊
4 Kanaafuu Haanuun namoota Daawit sana qaqqabee rifeensa irraa haadee wayyaa isaanii illee teessuma irratti cicciree of irraa isaan erge.
ဟာနုန်သည် ဒါဝိဒ်၏ ကျွန်တို့ကို ယူပြီးလျှင်၊ မုဆိတ်ကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
5 Daawit yommuu namni tokko dhufee waaʼee namoota sanaa isatti himetti, sababii isaan akka malee qaanaʼaniif ergamoota gara isaaniitti erge. Mootichis “Isin hamma areedni keessan isinii guddatutti Yerikoo turaatii ergasii deebiʼaa kottaa” jedheen.
ထိုသူတို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သိတင်းကြားသောအခါ၊ သူတို့သည် အလွန်ရှက်သော ကြောင့် ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။
6 Amoononni yommuu akka Daawit isaan xireeffate hubatanitti Haanuunii fi Amoononni Phaadaan Arraamii, Araamaʼaakaa fi Zoobaadhaa gaariiwwan kireeffachuuf meetii taalaantii kuma tokko ni ergan.
ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့ သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကိုငှါးခြင်းငှါ ငွေအခွက် တသောင်းကို ထုတ်၍၊
7 Isaanis gaariiwwan kuma soddomii lamaa fi ooftota gaariiwwanii, akkasumas mootii Maʼakaatii fi loltoota isaa kanneen dhufanii Meedebaa bira qubatan sana kireeffatan; Amoononni immoo magaalaawwan isaaniitii walitti qabamanii waraanatti ni qajeelan.
မြင်းရထားသူရဲသုံးသောင်းနှစ်ထောင်ကို၎င်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကို၎င်း ငှါးသဖြင့်၊ ထိုသူတို့ သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသား တို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။
8 Daawit yommuu waan kana dhagaʼetti Yooʼaabii fi guutummaa loltootaa ni erge.
ထိုသိတင်းကို ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
9 Amoononni immoo baʼanii karra magaalaa isaanii irratti waraanaaf hiriiran; mootonni dhufan sun immoo kophaa isaanii dirree irra turan.
အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
10 Yooʼaabis akka fuula isaa duraa fi dugda isaa duubaan waraanni jiru ni arge; kanaafuu loltoota Israaʼel keessaa namoota bebeekamoo filatee adda loltoonni Sooriyaa jiranitti bobbaase.
၁၀ယွာဘသည်လည်းရှေ့၌၎င်း၊ နောက်၌၎င်း၊ စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့တဘက်၌ စစ်ခင်းကျင်း၏။
11 Namoota hafan immoo ajaja obboleessa isaa Abiishaayi jalatti ni hiriirse; isaanis Amoonotatti duulan.
၁၁ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တဘက်၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲလက်သို့ အပ်လျက်၊
12 Yooʼaabis akkana jedhe; “Yoo warri Sooriyaa natti jabaatan ati na gargaarta; yoo Amoononni sitti jabaatan immoo ani sin gargaara.
၁၂ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။
13 Jabaadhaa saba keenyaa fi magaalaawwan Waaqa keenyaatiif garaa kutannaadhaan haa lollu. Waaqayyos waan fuula isaa duratti gaarii taʼe ni godha.”
၁၃ရဲရင့်သော စိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရား သခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆိုပြီးမှ၊
14 Ergasii Yooʼaabii fi loltoonni isa wajjin turan warra Sooriyaa waraanuuf fuul duratti ni qajeelan; jarris fuula isaa duraa baqatan.
၁၄သူ၌ပါသောလူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
15 Amoononni yommuu akka namoonni Sooriyaa baqatan arganitti isaanis fuula obboleessa isaa Abiishaayi duraa baqatanii magaalaa seenan. Akkasiin Yooʼaab Yerusaalemitti deebiʼe.
၁၅ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
16 Namoonni Sooriyaa yommuu akka Israaʼeloonni isaan moʼatan arganitti ergamoota erganii namoota Sooriyaa kanneen Laga Efraaxiisiitiin gamaa fichisiisan; Shoofaki ajajaan loltoota Hadaadezer sun isaan hoogganaa ture.
၁၆ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍ မြစ်တဘက်၌နေသော ရှုရိလူတို့ကို ခေါ်သဖြင့်၊ ဟာဒ ဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
17 Daawitis yommuu wanni kun isatti himametti, Israaʼeloota hunda walitti qabee Yordaanos ceʼe; innis dursee dhaqee fuula isaanii duraan toora lolaa ni qabate. Daawitis warra Sooriyaa waraanuuf loltoota isaa hiriirse; namoonni Sooriyaas ni lolaniin.
၁၇ထိုသိတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက် သောအခါ၊
18 Isaan garuu Israaʼeloota duraa baqatan; Daawitis namoota gaarii waraanaa oofan kuma torbaa fi loltoota lafoo kuma afurtama fixe. Ajajaa loltoota isaanii Shoofaki illee ni ajjeese.
၁၈ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ် သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကို လည်း လုပ်ကြံလေ၏။
19 Tajaajiltoonni Hadaadezeriis yommuu akka Israaʼelootaan moʼataman arganitti Daawit wajjin nagaa uumanii isa jalatti bulan. Kanaafuu namoonni Sooriyaa ergasii Amoonota gargaaruu hin feene.
၁၉ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလ အမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိဿဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တဖန် ရှုရိလူတို့ သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။

< 1 Seenaa 19 >