< Salmenes 45 >
1 Til songmeisteren, etter «Liljor»; av Korahs born; ein salme til lærdom, ein song um kjærleik. Mitt hjarta fløder yver med yndelege ord; eg kved den song eg hev gjort til ein konge; mi tunga er ein snarhendt skrivars penn.
၁ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့်ပွက်ထ လျက်ရှိ၍၊ ငါစီရင်သောအရာကို ရှင်ဘုရင်ရှေ့တော်၌ မြွက်ဆိုပေအံ့။ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ကညစ်ဖြစ်ရ၏။
2 Du er den fagraste av menneskjeborni, ynde strøymer yver dine lippor; difor hev Gud velsigna deg til æveleg tid.
၂ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ၏။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏။ ထိုကြောင့်ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲ ကောင်းကြီးပေးတော်မူ၏။
3 Gyrd ditt sverd til di lend, du velduge, di høgd og din herlegdom!
၃တန်ခိုးကြီးသောအရှင်၊ ဘုန်းအသရေတော် ဖြစ်သော ကိုယ်တော်၏ထားကို ပေါင်တော်၌ စည်း တော်မူပါ။
4 Og far i din herlegdom fram med siger for sanning og spaklyndt rettferd! Og di høgre hand skal læra deg agelege storverk.
၄သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်း တရားကြောင့်၊ အသရေတော်ထင်ရှားလျက်၊ အောင်မြင် ၍ စီးသွားတော်မူပါ။ လက်ျာလက်တော်လည်း ကြောက် မက်ဘွယ်သောအရာကို ကိုယ်တော်အားပြပါလိမ့်မည်။
5 Din piler er kveste - so folk fell under deg - dei gjeng inn i hjarta på kongens fiendar.
၅ရှင်ဘုရင်၏ ရန်သူတို့နှလုံးထဲမှာ မြှားတော်တို့သည် ထက်သည်ဖြစ်၍၊ လူတို့သည် ခြေတော်အောက်၌ လဲကြ ပါ၏။
6 Din kongsstol, Gud, stend æveleg og alltid, ein kongsstav med rettvisa er kongsstaven i ditt rike.
၆အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။
7 Du elskar rettferd og hatar gudløysa, difor hev Gud, din Gud, salva deg med fagnads olje framfor dine medbrør.
၇ကိုယ်တော်သည်ဖြောင့်မတ်ခြင်းတရားကို နှစ် သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် ဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်၏အပေါင်းအဘော်တို့ထက်၊ ကိုယ်တော်ကို ချီမြှောက်၍၊ ဝမ်းမြာက်ခြင်းဆီနှင့်ဘိသိတ်ပေးတော်မူပြီ။
8 Av myrra og aloe og kassia angar alle dine klæde; frå filsbeinshallar fagnar deg strengleik.
၈ဆင်စွယ်ဘုံဗိမာန်ထဲက ထုတ်သောအဝတ် တန်ဆာတော်ရှိသမျှတို့သည်မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေး နှင့် ပြည့်စုံ၍ နှစ်သက်တော်မူဘွယ် ဖြစ်ကြပါ၏။
9 Kongsdøtter er millom dine utvalde; dronningi stend ved di høgre hand i gull frå Ofir.
၉အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမ မိဿံအဝင်ဖြစ်၍၊ လက်ျာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ၏။
10 Høyr, dotter, og sjå og bøyg øyra til, og gløym ditt folk og ditt farshus,
၁၀ငါ့သမီးနားထောင်လော့။ ဆင်ခြင်၍ နာယူ လော့။ ကိုယ်အမျိုးသားချင်းနှင့် ကိုယ်အဘ၏အိမ်ကို မေ့လျော့လော့။
11 og lat kongen hava hugnad i din fagerleik! for han er din herre, og du skal hylla honom.
၁၁သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင် သည် နှစ်လိုစုံမက်တော်မူမည်။ သူသည် သင်၏အရှင် ဖြစ်သောကြောင့် သူ့ကိုကိုးကွယ်လော့။
12 Og Tyrus’ dotter skal søkja ditt ynde med gåvor - dei rikaste av folket.
၁၂တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း၊ လက်ဆောင်ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်။
13 Ovleg prud er kongsdotteri der inne; hennar klædnad er gjenomvoven med gull.
၁၃ရှင်ဘုရင်၏သမီးတော်သည် အတွင်း၌ ဂုဏ် အသရေသက်သက်ရှိ၏။ ရွှေဖြင့်ချယ်လှယ်သော အဝတ် တန်ဆာကိုဆင်၏။
14 I utsauma bunad vert ho leidd til kongen; møyar, hennar vener, fylgjer etter henne; dei vert førde inn til deg.
၁၄ဈာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏။ နောက်လိုက်သောအပေါင်းအဘော် အပျိုတော်များကို လည်း၊ ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်။
15 Dei vert leidde fram med gleda og fagnad, dei gjeng inn i kongshalli.
၁၅ဝမ်းမြောက်ရွှင်လန်းသောအခြင်းအရာနှင့် ဆောင်ခဲ့၍၊ ရှင်ဘုရင်၏နန်းတော်သို့ဝင်ရကြလိမ့်မည်။
16 I staden for dine feder skal dine søner koma; du skal setja deim til hovdingar utyver heile jordi.
၁၆ကိုယ်တော်၏အဘများ ကိုယ်စားသားများကို ရ၍၊ မြေကြီးတပြင်လုံးတွင် မင်းအရာ၌ခန့်ထားတော် မူလိမ့်မည်။
17 Eg vil setja ditt namn eit minne millom alle ætter; difor skal folki lova deg æveleg og alltid.
၁၇အကျွန်ုပ်သည် ကိုယ်တော်၏နာမကို လူမျိုး အစဉ်အဆက် အောက်မေ့ကျော်စောစေသဖြင့်၊ လူမျိုးတို့ သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတံ့ သတည်း။