< Salmenes 41 >

1 Til songmeisteren; ein salme av David. Sæl er den som ser til ein vesallmann; på den vonde dag skal Herren frelsa honom.
ဆင်း​ရဲ​သူ​တို့​အ​တွက်​စိုး​ရိမ်​ကြောင့်​ကြ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ ထို​သူ​ဒုက္ခ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​လိမ့်​မည်။
2 Herren skal verja honom og halda honom i live; han skal verta lukkeleg i landet, og du skal visst ikkje yvergjeva honom til hans mordgiruge fiendar.
ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​၍​သူ​၏​အ​သက်​ကို စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ့​အား​ပြည်​တော်​တွင်​ဝမ်း မြောက်​စွာ နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ရန်​သူ​တို့​၏​လက်​သို့​အပ်​တော်​မူ​မည်​မ​ဟုတ်။
3 Herren skal stydja han på sotteseng, og vender all hans lega i hans sjukdom.
သူ​ဖျား​နာ​ချိန်​၌​ကိုယ်​တော်​သည်​ကူ​မ​တော်​မူ​၍ သူ့​အား​ပြန်​လည်​ကျန်း​မာ​စေ​တော်​မူ​လိမ့်​မည်။
4 Eg segjer: «Herre, ver meg nådig; læk mi sjæl, for eg hev synda mot deg!»
``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​၍​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​ငါ​လျှောက်​ထား​၏။
5 Mine fiendar talar vondt um meg: «Når skal han døy, og hans namn forgangast?»
ရန်​သူ​များ​သည်​ငါ​၏​အ​ကြောင်း​မ​ကောင်း ပြော​ကြ​၏။ သူ​တို့​က``ဤ​သူ​သည်​အ​ဘယ်​အ​ခါ​၌​သေ​၍ သူ​၏​နာ​မည်​ကို​လူ​တို့​မေ့​ပျောက်​သွား​မည်​နည်း'' ဟု​မ​နာ​လို​စိတ်​ဖြင့်​ဆို​ကြ​၏။
6 Og um ein kjem og vil sjå til meg, so talar han falske ord; hans hjarta sankar seg vondskap saman, so gjeng han ut og talar um det.
ငါ့​အား​လာ​၍​ကြည့်​ကြ​သူ​များ​သည် စိတ်​ရိုး​သ​ဘော​ရိုး​ရှိ​သူ​များ​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​အ​ကြောင်း​မ​ကောင်း​သ​တင်း များ​ကို ရှာ​ဖွေ​စု​ဆောင်း​လျက်​နေ​ရာ​အ​နှံ့​အ​ပြား​သို့ သွား​၍​ပြော​ဆို​တတ်​ကြ​၏။
7 Alle som hatar meg, kviskrar saman imot meg; dei tenkjer upp imot meg slikt som gjer meg vondt:
ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည်​ငါ့​အ​ကြောင်း အ​ချင်း​ချင်း​တီး​တိုး​ပြော​ဆို​တတ်​ကြ​၏။
8 «Ei illgjerning heng ved honom, og han som ligg der, skal ikkje meir standa upp.»
သူ​တို့​က``ဤ​သူ​သည်​အ​သဲ​အ​သန်​ဖျား နာ​လျက်​ရှိ​၏။ နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​အိပ်​ရာ​ပေါ်​မှ ထ​နိုင်​တော့​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။
9 Ja, endå den som eg livde i fred med, som eg sette lit til, som åt mitt brød, hev lyft sin hæl imot meg.
ငါ​အ​ချစ်​ဆုံး၊ငါ​အား​အ​ကိုး​ဆုံး၊ ငါ​နှင့်​ထ​မင်း​လက်​ဆုံ​စား​သူ၊ ငါ​၏​မိတ်​ဆွေ​က​ပင်​လျှင်​ငါ့​ကို​ခြေ​ဖြင့် ကျောက်​ကန်​လေပြီ။
10 Men du, Herre, ver meg nådig og hjelp meg upp! So vil eg gjeva deim vederlag.
၁၀အို ထာ​ဝ​ရ​ဘု​ရား၊ ရန်​သူ​တို့​ကို​က​လဲ့​စား​ချေ​နိုင်​ရန် ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​၍ ပြန်​လည်​ကျန်း​မာ​စေ​တော်​မူ​ပါ။
11 På dette kjenner eg at du hev hugnad i meg, at min fiende ikkje fær setja i glederop yver meg.
၁၁ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား အ​နိုင်​ရ​စေ​တော်​မ​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် နှစ်​သက်​တော်​မူ​ကြောင်း​ကို​ကျွန်​တော်​မျိုး သိ​ရ​ပါ​လိမ့်​မည်။
12 Og meg held du uppe i mi uskyld og set meg for di åsyn til æveleg tid.
၁၂ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​ဖြစ် သ​ဖြင့် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင်​ထာ​ဝ​စဉ်​နေ​ရ​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။
13 Lova vere Herren, Israels Gud, frå æva og til æva! Amen, amen!
၁၃ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ် အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ အာ​မင်၊ အာ​မင်။

< Salmenes 41 >