< 4 Mosebok 36 >
1 Husfederne åt Gileads-folket, som var ætta frå Makir, son åt Manasse, og høyrde til Josefs-ætterne, gjekk fram og tala so til Moses og styresmennerne, ættehovdingarne åt Israels-folket:
၁ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့ မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီး တို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
2 «Herren sagde, at du skulle byta landet i luter og lata Israels-sønerne draga strå um luterne, og han sagde at du skulde lata døtterne åt Selofhad, frenden vår, få eigedomen etter far sin.
၂အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေး စေခြင်းငှါ၎င်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏ အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှါ၎င်း၊ ထာဝရဘုရားအမိန့်တော် ရှိပါ၏။
3 Men vert no dei gifte med menner av dei andre Israels-ætterne, so gjeng eigedomen deira ifrå vår ætt, og jordi åt den ætti dei kjem inn i aukar, men vår ættarjord minkar.
၃ထိုမိန်းမတို့သည် မိမိအမျိုးမှတပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက် အမွေမှနှုတ်၍ သူတို့ ဝင်သောအမျိုး၏ အမွေထဲ၌ ပါသွားသဖြင့်၊ အကျွန်ုပ်တို့ အမွေမြေသည် လျော့ပါလိမ့်မည်။
4 Og når jubelåret kjem hjå Israels-folket, so vert eigedomen åt desse gjentorne lagd til den ætti som dei hev kome inn i, og teken ifrå vår ætt.»
၄ဣသရေလအမျိုးသား တို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏ အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
5 Då tala Moses til Israels-sønerne, so som Herren hadde sagt honom fyre: «Det er rett som Josefs-sønerne segjer;
၅ထိုအခါ မောရှေသည် ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေ သည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။
6 Høyr no kva Herrens vilje er med døtterne åt Selofhad: dei kann gifta seg med kven dei vil, men det lyt vera innan fedreætti deira.
၆ဇလောဖဒ်သမီးတို့၏ အမှု၌ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှ တပါး၊ အခြားသူနှင့် စုံဘက်ခြင်းကို မပြုစေနှင့်။
7 For ingen eigedom må hjå Israels-folket ganga yver frå ei ætt til ei onnor. Alle Israels-sønerne skal halda på eigedomen åt fedreætti si.
၇ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက် အမွေမြေ၌ မေရကြမည်။
8 Og kvar ei dotter som erver jord i eit av Israelsfylki, lyt gifta seg med ein frå same fylket, so kvar Israelsson kann erva odelsjordi etter federne sine,
၈ဣသရေလအမျိုး တစုံတမျိုး၌ အမွေမြေရှိ သော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီး အသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစား ရကြမည်။
9 og ingen eigedom skal ganga yver frå ei ætt til ei onnor, men alle Israels-ætterne halda på eigedomen sin.»
၉အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေ မြေ၌ နေကြရမည်ဟု မိန့်တော်မူ၏။
10 Og døtterne åt Selofhad gjorde som Herren hadde sagt til Moses.
၁၀ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ ဇလောဖဒ်၏ သမီး မလာ၊
11 Mahla og Tirsa og Hogla og Milka og Noa, alle døtterne åt Selofhad, gifte seg med frendar;
၁၁တိရဇာ၊ စောဂလာ၊ မိလကာ၊ နောအာတို့သည် ပြု၍၊ ဘကြီးသား၊ ဘထွေသားတို့နှင့် စုံဘက်ကြ၏။
12 med menner som var ætta frå Manasse, son åt Josef, gifte dei seg, so odelen deira kom til å fylgja den ætti dei høyrde til.
၁၂ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသား အဆွေအမျိုး၌ စုံဘက်ခြင်းအမှုကို ပြု၍၊ သူတို့အမွေမြေ သည် သူတို့မိစဉ်ဘဆက်အမျိုး တည်နေ၏။
13 Dette var dei bodi og loverne som Herren let Moses kunngjera for Israels-folket på Moabmoarne ved Jordanelvi der ho renn frammed Jeriko.
၁၃ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေအား ဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။