< Lukas 17 >
1 Sidan sagde han til læresveinarne sine: «Det er uråd anna enn det lyt koma freistingar, men ve yver den som dei kjem ifrå!
၁တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား ၊ မှားယွင်း စရာအကြောင်းရှိ ရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေ သောသူ သည် အမင်္ဂလာ ရှိ၏။
2 Han var betre faren det låg ein kvernstein um halsen hans og han var kasta i havet, enn at han skulde freista ein av desse små.
၂ဤ သူငယ် တစ်စုံတစ်ယောက် ကို မှားယွင်း စေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံ ကျောက် ကို ဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။
3 Tak dykk i vare! Syndar bror din, so tala til honom, og angrar han, so tilgjev honom!
၃သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သင် ၏ ညီအစ်ကို သည် သင့်ကိုပြစ်မှား လျှင် သူ့ ကို ဆုံးမ လော့။ သူသည် နောင်တရ လျှင် သူ ၏အပြစ် ကိုလွှတ်လော့။
4 Um han syndar mot deg sju gonger um dagen, og sju gonger kjem attende til deg og segjer: «Eg angrar!» so skal du tilgjeva honom.»
၄တစ်နေ့ ခြင်းတွင် ခုနစ် ကြိမ်မြောက်အောင် သင့် ကိုပြစ်မှား ၍ ၊ ခုနစ် ကြိမ်မြောက်အောင် သင့် ထံသို့ လှည့် ၍ နောင်တရ ပါ၏ဟုဆို လျှင် ၊ သူ ၏အပြစ် ကို လွှတ်လော့ ဟု မိန့် တော်မူ၏။
5 Apostlarne sagde til Herren: «Gjev oss meir tru!»
၅တမန်တော် တို့က၊ အကျွန်ုပ် တို့ ယုံကြည် ခြင်းစိတ်ကို တိုးပွား စေတော်မူပါဟုသခင် ဘုရားကို တောင်းပန် ကြလျှင် ၊
6 «Hev de tru som eit senapskorn, » svara Herren, «so kunde de segja til dette morbærtreet: «Rykk deg upp og røt deg i havet!» og det skulde lyda dykk.
၆သခင် ဘုရားက ၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ထို သဖန်းပင် ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ် ၍ ပင်လယ် ၌ စိုက် လျက်နေလော့ဟု ဆို ကြသော် သင် တို့ စကားကို နားထောင် လိမ့်မည်။
7 Um nokon av dykk hev ein dreng som pløgjer eller gjæter, segjer han då til honom når han kjem heim frå marki: «Kom straks og set deg til bords?»
၇အစေအပါး သည် လယ်ထွန် သော်၎င်း ၊ သိုး ၊ နွားကျောင်းသော်၎င်း၊ လယ်ပြင် မှ လာ ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါး ကို၊ အသော့ လာ ၍ စားပွဲ၌ လျောင်း လော့ဟု သင် တို့တွင် အဘယ်သူ ပြော မည်နည်း။
8 Segjer han’kje heller: «Stell til kveldsmaten åt meg, bind livgjordi um deg, og gakk meg til handa med eg et og drikk! Sidan kann du eta og drikka?»
၈ထိုအစေအပါး ကို၊ ငါစားစရာ ဘို့ပြင် လော့။ ငါစား သောက် စဉ် တွင်ခါးကိုစည်း ၍ ငါ့ ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင် သည် စား သောက် ရမည်ဟု ပြော မည်မ ဟုတ်လော။
9 Takkar han vel drengen for di han gjorde som han var fyresagd? Eg trur ikkje det.
၉ထိုအစေအပါး သည် သခင်စီရင် သည်အတိုင်း ပြု သောကြောင့် ၊ သခင်၌ ကျေးဇူးတင် သလော။ ကျေးဇူး မ တင်။
10 Soleis de og; når de hev gjort alt som var sagt dykk, so seg: «Me er uturvande tenarar! Me hev’kje gjort anna enn det som var skyldnaden vår.»»
၁၀ထိုနည်းတူ မှာထား တော်မူသမျှ တို့ကို သင် တို့သည် ကျင့် ပြီးမှ ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါး ဖြစ် သည်မ ဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ ဟုမိန့် တော်မူ၏။
11 Med han var på vegen til Jerusalem og for midt imillom Samaria og Galilæa,
၁၁ယေရုရှလင် မြို့သို့ ကြွ တော်မူစဉ် ၊ ရှမာရိ ပြည် နှင့် ဂါလိလဲ ပြည်စပ်ကြား ၌ ရှောက်သွား တော်မူ၏။
12 bar det so til at han gjekk inn i ein liten by, og der kom det imot han ti menner som hadde spillsykja; dei vart standande eit langt stykke undan,
၁၂ရွာ တ ရွာသို့ ဝင် တော်မူသည်တွင် ၊ နူနာစွဲ သော သူ တစ်ကျိပ် တို့သည် ခရီးဦးကြိုပြု ၍ အဝေး ကရပ် လျက်၊
13 og ropa høgt: «Jesus, meister, gjer sælebot på oss!»
၁၃သခင် ယေရှု ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော် ကြ၏။
14 Då Jesus vart var deim, sagde han til deim: «Gakk og te dykk fram for prestarne!» Og med dei var på vegen, hende det at dei vart reine.
၁၄ယေရှု သည် မြင် တော်မူလျှင် ၊ သင်တို့သည် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ ကြလော့ ဟု မိန့် တော်မူသည်အတိုင်း၊ သူ တို့သည် သွား စဉ် တွင်သန့်ရှင်း ခြင်းသို့ ရောက် ကြ၏။
15 Ein av deim kom attende då han såg han var lækt; han lova Gud med høg røyst,
၁၅ထိုသူ တို့တွင် တစ် ယောက်သောသူသည် အနာ ရောဂါကင်းလွတ်သည်ကို သိမြင် လျှင်၊ ပြန်လာ ၍ ကြီး သောအသံ နှင့် ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
16 og kasta seg å gruve framfor føterne hans og takka honom; det var ein samaritan.
၁၆ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ကျေးဇူ တော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူ သည် ရှမာရိ လူဖြစ် သတည်း။
17 Då tok Jesus til ords og sagde: «Vart dei’kje reine alle ti? Kvar er då dei ni?
၁၇ယေရှု ကလည်း ၊ တစ်ကျိပ် သောသူ တို့သည်သန့်ရှင်းခြင်းသို့ ရောက် ကြသည်မ ဟုတ်လော။ ကိုး ယောက် သောသူ တို့သည်အဘယ်မှာ ရှိကြသနည်း။
18 Var det ingen utan denne framande som kom attende og vilde gjeva Gud æra?»
၁၈ဤ တစ်ပါး အမျိုးသားကိုထား ၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်း ခြင်းငှာပြန်လာ သောသူ တစ်ယောက် မျှ မ ရှိ သလော ဟု မေး တော်မူပြီးမှ ၊
19 So sagde han til mannen: «Statt upp og gakk heim att! Trui di hev hjelpt deg.»
၁၉သင်ထ ၍ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင် ၏အနာကိုငြိမ်း စေပြီ ဟု ထိုသူ အား မိန့် တော်မူ၏။
20 Farisæarane spurde honom ein gong når Guds rike skulde koma. Då svara han deim so: «Guds rike kjem ikkje so at ein kann sjå det for augo.
၂၀ဖာရိရှဲ တို့သည် လာ၍၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ်ကာလ မှ တည် ပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ ယေရှု က၊ ကောင်းကင် နိုင်ငံ တော်သည် မျက်မြင် သောအရာ၌ မ တည် ။
21 Ein kann ikkje heller segja: «Sjå her er det!» eller: «Der er det!» For Guds rike, det er inni dykk.»
၂၁ဤအရပ် ၌ကြည့် ပါ။ ထို အရပ်၌ ကြည့်ပါဟု ပြော စရာအခွင့်မ ရှိ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏အထဲ ၌ရှိ သည် ဟု မိန့် တော်မူ၏။
22 Sidan sagde han til læresveinarne: «Det kjem ei tid då de skal stunda etter å sjå ein av dei dagarne då Menneskjesonen råder, men de skal ikkje få sjå det.
၂၂တဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား ၊ သင်တို့သည် လူ သား ၏နေ့ရက် တစ် ရက်ကိုမျှ တွေ့မြင် လို ၍ ၊ မ တွေ့ မမြင်ရသောအချိန် ကာလ ရောက် လိမ့်မည်။
23 Dei kjem til å segja til dykk: «Sjå der er han! Sjå her!» Gakk ikkje der burt, og fylg ikkje etter deim!
၂၃ဤ အရပ်၌ကြည့် ပါ။ ထို အရပ်၌ကြည့် ပါဟု သင် တို့အားပြောဆို သော်လည်း မ လိုက် မ သွား ကြနှင့်။
24 For liksom ljonet, når det kjem, skin frå himmelbrun til himmelbrun, soleis skal det vera med Menneskjesonen den dagen han kjem.
၂၄ကောင်းကင် တစ်ဘက်မှ ပြက် သောလျှပ်စစ် သည် ကောင်းကင် အနှံ့အပြား ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် မိမိ နေ့ရက် ၌ ဖြစ် တော်မူလတံ့။
25 Men fyrst lyt han lida mykje, og denne ætti skal skjota honom ifrå seg.
၂၅ထိုသို့ မ ဖြစ် မှီသူ သည် များစွာ သောဆင်းရဲ ဒုက္ခကို၎င်း ၊ ယခု လူမျိုး ၏ ငြင်းပယ် ခြင်းကို၎င်း ခံရမည်။
26 Og som det var i Noahs dagar, so skal det og vera den tidi då Menneskjesonen kjem:
၂၆နောဧ လက်ထက် ၌ ဖြစ် သကဲ့သို့ လူ သား လက်ထက် ၌ ဖြစ် လိမ့်မည်။
27 dei åt, dei drakk, dei gifte seg, dei vart burtgifte, alt til den dagen då Noah gjekk inn i arki; då kom storflodi og tynte alle i hop.
၂၇နောဧ သည် သင်္ဘော ထဲသို့ ဝင် ၍၊ ရေ လွှမ်းမိုးခြင်းဖြစ် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင်ပယ်ရှင်း သည် နေ့ တိုင်အောင် လူများတို့သည် စား သောက် လျက်၊ ထိမ်းမြား စုံဘက် လျက်နေကြ၏။
28 Eller som det var i Lots dagar: dei åt, dei drakk, dei kjøpte, dei selde, dei planta, dei bygde;
၂၈ထိုနည်းတူ ၊ လောတ လက်ထက် ၌ လူများတို့သည်စား သောက် ရောင်း ဝယ် လျက်၊ စိုက်ပျိုး လျက်၊ အိမ် ဆောက် လျက်နေသကဲ့သို့ ၎င်း၊
29 men den dagen då Lot tok ut frå Sodoma, regnde det eld og svåvel frå himmelen og tynte deim alle.
၂၉လောတ သည် သောဒုံ မြို့မှ ထွက် သောနေ့ ၌ ကောင်းကင် မှ ကန့် နှင့် ရောသောမီး မိုဃ်းရွာ ၍ ထိုလူ အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းသကဲ့သို့ ၎င်း ၊
30 På same vis skal det vera den dagen Menneskjesonen syner seg.
၃၀လူ သား ပေါ်ထွန်း သောနေ့ ၌ ဖြစ် လိမ့်မည်။
31 Er nokon den dagen uppå taket og hev sine ting nedi huset, so må han ikkje ganga ned og henta deim; og er nokon utpå marki, so må han ikkje venda um.
၃၁ထို နေ့ရက် ၌ အိမ်မိုး ပေါ်မှာ ရှိ သောသူ သည် မိမိ အိမ် ထဲမှာ ရှိသောဥစ္စာ ကို ယူ ခြင်းငှာမ ဆင်း စေနှင့်။ ထိုအတူ ၊ လယ် ၌ ရှိသောသူ သည် နောက် သို့ လှည့် ၍ မ ပြန်လာစေနှင့်။
32 Kom i hug kona hans Lot!
၃၂လောတ ၏မယား ကို အောက်မေ့ ကြလော့။
33 Den som freister å berga livet sitt, skal missa det, og den som misser det, skal vinna det att.
၃၃အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာရှာကြံ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် အသက်ရှုံး ၏။ ထိုသူသည်မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။
34 Eg segjer dykk: Den natti skal det liggja tvo i ei seng; den eine skal hentast, og hin setjast att.
၃၄ငါ ဆိုသည်ကား၊ ထို နေ့ညဉ့် တွင် အိပ်ရာ တစ်ခု ၌ ရှိ သောသူ နှစ် ယောက်တို့တွင်တစ် ယောက်ကို သိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
35 Tvo kvinnor skal mala på same kverni; den eine skal hentast, og hi setjast att.
၃၅ကြိတ်ဆုံကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
36 Tvo skal vera utpå marki; den eine skal hentast, og hin setjast att.»
၃၆လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့ ဟု မိန့်တော်မူလျှင်၊
37 Då tok læresveinarne til ords og sagde: «Kvar, Herre?» Han svara: «Der liket er, der vil ørnane sankast innåt.»
၃၇သခင် ၊ အဘယ် အရပ်၌ ထိုသို့ ဖြစ်မည်နည်းဟု မေးလျှောက် ကြသော်၊ အသေ ကောင်ရှိရာအရပ် ၌ ရွှေ လင်းတ တို့သည် စုဝေး ကြလတံ့ ဟု မိန့် တော်မူ၏။