< Jeremias 26 >

1 I den fyrste tidi som Jojakim Josiason, Juda-kongen, styrde, kom dette ordet frå Herren; han sagde:
ယု​ဒ​ပြည်​တွင်​ယော​ရှိ​၏​သား ယော​ယ​ကိမ် နန်း​တက်​ပြီး​နောက်​များ​မ​ကြာ​မီ​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား၊-
2 So segjer Herren: Gakk i fyregarden til Herrens hus og tala mot Juda-byarne som kjem og tilbed i Herrens hus, tala alle dei ordi som eg hev bode deg å tala til deim! Tak ikkje undan eit einaste ord!
ဤ​သို့​မိန့်​တော်​မူ​၏။ ``ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ရပ်​ပြီး​လျှင် ထို​အ​ရပ်​သို့​ယု​ဒ မြို့​များ​မှ​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​လူ​တို့ အား ငါ​မိန့်​မှာ​သ​မျှ​သော​စ​ကား​တို့​ကို​ပြော ကြား​လော့။ တစ်​ခွန်း​တစ်​လေ​ကို​မျှ​ချန်​မ ထား​နှင့်။-
3 Må henda dei kunde høyra og snu seg, kvar og ein frå sin vonde veg; då vil eg angra det vonde som eg tenkjer å gjera mot deim for den vonde framferdi deira.
လူ​တို့​သည်​နား​ထောင်​၍​မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​ဤ​သို့​စွန့်​ပစ်​ကြ​ပါ မူ​ငါ​သည်​သူ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သုတ်​သင်​ဖျက်​ဆီး​ရန်​အ​ကြံ​အ​စည်​တော် နှင့်​ပတ်​သက်​၍​စိတ်​တော်​ပြောင်း​လဲ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။
4 Og du skal segja med deim: So segjer Herren: Um de ikkje høyrer på meg og ferdast i den lovi som eg hev lagt fram for dykk,
ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား​ဆင့်​ဆို​ရန် ငါ့​အား​မိန့်​တော်​မူ​သည်​မှာ``ထာ​ဝ​ရ​ဘု​ရား က​သင်​တို့​သည်​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ များ​ကို​လိုက်​နာ​ကျင့်​သုံး​ကာ​ငါ​၏​စ​ကား ကို​နား​ထောင်​ရ​ကြ​မည်။-
5 so høyrer ordi åt tenarane mine, profetarne, som eg sender dykk jamt og samt, endå de ikkje vil høyra,
သင်​တို့​ထံ​သို့​ထပ်​ကာ​ထပ်​ကာ​ငါ​စေ​လွှတ် သည့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​ပ​မာ​ဏ​ပြု​ရ​ကြ​မည်။ သင်​တို့​သည်​သူ တို့​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ​နား မ​ထောင်​ခဲ့​ကြ။-
6 då vil eg fara åt med dette huset likeins som med Silo, og alle folkeslag på jord bruka denne byen til ei våbøn.
သင်​တို့​သည်​ယ​ခု​ငါ​ပြော​သည့်​အ​တိုင်း​မ​ပြု ဘဲ​နေ​ခဲ့​ပါ​မူ ငါ​သည်​ဤ​မြို့​ကို​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​စေ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ဤ​မြို့​၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်​ဟု​ပြော​ကြား လော့'' ဟူ​၍​ဖြစ်​၏။
7 Og prestarne og profetarne og alt folket høyrde Jeremia tala desse ordi i Herrens hus.
ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ပြည် သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​ထဲ​၌​ငါ​ဆင့် ဆို​ဟော​ပြော​သည့်​ထို​စ​ကား​တို့​ကို​ကြား ကြ​၏။-
8 Og då Jeremia hadde tala til endes alt det som Herren hadde bode honom å tala til heile folket, då tok prestarne og profetarne og alt folket honom og sagde: «No skal du døy.
မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ငါ​ပြန်​ကြား​ပြော​ဆို​ပြီး​သည်​နှင့်​တစ်​ပြိုင် နက်​သူ​၏​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ နှင့်​ပြည်​သူ​တို့​သည်​ငါ့​အား​ဆွဲ​ကိုင်​ဖမ်း​ဆီး ကာ``သင်​သည်​ဤ​စ​ကား​တို့​ကို​ပြော​ဆို​သည့် အ​တွက်​သေ​ဒဏ်​ခံ​ထိုက်​၏။-
9 Kvi hev du spått i Herrens namn og sagt: «Det skal ganga med dette huset likeins som med Silo, og denne byen skal verta øydelagd so ingen bur her?»» Og alt folket samla seg imot Jeremia i Herrens hus.
အ​ဘယ်​ကြောင့်​ဗိ​မာန်​တော်​သည်​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ဤ​မြို့​သည် ဖျက်​ဆီး​ခြင်း​ခံ​ရ​၍​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လိမ့်​မည်​ဟူ​၍​လည်း​ကောင်း သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​အ​မှီ​ပြု​၍​ပြော​ဆို ပါ​သ​နည်း'' ဟု​ဟစ်​အော်​ကြ​၏။ ထို​နောက် လူ​တို့​သည်​ဗိ​မာန်​တော်​အ​တွင်း​၌​စု​ရုံး​၍ ငါ့​အား​ဝိုင်း​ရံ​ထား​ကြ​၏။
10 Og då Juda-hovdingarne frette dette, gjekk dei frå kongsgarden upp til Herrens hus og sette seg i inngangen til Herrens port, den nye.
၁၀ယု​ဒ​ခေါင်း​ဆောင်​များ​သည် ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ ဘု​ရင် နန်း​တော်​မှ​လာ​၍​ဗိ​မာန်​တော်​တံ​ခါး​သစ် အ​ဝင်​ဝ​၌​နေ​ရာ​ယူ​ကြ​၏။-
11 Då sagde prestarne og profetarne med hovdingarne og med alt folket: «Denne mannen er skuldig til å døy; for han hev spått mot denne byen, so som de hev høyrt med dykkar eigne øyro.»
၁၁ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် တို့​က​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား``ဤ သူ​သည်​ငါ​တို့​၏​မြို့​ကို​ဆန့်​ကျင်​ပြော​ဆို​သ​ဖြင့် သေ​ဒဏ်​ခံ​ထိုက်​ပေ​သည်။ သူ​ပြော​ဆို​သည့်​စ​ကား ကို​သင်​တို့​ကိုယ်​တိုင်​ကြား​ကြ​၏'' ဟု​ဆို​၏။
12 Då sagde Jeremia med alle hovdingarne og med alt folket: «Herren hev sendt meg til å spå imot dette huset og denne byen alt det som de hev høyrt.
၁၂ထို​အ​ခါ​ငါ​သည်​ခေါင်း​ဆောင်​များ​နှင့် ပြည်​သူ တို့​အား``ဤ​ဗိ​မာန်​တော်​နှင့်​ဤ​မြို့​ကို​ဆန့်​ကျင် ၍ ငါ​ပြော​ဆို​သည်​ကို​သင်​တို့​ကြား​ရ​ကြ​၏။ ထို​စ​ကား​တို့​သည်​ငါ့​အား၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​ပြန်​ကြား​စေ​တော်​မူ​သည့်​စ​ကား များ​ဖြစ်​၏။-
13 Lat då dykkar vegar og gjerningar betrast, og høyr på Herren, dykkar Guds røyst! So vil Herren angra det vonde som han hev tala imot dykk.
၁၃သင်​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​ပြု​ကျင့်​ပုံ​ကို ပြောင်း​လဲ​ကာ သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ထို အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​အား​ဖျက်​ဆီး တော်​မူ​မည်​ဟု ယ​ခင်​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ လိမ့်​မည်။-
14 Men eg, sjå, eg er i dykkar hand: gjer med meg det de tykkjer godt og rett!
၁၄ငါ​မူ​ကား​သင်​တို့​၏​လက်​တွင်း​၌​ရှိ​၏။ သင်​တို့ ၏​စိတ်​တွင်​မှန်​သည်၊ တ​ရား​သည်​ဟု​ထင်​မှတ် သည့်​အ​တိုင်း​ငါ့​အား​ပြု​လော့။-
15 Men det skal de vita, at um de drep meg, so let de skuldlaust blod koma yver dykk og yver denne byen og yver deim som her bur. For Herren hev i sanning sendt meg til dykk å tala for øyro dykkar alle desse ordi.»
၁၅သို့​ရာ​တွင်​အ​ကယ်​၍​ငါ့​အား​သတ်​မည်​ဆို လျှင် သင်​တို့​နှင့်​ဤ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​သည် အ​ပြစ်​မဲ့​သူ​တစ်​ဦး​ကို​သတ်​သည့် အ​တွက်​အ​ပြစ်​သင့်​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​သေ​အ​ချာ​သိ​မှတ်​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ့​ကို​စေ​လွှတ်​၍ သင်​တို့​အား ဤ​စ​ကား​များ​ကို​ပြော​ဆို​စေ​သော​အ​ရှင် မှာ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။
16 Då sagde hovdingarne og alt folket til prestarne og profetarne: «Denne mannen er ikkje skuldig til å døy, for i Herrens, vår Guds, namn hev han tala til oss.»
၁၆ထို​အ​ခါ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​တို့​အား``ဤ သူ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​အား​ဟော ပြော​သ​ဖြင့်​သူ့​အား​သေ​ဒဏ်​မ​ပေး​သင့်'' ဟု​ပြော​ဆို​ကြ​၏။
17 Og nokre av dei øvste i landet stod upp og sagde til heile folkehopen:
၁၇ထို​နောက်​မြို့​မိ​မြို့​ဖ​အ​ချို့​တို့​သည်​ထ​၍ စု​ဝေး​လျက်​ရှိ​သော​ပ​ရိ​သတ်​အား၊-
18 «Mika frå Moreset spådde i dei dagarne då Hizkia var konge i Juda, og sagde til alt folket i Juda: «So segjer Herren, allhers drott: Sion skal verta pløgt til åker, og Jerusalem skal verta til steinrøysar og tempelberget til skograbbar.»
၁၈``ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​လက်​ထက်​၌ မေ​ရ​ရှ ရွာ​သား​ပ​ရော​ဖက်​မိက္ခာ​သည်​ပြည်​သူ​အ​ပေါင်း တို့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ `ဇိ​အုန်​တောင်​သည်​လယ်​မြေ​ကဲ့​သို့​ထွန်​ယက် ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ​ဖြစ်​၍​လာ လျက် ဗိ​မာန်​တော်​တောင်​ကုန်း​သည်​သစ်​တော ဖြစ်​လိမ့်​မည်' ဟု မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​ခဲ့​လေ​သည်။
19 Tok då Hizkia, Juda-kongen, og alt Juda og drap honom? Ottast han ikkje Herren og blidka Herren, so han angra på det vonde han hadde tala imot deim? Men me held på å koma oss i den største ulukka.»
၁၉ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နှင့်​သူ​၏​ပြည်​သူ​တို့ သည် မိက္ခာ​အား​သေ​ဒဏ်​မ​ပေး​ခဲ့​ကြ။ သေ ဒဏ်​ပေး​မည့်​အ​စား​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ ဘု​ရား​အား​ကြောက်​ရွံ့​သ​ဖြင့်​ရှေ့​တော်​၌ မျက်​နှာ​ပွင့်​လန်း​ရန်​ကြိုး​စား​၍​ဆောင်​ရွက် ၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့ အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုး​သက်​ရောက် စေ​မည်​ဟု ယ​ခင်​က​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​မိ​မိ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​အောင်​ပြု​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။
20 Det var og ein annan mann som spådde i Herrens namn, Uria Semajason frå Kirjat-Jearim. Og han spådde mot denne byen og dette landet nett på same måten som Jeremia.
၂၀(ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကြ​သူ​အ​ခြား​လူ​တစ် ယောက်​ရှိ​သေး​၏။ ထို​သူ​သည်​ရှေ​မာ​ယ ၏​သား၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​ဥ​ရိ​ယ ဖြစ်​၏။ သူ​သည်​ဤ​မြို့​နှင့်​ဤ​လူ​မျိုး​အား ဆန့်​ကျင်​၍​ယေ​ရ​မိ​ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ခဲ့​၏။-
21 Men då kong Jojakim og alle hans kjempor og alle hans hovdingar høyrde ordi hans, so vilde kongen drepa honom. Men då Uria frette det, vart han rædd og flydde burt kom til Egyptarland.
၂၁သူ​၏​စ​ကား​ကို​ယော​ယ​ကိမ်​မင်း​နှင့်​သူ​၏ မှူး​မတ်​များ​နှင့်​စစ်​သည်​တော်​များ​ကြား​သော အ​ခါ မင်း​ကြီး​သည်​သူ့​အား​ကွပ်​မျက်​ရန် ကြိုး​စား​၏။ သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​ထို​သ​တင်း ကို​ကြား​သ​ဖြင့်​ကြောက်​၍​အီ​ဂျစ်​ပြည်​သို့ ထွက်​ပြေး​သွား​လေ​သည်။-
22 Då sende kong Jojakim nokre menner til Egyptarland, Elnatan Akborsson og menner med honom inn i Egyptarland.
၂၂ယော​ယ​ကိမ်​မင်း​သည်​လည်း​ဥ​ရိ​ယ​အား ဖမ်း​ဆီး​ရန် အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန် နှင့်​လူ​အ​ချို့​ကို​အီ​ဂျစ်​ပြည်​သို့​စေ​လွှတ် လိုက်​၏။-
23 Og dei tok Uria ut or Egyptarlandet og for med honom til kong Jojakim, og han let drepa honom med sverd og kasta liket hans millom ålmuge-graverne.
၂၃သူ​တို့​သည်​ဥ​ရိ​ယ​အား​အီ​ဂျစ်​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့​ပြန်​လည်​ခေါ်​ဆောင် လာ​လေ​လျှင် မင်း​ကြီး​သည်​သူ့​ကို​သတ်​၍ ပြည်​သူ​တို့​၏​သင်္ချိုင်း​တွင်​ပစ်​ထား​စေ​၏။)
24 Men Ahikam Safansson heldt si hand yver Jeremia, so han ikkje vart gjeven i henderne på folket og miste livet.
၂၄သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။

< Jeremias 26 >