< Esaias 58 >
1 Ropa av full hals, ikkje spar! Lyft di røyst som ein lur! Forkynn mitt folk deira brot, og Jakobs hus deira synder!
၁အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့ သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏ လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့။
2 Meg spør dei dag for dag, mine vegar vil dei vita, som eit folk som hev livt i rettferd og ei vendt seg frå sin Guds rett, krev dei av meg rettferdige domar, dei vil at Gud skal koma.
၂သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရား သခင်၏ပညတ်တို့ကို မစွန့်သောအမျိုးကဲ့သို့၊ နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ် မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော် ကြသည်တကား။
3 «Kvi fastar me, og du ser det ikkje? Kvi spekjer me oss, og du agtar’kje på det?» - Jau, på fastedagen finn de forretning og driv til arbeid alle dykkar folk.
၃အကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်မြင် တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သော အခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူ သနည်းဟုဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာ လုပ်စေကြ၏။
4 Sjå, de fastar med kiv og strid, med hogg og slag av gudlause nevar, ikkje fastar de i dag, so røysti dykkar kann høyrast i det høge.
၄သင်တို့သည် ငြင်းခုံရန်တွေ့လျက်၊ အဓမ္မ လက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။ မြင့်သော အရပ်၌ မိမိတို့ အသံကို ကြားစေခြင်းငှါ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ်။
5 Er det ei faste eg likar, ein dag då menneskja spekjer seg? Å bøygja hovudet som eit sev, å reider seg seng i sekk og oska - kallar du det ei faste, og ein dag som er Herren til hugnad?
၅ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့ သော လက္ခဏာရှိသလော။ လူသည် တရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်း ဟူ၍၎င်း၊ ထာဝရဘုရားနှစ်သက်တော်မူသော နေ့ရက် ဟူ၍၎င်း မှည့်အပ်သလော။
6 Er ikkje det ei faste eg likar, urettferdige lekkjor løysa, sprengja bandi på oket, gjeva dei nedtyngde fridom, og knekkja kvart eit ok?
၆ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။
7 Ja, at du bryt ditt brød åt den svoltne, tek heimlause stakarar til deg, at du klæder den nakne du ser, og ei dreg deg burt frå ditt kjøt og blod?
၇မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း၊ အဝတ် မရှိသော သူကိုမြင်လျှင်၊ အဝတ်ကို ပေးခြင်း၊ ကိုယ် အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။
8 Då skal ljoset ditt renna som morgonroden, og din lækjedom koma brått, og di rettferd skal ganga fyre deg, og Herrens herlegdom sist i ferdi.
၈သို့ပြုလျှင် သင်၏အလင်းသည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း၍၊ အလျင်အမြန် ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည်။ သင်၏ဖြောင့်မတ်ခြင်း ပါရမီ သည် သင့်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ဘုန်းတော် သည် နောက်၌ လုံခြုံစေလိမ့်မည်။
9 Då svarar Herren når du kallar, når du ropar, segjer han: «Sjå, her er eg!» Fær du burt ifrå deg tyngjing med ok, sluttar å peika med fingen’ og tala vondt,
၉သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သော အခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိ သည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းဘိုးကို၎င်း၊ လက်ညှိုးထိုးခြင်းကို၎င်း၊ ကဲ့ရဲ့သော စကားကို၎င်း ပယ်ရှား၍၊
10 og gjev den hungrige etter din hug og mettar ei nedbøygd sjæl, då skal ljoset ditt stråla i myrkret, og di natt skal verta som middag.
၁၀မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
11 Då skal Herren leida deg alltid, han skal metta di sjæl i øydemarker, han skal styrkja beini dine, og du vert som ein velvatna hage, som ei rennande kjelda der vatnet aldri tryt.
၁၁ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော် မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာ ကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့၎င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့၎င်း ဖြစ်လိမ့်မည်။
12 Og dine søner skal byggja gamle grushaugar upp att, du skal reisa upp tufter som lenge låg i øyde, og dei skal kalla deg «Murbrot-bøtar», «vegnybyggjar til busetjing».
၁၂သင်၏အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌တည်ဘူးသော တိုက်မြစ် များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း၊ ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာလမ်းများကို ပြင်ဆင်သော သူဟူ၍ သမုတ်ခြင်း ကို ခံရလိမ့်မည်။
13 Held du foten din att frå kviledagen, so du ei driv ditt yrke på min heilagdag, kallar du kviledagen «ei lyst», Herrens heilagdag «høgvyrd», ærar du honom og held deg frå dine tiltak, ikkje driv med ditt yrke eller prat -
၁၃သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သော နေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော် ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေ ဘွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ် အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲ နေ၍ ထိုနေ့ကို ရိုသေလျှင်၊
14 då skal du frygda deg i Herren, yver haugarne i landet let eg deg fara og let deg njota arven åt Jakob, far din; for Herrens munn hev tala.
၁၄သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ၍၊ သင့် အသယာကုပ်၏အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရ ဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။