< Esekiel 10 >
1 Og eg såg, og sjå, på den kvelven som var yver hovudi på kerubarne, var det som ein safirstein, sjåande til på skapnad som ein kongsstol. Ein kunde sjå honom yver deim.
၁တဖန် ငါကြည့်ရှု၍၊ ခေရုဗိမ်၏ခေါင်းတို့ အထက်မိုဃ်းမျက်နှာကြက်၌နီလာကျော်ကဲ့သို့၊ ရာဇပလ္လင် ၏ သဏ္ဌာန်အရောင်သည် ထင်ရှား၏။
2 Og han sagde med mannen i linklædnaden: «Gakk inn millom hjuli, inn under keruben, og tak nevarne dine fulle med gløder av deim som er millom kerubarne, og strå deim yver byen!» Og han gjekk medan eg såg på.
၂ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထား ဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဘက်နှင့် ကျုံးပြီး လျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌သွား၏။
3 Og kerubarne stod på høgre sida åt huset då mannen gjekk inn, og skyi fyllte den indre fyregarden.
၃ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ျာဘက်မှာရပ်၍၊ အတွင်းတန်တိုင်းသည် မိုဃ်းတိမ် နှင့်ပြည့်၏။
4 Og Herrens herlegdom lyfte seg frå keruben og burt til dørstokken i huset. Og skyi fyllte huset, og glansen av Herrens herlegdom fyllte fyregarden.
၄ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ် အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုဃ်းတိမ်းနှင့်ပြည့်၏။တန်တိုင်းသည် လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့်ပြည့်၏။
5 Og ljomen av kerubvengjerne høyrdest alt til den ytre fyregarden, som røysti åt Gud den allmegtige, når han talar.
၅အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူ သော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကို ကြား ရ၏။
6 Og det hende, då han baud mannen i linklædnaden og sagde: «Tak eld av den som er millom hjuli, millom kerubarne, » at han gjekk og stana attmed hjulet.
၆ပိတ်အဝတ်ကိုဝတ်သောသူအားလည်း၊ ရထား ဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။
7 Og keruben rette ut handi si, millom kerubarne, burtåt elden som var millom kerubarne, og tok og lagde i nevarne på honom i linklædnaden. Og han tok imot og gjekk ut.
၇ခေရုဗိမ်တပါးသည် ခေရုဗိမ်စုထဲက လက်ကို ဆန့်၍၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင်၊ ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်း ခံယူ၍ထွက်သွား၏။
8 Og under vengjerne på kerubarne kunde ein sjå eitkvart på skap som ei mannshand.
၈ခေရုဗိမ်အတောင်အောက်၌ လူလတ်ကိုလည်း ငါမြင်၏။
9 Og eg såg, og sjå, det var fire hjul på kerubarne, eitt hjul hjå kvar kerub. Og hjuli var sjåande til som krysolit-stein.
၉ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီး တခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်း အရောင်ရှိ၏။
10 Alle fire såg likeins ut, og det var nett som eitt hjul skulde vera inni hitt.
၁၀ဘီးလေးခုတို့သည်ပုံသဏ္ဌာန်တညီတည်းရှိ၍၊ ဘီးတခုထဲ၌ ဘီးတခုတပ်သကဲ့သို့ရှိကြ၏။
11 Når dei gjekk, gjekk dei til alle fire sidorne; dei snudde seg ikkje når dei gjekk, for til den staden som hovudet snudde, dit gjekk dei; dei snudde seg ikkje når dei gjekk.
၁၁သွားသောအခါ ဘီးလေးမျက်နှာတညီတည်း နေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာပြုသော ဘက်သို့လိုက်၍ မလှည့်ဘဲ သွားကြ၏။
12 Og heile deira likam og deira rygg og deira hender og deira vengjer og hjuli var fullsette med augo rundt ikring - dei fire hadde kvar sitt hjul.
၁၂ဘီးလေးခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော၊ လက်၊ အတောင်မှစ၍ တကိုယ်လုံး၌ မျက်စိနှင့် ပြည့်ကြ၏။
13 Hjuli, dei vart kalla «kvervel» so eg høyrde på.
၁၃ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ် သည်ကို ငါကြား၏။
14 Og det var fire andlit på kvar; det fyrste hadde kerub-andlit, og det andre eit mannsandlit, og det tridje eit løve-andlit, og det fjorde eit ørne-andlit.
၁၄ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ၍၊ ပဌမ မျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။
15 Og kerubarne lyfte seg; det var dei livendi som eg hadde set attmed elvi Kebar.
၁၅ထိုခေရုဗိမ်တို့သည် ချီကြွလျက် ရှိကြ၏။ ဤသည်ကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။
16 Og når kerubarne gjekk, so gjekk hjuli innmed deim, og når kerubarne lyfte vengjerne sine til å hevja seg upp frå jordi, skilde heller ikkje hjuli seg frå deim.
၁၆ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ၏။ ခေရုဗိမ်တို့သည် မြေကြီးမှ တက်အံ့သောငှါ အတောင်တို့ကို ဖြန့်သောအခါ၊ ဘီးတို့ သည် မကွာဘဲလိုက်ကြ၏။
17 Når livendi stod, so stod dei, og når dei lyfte seg, so lyfte dei seg med deim, for åndi åt livendi var i deim.
၁၇သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ ၍တက်သောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါ၏ ဝိညာဉ်သည် ဘီးတို့၌ရှိ၏။
18 Og Herrens herlegdom gjekk ut frå dørstokken på huset og stod yver kerubarne.
၁၈ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့၍ခေရုဗိမ်အပေါ်မှာ တည်လေ ၏။
19 Og kerubarne lyfte vengjerne sine og steig upp frå jordi medan eg såg på, då dei gjekk ut, og hjuli innmed deim. Og dei stana attmed inngangen åt Øystreporten på Herrens hus. Og herlegdomen åt Israels Gud var uppe yver deim.
၁၉ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင် တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့်ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား ၏ အိမ်တော်ရှေ့တံခါးဝမှာ ရပ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက် ရှိ၏။
20 Det var dei same livendi som eg hadde set under Israels Gud burtmed elvi Kebar, og eg skyna at det var kerubar.
၂၀ဤသည်ကား၊ ခေဗာမြစ်နားမှာ ဣသရေလ အမျိုး၏ ဘုရားသခင့်အောက်၌ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။
21 Og det var fire andlit på kvart eitt av dei fire, og fire vengjer på kvart eit, og eitkvart på skap som mannehender under vengjerne deira.
၂၁သူတို့သည် မျက်နှာလေးခုစီ၊ အတောင်လေးလုံး စီရှိ၍၊ အတောင်အောက်၌ လူလက်သဏ္ဌာန်ရှိ၏။
22 Og skapnaden på andliti deira det var dei andliti som eg hadde set attmed elvi Kebar; soleis såg dei ut, og dei var det. Og kvart eitt av deim gjekk beint fram.
၂၂မျက်နှာပုံကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူး သောမျက်နှာနှင့်တူ၏။ ကိုယ်အဆင်းအရောင်လည်း တူ၏။ ထိုသူလေးပါးတို့သည် တည့်တည့် သွားတတ်ကြ၏။