< Salomos Høisang 6 >
1 Hvor er din elskede gått hen, du fagreste blandt kvinner, hvor har din elskede tatt veien, så vi kan lete efter ham sammen med dig?
၁မိန်းမ တကာတို့ ထက် အဆင်း လှသောအစ်မ၊ သင် ချစ် ရာသခင်သည် အဘယ် အရပ်သို့ကြွ တော်မူသနည်း။ အကျွန်ုပ်တို့သည် သင် နှင့်အတူ သူ့ ကိုရှာ ရမည် အကြောင်း ၊ သင် ချစ် ရာသခင်သည် အဘယ် အရပ်သို့ လွှဲ သွားတော်မူသည်ကို ပြောပါ။
2 Min elskede er gått ned til sin have, til de velluktende blomstersenger, for å vokte sin hjord i havene og for å sanke liljer.
၂ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်၌ သစ်သီးကို စား ၍ ၊ နှင်းပွင့် ကို ဆွတ်ယူ မည်ဟု၊ ဥယျာဉ် တော်တွင် နံ့သာ တော သို့ ဆင်း သွားတော်မူပေ၏။
3 Jeg tilhører min elskede, og min elskede tilhører mig, han som vokter sin hjord blandt liljene.
၃ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ သည်လည်း သခင် ကို ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။
4 Du er fager som Tirsa, min venninne, skjønn som Jerusalem, fryktelig som hærskarer med sine banner.
၄ငါ ချစ် သောနှမ၊ သင် သည်တိရဇ မြို့ကဲ့သို့ လှ ၏။ ယေရုရှလင် မြို့ကဲ့သို့ တင့်တယ် ၏။ စစ် မျက်နှာကဲ့သို့ ကြောက်မက် ဘွယ်ဖြစ်၏။
5 Vend dine øine bort fra mig for de forferder mig! Ditt hår er som en hjord av gjeter som leirer sig nedover Gilead.
၅သင် ၏မျက်စိ တို့ကို ငါ မှ လွှဲ ပါ။ သူ တို့သည် ငါ့ ကို အောင် ပြီ။ သင် ၏ဆံပင် သည်လည်း၊ ဂိလဒ် တောင်ပေါ်မှ ဆင်း လာသောဆိတ် စု ကဲ့သို့ ဖြစ်၏။
6 Dine tenner er som en hjord av får som stiger op av badet; alle har de tvillinger, og intet blandt dem er uten lam.
၆သင် ၏သွား တို့သည်လည်း၊ ရေချိုး ရာမှ တက် လာသော သိုး စု ကဲ့သို့ ဖြစ်ကြ၏။ တကောင်မျှ မလျော့ ၊ အမွှာ သာ ဘွားတတ်ကြ၏။
7 Som et stykke granateple er din tinning bak ditt slør.
၇နားပန်း ဆံကြား မှာ ပါးတို့သည် သလဲ သီးရှက် နှင့် တူ ကြ၏။
8 Seksti dronninger har jeg og åtti medhustruer og unge piker uten tall.
၈မိဖုရား ခြောက် ကျိပ်၊ မောင်းမမိဿံ ရှစ် ကျိပ်၊ အပျို တော်အတိုင်း မသိရှိကြ၏။
9 Men én er min due, min rene, hun, sin mors eneste, hennes utkårede som fødte henne; jomfruer så henne og priste henne lykkelig, dronninger og medhustruer så henne og hyldet henne.
၉ငါ့ ချိုး ၊ ငါ ၏စုံလင် သူသည် ငါ၌တပါး တည်းရှိ၏။ ဘွားမြင် သောမိခင် ၌ အချစ် ဆုံးသောသမီး ဖြစ်၏။ လူမျိုး သမီး တို့သည် သူ့ ကိုမြင် ၍ ကောင်းကြီး ပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံ များတို့သည် ချီးမွမ်း ကြ၏။
10 Hvem er hun som stråler frem som morgenrøden, fager som månen, ren som solen, fryktelig som hærskarer med sine banner?
၁၀လ ကဲ့သို့ တင့်တယ် လျက်၊ နေ ကဲ့သို့ ထွန်းလင်း လျက်၊ စစ် မျက်နှာကဲ့သို့ ကြောက်မက် ဘွယ်ဖြစ်လျက်၊ နံနက် ကဲ့သို့ မျှော်ရှု သော သတို့သမီးကား ၊ အဘယ်သူ နည်း။
11 Jeg gikk ned i nøttehaven for å se på dalens grønnende spirer, for å se om vintreet hadde satt skudd, om granatepletrærne stod i blomst.
၁၁ချိုင့် ထဲမှာ သစ်သီး များကိုကြည့်ရှု ၍ ၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲ ပင်ပွင့် သည် မပွင့်သည်ကို၎င်းသိ ခြင်းငှါ ၊ ငါပြုစု သော ဥယျာဉ် သို့ ငါဆင်း သွား၏။
12 Før jeg visste av det, førte min sjel mig op på mitt gjæve folks vogner.
၁၂သတိ မ ရမှီ ငါ့ ဝိညာဉ် သည် အမိနဒိပ်ရထား ကို စီးသကဲ့သို့ဖြစ်၏။
13 Vend om, vend om, Sulammit! Vend om, vend om, så vi får se på dig! - Hvad vil I se på Sulammit? - En dans som i Mahana'im!
၁၃အိုရှုလမိတ် ၊ ပြန် လာပါ။ ပြန် လာပါ။ အကျွန်ုပ် တို့သည် သင့် ကို ရှုမြင် ရမည်အကြောင်း ၊ ပြန် လာပါ။ ပြန် လာပါ။ ရှုလမိတ် ၌ အဘယ်သို့ သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း။ စစ်တပ် နှစ်တပ်ကဲ့သို့ တွေ့မြင်ကြ ပါမည်။