< Salmenes 1 >
1 Salig er den mann som ikke vandrer i ugudeliges råd og ikke står på synderes vei og ikke sitter i spotteres sete,
၁သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။
2 men har sin lyst i Herrens lov og grunder på hans lov dag og natt.
၂သူတို့သည်ထာဝရဘုရား၏တရားတော်ကိုလိုက်လျှောက်၍ နေ့ညမပြတ်လေ့လာဆင်ခြင်မှုဖြင့်ပျော်မွေ့တတ်ကြ၏။
3 Han skal være lik et tre, plantet ved rinnende bekker, som gir sin frukt i sin tid, og hvis blad ikke visner, og alt hvad han gjør, skal han ha lykke til.
၃ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
4 Ikke så de ugudelige, men de er lik agner, som spredes av vinden.
၄သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်းနှင့်မျှဤသို့မဖြစ်နိုင်။ သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွားတတ်သောဖွဲနှင့်တူကြ၏။
5 Derfor skal ugudelige ikke bli stående i dommen, og syndere ikke i de rettferdiges menighet.
၅အပြစ်ကူးသူတို့သည်ဘုရားသခင် အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြလိမ့်မည်။ သူတို့သည်ဘုရားသခင်၏လူစုတော်အပေါင်းအသင်းထဲသို့မဝင်ရကြ။
6 For Herren kjenner de rettferdiges vei, men de ugudeliges vei går til grunne.
၆ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။