< 4 Mosebok 5 >
1 Og Herren talte til Moses og sa:
၁တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 Byd Israels barn at de skal sende ut av leiren alle spedalske og alle som har flod, og alle som er blitt urene ved lik!
၂ငါ နေ သော တပ် ကို မ ညစ်ညူး စေခြင်းငှါ၊ ဣသရေလ အမျိုးသား တို့သည်၊ နူ သောသူ၊ ရိနာစွဲ သောသူ၊ အသေကောင် ထိ၍ မစင်ကြယ် သောသူယောက်ျား မိန်းမ အပေါင်း တို့ကို၊ တပ် ပြင် မှာ နေရာ ချထားရမည်အကြောင်း ဆင့်ဆို လော့ဟု၊
3 Både mann og kvinne skal I sende bort; utenfor leiren skal I sende dem, forat de ikke skal gjøre deres leir uren, der hvor jeg bor midt iblandt dem.
၃
4 Og Israels barn gjorde så og sendte dem utenfor leiren; som Herren hadde sagt til Moses, således gjorde Israels barn.
၄မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
5 Og Herren talte til Moses og sa:
၅တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
6 Si til Israels barn: Når en mann eller kvinne gjør nogen av de synder som mennesker gjør, og bærer sig troløst at mot Herren, så de fører skyld over sig,
၆လူ ပြုတတ်သော ဒုစရိုက် ကိုပြု ၍၊ ထာဝရဘုရား ကို ပြစ်မှား သဖြင့် အပြစ် ရောက်သော ယောက်ျား မိန်းမ သည်၊
7 da skal de bekjenne den synd som de har gjort, og godtgjøre det de med urette har tatt, med dets fulle verd og enda legge til femtedelen; de skal gi det til den som de har syndet mot.
၇ထို အပြစ် ကို ဘော်ပြ ၍ တောင်းပန်ရမည်။ ပြစ်မှား သောအတွက်၊ ငါးစုတစု ကိုထပ်၍ ပြစ်မှား ခံသောသူ အား ပေး ရမည်။
8 Men dersom mannen ikke har efterlatt sig nogen nær slektning som de kan gi vederlaget til, da skal vederlaget høre Herren til og tilfalle presten foruten sonings-væren, som skal ofres til soning for dem.
၈ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသား ချင်းမ ရှိလျှင် ၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရား အား ပူဇော် ရမည်။ ထိုမှတပါး၊ အပြစ် ဖြေစေခြင်းငှါ၊ အပြစ် ဖြေရာယဇ်ဘို့၊ သိုး တကောင်ကို ပူဇော်ရမည်။
9 Og alle gaver, alt det som Israels barn helliger og kommer til presten med, skal høre ham til;
၉ယဇ်ပုရောဟိတ် အား ဣသရေလ အမျိုးသား ပူဇော်၍ သန့်ရှင်း သောအရာရှိသမျှ တို့သည်၊ ယဇ်ပုရောဟိတ် ၏ဥစ္စာ ဖြစ် ရမည်။
10 hver manns hellige gaver skal høre presten til; det nogen gir ham, skal høre ham til.
၁၀လူ တိုင်းသန့်ရှင်း စေ၍ ယဇ်ပုရောဟိတ် အား လှူ သမျှတို့သည်လည်း၊ ယဇ်ပုရောဟိတ် ၏ ဥစ္စာဖြစ် ရမည်ဟု မိန့် တော်မူ၏။
11 Og Herren talte til Moses og sa:
၁၁တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
12 Tal til Israels barn og si til dem: Når en manns hustru forsynder sig og er ham utro,
၁၂လင်ရှိသောမိန်းမ သည် အခြားတပါးသော ယောက်ျား နှင့် မှားယွင်း ၍ လင် ကို ပြစ်မှား လျှင် ၎င်း ၊ မှားယွင်း စဉ်တွင်သူတပါးမ တွေ့ မိ၊ သက်သေ မ ရှိ၊ သီလပျက် သော်လည်း ၊ ထိုအမှုကိုဝှက် ထား၍ လင် မသိ လျှင်၎င်း၊
13 og en annen mann har samleie med henne, men hennes mann ikke vet om det, fordi hun har latt sig vanære i lønndom, og der ikke er noget vidne mot henne, og hun ikke er grepet på fersk gjerning,
၁၃
14 og det så kommer en skinnsykens ånd over ham, så han blir skinnsyk på sin hustru, og hun virkelig har latt sig vanære, eller det kommer en skinnsykens ånd over ham, så han blir skinnsyk på sin hustru, uaktet hun ikke har latt sig vanære,
၁၄သီလ ပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည် မယား ကိုမ ယုံလျှင် ၎င်း၊
15 da skal mannen ta sin hustru med sig til presten og som offer for henne ha med tiendedelen av en efa byggmel; men han skal ikke helle olje på det, heller ikke legge virak på det; for det er et skinnsyke-matoffer, et ihukommelses-matoffer, som skal minne om en brøde.
၁၅ထိုမိန်းမ ပြုရသော ပူဇော်သက္ကာ ဘို့မုယော မုန့်တဩမဲ ပါလျက်၊ သူ့ကိုယဇ်ပုရောဟိတ် ထံသို့ ခေါ် သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီ ကိုမ လောင်း ရ။ လောဗန် ကိုမ တင် ရ။ မယားကိုမ ယုံခြင်းပူဇော်သက္ကာ ၊ အပြစ် ကိုဖေါ် တင်ရာပူဇော်သက္ကာ ဖြစ်၏။
16 Så skal presten føre henne frem og stille henne for Herrens åsyn.
၁၆ယဇ်ပုရောဟိတ် သည်၊ ထိုပူဇော်သက္ကာကို ယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ထား ရမည်။
17 Og presten skal ta hellig vann i et lerkar og ta noget av støvet som er på tabernaklets gulv, og kaste i vannet.
၁၇ယဇ်ပုရောဟိတ် သည် သန့်ရှင်း သော ရေ ကို မြေ အိုး ၌ လောင်း ပြီးလျှင် ၊ တဲ တော်၌ရှိသောမြေမှုန့် ကို ယူ ၍ ရေ ထဲမှာ ထည့် ရမည်။
18 Og når presten har stilt kvinnen frem for Herrens åsyn, skal han løse hennes hår og legge ihukommelses-matofferet i hennes hender - et skinnsyke-matoffer er det - og i sin hånd skal presten ha bitterhetens vann, som volder forbannelse.
၁၈ထိုမိန်းမ ကို ထာဝရဘုရား ရှေ့ တော်မှာထား ပြီးလျှင် ၊ ခေါင်း ၌ အချည်းစည်း ရှိစေ၍၊ မယားကိုမ ယုံခြင်းပူဇော်သက္ကာ တည်းဟူသော သတိပေး ရာပူဇော်သက္ကာကို မိန်းမ လက် ၌ ထည့် ရမည်။ ကျိန် ခြင်းဘေးကိုဖြစ်စေသော ရေ ခါး ကို၊ ယဇ်ပုရောဟိတ် ကိုယ်တိုင်ကိုင် ရမည်။
19 Så skal presten ta kvinnen i ed og si til henne: Så sant ingen har ligget hos dig, og så sant du ikke har vært utro mot din mann og latt dig vanære, så skal du intet mén ha av dette bitterhetens vann som volder forbannelse.
၁၉ထိုအခါ ယဇ်ပုရောဟိတ် သည်၊ ထိုမိန်းမ ကို အကျိန် တိုက်လျက်၊ သင်သည် ကိုယ် ခင်ပွန်း မှတပါး အခြားသောယောက်ျား နှင့် မှားယွင်း ခြင်း၊ ညစ်ညူး ခြင်းမ ရှိလျှင် ၊ ကျိန် ခြင်းဘေးကိုဖြစ်စေသော၊ ဤရေ ခါး နှင့် ကင်းလွတ် စေသတည်း။
20 Men er det så at du har vært utro mot din mann og latt dig vanære, og at nogen annen enn din mann har hatt samleie med dig
၂၀ကိုယ် ခင်ပွန်း မှတပါး အခြားသော ယောက်ျား နှင့် မှားယွင်း ၍ ညစ်ညူး ခြင်းရှိလျှင် ၊
21 - nu skal presten lese op forbannelses-eden for kvinnen og si til henne: - så gjøre Herren dig til en forbannelse og til en ed blandt ditt folk; han la dine hofter svinne inn og din buk hovne op;
၂၁ထာဝရဘုရား သည်၊ သင် ၏ပေါင် ကို ပိန် စေ၍ ဝမ်း ကိုလည်း ရောင် စေသဖြင့်၊ သင့် ကိုကျိန် အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူ များကျိန်ဆို ခြင်းကို ခံရသောသူဖြစ် စေခြင်းငှါစီရင်တော်မူစေသတည်း။
22 og dette vann som volder forbannelse, skal trenge inn i dine innvoller, så din buk hovner op og dine hofter svinner inn. Og kvinnen skal si: Amen! Amen!
၂၂ကျိန် ခြင်းဘေး ဖြစ်စေသော ဤ ရေ သည်သင် ၏ ဝမ်း ထဲသို့ ဝင် ၍ ဝမ်း ရောင် ခြင်း၊ ပေါင် ပိန် ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ် သည် ကျိန် ခြင်းအကျိန် တိုက် လျှင် ၊ မိန်းမ က၊ အာမင် ၊ အာမင် ဟု ဝန်ခံ ရမည်။
23 Derefter skal presten skrive op disse forbannelser på et blad og vaske dem ut i bitterhetens vann,
၂၃ယဇ်ပုရောဟိတ် သည်လည်း၊ ထို အကျိန် တို့ကို ရေးမှတ် ၍ ၊ တဖန် ရေ ခါး နှင့်ချေ ပြီးမှ ၊
24 og han skal la kvinnen drikke bitterhetens vann, som volder forbannelse, og vannet som volder forbannelse, skal trenge inn i henne og volde bitter ve.
၂၄ကျိန် ခြင်းဘေးဖြစ်စေသောရေ ခါး ကို မိန်းမ အား တိုက် ရမည်။ ထိုရေ သည် မိန်းမ ထဲသို့ ဝင် ၍ ခါး လိမ့်မည်။
25 Så skal presten ta skinnsyke-matofferet av kvinnens hånd og svinge det for Herrens åsyn og bære det frem til alteret.
၂၅ထိုအခါ ယဇ်ပုရောဟိတ် သည်၊ မယားကို မ ယုံ ခြင်းပူဇော်သက္ကာကို မိန်းမ လက် မှ ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီ လွှဲလျက် ယဇ်ပလ္လင် ပေါ်မှာ ဆက် ပြီးလျှင်၊
26 Og presten skal ta en håndfull av matofferet som ihukommelses-offer og brenne det på alteret; Og så skal han la kvinnen drikke vannet.
၂၆မုန့်ညက်တလက်ဆွန်း တည်းဟူသောပူဇော်သက္ကာ အတွက်အတာ ကို ယဇ်ပလ္လင် ပေါ်မှာ မီး ရှို့၍ ၊ ထိုနောက် အကျိန်ရေ ကို မိန်းမ သောက် စေရမည်။
27 Og når han har latt henne drikke vannet, da skal det skje at dersom hun har latt sig vanære og har vært utro mot sin mann, så skal vannet som volder forbannelse, trenge inn i henne og volde bitter ve; hennes buk skal hovne op og hennes hofter svinne inn; og den kvinne skal bli til en forbannelse blandt sitt folk.
၂၇ထိုမိန်းမသည် လင် ကိုပြစ်မှား ၍ ညစ်ညူး ခြင်း ရှိလျှင် ၊ ကျိန်ခြင်းဘေးဖြစ်စေသော ရေ ကိုသောက် ပြီးမှ ၊ သူ့ အထဲ၌ ရေ ဝင် ၍ ခါး သဖြင့် ၊ ဝမ်း ရောင် ခြင်း၊ ပေါင် ပိန် ခြင်းသို့ရောက်၍ ထိုမိန်းမ သည် မိမိ အမျိုး ၌ ကျိန် အပ် သောသူဖြစ် လိမ့်မည်။
28 Men har kvinnen ikke latt sig vanære, og er hun ren, da skal hun intet mén ha av det, og hun skal få barn.
၂၈သို့မဟုတ် ထိုမိန်းမ သည် မ ညစ်ညူး ၊ စင်ကြယ် ခြင်းရှိလျှင် ၊ ဘေးနှင့်လွတ် ၍ ပဋိသန္ဓေ ယူသော အခွင့် ရှိလိမ့်မည်။
29 Dette er skinnsyke-loven: Når en kvinne er utro mot sin mann og lar sig vanære,
၂၉ဤရွေ့ကား ၊ မိန်းမ သည် ကိုယ် ခင်ပွန်း မှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း ၍ ညစ်ညူး ခြင်း ရှိသော်၎င်း၊
30 eller når en skinnsykens ånd kommer over en mann, så han blir skinnsyk på sin hustru, så skal han stille kvinnen frem for Herrens åsyn, og presten skal gjøre med henne alt det som er sagt i denne lov.
၃၀ယောက်ျား သည် မယားကို မ ယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသောတရား ပေတည်း။ ယောက်ျားသည် မယား ကိုမ ယုံ၊ ထာဝရဘုရား ရှေ့ တော်၌ ထား သောအခါ ၊ ယဇ်ပုရောဟိတ် သည် ဤ တရား အတိုင်း စီရင် သဖြင့်၊
31 Og mannen skal være fri for skyld, men kvinnen skal lide for sin misgjerning.
၃၁ယောက်ျား သည် အပြစ် နှင့် ကင်းလွတ် ၍ မိန်းမ သည် မိမိ အပြစ် ကိုခံရ မည်ဟု မိန့်တော်မူ၏။